×



ဖြစ်စဉ်မှာ စစ်ကိုင်းမြို့မ [………] ၂၁ နှစ် နန်းစုရပ် ရွာ ထောင်ရပ်ကွက်နေသူအား ၂၀၁၇ ခုနှစ် ၁ လပိုင်းအတွင်းက မ…… ကိုင်ဆောင်သော လက်ကိုင်ဖုန်း Viber မှတဆင့် ကိုမျိုးကျော် စစ်ကိုင်းမြို့စမွန်းစုရပ် ပန်းဘဲတန်းရပ်ကွက်နေသူနှင့်ခင်မင်ရင်းနှီးခဲ့ပြီး (၁)လခန့်အကြာ ကိုမျိုးကျော်က၄င်းနှင့်အပြင်၌တွေ့ဆုံရန်ချိန်းဆိုခဲ့သဖြင့် မ…… မှ စစ်ကိုင်းတက္ကသိုလ်သို့ ကျောင်းသွားရင်းကောင်းမှုတော်ဘုရားအနီး၌ တွေ့ဆုံခဲ့သည်။

ထို့ နောက် ( ၁ ) ပါတ်ခန့် အကြာတွင်မှာလည်း ထပ်မံ တွေ့ ဆုံရန်ပြောဆို ခဲ့၍ ကျောင်းသွားရင်း လမ်း၌ တွေ့ ဆုံခဲ့ပြီးနောက်ကိုမျိုးကျော်သည် နေ့ ရက် (မမှတ်မိ ) နံနက်ပိုင်းအချိန်မှာ မန္တလေးမြို့သို့ဈေးဝယ်ထွက်ရန်ခေါ် ခဲ့ဖြင့် မ…… သည် ၄င်း၏ဆိုင်ကယ်ဖြင့်လိုက်ပါသွားခဲ့ ရာ ဈေးပြီးအပြန်တွင် ( နေရာမသိ) အိမ်ကြီးအတွင်းသို့ ခေါ်သွားခဲ့ပြီး မ…… အား လင်မယားအဖြစ် ပေါင်းသင်း နေထိုင်လိုကြောင်းပြောခဲ့၍ မ…… မှ ငြင်းဆန်ခဲ့ပြီး ၄င်းနှင့်ရုန်းရင်းဆန်ခက်ဖြစ်ခဲ့ရာ ကိုမျိုးကျော်မှ ၄င်း၏ လက်ကိုင်းဖုန်းဖြင့် ရုန်းရင်း ဆန်ခက်ဖြစ်နေသည့်ပုံများကို ဓါတ်ပုံရိုက်ကူးယူခဲ့ပြီး

ရက် ၂ ပါတ်ခန့် အကြာ နေ့လည်ပိုင်း အချိန်တွင် မ…… ကျောင်းမှ အပြန် ကိုမျိုးကျော်သည် လမ်းမှစောင့်၍ မန္တလေးမြို့ (အမည်မသိ) အိမ်ဟောင်းကြီးအတွင်းမှရိုက်ကူး ထားသော ၄င်းနှင့် ရုန်းရင်းဆန်ခက်ဖြစ်ခဲ့သည့် ဓါတ်ပုံများကို ပြသ ခြိမ်းခြောက်ပြီး ၄င်းနောက်သို့ လိုက်ခဲ့ရန် ခေါ်ဆောင်ခဲ့သည်။

ထို့ နောက် ကိုမျိုးကျော်သည် ၄င်း၏ လက်ကိုင်ဖုန်းဖြင့်ရိုက်ကူးထားသော မ……၏ ကိုယ်လုးံတီးပုံ များကို မ…… နှင်ပါတ်သက်သော အခြားအသိမိတ်ဆွေဖုန်းများ ထံသို့ Viber ဖြင့် ပို့ ၍ဖြန့်ဝေမည်ဖြစ်ကြောင်း ခြိမ်း ခြောက် ပြောဆိုပြီး စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်ကွက်ရှိ ‘ရွှေပြည်စိုး တည်းခိုခန်းသို့ ရက် (၁) ပါတ်ခြား(၁) ခါခေါ် ဆောင်သွားခဲ့ပြီး သားမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့်ခဲ့သည် ။




#Unicode Version#
Viber သုံးစွဲရာမှ ခင်မင်ရင်းနှီးခဲ့ပြီးတည်းခိုခန်းသို့ ခေါ်ဆောင်၍ သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ခဲ့သူအား ပုဒ်မ ( ၃၇၆ ) ဖြင့်အရေးယူဆောင်ရွက်

၂၀၁၇ ခုနှစ် ဇန်ဇဝါရီလပိုင်း လက်ကိုင်ဖုန်း Viber မှ တဆင့် ခင်မင်ရင်နှီးခဲ့ပြီး အပြင်၌တွေ့ဆုံခဲ့ရာမှ သားမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့်ခဲ့ မှုခင်းဖြစ်ရပ် စစ်ကိုင်းအမှတ်(၂)ရဲစခန်း အပိုင်ရွှေမင်းဝံရပ်ကွက် တည်းခိုခန်း တစ်ခုတွင်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းမြို့မ [………] ၂၁ နှစ် နန်းစုရပ် ရွာ ထောင်ရပ်ကွက်နေသူအား ၂၀၁၇ ခုနှစ် ၁ လပိုင်းအတွင်းက မ…… ကိုင်ဆောင်သော လက်ကိုင်ဖုန်း Viber မှတဆင့် ကိုမျိုးကျော် စစ်ကိုင်းမြို့စမွန်းစုရပ် ပန်းဘဲတန်းရပ်ကွက်နေသူနှင့်ခင်မင်ရင်းနှီးခဲ့ပြီး (၁)လခန့်အကြာ ကိုမျိ ုးကျော်က၎င်းနှင့်အပြင်၌တွေ့ဆုံရန်ချိန်းဆိုခဲ့သဖြင့် မ…… မှ စစ်ကိုင်းတက္ကသိုလ်သို့ကျောင်းသွားရင်းကောင်းမှုတော်ဘုရားအနီး၌ တွေ့ဆုံခဲ့သည်။

