×

Nipah Virus (NiV) ဟာ ဦးေနာက္ေရာင္ရမ္းျခင္း ေရာဂါတမ်ိဳးပါ။ 1998 ခုႏွစ္ထဲက ပထမဆုံးအေနနဲ႔ မေလးရွားႏိုင္ငံမွာ စတင္ျဖစ္ပြားခဲ့ဖူး ၿပီး လူေပါင္း (105) ေယာက္ ေသဆုံးခဲ့ပါတယ္။

2018 ခုႏွစ္ ဒီ June လအတြင္းမွာဆိုရင္အိႏၵိယႏိုင္ငံ ကီယာလာ(The state of Kerala) ျပည္နယ္ မွာ ယခုပထမဆုံး ျပန္လည္စတင္ျပန႔္ပြားေနပါတယ္။ ေရာဂါစတင္ ျပန႔္ပြားကူးစက္စဥ္မွာပဲ လူ အေယာက္ (17-18)ၾကား ေသဆုံးခဲ့ေၾကာင္း ဟု ကမာၻက်န္းမာေရးအဖြဲ႕ခ်ဳပ္ WHO( World Health Organization)က ေျပာၾကားခဲ့ပါတယ္။

Nipah Virus (NiV) ဟာ အေရွ႕ေတာင္အာရွ နဲ႔ ေတာင္အာရွ ေတြမွာ ရွိတဲ့ လင္းႏို႔ေတြ စားသုံးၿပီး အသီးေတြကေနတဆင့္ တိရစာၦန္ ရဲ႕ ခႏၶာကိုယ္ေငြ႕တို႔ ထိေတြ႕ၿပီး လူေတြကို စတင္ကူးစက္တာျဖစ္ပါတယ္။ ။

ခုလက္ရွိ ျဖစ္ပြားေနတဲ့ Virus အတြက္ ကုသဖို႔ ေဆးလဲ မရွိသလို ကာကြယ္ဖို႔ ေဆးလဲ မေတြ႕ေသးပါ။ လက္ရွိ မွာ WHO အေနနဲ႔ ယခုအခ်ိန္မွာ ပထမဦးစားေပး ေရာဂါသစ္ရွာေဖြေရးသုေတသန အျဖစ္ ေဆာင္႐ြက္ေနၿပီး ကုသေရးေတြကလည္း မလုံမေလာက္ျဖစ္ေနပါတယ္။

Dr.Steve Luby (Stanford University)က “ဒါဟာ ဆဲလ္ေတြပ်က္စီးေစတဲ့ ကင္ဆာေတြလို ကုသမႈေတြနဲ႔ မတူပါဘူး။ဒီမွာ ကုသႏိုင္တဲ့ ေဆးမရွိေသးသလို အေရးႀကီးတဲ့ Customer အေနနဲ႔ လဲ မရွိလို႔ ဘာမက္လုံး မွလဲ မေပးႏိုင္ေသးပါဘူး ” လို႔ ေျဖၾကားခဲ့ပါတယ္။

ဒီဗိုင္းရပ္ေရာဂါဟာ အိႏၵိယႏိုင္ငံ အျပင္ဘက္ကို စတင္ျပန႔္ပြားလာမယ္ဆိုရင္ အိႏၵိယလူမ်ိဳးေတြ အလုပ္အမ်ားဆုံးအလုပ္လုပ္ေနတဲ့ ဒူးဘိုင္းႏိုင္ငံ(Dubai)မွာ စတင္ျဖစ္လာႏိုင္ပါတယ္။အဲ့ဒီအတြက္ ေလယာဥ္ခရီးသြားမႈေတြကို တင္းက်ပ္ဖို႔ စတင္လုပ္ေဆာင္ရမွာျဖစ္ပါတယ္။ အေမရိကန္ႏိုင္ငံေလဆိပ္မွာ Nipah virus ကူးစက္ခံရသူတစ္ဦးေရာက္ရွိလာေၾကာင္း ေတြ႕ရွိရပါတယ္။

