န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

ၿဗိတိန္ႏုိင္ငံရဲ႕ အႀကီးဆုံးမိသားစုက ေနာက္ထပ္တုိးပြားလာအုံးမယ့္ မိသားစုဝင္တစ္ေယာက္ကုိ ႀကဳိဆုိၾကရန္ ျပင္ဆင္ေနၿပီ ျဖစ္ပါတယ္။ ၿဗိတိန္ရဲ႕အႀကီးဆုံးမိသားစုအျဖစ္ စံခ်ိန္တင္ထားတဲ့ အဆုိပါမိသားစုမွ မိခင္ျဖစ္သူ ဆူရတ္ဖုိ႕ဒ္က သူမဟာ ၂၁ ဦးေျမာက္ ကေလးကုိ ကုိယ္ဝန္လြယ္ထားရၿပီလို႕ ေၾကညာခဲ့ပါတယ္။

ရတ္ဖုိ႕ဒ္က သူမတုိ႕မိသားစုႀကီးဟာ ေနာက္ထပ္ သမီးမိန္းကေလးတစ္ဦးကုိ ႀကဳိဆုိရေတာ့မယ္လုိ႕ YouTube မွာ ဗီဒီယုိလႊင့္တင္ၿပီး ေျပာခဲ့ပါတယ္။ အသက္ ၄၃ ႏွစ္အ႐ြယ္ ရတ္ဖုိ႕ဒ္က သူမရဲ႕ ေနာက္ဆုံးကေလးကုိ ယမန္ႏွစ္ စက္တင္ဘာလအတြင္း ေမြးဖြားခဲ့ၿပီး ေနာက္ထပ္ ကေလးမေမြးေတာ့ဘူးလို႕ ထုိစဥ္က ေျပာခဲ့ပါေသးတယ္။

သုိ႕ေသာ္ ယခုအခါ သူမ ကုိယ္ဝန္လြယ္ထားရၿပီလုိ႕ ေျပာၾကားၿပီး Instagram မွာလည္း အာထရာေဆာင္း (ultrasound) ႐ုိက္ထားတဲ့ ဓာတ္ပုံတစ္ပုံ လႊင္တင္ခဲ့ပါတယ္။ ရတ္ဖုိ႕ဒ္နဲ႕ အသက္ ၄၇ ႏွစ္အ႐ြယ္ ခင္ပြန္းျဖစ္သူတုိ႕ဟာ လင္ကက္စ္႐ႈိင္းယားေဒသ မုိးရ္ကမ္ဘီၿမဳိ႕ငယ္မွာ ေနထုိင္သူေတြျဖစ္ၿပီး ေနာက္ေမြးလာမယ့္ သမီးေလးကုိ ျမင္ေတြ႕ရဖုိ႕ မေစာင့္ႏုိင္ေအာင္ ျဖစ္ေနတယ္လုိ႕ ေျပာၾကပါတယ္။

ေဆး႐ုံကေန အိမ္ျပန္ေရာက္လာၿပီးေနာက္ ရတ္ဖုိ႕ဒ္မိသားစုက ၎တုိ႕ရဲ႕ ေနာက္ေမြးလာမယ့္ ကေလးအေၾကာင္းကုိ ထုတ္ေဖာ္ေျပာၾကားခဲ့ၾကပါတယ္။ ေနာက္ေမြးမယ့္ကေလးဟာ မိန္းကေလးျဖစ္ေၾကာင္း သိရၿပီးေနာက္မွာ ရတ္ဖုိ႕ဒ္ဇနီးေမာင္ႏွံကုိ သူတုိရဲ႕ကေလးေတြက ဝုိင္းရံထားၿပီး ေရာင္စုံစကၠဴစ႐ွဴးပန္းမ်ား ပစ္ေဖာက္ကာ ေပ်ာ္႐ႊင္ေအာင္ပြဲခံခဲ့ၾကပါတယ္။

