(၉) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုး အိမ္ၿခံေျမအေရာင္းျပပဲြၾကီး
×

ေယာက္က်ား တစ္ေယာက္ အလုပ္အကိုင္ ေအာင္ျမင္ဖုိ႔ ဆိုတာ ငယ္ရြယ္စဥ္က သူတို႕ရဲ႕ မိခင္၊ ဖခင္ေတြက အဓိက ပ့ံပိုးမႈေတြ ေပးခဲ့ရတာပါ။

ဒါေပမဲ့ အိမ္ေထာင္ က်သြားတဲ့အခါ ကိုယ့္ရဲ႕ လက္တြဲေဖၚရဲ႕ ပ့ံပိုးမႈဟာ ပိုၿပီး အဓိက က်သြားပါျပီ။ ပ့ံပိုးတယ္ ဆိုတဲ့ အရာဟာ ေငြေၾကးပိုင္းရယ္မွာ မဟုတ္ပါဘူး က်န္တဲ့ အခ်က္ေတြနဲ႕လည္း အမ်ားႀကီး ဆက္ႏြယ္ ေနပါေသးတယ္။

မိန္းမတစ္ေယာက္ဟာ ေယာက်ာ္း တစ္ေယာက္ကို အေအာင္ျမင္ဆံုး ေနရာကို တြန္းပို႕ႏုိင္သလုိ အနိမ့္က်ဆံုး ျဖစ္ေအာင္လည္း ဆြဲခ် တတ္ပါေသးတယ္။

ဒီေတာ့ မိန္းမ တစ္ေယာက္ရဲ႕ ေနရာက ဘယ္ေလာက္ေတာင္ အဓိကက်လဲ ဆိုတာနဲ႕ ဘယ္လို အခ်က္ေလးေတြ ပိုင္ဆုိင္ထားရမလဲ ဆိုတာကို ၾကည့္လုိက္ၾကရေအာင္။

1) ဦးေႏွာက္ ေျပးတဲ့ မိန္းမ

သူမဟာ အင္မတန္မွ ထိုးထြင္း ဥာဏ္ ရွိၿပီး သင္အခက္ခဲေလး တစ္ခု ႀကံဳလာၿပီ ဆိုတာနဲ႕ ေျပလည္မဲ့ ေျဖရွင္းနည္းကို တစ္ထုိင္တည္း ထုတ္ေပးႏိုင္တဲ့ သူမ်ိဳးပါ။ စီးပြားေရး လုပ္တဲ့ အခါမွာလည္း သင့္ကို ေနာက္ကြယ္ကေန အေကာင္းဆံုး အႀကံေတြနဲ႕ ေရွ႕ဆက္လုိ႕ရေအာင္ ပို႕ေဆာင္ေပးတဲ့ သူမ်ိဴးပါ။

2) သေဘာထားႀကီးပီး လူကဲခတ္ ေတာ္တဲ့ မိန္းမ

သူမဟာ အင္မတန္မွ ပါးနပ္တတ္ၿပီး သင္ရဲ႕မ်က္ေတာင္ တခတ္တြင္းမွာ သင္ ဘာျဖစ္ေနလဲ ဆိုတာကို အကဲခတ္ ခန္႕မွန္းသိရွိႏိုင္ပီး သင္ေပ်ာ္ေနခ်ိန္မွာ သင္နဲ႔ အတူ ေပ်ာ္ရႊင္မႈေတြကို အတူခံစား ေပးတတ္ပါတယ္။ သင္ မ်က္ေမွာင္တစ္ခ်က္ ကုတ္လုိက္လုိ႔ ဘယ္ေလာက္ပဲ သင္က ေပ်ာ္ရႊင္ခ်င္ေယာင္ ေဆာင္ျပေဆာင္ျပ သင့္ရဲ႕ ဒုကၡေတြ အခက္ခဲေတြကို ေ၀မွ်ၿပီး ခံစားနားလည္ ေျဖရွင္း ေပးတတ္ပါတယ္။

