iMyanmarHouse.com - Best Property Website for Myanmar
×

သ႐ုပ္ေဆာင္ ျမင့္ျမတ္က မိေထြးဆိုတဲ့ မိခင္ေမတၱာကိုေဖာ္က်ဴးထားတဲ့ ကားေလးနဲ႕ အႏုပညာေလာကထဲကို စတင္ဝင္ေရာက္လာခဲ့တာျဖစ္ၿပီး သဘာ၀ သ႐ုပ္ကို ပီျပင္လြန္းတဲ့ နာမည္ေက်ာ္သ႐ုပ္ေဆာင္ေကာင္း တစ္ေယာက္ ဘဲျဖစ္ပါတယ္ ။ 2017 ခုႏွစ္ရဲ႕အကယ္ဒမီ ဆုကိုလည္း ထိုက္ထိုက္တန္တန္ ဆြတ္ခူးရရွိခဲ့ၿပီး ပါၿပီ ။ ဒရမ္မာကားေတြကို ပိုင္နိုင္ေအာင္ သ႐ုပ္ေဆာင္နိုင္လြန္းတဲ့ ျမင့္ျမတ္ကေတာ့ ပရိသတ္ေတြရဲ႕အသည္းစြဲ မင္းသားတစ္လက္ပါဘဲ ။

အင္တာဗ်ဴးတစ္ခုမွာ ျမင့္ျမတ္က သူ႕အႀကိဳက္ဆုံးအဆိုေတာ္ဟာ အစၥဏီျဖစ္ၿပီး အႀကိဳက္ ဆုံးသီခ်င္းကေတာ့ အေမတူသား ဇာတ္ဝင္သီခ်င္းအတြက္ ကိုေမာင္ေမာင္ ေဇာ္လတ္ ကေရးၿပီး အစၥဏီဆိုထားတဲ့ အေမဆိုတာကေတာ့အေမပဲ ဆိုတဲ့ သီခ်င္းေလးပဲ ျဖစ္ေၾကာင္း ေျပာခဲ့ဖူးပါတယ္။ ဒီကားေလးဟာ ျမင့္ျမတ္ရယ္လို႔ ပရိတ္သတ္ရင္ထဲကို အခိုင္မာေရာက္ ရွိခဲ့တဲ့ အမွတ္တရကားေလးတစ္ကားျဖစ္ခဲ့သလို မေဟာ္ဂနီ ႐ုပ္ရွင္ထုတ္လုပ္ ေရးအတြက္လဲ မွတ္တိုင္တစ္ခုစိုက္ခဲ့သလိုပါပဲ။ လက္ရွိအျဖစ္အပ်က္ေလးေတြနဲ႕လဲ တိုက္ဆိုင္မႈ႕ရွိသလို နားမေထာင္ဘူးေသးတဲ့ အစၥဏီ့ပရိတ္သတ္ေတြအတြက္လဲ အႀကိဳက္ေတြ႕မယ္လို႔ေမွ်ာ္လင့္ပါတယ္။

လက္ရွိမွာေတာ့ အစၥဏီရဲ႕အမႈဟာ ပရိသတ္စိတ္ဝင္စားစရာတစ္ခုျဖစ္ေနၿပီး ပရိသတ္ေတြကသူ႕ကို ခုခ်ိန္ထိယုံၾကည္ေနေပးလို႔ ေက်းဇူးတင္ပါတယ္လို႔ေျပာခဲ့ပါတယ္ ။ အႏုပညာရွင္ေတာ္ေတာ္မ်ားမ်ားကလည္း အျမန္ဆုံးလြတ္ေျမာက္ဖို႔ ဆုေတာင္းေနၾကသလို အစၥဏီရဲ႕မိခင္ျဖစ္သူ ကလည္း သားအတြက္ရတက္မေအးရွာဘဲ ဇြန္လရဲ႕မိုးေရစက္ ေတြၾကားကေန မေမာနိုင္မပန္းနိုင္ ႐ုံးခ်ိန္ေတြ လာၿပီး ပူပန္ေသာက ေရာက္ေနရရွာတာပါ ။ အခုလက္ရွိအေျခေနနဲ႕ အစၥဏီရဲ႕အေမဆိုတာ အေမပါဘဲ ဆိုတဲ့ သီခ်င္းေလးက အရမ္း ကိုတိုက္ဆိုင္ေနလြန္းလို႔ ခ်စ္ပရိတ္သတ္ႀကီး အတြက္ ျပန္လည္မွ်ေဝေပး လိုက္ ပါတယ္ေနာ္ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MMFeed
# Unicode Version ျဖင့္ ဖတ္ပါ #
သရုပ်ဆောင် မြင့်မြတ်က မိထွေးဆိုတဲ့ မိခင်မေတ္တာကိုဖော်ကျူးထားတဲ့ ကားလေးနဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့တာဖြစ်ပြီး သဘာ၀ သရုပ်ကို ပီပြင်လွန်းတဲ့ နာမည်ကျော်သရုပ်ဆောင်ကောင်း တစ်ယောက် ဘဲဖြစ်ပါတယ် ။ 2017 ခုနှစ်ရဲ့အကယ်ဒမီ ဆုကိုလည်း ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပြီး ပါပြီ ။ ဒရမ်မာကားတွေကို ပိုင်နိုင်အောင် သရုပ်ဆောင်နိုင်လွန်းတဲ့ မြင့်မြတ်ကတော့ ပရိသတ်တွေရဲ့အသည်းစွဲ မင်းသားတစ်လက်ပါဘဲ ။