ေလထုကေနဆင့္ အာရွတခြင္လုံး ျပန႔္ႏွံ႔ႏိုင္တာေၾကာင့္ အဖ်ားေရာဂါမဝင္ေအာင္ အထူးတလည္ ဂ႐ုစိုက္သင့္ပါတယ္။ ေနာက္ထပ္ကူးစက္ႏိုင္တဲ့ အေျခအေနတစ္ခုအေနနဲ႔ လင္းႏို႔ေတြစားသုံးၿပီးအသီးအႏွံေတြကေနတဆင့္ လူေတြျပန္လည္စားသုံးမိပါက ကူးစက္ႏိုင္ေၾကာင္း သိရွိရတာေၾကာင့္ပိုးေပါက္ပါတဲ့ အသီးအ႐ြက္ေတြကို အထူးသတိထားသင့္ပါတယ္။

Nipah Virus ကူးစက္ခံရသူေတြရဲ႕ လကၡဏာေတြဟာ ဖ်ားနာျခင္း၊ ကိုယ္လက္ကိုက္ခဲျခင္း၊ ေအာ့အန္ျခင္းတို႔အျပင္ ေရာဂါခံစားေနရစဥ္အတြင္း ဦးေနာက္ေရာင္ရမ္းျခင္းကဲ့သို႔ေသာ ျပင္းထန္သည့္ ေဝဒနာကိုပါ ခံစားရတတ္ပါတယ္။

ေရာဂါ အေျခအေန အရမ္းဆိုးပါက အသက္ေတာင္ေသႏိုင္တာေၾကာင့္ ဒီေရာဂါကူးစက္ၿပီးအသက္ရွင္က်န္သူအေနနဲ႔လည္း Coma ဝင္ျခင္း , အတိတ္ေမ့ျခင္းကဲ့သို႔ေသာ အာ႐ုံေၾကာဆိုင္ရာ ေဘးထြက္ဆိုးက်ိဳးေျပာင္းလဲမႈေတြ ခံစားရႏိုင္ေၾကာင္း ေဖာ္ျပထားပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: NgaKwal
Entertainment.com

#Unicode Version#
Nipah Virus (NiV) ဟာ ဦးနောက်ရောင်ရမ်းခြင်း ရောဂါတမျိုးပါ။ 1998 ခုနှစ်ထဲက ပထမဆုံးအနေနဲ့ မလေးရှားနိုင်ငံမှာ စတင်ဖြစ်ပွားခဲ့ဖူး ပြီး လူပေါင်း (105) ယောက် သေဆုံးခဲ့ပါတယ်။

2018 ခုနှစ် ဒီ June လအတွင်းမှာဆိုရင်အိန္ဒိယနိုင်ငံ ကီယာလာ(The state of Kerala) ပြည်နယ် မှာ ယခုပထမဆုံး ပြန်လည်စတင်ပြန့်ပွားနေပါတယ်။ ရောဂါစတင် ပြန့်ပွားကူးစက်စဉ်မှာပဲ လူ အယောက် (17-18)ကြား သေဆုံးခဲ့ကြောင်း ဟု ကမ္ဘာကျန်းမာရေးအဖွဲ့ချုပ် WHO( World Health Organization)က ပြောကြားခဲ့ပါတယ်။

Nipah Virus (NiV) ဟာ အရှေ့တောင်အာရှ နဲ့ တောင်အာရှ တွေမှာ ရှိတဲ့ လင်းနို့တွေ စားသုံးပြီး အသီးတွေကနေတဆင့် တိရစ္ဆာန် ရဲ့ ခန္ဓာကိုယ်ငွေ့တို့ ထိတွေ့ပြီး လူတွေကို စတင်ကူးစက်တာဖြစ်ပါတယ်။ ။