3) ဂုဏ္သတင္း ေက်ာ္ေဇာေမႊးပ်ံ႕တဲ့ မိန္းမ

သူမဟာ ဘယ္ေလာက္ပဲ သင့္ထက္ ပညာေတြ တတ္ေနပါေစ၊ ဘယ္ေလာက္ပဲ ရာထူး ဂုဏ္ရွိန္ေတြ ရွိေနပါေစ သင့္ကို သင့္ရဲ႕ပတ္၀န္းက်င္ အသိုင္း၀ိုင္းမွာ သင့္ကို ေနရာေပး ေလးေလးစားစား ဆက္ဆံတတ္ၿပီး သူမရဲ႕ ဂုဏ္ရွိန္၀ါနဲ႔ သင့္ကိုပါ လႊမ္းၿခံဳ ေတာက္ပေစပါတယ္။

4) တာ၀န္ယူတတ္တဲ့ မိန္းမ

သူမဟာ သင့္ရဲ႔ ဝင္ေငြ ထြက္ေငြနဲ႕ ကိုက္ညီေအာင္ သံုးစြဲ စီစစ္သလို ၊ စုသင့္တာစု သံုးသင့္တာ သံုးျပီး သင့္ကို ဘယ္ေတာ့မွ စား၀တ္ေနေရးတြက္ ပူပန္ေစမွာ မဟုတ္ပါဘူး ။ သူမဟာ အလုပ္လုပ္တဲ့ ေနရာမွာ အင္မတန္မွ တိက်ျပီး တာ၀န္ယူစိတ္ အျပည့္လည္း ရွိတတ္ပါတယ္။

5) သဘာဝ အလွေလးနဲ႔ ေအးခ်မ္းတဲ့ မိန္းမ

သူမရဲ႕အလွဟာ ပန္းေလးတစ္ပြင့္လုိ မေတာက္ပေနေပမဲ့ ေအးခ်မ္းမႈ ရွိပါတယ္။ သင္ၾကည့္လုိက္တုိင္း သူမဟာ ေအးခ်မ္းတဲ့ အသြင္အတုိင္း အျပဳမႈေတြပါ ေအးခ်မ္းညင္သာ ေနပါလိမ္မယ္။

သင့္ရဲ႕ လုပ္ငန္းခြင္ထဲမွာ သင့္တြက္ အေထာက္အပံ႕မေပးႏုိင္ေပမဲ့ တျခားမိန္းမေတြလို ပူေလာင္ျငဴစူမႈ အလ်ဥ္းမရွိပဲ သင့္ကို ေအးခ်မ္းမႈေတြနဲ႕ သာယာေစႏုိင္ပါတယ္။

6) ေပါ့ေပ့ါပါးပါးနဲ႔ ကိုယ့္ကိုယ္ကို ယံုၾကည္မႈရွိတဲ့ မိန္းမ

ဒီလို မိန္းမေတြဟာ သင္ဘာပဲ လုပ္လုပ္ အၿမဲတေစ ယံုၾကည္ခ်က္ အျပည့္နဲ႕ အားေပးတတ္ပါတယ္။ သင္ ေအာင္ျမင္သြားခဲ့ရင္လည္း သူ႕ေၾကာင့္ပါလုိ႕ မ႑ပ္တုိင္တပ္ျပမွာ မဟုတ္သလို ၊ ရံႈးနိမ့္ခဲ့ရင္လည္း ျငဴစူေျပာဆိုေနမွာ မဟုတ္ပါဘူး။

အရမ္း စိတ္ညစ္ေနတဲ့ အခ်ိန္မွာ သင့္ကို ေႏြးေႏြးေထြးေထြး အားေပးပါလိမ့္မယ္။ သူ႔ရဲ႕ သင့္ေပၚ ယံုၾကည္ခ်က္ေတြနဲ႕ ျပတ္သားမႈေတြေၾကာင့္ သင္ဟာ လဲရာမွ ခ်က္ခ်င္းေတာင္ ျပန္ထထိုင္ ႏိုင္ေလာက္ေအာင္ သူမ စြမ္းေဆာင္ႏုိင္ ပါလိမ့္မယ္။