ထုိ႕ေနာက္ ရတ္ဖို႕ဒ္က သူမရဲ ကုိယ္ဝန္ေဆာင္ဗိုက္ကုိ ကင္မရာေ႐ွ႕မွာျပသရင္း “အ႐ုိးသားဆုံး ေျပာရရင္ ကၽြန္မကုိ မယုံႏုိင္ေအာင္ ျဖစ္ရတယ္” လုိ႕ ေျပာခဲ့ပါတယ္။ “ပုံမွန္အားျဖင့္ ဒီ ကုိယ္ဝန္က ဘာေလးျဖစ္မယ္ဆုိတာ ကၽြန္မ ခံစားေနမိတာမ်ဳိး႐ွိတယ္၊ ကၽြန္မက ေယာက္်ာေလးျဖစ္မယ္လို႕ ထင္ခဲ့မိတယ္” လုိ႕လည္း ရတ္ဖုိ႕ဒ္ကဆုိပါတယ္။

ရတ္ဖုိ႕ဒ္ဟာ သူမရဲ႕ ၂၀ ဦးေျမာက္နဲ႕ ၁၁ ဦးေျမာက္ ေယာက္်ားေလးကုိ ယမန္ႏွစ္ စက္တင္ဘာလအတြင္း ေမြးဖြားခဲ့ၿပီးေနာက္ ကေလးအေရအတြက္ စုံဂဏန္းမွာပင္ ရပ္လိုက္ၿပီး ေနာက္ထပ္ ကေလးမေမြးေတာ့ဘူးလုိ႕ ေျပာထားခဲ့ပါတယ္။

ရတ္ဖုိ႕ဒ္တုိ႕စုံတြဲဟာ သူမရဲ႕အသက္ ခုနစ္ႏွစ္အ႐ြယ္ကတည္းပင္ စတင္ေတြ႕ဆုံခဲ့ၾကတာ ျဖစ္ပါတယ္။ ၎တုိ႕ႏွစ္ဦးရဲ႕ ပထဆုံးကေလး ခရစ္ကုိ လြန္ခဲ့တဲ့ ၂၈ ႏွစ္မွာ ေမြးဖြားခဲ့ၿပီး ထုိစဥ္က ရတ္ဖုိ႕ဒ္ဟာ အသက္ ၁၄ ႏွစ္မွ်သာ႐ွိပါေသးတယ္။

ရတ္ဖုိ႕ဒ္တုိ႕စုံတြဲက ပထမဆုံးကေလး ေမြးဖြားၿပီးေနာက္ ေမြးစားရန္ကမ္းလွမ္းမႈ႐ွိခဲ့ေပမဲ့ လက္မခံခဲ့ဘဲ ၎တုိ႕ကုိယ္တုိင္သာ ကေလးကုိ ေကၽြးေမြးျပဳစုပ်ဳိးေထာင္ရန္ ဆုံးျဖတ္ခဲ့ၾကပါတယ္။ ပထမဆုံးကေလး ေမြးၿပီးေနာက္မွာေတာ့ ရတ္ဖုိ႕ဒ္တုိ႕စုံတြဲက ၎တို႕ႏွစ္ဦးရဲ႕ ပထမဆုံးေနအိမ္ကုိ ေ႐ႊ႕ေျပာင္းခဲ့ကာ လက္ထပ္ခဲ့ၾကပါတယ္။

အိမ္ေျပာင္းၿပီး မၾကာမီမွာပင္ ရတ္ဖုိ႕ဒ္ဇနီးေမာင္ႏွံအတြက္ ဒုတိယေျမာက္ကေလး ဆုိဖီကုိ ေမြးဖြားခဲ့ပါတယ္။ ထုိစဥ္က ရတ္ဖုိ႕ဒ္ရဲ႕အသက္ဟာ ၁၇ ႏွစ္ ျဖစ္ပါတယ္။ ကေလးေတြ အမ်ားႀကီးေမြးခဲ့တဲ့ ရတ္ဖုိ႕ဒ္ဟာ ၂၀၁၄ ခုႏွစ္မွာ သားေယာက္်ားေလးတစ္ေယာက္ကုိ ဆုံး႐ႈံးခဲ့ရဖူးပါတယ္။

