မြန်မာပြည်၏ပထမဆုံး ရဟတ်ယာဉ်ကွင်းပါဝင်ပြီး ရာသက်ပန်မြေပိုင်မည့် Kabaraye Executive Residence ကွန်ဒိုအရောင်းပြပွဲ
×




# Unicode Version ဖြင့် ဖတ်ပါ #
အန်နီမေးရှင်းများစွာပါဝင်သည့်သမန်းကျားဝိညာဉ် ဗီဒီယိုဇာတ်ကားသည် နိုင်ငံခြားကားတွေ ကိုမှီမှာ မဟုတ်ကြောင်း မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန် ပြောကြားခဲ့သည်။

ယင်းဗီဒီယိုဇာတ်ကားအား ဇွန် (၂) ရက်နေ့တွင် စတင်ရိုက်ကူးမည်ဖြစ်ပြီး အန်နီမေးရှင်းများစွာပါဝင်သည့် အတွက် အကောင်းဆုံးကြိုးစားကာ သရုပ်ဆောင်သွားမည်ဟု မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်ကပြောသည်။

” ဒီကားက သမန်းကျားပုံစံမျိုးပါ၊ ဆရာ့ကားတော်တော်များများကို ကျွန်တော်ရိုက်ဖြစ်ပါတယ် ဒီကားနဲ့ပတ်သတ်ပြီး ကျွန်တော် အရမ်းသဘောကြတယ်၊ ဒါပေမယ့်ရိုက်နိုင် မရိုက်နိုင်ကတော့ ကြိုးစားရမှာဘဲ၊ ဘာဖြစ်လို့ လဲဆိုတော့ အန်နီမေးရှင်းကြတော့ ကျွန်တော်တို့ နိုင်ငံမှာ အရမ်းကြီးဖွံ့ဖြိုးသေးတာမဟုတ်တော့ စိုးရိမ်မိတယ်၊ မြန်မာနိုင်ငံရဲ့အန်နီမေးရှင်းက သူများနိုင်ငံရဲ့ခြေဖျားတောင်မမှီဘူး၊ မြန်မာနိုင်ငံ ရဲ့ ရိုက်နိုင်မရိုက်နိုင်ကြတော့ ငွေအားလိုတယ်၊ “ဟု ပြောကြားခဲ့သည်။
ဝတ္ထု၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ ဒဿကျော်စွာ ရိုက်ကူးမည့် ” သမန်းကျားဝိညာဉ်” ဗီဒီယို ဇာတ်ကား ကန်တော့ပွဲ ပေးပွဲကို ယနေ့ မေလ (၃၀) ရက်နေ့က ရန်ကုန်၊ ဗိုလ်တစ်ထောင် ဘုရားမှာ ပြုလုပ်ခဲ့ပြီး ယင်းဇာတ်ကားတွင် သရုပ်ဆောင် ပိုင်တံခွန် နှင့် အိန်ဂျယ်လမုန် တို့က အဓိကပါဝင်သရုပ်ဆောင်သွား မည်ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ရှိုင်းလေး (MyanmarNote)
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top