န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

ရန္ကင္းၿမိဳ႕နယ္၊ အမွတ္ (၁၁) ရပ္ကြက္၊ ဆည္းေျမာင္းလမ္းေဘးရွိ ဓာတ္တိုင္ႏွစ္တိုင္ၾကား၌ ျပတ္က်ေနသည့္ ဓာတ္ႀကိဳးကို ကိုင္မိရာက အသက္ ၈၁ ႏွစ္အ႐ြယ္ အဘိုးအိုတစ္ဦး ဓာတ္လိုက္ေသဆံုးမႈ ဇြန္လ ၂၅ ရက္ ညေန ၆ နာရီခြဲခန္႔က ျဖစ္ပြားခဲ့ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႔ထံမွ သိရသည္။

ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ ေဈးႀကီး ရပ္ကြက္၊ ရတနာပံုေအာက္လမ္းတြင္ ေနထိုင္သူ ဦးထြန္းလွသည္ ယင္းေန႔က ဟိုတယ္ခရီးဝန္ထမ္းအိမ္ရာဝင္းတြင္ ေနထိုင္သူ အသက္ ၄၁ ႏွစ္အ႐ြယ္ သားျဖစ္သူထံသို႔ အလည္လာၿပီး အျပန္တြင္ ဆည္ေျမာင္းလမ္းေဘး သြယ္တန္းထားေသာ ဓာတ္တိုင္ႏွစ္တိုင္ၾကား၌ ျပတ္က်ေနသည့္ လွ်ပ္စစ္ဓာတ္ႀကိဳးအား ဘယ္လက္ျဖင့္ကိုင္မိရာက ဓာတ္လိုက္ေသဆံုးသြားျခင္းျဖစ္ေၾကာင္း အမႈဖြင့္တိုင္တန္းခ်က္အရ ယင္းရဲတပ္ဖြဲ႔ထံမွ သိရသည္။

“အဲဒီအခ်ိန္က မိုးကလည္း႐ြာေနတယ္၊ မိုး႐ြာေလတိုက္ေတာ့ ဓာတ္ႀကိဳးက ျပတ္က်ေနတာ။ အခုေသသြားတဲ့ အဘိုးကလည္း ေခ်ာ္လဲလို႔ အားျပဳဖို႔ သြားကိုင္လိုက္တာ၊ သူကိုင္လိုက္တာလည္း ဓာတ္ႀကိဳးျဖစ္ေနေတာ့ ဓာတ္လိုက္သြားတာ။ အေလာင္းကိုေတာ့ သဃၤန္းကၽြန္း စံျပေဆး႐ံုႀကီးကို ပို႔ၿပီး ေသမႈေသခင္းဖြင့္ စစ္ေဆးေနပါတယ္”ဟု ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႔မွ ရဲအရာရွိတစ္ဦးက ရွင္းျပသည္။

အလားတူ ဒဂံုၿမိဳ႕သစ္(အေရွ႕ပိုင္း)ၿမိဳ႕နယ္၊ နဝေဒးလမ္းရွိ ေနအိမ္တစ္လံုးတြင္ ဇြန္လ ၂၅ ရက္ နံနက္ ၁၁ နာရီခြဲခန္႔က ေနအိမ္အမိုးမိုးရန္အတြက္ ဒိုင္း၊ ျမားမ်ားအား သံျငမ္းေပၚ၌ ဝရိန္ေဆာ္ေနစဥ္ ဝါယာႀကိဳးေပါက္ၿပဲၿပီး သံတန္းႏွင့္ထိမိကာ အသက္ ၂၅ ႏွစ္အ႐ြယ္ ဝရိန္ဆရာတစ္ဦး ဓာတ္လိုက္ေသဆံုးသြားသျဖင့္ ႐ုပ္အေလာင္းကို ေျမာက္ဥကၠလာပေဆး႐ံုႀကီးသို႔ပို႔ေဆာင္ကာ ဓမၼတာအတိုင္း ေသဆံုးျခင္း ဟုတ္၊ မဟုတ္ သိရွိႏိုင္ရန္ ယင္းၿမိဳ႕မ ရဲစခန္းက ေသမႈေသခင္းဖြင့္ကာ စစ္ေဆးေနေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႔ထံမွ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thevoice

#Unicode Version#

ရန်ကင်းမြို့နယ်၊ အမှတ် (၁၁) ရပ်ကွက်၊ ဆည်းမြောင်းလမ်းဘေးရှိ ဓာတ်တိုင်နှစ်တိုင်ကြား၌ ပြတ်ကျနေသည့် ဓာတ်ကြိုးကို ကိုင်မိရာက အသက် ၈၁ နှစ်အရွယ် အဘိုးအိုတစ်ဦး ဓာတ်လိုက်သေဆုံးမှု ဇွန်လ ၂၅ ရက် ညနေ ၆ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကြီး ရပ်ကွက်၊ ရတနာပုံအောက်လမ်းတွင် နေထိုင်သူ ဦးထွန်းလှသည် ယင်းနေ့က ဟိုတယ်ခရီးဝန်ထမ်းအိမ်ရာဝင်းတွင် နေထိုင်သူ အသက် ၄၁ နှစ်အရွယ် သားဖြစ်သူထံသို့ အလည်လာပြီး အပြန်တွင် ဆည်မြောင်းလမ်းဘေး သွယ်တန်းထားသော ဓာတ်တိုင်နှစ်တိုင်ကြား၌ ပြတ်ကျနေသည့် လျှပ်စစ်ဓာတ်ကြိုးအား ဘယ်လက်ဖြင့်ကိုင်မိရာက ဓာတ်လိုက်သေဆုံးသွားခြင်းဖြစ်ကြောင်း အမှုဖွင့်တိုင်တန်းချက်အရ ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“အဲဒီအချိန်က မိုးကလည်းရွာနေတယ်၊ မိုးရွာလေတိုက်တော့ ဓာတ်ကြိုးက ပြတ်ကျနေတာ။ အခုသေသွားတဲ့ အဘိုးကလည်း ချော်လဲလို့ အားပြုဖို့ သွားကိုင်လိုက်တာ၊ သူကိုင်လိုက်တာလည်း ဓာတ်ကြိုးဖြစ်နေတော့ ဓာတ်လိုက်သွားတာ။ အလောင်းကိုတော့ သင်္ဃန်းကျွန်း စံပြဆေးရုံကြီးကို ပို့ပြီး သေမှုသေခင်းဖွင့် စစ်ဆေးနေပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

အလားတူ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ နဝဒေးလမ်းရှိ နေအိမ်တစ်လုံးတွင် ဇွန်လ ၂၅ ရက် နံနက် ၁၁ နာရီခွဲခန့်က နေအိမ်အမိုးမိုးရန်အတွက် ဒိုင်း၊ မြားများအား သံငြမ်းပေါ်၌ ဝရိန်ဆော်နေစဉ် ဝါယာကြိုးပေါက်ပြဲပြီး သံတန်းနှင့်ထိမိကာ အသက် ၂၅ နှစ်အရွယ် ဝရိန်ဆရာတစ်ဦး ဓာတ်လိုက်သေဆုံးသွားသဖြင့် ရုပ်အလောင်းကို မြောက်ဥက္ကလာပဆေးရုံကြီးသို့ပို့ဆောင်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် သိရှိနိုင်ရန် ယင်းမြို့မ ရဲစခန်းက သေမှုသေခင်းဖွင့်ကာ စစ်ဆေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: Thevoice
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top