iMyanmarHouse.com - Best Property Website for Myanmar
×





Credit: 7DayDaily

#Unicode Version#
ရန်ကုန်-မန္တလေး အမြန်လမ်း ၁၁၅ မိုင်ရှိ Pioneer စားသောက်ဆိုင် လူပျိုဆောင် တန်းလျားတွင် ဖုန်းအားသွင်းရာ ကအပူလွန်၍ ဝိုင်ယာရှော့ခ်ဖြစ် ကာမီးလောင်ခဲ့ကြောင်း ဖြူးမြို့ နယ်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

‘‘၇နာရီ ၄၅မိနစ်လောက်မှာ  မီးလောင်တာလို့ ခန့်မှန်းရပါ တယ်။ ကျွန်တော်တို့ရောက်သွား တဲ့ အချိန်မှာတော့ မီးကတော် တော်လောင်နေပြီ’’ ဟု ယင်းနေ ရာသို့ သွားရောက်မီးငြှိမ်းသတ်ခဲ့ သည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

မေလ၄ရက်ညက မီးလောင် မှုဖြစ်ပွားပြီး မီးစတင်လောင်သည့် လူပျိုဆောင်တန်းလျား၏ သုံးပုံနှစ်ပုံခန့် မီးလောင်ဆုံးရှုံးကာ ဆုံးရှုံးမှုတန်ဖိုး ကျပ်ခြောက်သိန်းကျော်ရှိကြောင်း မီးသတ်တပ်ဖွဲ့ က သတင်းထုတ်ပြန်သည်။

‘‘လူထိခိုက်မှုတော့ မရှိပါ ဘူး။ အရေးယူဆောင်ရွက်မှုက တော့ အဲဒီက လျှပ်စစ်တာဝန်ခံကို  ပေါ့ဆမှုပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်အ ရေးယူထားပါတယ်’’ ဟု အထက် ပါတာဝန်ရှိသူက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top