ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

မႏၱေလးၿမိဳ႕တြင္း တရားရင္ဆိုင္ေနဆဲျဖစ္သည့္ ေနအိမ္တစ္ခုတြင္ လူသံုးဆယ္ခန္႔မွ ဝင္ေရာက္ၿပီး ေသနတ္ျဖင့္ေထာက္၍ ေနထုိင္သူမိသားစုဝင္မ်ားအားလံုးကို ဆြဲထုတ္ၿပီးပစၥည္းမ်ားကို ယူေဆာင္သြားမႈျဖစ္ပြားခ့ဲ ေၾကာင္း ေသနတ္ျဖင့္ခ်ိန္းေျခာက္ခံရသူ ေဒၚရီရီျမင့္က ေျပာသည္။

မဟာေအာင္ေျမၿမိဳ႕နယ္၊ ရဲမြန္ေတာင္ရပ္ကြက္၊ ၅၂ လမ္းႏွင့္ ၄၃ လမ္း၊ (မ) ၄၂/၄-ခ အတြင္းတို႔ လူ သံုးဆယ္ခန္႔သည္ အိမ္အတြင္းသို႔ဝင္ေရာက္လာၿပီး စာရြက္စာတမ္းမ်ားကို ထုတ္ျပကာ “ဒီအိမ္ကို ငါတို႔ပိုင္တယ္ ထြက္သြား” ဟုေျပာဆိုခဲ့ေၾကာင္း ယင္းအိမ္တြင္ေနထိုင္သည့္ သူမ်ားက သူမတို႔အေနျဖင့္ အိမ္ပိုင္ရွင္ႏွင့္ အမ်ိဳးေတာ္စပ္သူမ်ားျဖစ္ၿပီး ပိုင္ရွင္ျဖစ္သူကို ဖုန္းဆက္ေပးမည္ဟု ေျပာဆိုေသာ္လည္း ဖုန္းမ်ားသိမ္းယူ ထားေၾကာင္းသိရသည္။

“မထြက္ရင္ ပစ္သတ္ဖို႔ ၀န္မေလးဘူးေျပာတယ္။က်မက ဖုန္းဆက္မယ္ဆိုေတာ့ မဆက္ရဘူးဆိုျပီး ဖုန္းေတြ အားလံုးသိမ္းလိုက္တယ္။ပစၥည္းေတြ ဆြဲထုတ္ျပီးကားေတြနဲ႔တင္သြားၾကတယ္။ ျဖစ္ခ်င္တာက ဥပေဒ အတိုင္းေဆာင္ရြက္ေပးဖို႔ပါ။”ဟု ေဒၚရီရီျမင့္က ေျပာသည္။

အဆိုပါကိစၥနွင့္ပတ္သက္၍ နယ္ေျမရဲစခန္းသို႔ အမွဳဖြင့္ခဲ့ရာ အေလးတယူေဆာင္ရြက္ျခင္းမရွိျခင္းေၾကာင့္ ဥပေဒနဲ႔ အညီအေရးယူေပးနိုင္ရန္နွင့္ ပစၥည္းမ်ားကို ကား ၃ စီးျဖင့္ယူေဆာင္သြားသျဖင့္ အခက္အခဲၾကံဳ႕ေတြ႔ေနေၾကာင္း ေမ ၃၀ ရက္ မြန္းလဲြ ၄နာရီက မႏၱေလးျမိဳ႕ မီဒီယာစင္တာတြင္ ရွင္းလင္းခဲ့သည္။

အဆုိပါေနအိမ္သည္ ပိုင္ဆုိင္မွဳအျငင္းပြားေနသည့္ အမွဳရင္ဆိုင္ေနရဆဲျဖစ္ျပီး အိမ္ရွင္ျဖစ္သူက ၄င္းတို႔ မိသား စုအား အမ်ိဳးေတာ္စပ္သူျဖစ္ေသာေၾကာင့္ အိမ္ေစာင့္အျဖစ္ ၂၀၁၅ မွစ၍ ေနထိုင္ေစခဲ့ေၾကာင္း၊လူ ၃၀ ခန္႔အုပ္စု သည္ အိမ္အတြင္းရွိ အိိမ္ေထာင္ပရိေဘာဂပစၥည္းမ်ား၊ ေက်ာက္စိမ္းတုန္းမ်ား၊အျခားအသံုးအေဆာင္ပစၥည္း မ်ား အားလံုးေပါင္း က်ပ္သိန္းတစ္ေသာင္း ခန္႔ရွိေၾကာင္း သိရသည္။

“ရဲစခန္းမွာ အမွဳသြားဖြင့္ေတာ့ စစ္ခ်က္ယူတယ္။စစ္ခ်က္ကို ဖတ္ပါဆိုေတာ့ က်မေျပာတာနဲ႔ တစ္ျခားစီျဖစ္ေန တယ္။ ေသနတ္ပါတာမေရးဘူး။အဲဒါေျပာမွ ထည့္ေပးမယ္လို႔ေျပာတယ္။ ကိုယ့္ဖာသာေရးျပီး ဒီေန႔စခန္းမွာ သြားပို႔ခဲ့တယ္။ရဲစခန္းက ခုခ်ိန္ထိ ဘာမွ ေသခ်ာ လုပ္ေပးတာမရွိဘူးျဖစ္ေနတယ္။”ဟု ေဒၚရီရီျမင့္က ေျပာသည္။

ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး အမွတ္ (၉) နယ္ေျမရဲစခန္းတြင္ (ပ) ၃၆၁ဝ/၂၀၁၈ ၊ ပုဒ္မ- ၃၈၁၊ ၄၄၁ ၊ ၁၁၄ တို႔ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: luckymyanmar
# Unicode Version ျဖင့္ ဖတ္ပါ #


မန္တလေးမြို့တွင်း တရားရင်ဆိုင်နေဆဲဖြစ်သည့် နေအိမ်တစ်ခုတွင် လူသုံးဆယ်ခန့်မှ ဝင်ရောက်ပြီး သေနတ်ဖြင့်ထောက်၍ နေထိုင်သူမိသားစုဝင်များအားလုံးကို ဆွဲထုတ်ပြီးပစ္စည်းများကို ယူဆောင်သွားမှုဖြစ်ပွားခဲ့ ကြောင်း သေနတ်ဖြင့်ချိန်းခြောက်ခံရသူ ဒေါ်ရီရီမြင့်က ပြောသည်။

မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၅၂ လမ်းနှင့် ၄၃ လမ်း၊ (မ) ၄၂/၄-ခ အတွင်းတို့ လူ သုံးဆယ်ခန့်သည် အိမ်အတွင်းသို့ဝင်ရောက်လာပြီး စာရွက်စာတမ်းများကို ထုတ်ပြကာ “ဒီအိမ်ကို ငါတို့ပိုင်တယ် ထွက်သွား” ဟုပြောဆိုခဲ့ကြောင်း ယင်းအိမ်တွင်နေထိုင်သည့် သူများက သူမတို့အနေဖြင့် အိမ်ပိုင်ရှင်နှင့် အမျိုးတော်စပ်သူများဖြစ်ပြီး ပိုင်ရှင်ဖြစ်သူကို ဖုန်းဆက်ပေးမည်ဟု ပြောဆိုသော်လည်း ဖုန်းများသိမ်းယူ ထားကြောင်းသိရသည်။

“မထွက်ရင် ပစ်သတ်ဖို့ ဝန်မလေးဘူးပြောတယ်။ကျမက ဖုန်းဆက်မယ်ဆိုတော့ မဆက်ရဘူးဆိုပြီး ဖုန်းတွေ အားလုံးသိမ်းလိုက်တယ်။ပစ္စည်းတွေ ဆွဲထုတ်ပြီးကားတွေနဲ့တင်သွားကြတယ်။ ဖြစ်ချင်တာက ဥပဒေ အတိုင်းဆောင်ရွက်ပေးဖို့ပါ။”ဟု ဒေါ်ရီရီမြင့်က ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ နယ်မြေရဲစခန်းသို့ အမှုဖွင့်ခဲ့ရာ အလေးတယူဆောင်ရွက်ခြင်းမရှိခြင်းကြောင့် ဥပဒေနဲ့ အညီအရေးယူပေးနိုင်ရန်နှင့် ပစ္စည်းများကို ကား ၃ စီးဖြင့်ယူဆောင်သွားသဖြင့် အခက်အခဲကြုံ့တွေ့နေကြောင်း မေ ၃၀ ရက် မွန်းလွဲ ၄နာရီက မန္တလေးမြို့ မီဒီယာစင်တာတွင် ရှင်းလင်းခဲ့သည်။

အဆိုပါနေအိမ်သည် ပိုင်ဆိုင်မှုအငြင်းပွားနေသည့် အမှုရင်ဆိုင်နေရဆဲဖြစ်ပြီး အိမ်ရှင်ဖြစ်သူက ၎င်းတို့ မိသား စုအား အမျိုးတော်စပ်သူဖြစ်သောကြောင့် အိမ်စောင့်အဖြစ် ၂၀၁၅ မှစ၍ နေထိုင်စေခဲ့ကြောင်း၊လူ ၃၀ ခန့်အုပ်စု သည် အိမ်အတွင်းရှိ အိမ်ထောင်ပရိဘောဂပစ္စည်းများ၊ ကျောက်စိမ်းတုန်းများ၊အခြားအသုံးအဆောင်ပစ္စည်း များ အားလုံးပေါင်း ကျပ်သိန်းတစ်သောင်း ခန့်ရှိကြောင်း သိရသည်။

“ရဲစခန်းမှာ အမှုသွားဖွင့်တော့ စစ်ချက်ယူတယ်။စစ်ချက်ကို ဖတ်ပါဆိုတော့ ကျမပြောတာနဲ့ တစ်ခြားစီဖြစ်နေ တယ်။ သေနတ်ပါတာမရေးဘူး။အဲဒါပြောမှ ထည့်ပေးမယ်လို့ပြောတယ်။ ကိုယ့်ဖာသာရေးပြီး ဒီနေ့စခန်းမှာ သွားပို့ခဲ့တယ်။ရဲစခန်းက ခုချိန်ထိ ဘာမှ သေချာ လုပ်ပေးတာမရှိဘူးဖြစ်နေတယ်။”ဟု ဒေါ်ရီရီမြင့်က ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး အမှတ် (၉) နယ်မြေရဲစခန်းတွင် (ပ) ၃၆၁ဝ/၂၀၁၈ ၊ ပုဒ်မ- ၃၈၁၊ ၄၄၁ ၊ ၁၁၄ တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: luckymyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top