အယ္လ္ဖီလုိ႕ ရတ္ဖုိ႕ဒ္ဇနီးေမာင္ႏွံက အမည္ေပးခဲ့ၾကတဲ့ အဆုိပါ ေယာက္်ားေလးကုိ အေသေမြးခဲ့တာလည္း ျဖစ္ပါတယ္။ သုိ႕ေသာ္ အယ္လ္ဖီေလးကုိ ရတ္ဖုိ႕ဒ္မိသားစုက ယေန႕ထက္တုိင္ သတိတရ႐ွိေနၾကဆဲ ျဖစ္ပါတယ္။ ၂၀၁၆ ခုႏွစ္ ဇူလုိင္လမွာ ရတ္ဖုိ႕ဒ္က ၁၉ ဦးေယာက္ ကေလးကုိ ေမြးဖြားခဲ့ၿပီး ဖုိဘီလုိ႕ အမည္ေပးခဲ့ပါတယ္။

ရတ္ဖို႕ဒ္ဇနီးေမာင္ႏွံရဲ႕ သားသမီးေတြကုိ ခရစ္၊ ဆုိဖီ၊ ကလုိဝီ၊ ဂ်က္၊ ဒန္နီရယ္၊ လူကီ၊ မီလီ၊ ေကတီ၊ ဂ်ိမ္းစ္၊ အယ္လီ၊ အမ္မီ၊ ဂ်ဳိ႕႐ွ္၊ မက္စ္၊ တီလ္လီ၊ ေအာ္စကာ၊ ကက္စပါ၊ ဟဲလ္လီ၊ ဖုိဘီနဲ႕ အာခ်ီလို႕ အမည္မ်ားေပးထားပါတယ္။

ရတ္ဖုိ႕ဒ္စုံတြဲဟာ သမီးႀကီးျဖစ္သူ ဆုိဖီက အိမ္ေထာင္က်ၿပီး ကေလးရလာတဲ့ေနာက္ အဘိုးအဘြားေတြလည္း ျဖစ္လာၾကပါတယ္။ ၎တုိ႕စုံတြဲရဲ႕ သမီးႀကီးဆုိဖီက တတိယေျမာက္ကေလး ရ႐ွိမယ္လုိ႕ဆုိပါတယ္။

လက္႐ွိမွာ ရတ္ဖုိ႕ဒ္မိသားစုႀကီးက ေပါင္စတာလင္ ၂၄၀,၀၀၀ တန္ ႀကီးမားတဲ့ ေနအိမ္တစ္လုံးမွာ ေနထုိင္လ်က္႐ွိပါတယ္။ အဆုိပါေနအိမ္ဟာ ယခင္က ျပဳစုေစာင့္ေ႐ွာက္ေရးေဂဟာတစ္ခုျဖစ္ၿပီး လြန္ခဲ့တဲ့ ၁၁ ႏွစ္မွာ ရတ္ဖုိ႕ဒ္မိသားစုက ဝယ္ယူခဲ့တာျဖစ္ပါတယ္။

ရတ္ဖုိ႕ဒ္မိသားစုက မိသားစုဝင္ေတြမ်ားျပားၿပီး ကုန္က်စရိတ္ေတြ႐ွိေပမဲ့လည္း အေၾကြးဝယ္ကတ္နဲ႕ ေငြေခ်းယူရမႈ မ႐ွိခဲ့ေၾကာင္းျဖင့္ ဂုဏ္ယူေလ့႐ွိၾကပါတယ္။ ၎တုိ႕မိသားစုႀကီးဟာ ႏွစ္စဥ္ မိသားစုဝင္ေတြ စုံညီပါဝင္တဲ့ အားလပ္ရက္ခရီးထြက္ေလ့႐ွိတယ္လို႕လည္း ဆုိပါတယ္။

ရတ္ဖုိ႕ဒ္စုံတြဲရဲ႕ ၂၀ ဦးေျမာက္ ကေလး အာခ်ီ

ရတ္ဖို႕ဒ္မိသားစုက တစ္ပတ္လွ်င္ အစားအေသာက္ ေပါင္စတာလင္ ၃၀၀ ဖုိး ဝယ္ယူရေလ့႐ွိပါတယ္။ ႏြားႏုိ႕တစ္လီတာပါ ၈ ပုလင္းခြဲ၊ သစ္သီးေဖ်ာ္ တစ္လီတာပုလင္း သုံးပုလင္းနဲ႕ cereal ဘူး သုံးဘူး ေန႕စဥ္စားေသာက္ၾကတယ္လုိ႕ ဆုိပါတယ္။

