×

အရမ္းကို ရိုးရွင္းၿပီး ျမန္မာဆန္တဲ့ ေစ့စပ္မဂၤလာတစ္ခုျဖစ္တာေၾကာင့္ ေလးစားအားက်ဖို႕ ေကာင္းလွပါတယ္။ ေစ့စပ္မဂၤလာပြဲတင္မက ေစ့စပ္မဂၤလာဖိတ္ၾကားလႊာကလည္း ပလႊားမႈမရွိတဲ့ သူတုိ႔ရဲ႕စိတ္ဓာတ္ကို ေဖာ္ျပေနပါတယ္။

ဦးေက်ာ္သူရဲ႕ သားျဖစ္သူ ျပည့္သိမ္းေက်ာ္ရဲ႕ ေစ့စပ္ မဂၤလာပြဲကို ဇြန္လ(၂) ရက္ေက ေရႊဥမင္ဓမၼသုခ ေတာရရိပ္သာႏွင့္ ပရိယတၱိစာသင္တိုက္မွာ က်င္းပျပဳလုပ္ခဲ့တာပါ။ သားျဖစ္သူဟာ အေမရိကားမွာ ေနထိုင္သူျဖစ္ၿပီး ေစ့စပ္မဂၤလာကို ျမန္မာႏိုင္ငံမွာ ျပဳလုပ္ခဲ့တာပါ။

သားျဖစ္သူရဲ႕ ဇနီးဟာ ဆရာဝန္တစ္ေယာက္ျဖစ္သလို ျပည့္သိမ္းေက်ာ္ဟာလည္း Software Enginner တစ္ေယာက္ျဖစ္ပါတယ္။

ဘြဲ႕ထူးဂုဏ္ျဒပ္ေတြမပါတဲ့ ဖိတ္စာနဲ႕ ပတ္သက္ၿပီးေတာ့ ေဒၚဇီးကြက္က သားျဖစ္သူနဲ႕ ေျပာျဖစ္ခဲ့တာေလးကို ယခုလို ေျပာထားပါေသးတယ။

“ဒီဖိတ္စာေလးနဲ႕ ပတ္သက္ၿပီး ကၽြန္မသားတို႕အေပၚ အားရေက်နပ္မိပါတယ္။ ဒီဖိတ္စာေလးကို ကၽြန္မနဲ႕ သမီးေလး Ÿâmín Khinzawတို႔ သြားလုပ္ေတာ့ သားက အေမရိကားမွာပါ။ သူ႔ကို viber နဲ႔ေခၚျပီး စာသားေတြ ဘယ္လိုထည့္မလည္းေမးေတာ့ အခုပံုစံအတိုင္း ရိုးရိုးရွင္းရွင္းပဲ ထဲ့ဖို႔ေျပာပါတယ္။ ကၽြန္မက ဘြဲ႕ေတြ အလုပ္အကိုင္ေတြ မထည့္ေတာ့ဘူးလားဆိုေတာ့ သားက အေမရိကားမွာ ဒါေတြထည့္ေလ့မရွိလို႔ မထည့္ေတာ့ဘူးတဲ့။ ဒါကို သူ႔ဇနီးေလာင္း သမီးေလး ယမင္းကလည္း သေဘာတူတယ္ေလ” ဆိုၿပီး ဖိတ္စာေလး ျပင္ဆင္ခဲ့ပံုကို ဇြန္လ(၁၄)ရက္ေန႕ ဦးေက်ာ္သူရဲ႕ ေဖ့စ္ဘြတ္မွာ ေျပာထားပါတယ္။

ေစ့စပ္မဂၤလာအလွဴဖိတ္စာေလးကလည္း လံုးဝကို ရိုးရင္းသလို ေစ့စပ္အလွဴေလးဟာလည္း တကယ့္ကို အႏွစ္သာရရွိတဲ့ ပြဲေလးပါ။ ေစ့စပ္ပြဲကို လာေရာက္တဲ့ ဧည့္သည္ေတြကို ေရႊဥမင္ေက်ာင္းမွာ ေယာဆရာေတာ္ဘုရားႀကီးရဲ႕ အဖိုးတန္အႏွစ္ျပည့္လွတဲ့ တရားေတာ္ကို ေပးလွဴႏိုင္ခဲ့တဲ့ အတြက္ သားတို႕ကိုယ္စား ပီတိပြားခဲ့ရတယ္လို႕ ဆက္ၿပီး ေျပာျပထားပါတယ္။

