×
တနင်္ဂနွေ
အကျိုးပေးဂဏန်း 1/7/0
တနင်္လာ
အကျိုးပေးဂဏန်း 4/9/8
အထူးဟော ကံညံ့နေမည်။
အင်္ဂါ
အကျိုးပေးဂဏန်း 3/6/1
အထူးဟော ကံသင့်ပါတယ်။
ဗုဒ္ဓဟူး
အကျိုးပေးဂဏန်း 4/8/2
ကြာသပတေး
အကျိုးပေးဂဏန်း 5/3/7
သောကြာ
အကျိုးပေးဂဏန်း 1/4/7
စနေ
အကျိုးပေးဂဏန်း 7/0/8
၇ရက်သားသမီးအပေါင်း
# Unicode Version ဖြင့် ဖတ်ပါ #
တနင်္ဂနွေ
ကံကြမ္မာမိမိဘက်မှာရှိနေပါပြီ၊ အလုပ်နဲ့ပက်သက်သောကိစ္စ ၊ရာထူးနဲ့ပက်သက်သောကိစ္စများနှင့် အိုးအိမ် နဲ့ပက်သက်သောကိစ္စများအထူးပဲကောင်းနေမည်။ ဖခင်ရဲ့ကူညီထောက်ပံ့ခြင်းမျိုးလဲ ကြုံရတတ်ပါတယ်။ ကျန်းမာ ရေးလဲ ဒီကာလအတွင်းအထူးပဲကောင်းနေပါလိမ့်မယ်။မိမိထံအလုပ်အပ်နှံတာမျိုး အများအပြားကြုံရမည်။ ကိုယ် ပိုင်လုပ်ငန်းရော၊ဝန်ထမ်းလုပ်ငန်းရော အဆင်ပြေချောမွေ့မဲ့အချိန်ပါပဲ။ အိမ်ထောင်ရေးကတော့ စီးပွားရေးလုပ်ငန်း ဆောင်တာတွေများနေတာကြောင့် သိပ်ပြီးအစေးမကပ်သလိုဖြစ်နေပါလိမ့်မယ်။ အချစ်ရေးကံကတော့အလွန်ပဲ ကောင်းနေပါတယ်။ ချစ်သူဟောင်းရည်းစားဟောင်းနဲ့ တဖန်ပြန်လည်ဆုံဆည်းခွင့်ရတတ်ပါတယ်။ ပညာရေးကံ ကောင်းပေမဲ့ မိမိကအပျော်အပါးမက်နေပါလိမ့်မယ်။ စာထဲစိတ်နှစ်မရဖြစ်တတ်ပါတယ်။
အကျိုးပေးဂဏန်း 1/7/0
အထူးဟော စန်းပွင့်နေမည်။
ယတြာ မွေးနံထောင့်တွင် ဆီမီးကိုးတိုင်ထွန်းညှိပူဇော်ပါ။
တနင်္လာ
အဓိက ပြဿ နာကတော့ ငွေကြေးအကြပ်အတည်းပါပဲ။ ငွေကုန်ကြေးကျများနိုင်သလို ငွေရှာရလဲခက်ခဲ နေတတ်ပါတယ်။ငွေကြေးနဲ့ပက်သက်ပြီး စိတ်ညစ်စိတ်ရှုပ်ရမဲ့ကာလပါပဲ။ အာမခံပေးတာမျိုးနဲ့ သက်သေအဖြစ် လက်မှတ်ထိုးပေးတာမျိုး ဒီကာလမှာအထူးပဲရှောင်သင့်ပါတယ်။ စုမဲစုထားသူများအလိမ်ခံရတာမျိုးလဲ ကြုံရတတ် ပါတယ်။ ဆိုးဆိုးဝါးဝါးမဟုတ်ပေမဲ့ ကျန်းမာရေးကို အရင်ကထက် ပိုမိုဂရုစိုက်စေချင်ပါတယ်။ တုပ်ကွေးဆိုတာမျိုး လဲမိမိဆီအလည်လာတတ်ပါတယ်။ လောဘတကြီးငွေရှာခြင်းထက် လူမှုရေးကိစ္စများ ပရဟိတကိစ္စများကိုပိုမို