ကေလးေတြရဲ႕ ေမြးေန႕ပြဲက်င္းပရာမွာ ေမြးေန႕လက္ေဆာင္ေတြအတြက္ ေပါင္စတာလင္ ၁၀၀ ဖုိး သုံးစြဲေလ့႐ွိပါတယ္။ ခရစၥမတ္ကာလမွာ လက္ေဆာင္အျဖစ္ ေပါင္စတာလင္ ၁၀၀ မွ ၂၅၀ ၾကား အကုန္အက်ခံၾကတယ္လို႕ ဆုိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
# Unicode Version ျဖင့္ ဖတ္ပါ #
ဗြိတိန်နိုင်ငံရဲ့ အကြီးဆုံးမိသားစုက နောက်ထပ်တိုးပွားလာအုံးမယ့် မိသားစုဝင်တစ်ယောက်ကို ကြိုဆိုကြရန် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ဗြိတိန်ရဲ့အကြီးဆုံးမိသားစုအဖြစ် စံချိန်တင်ထားတဲ့ အဆိုပါမိသားစုမှ မိခင်ဖြစ်သူ ဆူရတ်ဖို့ဒ်က သူမဟာ ၂၁ ဦးမြောက် ကလေးကို ကိုယ်ဝန်လွယ်ထားရပြီလို့ ကြေညာခဲ့ပါတယ်။

ရတ်ဖို့ဒ်က သူမတို့မိသားစုကြီးဟာ နောက်ထပ် သမီးမိန်းကလေးတစ်ဦးကို ကြိုဆိုရတော့မယ်လို့ YouTube မှာ ဗီဒီယိုလွှင့်တင်ပြီး ပြောခဲ့ပါတယ်။ အသက် ၄၃ နှစ်အရွယ် ရတ်ဖို့ဒ်က သူမရဲ့ နောက်ဆုံးကလေးကို ယမန်နှစ် စက်တင်ဘာလအတွင်း မွေးဖွားခဲ့ပြီး နောက်ထပ် ကလေးမမွေးတော့ဘူးလို့ ထိုစဉ်က ပြောခဲ့ပါသေးတယ်။

သို့သော် ယခုအခါ သူမ ကိုယ်ဝန်လွယ်ထားရပြီလို့ ပြောကြားပြီး Instagram မှာလည်း အာထရာဆောင်း (ultrasound) ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံ လွှင်တင်ခဲ့ပါတယ်။ ရတ်ဖို့ဒ်နဲ့ အသက် ၄၇ နှစ်အရွယ် ခင်ပွန်းဖြစ်သူတို့ဟာ လင်ကက်စ်ရှိုင်းယားဒေသ မိုးရ်ကမ်ဘီမြို့ငယ်မှာ နေထိုင်သူတွေဖြစ်ပြီး နောက်မွေးလာမယ့် သမီးလေးကို မြင်တွေ့ရဖို့ မစောင့်နိုင်အောင် ဖြစ်နေတယ်လို့ ပြောကြပါတယ်။

ဆေးရုံကနေ အိမ်ပြန်ရောက်လာပြီးနောက် ရတ်ဖို့ဒ်မိသားစုက ၎င်းတို့ရဲ့ နောက်မွေးလာမယ့် ကလေးအကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ကြပါတယ်။ နောက်မွေးမယ့်ကလေးဟာ မိန်းကလေးဖြစ်ကြောင်း သိရပြီးနောက်မှာ ရတ်ဖို့ဒ်ဇနီးမောင်နှံကို သူတိုရဲ့ကလေးတွေက ဝိုင်းရံထားပြီး ရောင်စုံစက္ကူစရှူးပန်းများ ပစ်ဖောက်ကာ ပျော်ရွှင်အောင်ပွဲခံခဲ့ကြပါတယ်။

