iMyanmarHouse.com - Best Property Website for Myanmar
×


” အသည်​မကွဲဝူး ​အေး​ဆေးဆိုရင်​​တောင်​ အိ​နြေ္ဒ​လေးနဲ့​နေပါဦး​လေးကြီးရယ်​ ဒီလိုပုံ​တွေနဲ့ ပန်​ကိတ်​​လေးကိုမနှိပ်​စက်​ပါနဲ့ ”


Source – Shwehtoo fb
Credit: hlataw

#Unicode Version#
မနေ့ကရွှေထူးတင်ခဲ့တဲ့ ပို့စ်တစ်ခုကြောင့် ပရိသတ်တွေကြားအရမ်းကို ဂယက်ထစေခဲ့ပါတယ်။ သူတင်ခဲ့တဲ့ ပုံကလဲ အလှမယ်မိုးစက်ဝိုင်နဲ့ အတူကြော်ငြာတစ်ခုရိုက်ကူးနေတဲ့ မြင်ကွင်းဖြစ်တယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးဟာ မကြာသေးခင်ရက်ပိုင်းအတွင်းက ကောလဟာလတွေနဲ့ ပတ်သက်ပြီး နာမည်ကြီးခဲ့ကြပါသေးတယ်။ ကောလဟာလ ထွက်ခဲ့ရခြင်းကလဲ ရွှေထူးဟာ သူ့ရဲ့လက်ရှိချစ်သူနဲ့ လမ်းခွဲခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ တစ်ချို့သော ပရိသတ်တွေက ရွှေထူးနဲ့ မိုးစက်ဝိုင်းကို ဝေဖန် လာကြတာလဲဖြစ်ပါတယ်။အဲ့လိုဝေဖန်နေချိန်မှာ မိုးစက်ဝိုင်းကလဲ သူတို့ပြတ်သွားတာကို စိတ်မကောင်းကြောင်း ရိုးစင်းစွာ ပြောခဲ့ပေမယ့် ဖွခြင်တဲ့သူတွေကတော့ ဖွခဲ့ကြပါတယ်။ အဆိုပါ ကောလဟာလ သတင်းတွေနဲ့ ပတ်သက်ပြီး သူမဟာ ပညာသားပါပါလေး ပြန်လည်ဖြေရှင်းခဲ့တာတွေလဲ ရှိပါတယ်။

ဒါပေမယ့်လဲ ယခုသူတို့ရဲ့ ကြော်ငြာရိုက်ကူးနေတဲ့ ပုံရိပ်တွေက ပရိသတ်တွေကို ပြန်လည်ဂယက်ထစေခဲ့ပြန်ပါတယ်။ သူတို့ရဲ့ ပုံအောင်မှာ ဝေဖန်ပြောဆိုသံတွေ အပြစ်တင်သံတွေနဲ့ ပြည့်နက်လို့နေပါတယ်။ ဝေဖန်နေကြတဲ့ ပရိသတ်တွေရဲ့ စကားသံတစ်ချို့ကိုလဲ ဖော်ပြပေးလိုက်ပါတယ်နော်။
” ရွှေထူးကိုမေးလိုက်ပါ ပန်ကိတ်လေးကိုထားခဲ့ပြီး မိုးစက်ဝိုင်နဲ့ကြော်ငြာတွေရိုက်နေရတာ ပျော်ရဲ့လားလို့ ”
” အကွက်တွေလှတယ် ဘယ်လောက့်ရွံစရာကောင်းတဲ့မြင်ကွင်းလဲကွာ Ma Dar Dar ကိုရိုးသွားပီလေ ခြံခုန်သွားတတစ်ယောက်ကစနှိုက့်ကြော်တစ်ယောက်ကခြံခုန်တယ် ”
” အသည်မကွဲဝူး အေးဆေးဆိုရင်တောင် အိန္ဒြေလေးနဲ့နေပါဦးလေးကြီးရယ် ဒီလိုပုံတွေနဲ့ ပန်ကိတ်လေးကိုမနှိပ်စက်ပါနဲ့ ”
” ဦးလေးဂျီး အကွက်လေးဒေက စောက်ရမ်းမိုက်တရ်သလား ၊ဒီယုန်မြင်လို့ဒီခြုံထွင်တာအထင်ကြီးလေးစားခဲ့သမျှအလကားပဲ ” လို့ အပစ်တင်ဝေဖန်နေကြသူတွေများပြားလှပါတယ်။
” ဝေဖန်မှုတွေ ဂရုမစိုက်ပါနဲ့ ဘဒို…..ခုလည်း ဘဒိုဘာသာ ဘာနဲ့ရိုက်ရိုက် ဘယ်သူနဲ့ရိုက်ရိုက် ကျနော် စောက်ဂရုမစိုက်ပါဘူး …..အဓိက သီချင်းပါ ကျနော်စအားပေးကတည်းက သီချင်းက အဓိကအချက်ပါ…..ဒါကြောင့် ဘဒိုဘသူနဲ့ရိုက်ရိုက် ဘာလုပ်လုပ် ကျနော်စိတ်မဝင်စားပါဘူး သီချင်းလေးတွေပဲ ဆက်လုပ်ပေးပါ…..ခုတချို့ဆဲတာတွေလည်း စိတ်ထည်းမထားပါနဲ့ ဘဒို….ချီးမွမ်း ၇ရက် ကဲ့ရဲ့၇ရက် ကြိုးစားပါ။ Be stand with u…..💗 ” ဆိုပြီး အားပေးသူတွေလဲ ရှိပါတယ်။

အဆိုတော် သရုပ်ဆောင် ရွှေထူးဟာ မေလ ၈ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘုတ်အကောင့်ကနေ Live လွှင့်ပြီး သူ့ရဲ့ လက်ရှိချစ်သူနဲ့ လမ်းခွဲခဲ့ပြီးတာ အချိန်တစ်ခုကြာမြင့်နေပြီ ဆိုတဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။ သူတို့ချစ်သူနှစ်ဦးဟာ ချစ်သူသက်တမ်း ၆နှစ်ကျော်ကြာမှာ လမ်းခွဲခဲ့ကြတာဖြစ်ပါတယ်။

Source – Shwehtoo fb

ဖိုးသူတော် (www.phothutaw.com)
Credit: hlataw
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top