အားပြုပြီး လုပ်ဆောင်သင့်ပါတယ်။ အိမ်ထောင်ရေးသာယာဖို့ ခဲယဉ်းနေသေးတဲ့ကာလပါပဲ။ အချစ်ရေးကတော့ လက်ရှိချစ်သူနဲ့အဆင်မပြေပေမဲ့ချစ်သူသစ် ရည်းစာသစ်ရလွယ်တဲ့ကာလပါပဲ။ ပညာရေးကတော့ အထူးကြိုးစား နိုင်မှအဆင်ပြေပါလိမ့်မယ်။ အပေါင်းအသင်းမက်နေတာမျိုးရှိရင်လျော့ပါ။
အကျိုးပေးဂဏန်း 4/9/8
အထူးဟော ကံညံ့နေမည်။
ယတြာ ကိတ်မုန့်လေးတွေဝယ်ပြီး လမ်းဘေးခွေးတွေကိုချကျွေးပါ။
အင်္ဂါ
မိခင်ရဲ့ကျန်းမာရေးကြောင့် စိတ်သောကရောက်ရတတ်ပါတယ်။ ကျန်းမာရေးအားနည်းနေတဲ့မိဘတွေရှိရင် ဂရုစိုက်ပါ။ စီးပွားရေးလုပ်ငန်းများ ပုံမှန်တိုးတတ်နေပါလိမ့်မည်။ အလုပ်သစ် စီးပွားသစ်များ ချဲ့ထွင်နိုင်မဲ့ကာလ ထဲရောက်နေတတ်ပါတယ်။ ခရီးတိုလေးတွေလဲသွားရဖို့ အကြောင်းဖန်လာတတ်ပါတယ်။ စက်ပစ္စည်းနဲ့ပက်သက် ပြီးစိတ်ညစ်စိတ်ရှုပ်နေတတ်ပါတယ်။ လက်ဝယ်ရှိသော စက်ပစ္စည်းများခဏခဏ ပျက်နေတတ်ပါတယ်။ မိမိရဲ့ကျန်း မာရေးကတော့ အနည်းငယ်ဂရုစိုက်ရပါလိမ့်မယ်။ ဝမ်းပျက်စာတွေစားမိပြီး ဝမ်းပျက်ဝမ်းလျှောဖြစ်ရတတ်လို့ပါ။ အိမ်ထောင်ရေးကံ သာယာမဲ့ကာလပါပဲ။ အချစ်ရေးကတော့ ကံကောင်းလိုက် ကံဆိုးလိုက်နဲ့တစ်လှည့်စီ ကြုံတွေ့ နေရတတ်ပါတယ်။ ပညာရေးကံအကောင်းဆုံးပါ။ မိမိလဲ ကြိုးစားလိုက်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပါပဲ။
အကျိုးပေးဂဏန်း 3/6/1
အထူးဟော ကံသင့်ပါတယ်။
ယတြာ အုန်း ၆ ညွှန့် ဘုရားကပ်လှူပါ။
ဗုဒ္ဓဟူး
လုပ်သမျှကိုင်သမျှ ကံကြမ္မာရဲ့တွန်းအားကြောင့် အဆင်ပြေချောမွေ့ပါလိမ့်မယ်။ စီးပွားရေးကောင်းနေချိန် အားစိုက်ပြီး ကြိုးစားလိုက်ပါ။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ရောင်းပန်းဝယ်ပန်းတွေ ပွင့်နေပါလိမ့်မယ်။ မိတ်သစ် ဆွေသစ်တွေတိုးပွားနိုင်သလို သူငယ်ချင်းတွေရဲ့ လက်၏ဆောင်မခြင်း နှုတ်၏ဆောင်မခြင်းမျိုးတွေကိုလဲကြုံရ တတ်ပါတယ်။ ပွဲစားများနှင့် ပါးစပ်နဲ့ရင်းနှီးလုပ်ကိုင်ရသောအလုပ်များ အထူးပဲ စီးပွားဖြစ်နေတတ်ပါတယ်။ ကျန်း မာရေးကတော့ အနည်းငယ်ညံ့နေတတ်ပါတယ်။ ပုံမှန်သောက်နေကျဆေးလေးတွေတော့ဆောင်ထားစေချင်ပါ တယ်။ အိမ်ထောင်ရေးကတော့ သာယာချမ်းမြေ့မဲ့ကာလပါပဲ။ အချစ်ရေးအတွက်သောကဗျာပါဒတွေများနေရ တတ်ပါတယ်။ ချစ်သူနဲ့ ညှိနှိုင်းရခက်ခဲနေတတ်ပါတယ်။ ပညာရေးကံသင့်ပါတယ်။ အနည်းငယ်ဝီရိယထားကြိုးစား လိုက်ပါ။
အကျိုးပေးဂဏန်း 4/8/2
အထူးဟော စီးပွားရေးကောင်းနေမည်။
ယတြာ မုန့်ဟင်းခါးတစ်ပွဲ ဘုရားကပ်လှူပါ။
ကြာသပတေး
ငွေကုန်ကြေးကျများနေတတ်ပါတယ်။ ငွေကုန်တာ ကိစ္စမရှိပေမဲ့ ငွေမဝင်တာကတော့ အခက်အခဲတစ်ခု ဖြစ်နေမှာပါ။ ပိုက်ဆံလာချေးသူတွေရှိပါလိမ့်မယ်။ ချင့်ချိန်ပြီးမှ ချေးငှားပါ။ ဒီကာလအတွင်း အမွေမှု ငွေမှုတွေလဲ ဖြစ်ရတတ်ပါတယ်။ ကျန်းမာရေးကတော့ကောင်းလိုက်ဆိုးလိုက်ပါပဲ။ နေထိုင်မကောင်းသလိုခံစားရပါက ဆေးကြို သောက်ပေးပါ။ ကြိုတင်ကာကွယ်ခြင်းဖြင့် ကျန်းမာရေးကိုဂရုစိုက်ပါ။ အလုပ်နဲ့ပက်သက်သောအပြောင်းအရွှေ့ဆို တာမျိုးလဲကြုံရတတ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့လဲအပေးအယူမမျှတာမျိုးကြုံရတတ်ပါတယ်။ အိမ်တွင်းရေး မိသားစုအရေးအပူတွေ့တတ်ပါတယ်။ အချစ်ရေးကတော့ ချစ်သူနဲ့ ဝေးကွာသွားနိုင်သည်ထိ ပြဿနာတတ်ရ ပါလိမ့်မယ်။ ပညာရေးမှာတော့ ရပ်ဝေးမှာသွားရောက်ပြီး ပညာဆည်းပူးရတာမျိုးလဲ ကြုံရတတ်ပါတယ်။
အကျိုးပေးဂဏန်း 5/3/7
အထူးဟော ငွေထွက်များနေမည်။
ယတြာ ပေါင်မုန့်ဝယ်ပြီး ငါးစာကျွေးပါ။
သောကြာ
ဒီကာလအတွင်း စိတ်ပန်းလူပန်းတော့ ဖြစ်ရတတ်ပါတယ်။ လုပ်ငန်းတာဝန်တွေများနေရတတ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အလုပ်တွေကို ဝိုင်းကူပြီးလုပ်ပေးရပါလိမ့်မယ်။ စီစဉ်ထားတဲ့ခရီးစဉ်တွေလဲ အကြောင်းအ မျိုးမျိုးကြောင့်ပျက်ပြယ်သွားရတတ်ပါတယ်။ အလုပ်စီးပွားကောင်းပေမဲ့ မနိုင်ဝန်ထမ်းသလိုမျိုးတော့ မဖြစ်စေချင် ပါဘူး။ မိတ်ဆွေတုတွေ၊ နောက်ကျောဓားနဲ့ထိုးမဲ့ သူငယ်ချင်းအတုအယောင်တွေအနားမှာရှိနေ တတ်ပါတယ်။ လုပ်ငန်းပြိုင်တွေရဲ့အနှောင့်အယှက်ပေးခြင်းမျိုးလဲ ခံရနိုင်ဖွယ်ရှိနေပါလိမ့်မယ်။ကျန်းမာရေးကိုတော့အရင်ကထက် ပိုမို ဂရုစိုက်စေချင်ပါတယ်။ အမျိုးသမီးရောဂါ နဲ့သွားကိုက်တဲ့ဝေဒနာမျိုးခံစားရတတ်ပါတယ်။ အိမ်ထောင်ရေးက တော့အဆင်ပြေ ချောမွေ့နေပါလိမ့်မယ်။ အချစ်ရေးမှာတော့ နားလည်မှုတွေနဲ့တည်ဆောက်နိုင်ပါလိမ့်မယ်။ ပညာရေးအားနည်းနေချိန်ပါ။ ဉာဏ်ဝီရိယကို ပိုမိုစိုက်ထုတ်သုံးပါ။
အကျိုးပေးဂဏန်း 1/4/7
အထူးဟော စိတ်ပင်ပန်းရမည်။
ယတြာ ငွေ ၂၀၀ ပံ့သကူပစ်ပါ။
စနေ
အတိတ်ကစေတနာကောင်းနဲ့ လုပ်ခဲ့တဲ့ အကျိုးဆက်တွေ ဒီကာလမှာ ပြန်ခံစားရတတ်ပါတယ်။ ကံကောင်း ခြင်းတွေ မိမိဆီအလည်လာတဲ့ကာလပါပဲ။ သားသမီးတွေရဲ့ကူညီထောက်ပံ့ခြင်းမျိုးလဲ ခံစားရပါလိမ့်မယ်။ ဆုံးမယ် လို့ထင်ထားတဲ့ငွေကြေးတွေ ပြန်လည်ရရှိတတ်ပါတယ်။ အလုပ်ရာထူးတိုးတာမျိုး နေရာကောင်းရတာမျိုးလဲ ကြုံ ရတတ်ပါတယ်။ အလုပ်သစ်စတင်ခြင်း ရည်ရွယ်ချက်တစ်ခုကို စတင်အကောင်အထည်ဖော်ခြင်း မျိုးအထူးကောင်း ပါတယ်။ နိုင်ငံခြားလူမျိုးခြားတွေရဲ့ အကူအညီတွေရလာတတ်ပါတယ်။ နိုင်ငံခြားသွားဖို့စီစဉ်ထားသူများ ဒီကာလ အတွင်းသတင်းကောင်းကြားရတတ်ပါတယ်။ ကျန်းမာရေးလဲဒေါင်ဒေါင်မြည်ကောင်းမွန်နေတတ်တဲ့ကာလပါပဲ။ အိမ်ထောင်ရေး အိမ်တွင်းရေးသာယာချမ်းမြေ့ပါလိမ့်မယ်။ အချစ်ရေးကံကတော့ ချစ်သူနဲ့ဝေးနေရတတ်ပါတယ်။ ပညာရေးမှာ မိမိကိုယ်တိုင်က စိတ်ကူးကောင်း အတွေးကောင်းနေပါလိမ့်မယ်။
အကျိုးပေးဂဏန်း 7/0/8
အထူးဟော ကံမြင့်မားနေတဲ့ကာလပါပဲ
ယတြာ အုန်းသီးနဲ့ ထန်းလျက်ခဲ ဘုရားကပ်လှူပေးပါ။
၇ရက်သားသမီးအပေါင်း
ကောင်းသောလိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ၊၊
ဖိုးသူတော် (www.phothutaw.com)
Credit: ငြိမ်းအေးလူ(ဗေဒင်သုတေသီ)
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top