ထို့နောက် ရတ်ဖို့ဒ်က သူမရဲ ကိုယ်ဝန်ဆောင်ဗိုက်ကို ကင်မရာရှေ့မှာပြသရင်း “အရိုးသားဆုံး ပြောရရင် ကျွန်မကို မယုံနိုင်အောင် ဖြစ်ရတယ်” လို့ ပြောခဲ့ပါတယ်။ “ပုံမှန်အားဖြင့် ဒီ ကိုယ်ဝန်က ဘာလေးဖြစ်မယ်ဆိုတာ ကျွန်မ ခံစားနေမိတာမျိုးရှိတယ်၊ ကျွန်မက ယောက်ျာလေးဖြစ်မယ်လို့ ထင်ခဲ့မိတယ်” လို့လည်း ရတ်ဖို့ဒ်ကဆိုပါတယ်။

ရတ်ဖို့ဒ်ဟာ သူမရဲ့ ၂၀ ဦးမြောက်နဲ့ ၁၁ ဦးမြောက် ယောက်ျားလေးကို ယမန်နှစ် စက်တင်ဘာလအတွင်း မွေးဖွားခဲ့ပြီးနောက် ကလေးအရေအတွက် စုံဂဏန်းမှာပင် ရပ်လိုက်ပြီး နောက်ထပ် ကလေးမမွေးတော့ဘူးလို့ ပြောထားခဲ့ပါတယ်။

ရတ်ဖို့ဒ်တို့စုံတွဲဟာ သူမရဲ့အသက် ခုနစ်နှစ်အရွယ်ကတည်းပင် စတင်တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ ၎င်းတို့နှစ်ဦးရဲ့ ပထဆုံးကလေး ခရစ်ကို လွန်ခဲ့တဲ့ ၂၈ နှစ်မှာ မွေးဖွားခဲ့ပြီး ထိုစဉ်က ရတ်ဖို့ဒ်ဟာ အသက် ၁၄ နှစ်မျှသာရှိပါသေးတယ်။

ရတ်ဖို့ဒ်တို့စုံတွဲက ပထမဆုံးကလေး မွေးဖွားပြီးနောက် မွေးစားရန်ကမ်းလှမ်းမှုရှိခဲ့ပေမဲ့ လက်မခံခဲ့ဘဲ ၎င်းတို့ကိုယ်တိုင်သာ ကလေးကို ကျွေးမွေးပြုစုပျိုးထောင်ရန် ဆုံးဖြတ်ခဲ့ကြပါတယ်။ ပထမဆုံးကလေး မွေးပြီးနောက်မှာတော့ ရတ်ဖို့ဒ်တို့စုံတွဲက ၎င်းတို့နှစ်ဦးရဲ့ ပထမဆုံးနေအိမ်ကို ရွှေ့ပြောင်းခဲ့ကာ လက်ထပ်ခဲ့ကြပါတယ်။

အိမ်ပြောင်းပြီး မကြာမီမှာပင် ရတ်ဖို့ဒ်ဇနီးမောင်နှံအတွက် ဒုတိယမြောက်ကလေး ဆိုဖီကို မွေးဖွားခဲ့ပါတယ်။ ထိုစဉ်က ရတ်ဖို့ဒ်ရဲ့အသက်ဟာ ၁၇ နှစ် ဖြစ်ပါတယ်။ ကလေးတွေ အများကြီးမွေးခဲ့တဲ့ ရတ်ဖို့ဒ်ဟာ ၂၀၁၄ ခုနှစ်မှာ သားယောက်ျားလေးတစ်ယောက်ကို ဆုံးရှုံးခဲ့ရဖူးပါတယ်။

အယ်လ်ဖီလို့ ရတ်ဖို့ဒ်ဇနီးမောင်နှံက အမည်ပေးခဲ့ကြတဲ့ အဆိုပါ ယောက်ျားလေးကို အသေမွေးခဲ့တာလည်း ဖြစ်ပါတယ်။ သို့သော် အယ်လ်ဖီလေးကို ရတ်ဖို့ဒ်မိသားစုက ယနေ့ထက်တိုင် သတိတရရှိနေကြဆဲ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် ဇူလိုင်လမှာ ရတ်ဖို့ဒ်က ၁၉ ဦးယောက် ကလေးကို မွေးဖွားခဲ့ပြီး ဖိုဘီလို့ အမည်ပေးခဲ့ပါတယ်။

