ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ဆား၀က္ၿခံရယ္ရွိေနၿပီဆိုရင္ လက္ကိုကအၿငိမ္မေနႏိုင္ဘဲ သြားသြားေဆာ့ေနမိလို႔ ဆား၀က္ၿခံပိုပိုၿပီး မ်ားလာပါသလား။ အဲဒီလို ဆား၀က္ၿခံကို ထုတ္တိုင္း နာလြန္းတယ္လို႔ ခံစားေနရတယ္မလား။ ဒါဆိုရင္ေတာ့ ဒီနည္းလမ္းေလးကို သံုးၾကည့္ဖို႔အႀကံျပဳခ်င္ပါတယ္။

Vaseline အဆီကို စာဖတ္သူတို႔သိၾကမယ္ထင္ပါတယ္။ Beauty Product ဆို္င္ေတြမွာ ရရွိႏိုင္ၿပီး ဘက္စံုအသံုး၀င္ပါတယ္။ အဲဒါေလးနဲ႔ နာက်င္မႈမရွိဘဲ ဆား၀က္ၿခံကို ဖယ္ရွားလိုက္ရေအာင္ေနာ္

ပါ၀င္ပစၥည္း

ပလတ္စတစ္အသန္႔ ၁ ခု

သစ္ရႈးစကၠဴ

အ၀တ္စ အေသး ၂ ခု

Vaseline

ဘယ္လိုသံုးမလဲ

အရင္ဆံုး မ်က္ႏွာသစ္လိုက္ပါ။ ၿပီးရင္ Vaseline ကို ဆား၀က္ၿခံရွိတဲ့ေနရာမွာ လိမ္းေပးပါ။

ၿပီးရင္ ပလတ္စတစ္ကို ေစာေစာက Vaseline လိမ္းထားတဲ့နားမွာ အုပ္ေပးပါ။ အ၀တ္စကို ေရေႏြးစိမ္ၿပီး ေရကိုညွစ္ထုတ္လိုက္ပါ။ ၿပီးရင္ ပလတ္စတစ္အုပ္ထားတဲ့နားမွာ ၅ မိနစ္ေလာက္ အုပ္ထားေပးပါ။

ၿပီးရင္ ပလတ္စတစ္နဲ႔ အ၀တ္စႏွစ္ခုကို ဖယ္လိုက္ၿပီး သစ္ရႈးစႏွစ္ခုနဲ႔ ဖိကာ လက္ညိဳးႏွစ္ခုနဲ႔ ဖိၿပီးညွစ္ေပးပါ။ ဆား၀က္ၿခံအလြယ္တကူထြက္သြားမွာျဖစ္ပါတယ္။ အိပ္ယာမ၀င္ခင္မွာလုပ္ေပးပါ။ အညစ္အေၾကးေတြ ကင္းစင္သြားမွာျဖစ္ပါတယ္။ ေနာက္ဆံုးမွာေတာ့ ေခၽြးေပါက္ေတြျပန္ပိတ္ဖို႔ ေရခဲေရ (သို႔) ေရေအးေအးေလးနဲ႔ ေဆးခ်ပါ။ မ်က္ႏွာသစ္ပါ။ ၿပီးရင္ေတာ့ Moisturiser တစ္ခုခုလိမ္းလိုက္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mystyle

#Unicode Version#
ဆားဝက်ခြံရယ်ရှိနေပြီဆိုရင် လက်ကိုကအငြိမ်မနေနိုင်ဘဲ သွားသွားဆော့နေမိလို့ ဆားဝက်ခြံပိုပိုပြီး များလာပါသလား။ အဲဒီလို ဆားဝက်ခြံကို ထုတ်တိုင်း နာလွန်းတယ်လို့ ခံစားနေရတယ်မလား။ ဒါဆိုရင်တော့ ဒီနည်းလမ်းလေးကို သုံးကြည့်ဖို့အကြံပြုချင်ပါတယ်။

Vaseline အဆီကို စာဖတ်သူတို့သိကြမယ်ထင်ပါတယ်။ Beauty Product ဆိုင်တွေမှာ ရရှိနိုင်ပြီး ဘက်စုံအသုံးဝင်ပါတယ်။ အဲဒါလေးနဲ့ နာကျင်မှုမရှိဘဲ ဆားဝက်ခြံကို ဖယ်ရှားလိုက်ရအောင်နော်

ပါဝင်ပစ္စည်း

ပလတ်စတစ်အသန့် ၁ ခု

သစ်ရှုးစက္ကူ

အဝတ်စ အသေး ၂ ခု

Vaseline

ဘယ်လိုသုံးမလဲ

အရင်ဆုံး မျက်နှာသစ်လိုက်ပါ။ ပြီးရင် Vaseline ကို ဆားဝက်ခြံရှိတဲ့နေရာမှာ လိမ်းပေးပါ။

ပြီးရင် ပလတ်စတစ်ကို စောစောက Vaseline လိမ်းထားတဲ့နားမှာ အုပ်ပေးပါ။ အဝတ်စကို ရေနွေးစိမ်ပြီး ရေကိုညှစ်ထုတ်လိုက်ပါ။ ပြီးရင် ပလတ်စတစ်အုပ်ထားတဲ့နားမှာ ၅ မိနစ်လောက် အုပ်ထားပေးပါ။

ပြီးရင် ပလတ်စတစ်နဲ့ အဝတ်စနှစ်ခုကို ဖယ်လိုက်ပြီး သစ်ရှုးစနှစ်ခုနဲ့ ဖိကာ လက်ညိုးနှစ်ခုနဲ့ ဖိပြီးညှစ်ပေးပါ။ ဆားဝက်ခြံအလွယ်တကူထွက်သွားမှာဖြစ်ပါတယ်။ အိပ်ယာမဝင်ခင်မှာလုပ်ပေးပါ။ အညစ်အကြေးတွေ ကင်းစင်သွားမှာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ချွေးပေါက်တွေပြန်ပိတ်ဖို့ ရေခဲရေ (သို့) ရေအေးအေးလေးနဲ့ ဆေးချပါ။ မျက်နှာသစ်ပါ။ ပြီးရင်တော့ Moisturiser တစ်ခုခုလိမ်းလိုက်ပါ။


ဖိုးသူတော် (www.phothutaw.com)
Credit: mystyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top