“သားတို႔ ေစ့စပ္မဂၤလာအလွဴလုပ္တဲ့ ေရႊဥမင္ေက်ာင္းမွာ ေယာဆရာေတာ္ဘုရားႀကီးက ဧည့္ပရိတ္သတ္ေတြကို တရားခ်ီးျမွင့္ေတာ့လည္း ကုသိုလ္တရားကိုသာ ကိုယ့္ရဲ႕ေဆြမ်ိဳးအရင္းလို ရင္းႏွီးအကၽြမ္းဝင္ေအာင္ေစ့စပ္ေနၾကဖို႔ အဓိကေဟာၾကားေနတာကို နာၾကားရင္း ကၽြန္မေလ သားတို႔ရဲ႕ အနွစ္သာရျပည့္စံုတဲ့ ေစ့စပ္ပြဲေလးမွာ ဧည့္ပရိတ္သတ္မိတ္ေဆြေတြကို ေယာဆရာေတာ္ဘုရားႀကီးရဲ႕ အဖိုးတန္အႏွစ္ျပည့္လွတဲ့ တရားေတာ္ကို ေပးလွဴနိုင္ခဲ့လို႔ သားတို႔ကိုယ္စား ပီတိေတြ ပြားခဲ့ရပါတယ္။ ျမန္မာျပည္သားတိုင္း ဗုဒၶရဲ႕ အဆံုအမနဲ႔အညီ ဘဝမွာ မလိုအပ္တဲ့ အပိုအကာေတြကို ဖယ္ရွား အနွစ္အသား ကုသိုလ္တရားမ်ားနဲ႔ ျပည့္စံုေအာင္ ေနထိုင္နိုင္ၾကပါေစ။” ဆိုၿပီး ဦးေက်ာ္ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသးထားတာပါ။ဦးေက်ာ္သူ သားရဲ႕ ေစ့စပ္မဂၤလာ ပံုရိပ္ေလးေတြကိုၾကည့္ၿပီး ပရိသတ္ေတြ သူငယ္ခ်င္း အေပါင္းအသင္းေတြ ခ်ီးက်ဴးထားၾကပါေသးတယ္။

ဦးေက်ာ္သူနဲ႕ ေရႊဇီးကြက္တို႕မွာေတာ့ ျမင့္မိုရ္ဦးဆိုတဲ့ သမီးတစ္ေယာက္နဲ႕ ေျပသိမ္းေက်ာ္ဆိုတဲ့ သားတစ္ေယာက္ကို ပိုင္ဆိုင္ထားပါတယ္။ ျမင့္မိုရ္ဦးဟာ ယခုလက္ရွိမွာ ၾသစေတးလ် ႏိုင္ငံမွာ ေနထိုင္လ်က္ရွိၿပီး သားျဖစ္သူ ေျပသိမ္းေက်ာ္ကေတာ့ အေမရိကားမွာ ေနထိုင္လ်က္ရွိ တယ္လို႕ သိရပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
အရမ်းကို ရိုးရှင်းပြီး မြန်မာဆန်တဲ့ စေ့စပ်မင်္ဂလာတစ်ခုဖြစ်တာကြောင့် လေးစားအားကျဖို့ ကောင်းလှပါတယ်။ စေ့စပ်မင်္ဂလာပွဲတင်မက စေ့စပ်မင်္ဂလာဖိတ်ကြားလွှာကလည်း ပလွှားမှုမရှိတဲ့ သူတို့ရဲ့စိတ်ဓာတ်ကို ဖော်ပြနေပါတယ်။

ဦးကျော်သူရဲ့ သားဖြစ်သူ ပြည့်သိမ်းကျော်ရဲ့ စေ့စပ် မင်္ဂလာပွဲကို ဇွန်လ(၂) ရက်ကေ ရွှေဥမင်ဓမ္မသုခ တောရရိပ်သာနှင့် ပရိယတ္တိစာသင်တိုက်မှာ ကျင်းပပြုလုပ်ခဲ့တာပါ။ သားဖြစ်သူဟာ အမေရိကားမှာ နေထိုင်သူဖြစ်ပြီး စေ့စပ်မင်္ဂလာကို မြန်မာနိုင်ငံမှာ ပြုလုပ်ခဲ့တာပါ။

သားဖြစ်သူရဲ့ ဇနီးဟာ ဆရာဝန်တစ်ယောက်ဖြစ်သလို ပြည့်သိမ်းကျော်ဟာလည်း Software Enginner တစ်ယောက်ဖြစ်ပါတယ်။

ဘွဲ့ထူးဂုဏ်ဒြပ်တွေမပါတဲ့ ဖိတ်စာနဲ့ ပတ်သက်ပြီးတော့ ဒေါ်ဇီးကွက်က သားဖြစ်သူနဲ့ ပြောဖြစ်ခဲ့တာလေးကို ယခုလို ပြောထားပါသေးတယ။

