ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

သံေယာဇဥ္ႀကီးတဲ့သူ

သံေယာဇဥ္ႀကီးတဲ့ သူေတြဟာ လူတေယာက္အေပၚ ေတာ္တန္ ရံု အျပစ္ မေျပာနဲ႔ အဆိုးဆံုးေတြ ခံစားေနရတာေတာင္ ခံနိုင္ရည္ အတိုင္းအတာ မေက်ာ္လြန္သေရြ႕ သည္းခံ တြယ္ကပ္ေနတတ္ ၾကပါတယ္ ။ သူတို႔ရဲ့ သည္းခံမႈ တရား ေက်ာ္လြန္သြားရင္ ေသေတာင္လွည့္ ၾကည့္လိမ့္မယ္ မထင္နဲ႔ ။ ရင္ထဲကပဲ က်ိတ္ခံစားေန တတ္တယ္ ။

သစၥာရွိတဲ့သူ

သစၥာရွိတဲ့ သူေတြဟာ လူတေယာက္အေပၚ အျပစ္ မရွိပဲ စြန္႔ခြာသြားေလ့ မရွိပါဘူး ။ အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ စြန္႔လႊတ္ခဲ့ရ ရင္ေတာင္ အခ်ိန္ၾကာသည္ အထိ ရင္ထဲမွာေတာ့ မစြန္႔လႊတ္တတ္ ၾကပါဘူး ။ သစၥာေဖာက္ျခင္း ခံလိုက္ရ ရင္လည္း ရရွိလိုက္တဲ့ ရင္ထဲက ဒဏ္ရာေၾကာင့္ အခ်ိန္ၾကာသည့္တိုင္ ေဝဒနာေတြရဲ့ နွိပ္စက္တဲ့ ဒဏ္ကို ခံေနၾက ရရွာပါတယ္ ။

ဂတိတည္တဲ့သူ

ဂတိတည္တဲ့ သူေတြဟာ လူတေယာက္ အေပၚ လြယ္လြယ္နဲ႔ ဂတိပ်က္ေလ့ မရွိၾကပါဘူး ။ အေၾကာင္း တခုခု ေၾကာင့္ ဂတိပ်က္သြား ခဲ့ရင္လည္း စိတ္ထဲမွာ တနွံ႔ႏွ႔ံနဲ႔ ေခါင္းထဲက ထုတ္မရၾကေတာ့ သလို အျပစ္တခု အေနနဲ႔ ေနာင္တေတြ ရေနတတ္ ပါတယ္ ။ ဂတိ ပ်က္ျခင္း ခံလိုက္ရရင္လည္း သူတို႔ အတြက္ ေသရာပါ မွတ္ထားတတ္တဲ့ အေၾကာင္းအရာေတြပါ ။

အဲ့ဒီလိုလူ သံုးမ်ိဳးအေပၚ လွည့္စားဖို႔ မႀကိဳးစားပါနဲ႔ ။ ကိုယ္ခ်င္းစာစိတ္ ရွိေပးၾကပါ ။ အဲ့ဒီလို လူေတြဟာ လိုအပ္ရင္ သူတို႔ အသက္ပါ ေပးႏိုင္တဲ့ လူအမ်ိဳးအစားေတြ ။

သနားဖို ့ေကာင္းသလို ေၾကာက္ဖို႔လည္း အလြန္ေကာင္းပါတယ္။ ကိုယ့္အနားမွာ ဒီလိုလူမ်ိဳးေတြ ရွိေနရင္ လက္မလႊတ္ ေစပါနဲ ့ဖမ္းဆြဲထားပါ ။ ကိုယ့္ဘဝမွာ အနစ္နာခံ ေပးဆပ္လိုသူေတြ ရွားပါတယ္ ။ အႏိုင္လိုသူေတြက် ေပါမ်ားတယ္ ။ ခ်နင္းလိုသူေတြက အမ်ားၾကီးပါ ။

ဒါေၾကာင့္ ကိုယ့္အေပၚ သစၥာရွိတဲ့သူ ၊ သေယာဇဥ္ႀကီးတဲ့သူ ၊ ဂတိတည္တဲ့ သူေတြရဲ့ အျပစ္ နည္းနည္း ရွိလာရင္ေတာင္ နားလည္မႈ ေပးၿပီး ဘဝခရိီးကို အတူေလွ်ာက္ၾကပါ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MayNoe
# Unicode Version ျဖင့္ ဖတ္ပါ #
သံယောဇဉ်ကြီးတဲ့သူ