ခုလက်ရှိ ဖြစ်ပွားနေတဲ့ Virus အတွက် ကုသဖို့ ဆေးလဲ မရှိသလို ကာကွယ်ဖို့ ဆေးလဲ မတွေ့သေးပါ။ လက်ရှိ မှာ WHO အနေနဲ့ ယခုအချိန်မှာ ပထမဦးစားပေး ရောဂါသစ်ရှာဖွေရေးသုတေသန အဖြစ် ဆောင်ရွက်နေပြီး ကုသရေးတွေကလည်း မလုံမလောက်ဖြစ်နေပါတယ်။

Dr.Steve Luby (Stanford University)က “ဒါဟာ ဆဲလ်တွေပျက်စီးစေတဲ့ ကင်ဆာတွေလို ကုသမှုတွေနဲ့ မတူပါဘူး။ဒီမှာ ကုသနိုင်တဲ့ ဆေးမရှိသေးသလို အရေးကြီးတဲ့ Customer အနေနဲ့ လဲ မရှိလို့ ဘာမက်လုံး မှလဲ မပေးနိုင်သေးပါဘူး ” လို့ ဖြေကြားခဲ့ပါတယ်။

ဒီဗိုင်းရပ်ရောဂါဟာ အိန္ဒိယနိုင်ငံ အပြင်ဘက်ကို စတင်ပြန့်ပွားလာမယ်ဆိုရင် အိန္ဒိယလူမျိုးတွေ အလုပ်အများဆုံးအလုပ်လုပ်နေတဲ့ ဒူးဘိုင်းနိုင်ငံ(Dubai)မှာ စတင်ဖြစ်လာနိုင်ပါတယ်။အဲ့ဒီအတွက် လေယာဉ်ခရီးသွားမှုတွေကို တင်းကျပ်ဖို့ စတင်လုပ်ဆောင်ရမှာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံလေဆိပ်မှာ Nipah virus ကူးစက်ခံရသူတစ်ဦးရောက်ရှိလာကြောင်း တွေ့ရှိရပါတယ်။

လေထုကနေဆင့် အာရှတခွင်လုံး ပြန့်နှံ့နိုင်တာကြောင့် အဖျားရောဂါမဝင်အောင် အထူးတလည် ဂရုစိုက်သင့်ပါတယ်။ နောက်ထပ်ကူးစက်နိုင်တဲ့ အခြေအနေတစ်ခုအနေနဲ့ လင်းနို့တွေစားသုံးပြီးအသီးအနှံတွေကနေတဆင့် လူတွေပြန်လည်စားသုံးမိပါက ကူးစက်နိုင်ကြောင်း သိရှိရတာကြောင့်ပိုးပေါက်ပါတဲ့ အသီးအရွက်တွေကို အထူးသတိထားသင့်ပါတယ်။

Nipah Virus ကူးစက်ခံရသူတွေရဲ့ လက္ခဏာတွေဟာ ဖျားနာခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ အော့အန်ခြင်းတို့အပြင် ရောဂါခံစားနေရစဉ်အတွင်း ဦးနောက်ရောင်ရမ်းခြင်းကဲ့သို့သော ပြင်းထန်သည့် ဝေဒနာကိုပါ ခံစားရတတ်ပါတယ်။

ရောဂါ အခြေအနေ အရမ်းဆိုးပါက အသက်တောင်သေနိုင်တာကြောင့် ဒီရောဂါကူးစက်ပြီးအသက်ရှင်ကျန်သူအနေနဲ့လည်း Coma ဝင်ခြင်း , အတိတ်မေ့ခြင်းကဲ့သို့သော အာရုံကြောဆိုင်ရာ ဘေးထွက်ဆိုးကျိုးပြောင်းလဲမှုတွေ ခံစားရနိုင်ကြောင်း ဖော်ပြထားပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: NgaKwal
Entertainment.com
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top