ထို့နောက် ( ၁ ) ပါတ်ခန့်အကြာတွင်မှာလည်း ထပ်မံ တွေ့ဆုံရန်ပြောဆို ခဲ့၍ ကျောင်းသွားရင်း လမ်း၌ တွေ့ ဆုံခဲ့ပြီးနောက်ကိုမျိုးကျော်သည် နေ့ရက် (မမှတ်မိ ) နံနက်ပိုင်းအချိန်မှာ မန္တလေးမြို့သို့ဈေးဝယ်ထွက်ရန်ခေါ် ခဲ့ဖြင့် မ…… သည် ၎င်း၏ဆိုင်ကယ်ဖြင့်လိုက်ပါသွားခဲ့ ရာ ဈေးပြီးအပြန်တွင် ( နေရာမသိ) အိမ်ကြီးအတွင်းသို့ခေါ်သွားခဲ့ပြီး မ…… အား လင်မယားအဖြစ် ပေါင်းသင်း နေထိုင်လိုကြောင်းပြောခဲ့၍ မ…… မှ ငြင်းဆန်ခဲ့ပြီး ၎င်းနှင့်ရုန်းရင်းဆန်ခက်ဖြစ်ခဲ့ရာ ကိုမျိုးကျော်မှ ၎င်း၏ လက်ကိုင်းဖုန်းဖြင့် ရုန်းရင်း ဆန်ခက်ဖြစ်နေသည့်ပုံများကို ဓါတ်ပုံရိုက်ကူးယူခဲ့ပြီး

ရက် ၂ ပါတ်ခန့်အကြာ နေ့လည်ပိုင်း အချိန်တွင် မ…… ကျောင်းမှ အပြန် ကိုမျိုးကျော်သည် လမ်းမှစောင့်၍ မန္တလေးမြို့ (အမည်မသိ) အိမ်ဟောင်းကြီးအတွင်းမှရိုက်ကူး ထားသော ၎င်းနှင့် ရုန်းရင်းဆန်ခက်ဖြစ်ခဲ့သည့် ဓါတ်ပုံများကို ပြသ ခြိမ်းခြောက်ပြီး ၎င်းနောက်သို့လိုက်ခဲ့ရန် ခေါ်ဆောင်ခဲ့သည်။

ထို့နောက် ကိုမျိုးကျော်သည် ၎င်း၏ လက်ကိုင်ဖုန်းဖြင့်ရိုက်ကူးထားသော မ……၏ ကိုယ်လုးံတီးပုံ များကို မ…… နှင်ပါတ်သက်သော အခြားအသိမိတ်ဆွေဖုန်းများ ထံသို့Viber ဖြင့် ပို့၍ဖြန့်ဝေမည်ဖြစ်ကြောင်း ခြိမ်း ခြောက် ပြောဆိုပြီး စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်ကွက်ရှိ ‘ရွှေပြည်စိုး တည်းခိုခန်းသို့ရက် (၁) ပါတ်ခြား(၁) ခါခေါ် ဆောင်သွားခဲ့ပြီး သားမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့်ခဲ့သည် ။

၂၂့ ၅့ ၂၀၁၈ ရက်နေ့တွင် မ [………] ၂၁ နှစ် ( ဘ )ဦးပေစု ရူပဗေဒအထူးပြု နန်းစုရပ် ရွာထောင်ရပ် ကွက်နေသူမှ တရာလိုပြုလုပ်တိုင်ကြားခဲ့၍ အမှတ် (၂) ရဲကင်းစခန်းမှုး ရဲအုပ်ဇော်ထွန်းမှ ၂၀၁၈ ခုနှစ် မေလ ၂၂ ရက်နေ့ညနေ ၆ နာရီခွဲခန့်တွင် မ [………] အား အလိုမတူပဲ သားမယားပြုကျင့်ခဲ့သူ ကိုမျိ ုးကျော် (ခ) ကိုလှမျိုးကျော် ( အသက် ) ၃၉ – နှစ် ( ဘ ) ဦးမိုး ဗမာ ပန်းစိုက်ပျိုးရေးလုပ်ငန်း ပန်းဘဲတန်းတိုက်နယ် စမွန်းစုရပ် စစ်ကိုင်းမြို့နေသူအား အမှု ဖြင့် ဖမ်းဆီးခဲ့သည်။

၎င်းနောက် အမှတ်(၂) ရဲကင်းစခန်း စခန်းမှူ ရဲအုပ်ဇော်ထွန်းကသက်ကြီးဥပဒေပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် ဆောင်ရွက်လျှက်ရှိ ကြာင်းသတင်းရရှိပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ကျော်ထူး (စစ်ကိုင်း)


 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top