သံယောဇဉ်ကြီးတဲ့ သူတွေဟာ လူတယောက်အပေါ် တော်တန် ရုံ အပြစ် မပြောနဲ့ အဆိုးဆုံးတွေ ခံစားနေရတာတောင် ခံနိုင်ရည် အတိုင်းအတာ မကျော်လွန်သရွေ့ သည်းခံ တွယ်ကပ်နေတတ် ကြပါတယ် ။ သူတို့ရဲ့ သည်းခံမှု တရား ကျော်လွန်သွားရင် သေတောင်လှည့် ကြည့်လိမ့်မယ် မထင်နဲ့ ။ ရင်ထဲကပဲ ကျိတ်ခံစားနေ တတ်တယ် ။

သစ္စာရှိတဲ့သူ

သစ္စာရှိတဲ့ သူတွေဟာ လူတယောက်အပေါ် အပြစ် မရှိပဲ စွန့်ခွာသွားလေ့ မရှိပါဘူး ။ အကြောင်း အမျိုးမျိုးကြောင့် စွန့်လွှတ်ခဲ့ရ ရင်တောင် အချိန်ကြာသည် အထိ ရင်ထဲမှာတော့ မစွန့်လွှတ်တတ် ကြပါဘူး ။ သစ္စာဖောက်ခြင်း ခံလိုက်ရ ရင်လည်း ရရှိလိုက်တဲ့ ရင်ထဲက ဒဏ်ရာကြောင့် အချိန်ကြာသည့်တိုင် ဝေဒနာတွေရဲ့ နှိပ်စက်တဲ့ ဒဏ်ကို ခံနေကြ ရရှာပါတယ် ။

ဂတိတည်တဲ့သူ

ဂတိတည်တဲ့ သူတွေဟာ လူတယောက် အပေါ် လွယ်လွယ်နဲ့ ဂတိပျက်လေ့ မရှိကြပါဘူး ။ အကြောင်း တခုခု ကြောင့် ဂတိပျက်သွား ခဲ့ရင်လည်း စိတ်ထဲမှာ တနှံ့နှံ့နဲ့ ခေါင်းထဲက ထုတ်မရကြတော့ သလို အပြစ်တခု အနေနဲ့ နောင်တတွေ ရနေတတ် ပါတယ် ။ ဂတိ ပျက်ခြင်း ခံလိုက်ရရင်လည်း သူတို့ အတွက် သေရာပါ မှတ်ထားတတ်တဲ့ အကြောင်းအရာတွေပါ ။

အဲ့ဒီလိုလူ သုံးမျိုးအပေါ် လှည့်စားဖို့ မကြိုးစားပါနဲ့ ။ ကိုယ်ချင်းစာစိတ် ရှိပေးကြပါ ။ အဲ့ဒီလို လူတွေဟာ လိုအပ်ရင် သူတို့ အသက်ပါ ပေးနိုင်တဲ့ လူအမျိုးအစားတွေ ။

သနားဖို့ကောင်းသလို ကြောက်ဖို့လည်း အလွန်ကောင်းပါတယ်။ ကိုယ့်အနားမှာ ဒီလိုလူမျိုးတွေ ရှိနေရင် လက်မလွှတ် စေပါနဲ့ဖမ်းဆွဲထားပါ ။ ကိုယ့်ဘဝမှာ အနစ်နာခံ ပေးဆပ်လိုသူတွေ ရှားပါတယ် ။ အနိုင်လိုသူတွေကျ ပေါများတယ် ။ ချနင်းလိုသူတွေက အများကြီးပါ ။

ဒါကြောင့် ကိုယ့်အပေါ် သစ္စာရှိတဲ့သူ ၊ သယောဇဉ်ကြီးတဲ့သူ ၊ ဂတိတည်တဲ့ သူတွေရဲ့ အပြစ် နည်းနည်း ရှိလာရင်တောင် နားလည်မှု ပေးပြီး ဘဝခရီးကို အတူလျှောက်ကြပါ ။

ဖိုးသူတော် (www.phothutaw.com)
Credit: MayNoe
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top