အင်တာဗျူးတစ်ခုမှာ မြင့်မြတ်က သူ့အကြိုက်ဆုံးအဆိုတော်ဟာ အစ္စဏီဖြစ်ပြီး အကြိုက် ဆုံးသီချင်းကတော့ အမေတူသား ဇာတ်ဝင်သီချင်းအတွက် ကိုမောင်မောင် ဇော်လတ် ကရေးပြီး အစ္စဏီဆိုထားတဲ့ အမေဆိုတာကတော့အမေပဲ ဆိုတဲ့ သီချင်းလေးပဲ ဖြစ်ကြောင်း ပြောခဲ့ဖူးပါတယ်။ ဒီကားလေးဟာ မြင့်မြတ်ရယ်လို့ ပရိတ်သတ်ရင်ထဲကို အခိုင်မာရောက် ရှိခဲ့တဲ့ အမှတ်တရကားလေးတစ်ကားဖြစ်ခဲ့သလို မဟော်ဂနီ ရုပ်ရှင်ထုတ်လုပ် ရေးအတွက်လဲ မှတ်တိုင်တစ်ခုစိုက်ခဲ့သလိုပါပဲ။ လက်ရှိအဖြစ်အပျက်လေးတွေနဲ့လဲ တိုက်ဆိုင်မှု့ရှိသလို နားမထောင်ဘူးသေးတဲ့ အစ္စဏီ့ပရိတ်သတ်တွေအတွက်လဲ အကြိုက်တွေ့မယ်လို့မျှော်လင့်ပါတယ်။

လက်ရှိမှာတော့ အစ္စဏီရဲ့အမှုဟာ ပရိသတ်စိတ်ဝင်စားစရာတစ်ခုဖြစ်နေပြီး ပရိသတ်တွေကသူ့ကို ခုချိန်ထိယုံကြည်နေပေးလို့ ကျေးဇူးတင်ပါတယ်လို့ပြောခဲ့ပါတယ် ။ အနုပညာရှင်တော်တော်များများကလည်း အမြန်ဆုံးလွတ်မြောက်ဖို့ ဆုတောင်းနေကြသလို အစ္စဏီရဲ့မိခင်ဖြစ်သူ ကလည်း သားအတွက်ရတက်မအေးရှာဘဲ ဇွန်လရဲ့မိုးရေစက် တွေကြားကနေ မမောနိုင်မပန်းနိုင် ရုံးချိန်တွေ လာပြီး ပူပန်သောက ရောက်နေရရှာတာပါ ။ အခုလက်ရှိအခြေနေနဲ့ အစ္စဏီရဲ့အမေဆိုတာ အမေပါဘဲ ဆိုတဲ့ သီချင်းလေးက အရမ်း ကိုတိုက်ဆိုင်နေလွန်းလို့ ချစ်ပရိတ်သတ်ကြီး အတွက် ပြန်လည်မျှဝေပေး လိုက် ပါတယ်နော် ။

ဖိုးသူတော် (www.phothutaw.com)
Credit: MMFeed
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top