iMyanmarHouse.com - Best Property Website for Myanmar
×

သုိင္းေပါင္းစုံ တုိက္ခုိက္ေရးသမား MMA ဖုိက္တာတစ္ဦးဟာ အပ်ဳိျဖစ္ေၾကာင္း လိမ္လည္ေျပာဆုိခဲ့တဲ့ ရည္းစားျဖစ္သူကုိ သတ္ပစ္ခဲ့ကာ သူကုိယ့္သူလည္း အဆုံးစီရင္သြားခဲ့တယ္ဆုိတဲ့ ထိတ္လန္ ့ဖြယ္ လူသတ္အဆုံးစီရင္မႈ သတင္းအေပၚ ရဲတပ္ဖြဲ ့က စုံစမ္းစစ္ေဆးခဲ့ပါတယ္။ လူမႈကြန္ရက္ေပၚမွာ လက္တြဲေဖာ္ ရွာေဖြႏုိင္တဲ့ Tinder app နဲ ့ စကားေျပာခဲ့စဥ္က အပ်ဳိျဖစ္တယ္လုိ ့လိမ္ေျပာခဲ့တဲ့ ရည္းစားကုိ သတ္ၿပီး အေလာင္းကုိ အပုိင္းပုိင္းျဖတ္ေတာက္ပစ္ခဲ့တာလုိ ့သိရပါတယ္။

ဒါ့အျပင္ သူဟာ အျခားအမ်ဳိးသားေတြနဲ ့လည္း အခုလုိ app ကုိ သုံးကာ ေတြ႔ဆုံမႈေတြလုပ္ခဲ့တာကုိ သူ ့အေပၚ ဖုံးကြယ္ထားတယ္လုိ ့ MMA ဖုိက္တာက သံသယရွိခဲ့ပါတယ္။ စီစီတီဗီမွတ္တမ္းေတြအရ အသတ္ခံရတဲ့ အမ်ဳိးသမီး ယီမင္းဟြမ္၂၇ ႏွစ္နဲ ့ သံသယရွိက်ဴးလြန္သူ ဂါရီခ်ဴ ၂၈ တုိ ့ကုိ ခ်ဴရဲ ့ တုိက္ခန္းသြားရာ ေလွကားေပၚမွာ အခင္းမျဖစ္မီ ေနာက္ဆုံးအခုိက္အတန္ ့ပုံရိပ္ေတြကုိ ေတြ ့ခဲ့ရပါတယ္။ ယင္းတုိက္ခန္းမွာပဲ သူအသတ္ခံလုိက္ရတာျဖစ္ၿပီး သူရဲ ့အေလာင္းကုိ အပုိင္းပိုင္းျဖတ္ေတာက္ကာ အမႈိက္အိတ္ ခုနစ္အိတ္နဲ ့ ထည့္ခဲ့တာျဖစ္ပါတယ္။

ခ်ဴဟာ အေပ်ာ္တမ္း MMA ဖုိက္တာတစ္ဦးျဖစ္သလုိ ေဘာက္ဆင္နည္းျပတစ္ဦးလည္းျဖစ္ၿပီး ထုိင္၀မ္ေျမာက္ပုိင္း နယူးတုိင္ေပစီးတီးရဲ ့ ဘန္ကာအုိခရုိင္မွာ ေနထုိင္သူျဖစ္ေၾကာင္း သိရပါတယ္။ သူ ့ရဲ ့တုိက္ခန္းအတြင္းမွ “ သူ ငါ့အေပၚ မွားခဲ့တယ္” ဆုိတဲ့ စာသားေရးထားတဲ့ ေသတမ္းစာတစ္ေစာင္ကုိ ရဲတပ္ဖြဲ ့က ရွာေတြ ့ခဲ့တယ္လုိ ့ ဆုိပါတယ္။