7) ကိုယ့္ကိုယ္ကို ခ်စ္ျမတ္ႏုိးတဲ့ မိန္းမ

သူမဟာ အင္မတန္မွ မိမိကုိယ္ကို အၿမဲလုိလုိ အျပင္ဆင္ပိုင္းမွာေရာ ဂုဏ္သိကၡာ ပိုင္းေတြမွာပါ ျခယ္သ ျပင္ဆင္ ေနေလ့ ရွိပါတယ္။ သူမဟာ ဘယ္ေတာ့မဆို သူေၾကာင့္ သင္နာမည္ ပ်က္ေစမွာ မဟုတ္သလို အသိုင္း၀ိုင္းေရွ႕ ထြက္တဲ့အခါမွာလည္း သူ႕ေၾကာင့္ သင္ဟာ အလိုလိုေနရင္းနဲ႔ ဂုဏ္ရွိေစႏုိင္မဲ့ မိန္းမမ်ိဳးပါ။ ဘယ္ေတာ့မွ သူ႕အလွေၾကာင့္ သင့္ရဲ႕ပူပန္မႈေတြကို အေနထုိင္ေတြနဲ႔ ေျဖာက္ဖ်က္ ပစ္တတ္ပါတယ္။

8) စကားေျပာဆို ကြ်မ္းက်င္တဲ့ မိန္းမ

သူမဟာ စကားေျပာျခင္း အတတ္ပညာကို တစ္ဖက္ကမ္းခပ္ ကြ်မ္းက်င္တတ္ပီး အေပါင္းအသင္း ဆံ့တဲ့သူ ျဖစ္ပါလိမ့္မယ္။ သူမနဲ႕ စကားေျပာလုိက္တုိင္း လူတုိင္း စိတ္ခ်မ္းသာရပီး ဘယ္လုိလူကို ဘယ္လို အေျခေနမ်ိဳးမွာ ဘာေျပာရမလဲ ဆိုတာနဲ႕ သူမဟာ လူေတြကို ေကာင္းေကာင္း စြဲေဆာင္ႏုိင္ပါတယ္။ သူမေၾကာင့္ပဲ သင္ဟာ ဒိထက္က်ယ္ျပန္႕တဲ့ အသိုင္း၀ိုင္းတစ္ခုကို သိကြ်မ္းခြင့္ ရႏုိင္တာမ်ိဳးလည္း ျဖစ္တတ္ပါတယ္။

9) ေခတ္အျမင္ ရွိတဲ့ မိန္းမ

သူမဟာ အင္မတန္မွ ေခတ္နဲ႕ေလ်ာညီစြာ ေနထုိင္တတ္ပီး အေနထိုင္ တည္ၿငိမ္တတ္ပါတယ္။ အမ်ားသူငွာနဲ႕ သဟဇာတရွိပီး သင္ရဲ႕ လုပ္ေဖၚကိုင္ဖက္ ေတြနဲ႔ကလည္း ေက်လည္စြာ ဆက္ဆံတတ္ပါတယ္။ သင္ မိတ္ဆက္ ေပးလာသမွ် လုပ္ေဖၚကိုင္ဖက္ မိန္းကေလးေတြ ကိုလည္း ဘယ္ေတာ့မွ သံသယမ်က္လံုးနဲ႕ မၾကည့္ပဲ သူငယ္ခ်င္း ျဖစ္ေအာင္ ဆြဲေဆာင္ သိမ္းသြင္း တတ္ပါေသးတယ္။