“ဒီဖိတ်စာလေးနဲ့ ပတ်သက်ပြီး ကျွန်မသားတို့အပေါ် အားရကျေနပ်မိပါတယ်။ ဒီဖိတ်စာလေးကို ကျွန်မနဲ့ သမီးလေး Ÿâmín Khinzawတို့ သွားလုပ်တော့ သားက အမေရိကားမှာပါ။ သူ့ကို viber နဲ့ခေါ်ပြီး စာသားတွေ ဘယ်လိုထည့်မလည်းမေးတော့ အခုပုံစံအတိုင်း ရိုးရိုးရှင်းရှင်းပဲ ထဲ့ဖို့ပြောပါတယ်။ ကျွန်မက ဘွဲ့တွေ အလုပ်အကိုင်တွေ မထည့်တော့ဘူးလားဆိုတော့ သားက အမေရိကားမှာ ဒါတွေထည့်လေ့မရှိလို့ မထည့်တော့ဘူးတဲ့။ ဒါကို သူ့ဇနီးလောင်း သမီးလေး ယမင်းကလည်း သဘောတူတယ်လေ” ဆိုပြီး ဖိတ်စာလေး ပြင်ဆင်ခဲ့ပုံကို ဇွန်လ(၁၄)ရက်နေ့ ဦးကျော်သူရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားပါတယ်။

စေ့စပ်မင်္ဂလာအလှူဖိတ်စာလေးကလည်း လုံးဝကို ရိုးရင်းသလို စေ့စပ်အလှူလေးဟာလည်း တကယ့်ကို အနှစ်သာရရှိတဲ့ ပွဲလေးပါ။ စေ့စပ်ပွဲကို လာရောက်တဲ့ ဧည့်သည်တွေကို ရွှေဥမင်ကျောင်းမှာ ယောဆရာတော်ဘုရားကြီးရဲ့ အဖိုးတန်အနှစ်ပြည့်လှတဲ့ တရားတော်ကို ပေးလှူနိုင်ခဲ့တဲ့ အတွက် သားတို့ကိုယ်စား ပီတိပွားခဲ့ရတယ်လို့ ဆက်ပြီး ပြောပြထားပါတယ်။

“သားတို့ စေ့စပ်မင်္ဂလာအလှူလုပ်တဲ့ ရွှေဥမင်ကျောင်းမှာ ယောဆရာတော်ဘုရားကြီးက ဧည့်ပရိတ်သတ်တွေကို တရားချီးမြှင့်တော့လည်း ကုသိုလ်တရားကိုသာ ကိုယ့်ရဲ့ဆွေမျိုးအရင်းလို ရင်းနှီးအကျွမ်းဝင်အောင်စေ့စပ်နေကြဖို့ အဓိကဟောကြားနေတာကို နာကြားရင်း ကျွန်မလေ သားတို့ရဲ့ အနှစ်သာရပြည့်စုံတဲ့ စေ့စပ်ပွဲလေးမှာ ဧည့်ပရိတ်သတ်မိတ်ဆွေတွေကို ယောဆရာတော်ဘုရားကြီးရဲ့ အဖိုးတန်အနှစ်ပြည့်လှတဲ့ တရားတော်ကို ပေးလှူနိုင်ခဲ့လို့ သားတို့ကိုယ်စား ပီတိတွေ ပွားခဲ့ရပါတယ်။ မြန်မာပြည်သားတိုင်း ဗုဒ္ဓရဲ့ အဆုံအမနဲ့အညီ ဘဝမှာ မလိုအပ်တဲ့ အပိုအကာတွေကို ဖယ်ရှား အနှစ်အသား ကုသိုလ်တရားများနဲ့ ပြည့်စုံအောင် နေထိုင်နိုင်ကြပါစေ။” ဆိုပြီး ဦးကျော်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသးထားတာပါ။ဦးကျော်သူ သားရဲ့ စေ့စပ်မင်္ဂလာ ပုံရိပ်လေးတွေကိုကြည့်ပြီး ပရိသတ်တွေ သူငယ်ချင်း အပေါင်းအသင်းတွေ ချီးကျူးထားကြပါသေးတယ်။

ဦးကျော်သူနဲ့ ရွှေဇီးကွက်တို့မှာတော့ မြင့်မိုရ်ဦးဆိုတဲ့ သမီးတစ်ယောက်နဲ့ ပြေသိမ်းကျော်ဆိုတဲ့ သားတစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။ မြင့်မိုရ်ဦးဟာ ယခုလက်ရှိမှာ သြစတေးလျ နိုင်ငံမှာ နေထိုင်လျက်ရှိပြီး သားဖြစ်သူ ပြေသိမ်းကျော်ကတော့ အမေရိကားမှာ နေထိုင်လျက်ရှိ တယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top