ရတ်ဖို့ဒ်ဇနီးမောင်နှံရဲ့ သားသမီးတွေကို ခရစ်၊ ဆိုဖီ၊ ကလိုဝီ၊ ဂျက်၊ ဒန်နီရယ်၊ လူကီ၊ မီလီ၊ ကေတီ၊ ဂျိမ်းစ်၊ အယ်လီ၊ အမ်မီ၊ ဂျို့ရှ်၊ မက်စ်၊ တီလ်လီ၊ အော်စကာ၊ ကက်စပါ၊ ဟဲလ်လီ၊ ဖိုဘီနဲ့ အာချီလို့ အမည်များပေးထားပါတယ်။

ရတ်ဖို့ဒ်စုံတွဲဟာ သမီးကြီးဖြစ်သူ ဆိုဖီက အိမ်ထောင်ကျပြီး ကလေးရလာတဲ့နောက် အဘိုးအဘွားတွေလည်း ဖြစ်လာကြပါတယ်။ ၎င်းတို့စုံတွဲရဲ့ သမီးကြီးဆိုဖီက တတိယမြောက်ကလေး ရရှိမယ်လို့ဆိုပါတယ်။

လက်ရှိမှာ ရတ်ဖို့ဒ်မိသားစုကြီးက ပေါင်စတာလင် ၂၄၀,၀၀၀ တန် ကြီးမားတဲ့ နေအိမ်တစ်လုံးမှာ နေထိုင်လျက်ရှိပါတယ်။ အဆိုပါနေအိမ်ဟာ ယခင်က ပြုစုစောင့်ရှောက်ရေးဂေဟာတစ်ခုဖြစ်ပြီး လွန်ခဲ့တဲ့ ၁၁ နှစ်မှာ ရတ်ဖို့ဒ်မိသားစုက ဝယ်ယူခဲ့တာဖြစ်ပါတယ်။

ရတ်ဖို့ဒ်မိသားစုက မိသားစုဝင်တွေများပြားပြီး ကုန်ကျစရိတ်တွေရှိပေမဲ့လည်း အကြွေးဝယ်ကတ်နဲ့ ငွေချေးယူရမှု မရှိခဲ့ကြောင်းဖြင့် ဂုဏ်ယူလေ့ရှိကြပါတယ်။ ၎င်းတို့မိသားစုကြီးဟာ နှစ်စဉ် မိသားစုဝင်တွေ စုံညီပါဝင်တဲ့ အားလပ်ရက်ခရီးထွက်လေ့ရှိတယ်လို့လည်း ဆိုပါတယ်။

ရတ်ဖို့ဒ်စုံတွဲရဲ့ ၂၀ ဦးမြောက် ကလေး အာချီ

ရတ်ဖို့ဒ်မိသားစုက တစ်ပတ်လျှင် အစားအသောက် ပေါင်စတာလင် ၃၀၀ ဖိုး ဝယ်ယူရလေ့ရှိပါတယ်။ နွားနို့တစ်လီတာပါ ၈ ပုလင်းခွဲ၊ သစ်သီးဖျော် တစ်လီတာပုလင်း သုံးပုလင်းနဲ့ cereal ဘူး သုံးဘူး နေ့စဉ်စားသောက်ကြတယ်လို့ ဆိုပါတယ်။

ကလေးတွေရဲ့ မွေးနေ့ပွဲကျင်းပရာမှာ မွေးနေ့လက်ဆောင်တွေအတွက် ပေါင်စတာလင် ၁၀၀ ဖိုး သုံးစွဲလေ့ရှိပါတယ်။ ခရစ္စမတ်ကာလမှာ လက်ဆောင်အဖြစ် ပေါင်စတာလင် ၁၀၀ မှ ၂၅၀ ကြား အကုန်အကျခံကြတယ်လို့ ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top