10) ဆံုးျဖတ္ခ်က္ ျပတ္သားတဲ့ မိန္းမ

သူမဟာ စဥ္းစား ဆံုးျဖတ္တဲ့ေနရာမွာ အင္မတန္မွ ပညာသားပါပီး အရာရာ စိတ္ခ်ရပါတယ္။ ဘယ္ေတာ့မွ ေသးေသးမႊားမႊား ကိစၥေတြနဲ႔ အေတာ္တန္ႀကီးတဲ့ ကိစၥေတြကို သင့္ဆီမေရာက္ေစပဲ ေျဖရွင္း တတ္ပါတယ္။သင့္ရဲ႕ အလုပ္ကိုင္ေတြကို ဘယ္ေတာ့မွ မထိခိုက္ေစပဲ အိမ္မႈကိစၥေတြပါ သူတစ္ေယာက္တည္း ျဖစ္ေအာင္ စီမံတတ္ၿပီး သင့္ကို အလုပ္လုပ္တဲ့ ေနရာမွာ စိတ္အျပည့္၀ ရေအာင္ လႊတ္ထားေပးတတ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: loveshortnotes

#Unicode Version#
ယောက်ကျား တစ်ယောက် အလုပ်အကိုင် အောင်မြင်ဖို့ ဆိုတာ ငယ်ရွယ်စဉ်က သူတို့ရဲ့ မိခင်၊ ဖခင်တွေက အဓိက ပံ့ပိုးမှုတွေ ပေးခဲ့ရတာပါ။

ဒါပေမဲ့ အိမ်ထောင် ကျသွားတဲ့အခါ ကိုယ့်ရဲ့ လက်တွဲဖေါ်ရဲ့ ပံ့ပိုးမှုဟာ ပိုပြီး အဓိက ကျသွားပါပြီ။ ပံ့ပိုးတယ် ဆိုတဲ့ အရာဟာ ငွေကြေးပိုင်းရယ်မှာ မဟုတ်ပါဘူး ကျန်တဲ့ အချက်တွေနဲ့လည်း အများကြီး ဆက်နွယ် နေပါသေးတယ်။

မိန်းမတစ်ယောက်ဟာ ယောကျာ်း တစ်ယောက်ကို အအောင်မြင်ဆုံး နေရာကို တွန်းပို့နိုင်သလို အနိမ့်ကျဆုံး ဖြစ်အောင်လည်း ဆွဲချ တတ်ပါသေးတယ်။

ဒီတော့ မိန်းမ တစ်ယောက်ရဲ့ နေရာက ဘယ်လောက်တောင် အဓိကကျလဲ ဆိုတာနဲ့ ဘယ်လို အချက်လေးတွေ ပိုင်ဆိုင်ထားရမလဲ ဆိုတာကို ကြည့်လိုက်ကြရအောင်။

1) ဦးနှောက် ပြေးတဲ့ မိန်းမ

သူမဟာ အင်မတန်မှ ထိုးထွင်း ဉာဏ် ရှိပြီး သင်အခက်ခဲလေး တစ်ခု ကြုံလာပြီ ဆိုတာနဲ့ ပြေလည်မဲ့ ဖြေရှင်းနည်းကို တစ်ထိုင်တည်း ထုတ်ပေးနိုင်တဲ့ သူမျိုးပါ။ စီးပွားရေး လုပ်တဲ့ အခါမှာလည်း သင့်ကို နောက်ကွယ်ကနေ အကောင်းဆုံး အကြံတွေနဲ့ ရှေ့ဆက်လို့ရအောင် ပို့ဆောင်ပေးတဲ့ သူမျိူးပါ။

2) သဘောထားကြီးပီး လူကဲခတ် တော်တဲ့ မိန်းမ

သူမဟာ အင်မတန်မှ ပါးနပ်တတ်ပြီး သင်ရဲ့မျက်တောင် တခတ်တွင်းမှာ သင် ဘာဖြစ်နေလဲ ဆိုတာကို အကဲခတ် ခန့်မှန်းသိရှိနိုင်ပီး သင်ပျော်နေချိန်မှာ သင်နဲ့ အတူ ပျော်ရွှင်မှုတွေကို အတူခံစား ပေးတတ်ပါတယ်။ သင် မျက်မှောင်တစ်ချက် ကုတ်လိုက်လို့ ဘယ်လောက်ပဲ သင်က ပျော်ရွှင်ချင်ယောင် ဆောင်ပြဆောင်ပြ သင့်ရဲ့ ဒုက္ခတွေ အခက်ခဲတွေကို ဝေမျှပြီး ခံစားနားလည် ဖြေရှင်း ပေးတတ်ပါတယ်။

