ဆယ္ေက်ာ္သက္လူငယ္ေတြဟာ မ်ားေသာအားျဖင့္ မိဘေတြနဲ႕ အတိုက္အခံအျဖစ္ဆုံးအ႐ြယ္ပါ။ တစ္ခ်ိဳ႕ေသာမိဘေတြဟာ ကိုယ့္ရဲ႕သားသမီးအေပၚ အရမ္းေမွ်ာ္မွန္းထားၿပီး ကိုယ္လိုခ်င္တဲ့ပုံစံမရရေအာင္ ပုံသြင္းတဲ့အခါ ဖိအားခံရတာက ဆယ္ေက်ာ္သက္လူငယ္ေလးေတြပါပဲ။ သူတို႔ရဲ႕ စိတ္ဖိစီးမႈေတြကေန ေနာက္ဆုံးထြက္ေပါက္ဟာ ကိုယ္​့ကိုယ္​ကို ေသေၾကာင္းႀကံတာ အိမ္ကေန ထြက္ေျပးတာေတြပဲျဖစ္ပါတယ္။ ဒါေပမယ့္ ဗီယက္နမ္ေကာင္မေလး Jennifer Pan ရဲ႕နည္းလမ္းကေတာ့ ဒီလိုမဟုတ္ခဲ့ပါဘူး။

ကေနဒါ၊ ဗီယက္နမ္ေသြးေႏွာျဖစ္တဲ့Panဟာသူ႕ရည္းစားနဲ႕ေပါင္းၿပီး ေၾကးစား လူသတ္သမားတစ္ေယာက္ငွါးကာ အကြက္ခ်ၿပီးသတ္ဖို႔ စီစဥ္ပါေတာ့တယ္။ Pan ဟာ ငယ္စဥ္ကတည္းက မိဘေတြရဲ႕ ဖိအားကိုခံရၿပီး အတန္းထဲက ဘာသာရပ္တိုင္းမွာ အျမင့္ဆုံးအမွတ္ျဖစ္တဲ့ Aကို ဘာသာရပ္တိုင္းရဖို႔ ႀကိဳးစားခဲ့ရပါတယ္။B+, B- အစရွိတဲ့ အနည္းငယ္သာနိမ့္တဲ့အမွတ္ေနရာကိုေရာက္ဖို႔ သူ႕မိဘေတြကခြင့္မျပဳပါဘူး။ဒါေပမယ့္ အထက္တန္းေက်ာင္းေရာက္တဲ့အခါ Pan ဟာ အရင္ကေလာက္မႀကိဳးစားနိုင္ေတာ့ဘဲ အမွတ္ေတြနည္းလာခဲ့ပါတယ္။ ဒါကိုလက္မခံနိုင္တဲ့ သူ႕မိဘေတြေၾကာင့္ Pan ဟာ ေနာက္ဆုံးမွာ အမွတ္စာရင္းကေနစၿပီး သူမမိဘေတြလိုခ်င္တဲ့ တကၠသိုလ္ဘြဲ႕ကိုပါ အတုေတြလုပ္ခဲ့ပါတယ္။ သူမအေဖလုပ္ေစခ်င္တဲ့ ေဆး႐ုံမွာ ေဆးဝါးပညာရွင္အျဖစ္ လုပ္ေနတယ္လို႔ေတာင္ ဟန္ေဆာင္ခဲ့ပါတယ္။ေနာက္ဆုံးမွာ သူမရဲ႕ရည္းစားနဲ႕ ျဖတ္မလား၊ မိသားစုကိုေ႐ြးမလားဆိုတာထိ Panရဲ႕မိဘေတြ ေျပာလာတဲ့အခ်ိန္မွာေတာ့ Panဟာ ခ်က္ခ်င္းပဲမိသားစုကိုေ႐ြးခဲ့ပါတယ္။
 
ဒါေပမယ့္ Panဟာလုံးဝမေပ်ာ္႐ႊင္ခဲ့ပါဘူး။ေနာက္ဆုံးPanဟာသူ႕ရည္းစားနဲ႕ေပါင္းၿပီး ေၾကးစားလူသတ္သမားငွါးၿပီး အိမ္ကိုေဖာက္ထြင္းခံရတဲ့ပုံစံနဲ႕ သူ႕မိဘေတြအသတ္ခံရတဲ့ပုံျဖစ္ေအာင္ စီစဥ္ခဲ့ပါတယ္။