3) ဂုဏ်သတင်း ကျော်ဇောမွှေးပျံ့တဲ့ မိန်းမ

သူမဟာ ဘယ်လောက်ပဲ သင့်ထက် ပညာတွေ တတ်နေပါစေ၊ ဘယ်လောက်ပဲ ရာထူး ဂုဏ်ရှိန်တွေ ရှိနေပါစေ သင့်ကို သင့်ရဲ့ပတ်ဝန်းကျင် အသိုင်းဝိုင်းမှာ သင့်ကို နေရာပေး လေးလေးစားစား ဆက်ဆံတတ်ပြီး သူမရဲ့ ဂုဏ်ရှိန်ဝါနဲ့ သင့်ကိုပါ လွှမ်းခြုံ တောက်ပစေပါတယ်။

4) တာဝန်ယူတတ်တဲ့ မိန်းမ

သူမဟာ သင့်ရဲ့ ဝင်ငွေ ထွက်ငွေနဲ့ ကိုက်ညီအောင် သုံးစွဲ စီစစ်သလို ၊ စုသင့်တာစု သုံးသင့်တာ သုံးပြီး သင့်ကို ဘယ်တော့မှ စားဝတ်နေရေးတွက် ပူပန်စေမှာ မဟုတ်ပါဘူး ။ သူမဟာ အလုပ်လုပ်တဲ့ နေရာမှာ အင်မတန်မှ တိကျပြီး တာဝန်ယူစိတ် အပြည့်လည်း ရှိတတ်ပါတယ်။

5) သဘာဝ အလှလေးနဲ့ အေးချမ်းတဲ့ မိန်းမ

သူမရဲ့အလှဟာ ပန်းလေးတစ်ပွင့်လို မတောက်ပနေပေမဲ့ အေးချမ်းမှု ရှိပါတယ်။ သင်ကြည့်လိုက်တိုင်း သူမဟာ အေးချမ်းတဲ့ အသွင်အတိုင်း အပြုမှုတွေပါ အေးချမ်းညင်သာ နေပါလိမ်မယ်။

သင့်ရဲ့ လုပ်ငန်းခွင်ထဲမှာ သင့်တွက် အထောက်အပံ့မပေးနိုင်ပေမဲ့ တခြားမိန်းမတွေလို ပူလောင်ငြူစူမှု အလျဉ်းမရှိပဲ သင့်ကို အေးချမ်းမှုတွေနဲ့ သာယာစေနိုင်ပါတယ်။

6) ပေါ့ပေ့ါပါးပါးနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ မိန်းမ

ဒီလို မိန်းမတွေဟာ သင်ဘာပဲ လုပ်လုပ် အမြဲတစေ ယုံကြည်ချက် အပြည့်နဲ့ အားပေးတတ်ပါတယ်။ သင် အောင်မြင်သွားခဲ့ရင်လည်း သူ့ကြောင့်ပါလို့ မဏ္ဍပ်တိုင်တပ်ပြမှာ မဟုတ်သလို ၊ ရှုံးနိမ့်ခဲ့ရင်လည်း ငြူစူပြောဆိုနေမှာ မဟုတ်ပါဘူး။

အရမ်း စိတ်ညစ်နေတဲ့ အချိန်မှာ သင့်ကို နွေးနွေးထွေးထွေး အားပေးပါလိမ့်မယ်။ သူ့ရဲ့ သင့်ပေါ် ယုံကြည်ချက်တွေနဲ့ ပြတ်သားမှုတွေကြောင့် သင်ဟာ လဲရာမှ ချက်ချင်းတောင် ပြန်ထထိုင် နိုင်လောက်အောင် သူမ စွမ်းဆောင်နိုင် ပါလိမ့်မယ်။

7) ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးတဲ့ မိန်းမ

သူမဟာ အင်မတန်မှ မိမိကိုယ်ကို အမြဲလိုလို အပြင်ဆင်ပိုင်းမှာရော ဂုဏ်သိက္ခာ ပိုင်းတွေမှာပါ ခြယ်သ ပြင်ဆင် နေလေ့ ရှိပါတယ်။ သူမဟာ ဘယ်တော့မဆို သူကြောင့် သင်နာမည် ပျက်စေမှာ မဟုတ်သလို အသိုင်းဝိုင်းရှေ့ ထွက်တဲ့အခါမှာလည်း သူ့ကြောင့် သင်ဟာ အလိုလိုနေရင်းနဲ့ ဂုဏ်ရှိစေနိုင်မဲ့ မိန်းမမျိုးပါ။ ဘယ်တော့မှ သူ့အလှကြောင့် သင့်ရဲ့ပူပန်မှုတွေကို အနေထိုင်တွေနဲ့ ဖြောက်ဖျက် ပစ်တတ်ပါတယ်။

8) စကားပြောဆို ကျွမ်းကျင်တဲ့ မိန်းမ

သူမဟာ စကားပြောခြင်း အတတ်ပညာကို တစ်ဖက်ကမ်းခပ် ကျွမ်းကျင်တတ်ပီး အပေါင်းအသင်း ဆံ့တဲ့သူ ဖြစ်ပါလိမ့်မယ်။ သူမနဲ့ စကားပြောလိုက်တိုင်း လူတိုင်း စိတ်ချမ်းသာရပီး ဘယ်လိုလူကို ဘယ်လို အခြေနေမျိုးမှာ ဘာပြောရမလဲ ဆိုတာနဲ့ သူမဟာ လူတွေကို ကောင်းကောင်း စွဲဆောင်နိုင်ပါတယ်။ သူမကြောင့်ပဲ သင်ဟာ ဒိထက်ကျယ်ပြန့်တဲ့ အသိုင်းဝိုင်းတစ်ခုကို သိကျွမ်းခွင့် ရနိုင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။

9) ခေတ်အမြင် ရှိတဲ့ မိန်းမ

သူမဟာ အင်မတန်မှ ခေတ်နဲ့လျောညီစွာ နေထိုင်တတ်ပီး အနေထိုင် တည်ငြိမ်တတ်ပါတယ်။ အများသူငှာနဲ့ သဟဇာတရှိပီး သင်ရဲ့ လုပ်ဖေါ်ကိုင်ဖက် တွေနဲ့ကလည်း ကျေလည်စွာ ဆက်ဆံတတ်ပါတယ်။ သင် မိတ်ဆက် ပေးလာသမျှ လုပ်ဖေါ်ကိုင်ဖက် မိန်းကလေးတွေ ကိုလည်း ဘယ်တော့မှ သံသယမျက်လုံးနဲ့ မကြည့်ပဲ သူငယ်ချင်း ဖြစ်အောင် ဆွဲဆောင် သိမ်းသွင်း တတ်ပါသေးတယ်။

10) ဆုံးဖြတ်ချက် ပြတ်သားတဲ့ မိန်းမ

သူမဟာ စဉ်းစား ဆုံးဖြတ်တဲ့နေရာမှာ အင်မတန်မှ ပညာသားပါပီး အရာရာ စိတ်ချရပါတယ်။ ဘယ်တော့မှ သေးသေးမွှားမွှား ကိစ္စတွေနဲ့ အတော်တန်ကြီးတဲ့ ကိစ္စတွေကို သင့်ဆီမရောက်စေပဲ ဖြေရှင်း တတ်ပါတယ်။သင့်ရဲ့ အလုပ်ကိုင်တွေကို ဘယ်တော့မှ မထိခိုက်စေပဲ အိမ်မှုကိစ္စတွေပါ သူတစ်ယောက်တည်း ဖြစ်အောင် စီမံတတ်ပြီး သင့်ကို အလုပ်လုပ်တဲ့ နေရာမှာ စိတ်အပြည့်၀ ရအောင် လွှတ်ထားပေးတတ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: loveshortnotes
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top