အစီအစဥ္ အတိုင္းသူမရဲ႕ အေမေသဆုံးခဲ့ၿပီး အေဖျဖစ္သူဟာ ထိခိုက္ဒဏ္ရာႀကီးႀကီးမားမား ရရွိခဲ့ပါတယ္။ သူမရဲ႕အေမေသဆုံးၿပီး ႏွစ္ပတ္အၾကာမွာေတာ့ Panဟာ သူကိုယ္တိုင္ ရဲစခန္းကိုလာေရာက္ဝန္ခံၿပီး အဖမ္းခံခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: popinvdo
# Unicode Version ျဖင့္ ဖတ္ပါ #
ဆယ်ကျော်သက်လူငယ်တွေဟာ များသောအားဖြင့် မိဘတွေနဲ့ အတိုက်အခံအဖြစ်ဆုံးအရွယ်ပါ။ တစ်ချို့သောမိဘတွေဟာ ကိုယ့်ရဲ့သားသမီးအပေါ် အရမ်းမျှော်မှန်းထားပြီး ကိုယ်လိုချင်တဲ့ပုံစံမရရအောင် ပုံသွင်းတဲ့အခါ ဖိအားခံရတာက ဆယ်ကျော်သက်လူငယ်လေးတွေပါပဲ။ သူတို့ရဲ့ စိတ်ဖိစီးမှုတွေကနေ နောက်ဆုံးထွက်ပေါက်ဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံတာ အိမ်ကနေ ထွက်ပြေးတာတွေပဲဖြစ်ပါတယ်။ ဒါပေမယ့် ဗီယက်နမ်ကောင်မလေး Jennifer Pan ရဲ့နည်းလမ်းကတော့ ဒီလိုမဟုတ်ခဲ့ပါဘူး။

ကနေဒါ၊ ဗီယက်နမ်သွေးနှောဖြစ်တဲ့Panဟာသူ့ရည်းစားနဲ့ပေါင်းပြီး ကြေးစား လူသတ်သမားတစ်ယောက်ငှါးကာ အကွက်ချပြီးသတ်ဖို့ စီစဉ်ပါတော့တယ်။ Pan ဟာ ငယ်စဉ်ကတည်းက မိဘတွေရဲ့ ဖိအားကိုခံရပြီး အတန်းထဲက ဘာသာရပ်တိုင်းမှာ အမြင့်ဆုံးအမှတ်ဖြစ်တဲ့ Aကို ဘာသာရပ်တိုင်းရဖို့ ကြိုးစားခဲ့ရပါတယ်။B+, B- အစရှိတဲ့ အနည်းငယ်သာနိမ့်တဲ့အမှတ်နေရာကိုရောက်ဖို့ သူ့မိဘတွေကခွင့်မပြုပါဘူး။ဒါပေမယ့် အထက်တန်းကျောင်းရောက်တဲ့အခါ Pan ဟာ အရင်ကလောက်မကြိုးစားနိုင်တော့ဘဲ အမှတ်တွေနည်းလာခဲ့ပါတယ်။ ဒါကိုလက်မခံနိုင်တဲ့ သူ့မိဘတွေကြောင့် Pan ဟာ နောက်ဆုံးမှာ အမှတ်စာရင်းကနေစပြီး သူမမိဘတွေလိုချင်တဲ့ တက္ကသိုလ်ဘွဲ့ကိုပါ အတုတွေလုပ်ခဲ့ပါတယ်။ သူမအဖေလုပ်စေချင်တဲ့ ဆေးရုံမှာ ဆေးဝါးပညာရှင်အဖြစ် လုပ်နေတယ်လို့တောင် ဟန်ဆောင်ခဲ့ပါတယ်။နောက်ဆုံးမှာ သူမရဲ့ရည်းစားနဲ့ ဖြတ်မလား၊ မိသားစုကိုရွေးမလားဆိုတာထိ Panရဲ့မိဘတွေ ပြောလာတဲ့အချိန်မှာတော့ Panဟာ ချက်ချင်းပဲမိသားစုကိုရွေးခဲ့ပါတယ်။ ဒါပေမယ့် Panဟာလုံးဝမပျော်ရွှင်ခဲ့ပါဘူး။နောက်ဆုံးPanဟာသူ့ရည်းစားနဲ့ပေါင်းပြီး ကြေးစားလူသတ်သမားငှါးပြီး အိမ်ကိုဖောက်ထွင်းခံရတဲ့ပုံစံနဲ့ သူ့မိဘတွေအသတ်ခံရတဲ့ပုံဖြစ်အောင် စီစဉ်ခဲ့ပါတယ်။
အစီအစဉ် အတိုင်းသူမရဲ့ အမေသေဆုံးခဲ့ပြီး အဖေဖြစ်သူဟာ ထိခိုက်ဒဏ်ရာကြီးကြီးမားမား ရရှိခဲ့ပါတယ်။ သူမရဲ့အမေသေဆုံးပြီး နှစ်ပတ်အကြာမှာတော့ Panဟာ သူကိုယ်တိုင် ရဲစခန်းကိုလာရောက်ဝန်ခံပြီး အဖမ်းခံခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: popinvdo
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top