အသတ္ခံရတဲ့ ယီမင္းရဲ ့အစ္ကုိျဖစ္သူ ဖရန္စစ္ဟြမ္က ညီမျဖစ္သူေပ်ာက္ဆုံးေနေၾကာင္းနဲ ့ သူ႔ကုိ ေမ ၁၉ ရက္ေန ့ကတည္းက အဆက္အသြယ္မရေတာ့ေၾကာင္း လူမႈအဖြဲ ့အစည္းေတြထံ ေမ ၂၆ ရက္ေန ့မွာ အကူအညီေတာင္းခဲ့ရာမွ အခုလုိ တုန္လႈပ္ဖြယ္ လူသတ္အဆုံးစီရင္မႈကုိ ေဖာ္ထုတ္ႏုိင္ခဲ့တာျဖစ္ပါတယ္။ Tinder ကတဆင့္ ခ်စ္ႀကိဳက္ကာ တြဲေနခဲ့တဲ့ ရည္စားျဖစ္သူ ခ်ဴက သူ႔ကုိ ဖမ္းဆီးထားတယ္လုိ ့ အစ္ကုိျဖစ္သူက သံသယျဖစ္္ကာ ရဲတပ္ဖြဲ ့ကုိ တုိင္တန္းခဲ့တာျဖစ္ပါတယ္။

ခ်ဴဟာ ယီမင္းရဲ ့ခႏၶာအစိတ္အပုိင္းေတြ ျဖတ္ေတာက္ထည့္ထားတဲ့ အိတ္ ခုနစ္လုံးကုိ သူေနထုိင္ရာ အေဆာက္အအုံ၀င္းထဲက ပန္းၿခံထဲကုိ လႊင့္ပစ္ခဲ့ၿပီး ဒီအထုပ္ေတြကုိ ေမ ၂၇ ရက္ေန ့မွာ ရဲတပ္ဖြဲ ့က ရွာေဖြေတြ ့ရွိခဲ့ပါတယ္။ ဒါ့အျပင္ ေနာက္တစ္ေန ့မွာေတာ့ Xinzhuang ခရုိင္ ေဆးရုံအနီးက သစ္ပင္တစ္ပင္မွာ ႀကိဳးဆြဲခ်အဆုံးစီရင္ခဲ့တဲ့ ခ်ဴရဲ ့အေလာင္းကုိ ရဲတပ္ဖြဲ ့က ထပ္မံေတြ ့ရွိခဲ့ပါတယ္။

Ref: Daily Mail

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ကိုလင္း (အကုန္သိ သတင္းဌာန)

#Unicode Version#
သိုင်းပေါင်းစုံ တိုက်ခိုက်ရေးသမား MMA ဖိုက်တာတစ်ဦးဟာ အပျိုဖြစ်ကြောင်း လိမ်လည်ပြောဆိုခဲ့တဲ့ ရည်းစားဖြစ်သူကို သတ်ပစ်ခဲ့ကာ သူကိုယ့်သူလည်း အဆုံးစီရင်သွားခဲ့တယ်ဆိုတဲ့ ထိတ်လန့်ဖွယ် လူသတ်အဆုံးစီရင်မှု သတင်းအပေါ် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးခဲ့ပါတယ်။ လူမှုကွန်ရက်ပေါ်မှာ လက်တွဲဖော် ရှာဖွေနိုင်တဲ့ Tinder app နဲ့ စကားပြောခဲ့စဉ်က အပျိုဖြစ်တယ်လို့လိမ်ပြောခဲ့တဲ့ ရည်းစားကို သတ်ပြီး အလောင်းကို အပိုင်းပိုင်းဖြတ်တောက်ပစ်ခဲ့တာလို့သိရပါတယ်။

ဒါ့အပြင် သူဟာ အခြားအမျိုးသားတွေနဲ့လည်း အခုလို app ကို သုံးကာ တွေ့ဆုံမှုတွေလုပ်ခဲ့တာကို သူ့အပေါ် ဖုံးကွယ်ထားတယ်လို့ MMA ဖိုက်တာက သံသယရှိခဲ့ပါတယ်။ စီစီတီဗီမှတ်တမ်းတွေအရ အသတ်ခံရတဲ့ အမျိုးသမီး ယီမင်းဟွမ်၂၇ နှစ်နဲ့ သံသယရှိကျူးလွန်သူ ဂါရီချူ ၂၈ တို့ကို ချူရဲ့ တိုက်ခန်းသွားရာ လှေကားပေါ်မှာ အခင်းမဖြစ်မီ နောက်ဆုံးအခိုက်အတန့်ပုံရိပ်တွေကို တွေ့ခဲ့ရပါတယ်။ ယင်းတိုက်ခန်းမှာပဲ သူအသတ်ခံလိုက်ရတာဖြစ်ပြီး သူရဲ့အလောင်းကို အပိုင်းပိုင်းဖြတ်တောက်ကာ အမှိုက်အိတ် ခုနစ်အိတ်နဲ့ ထည့်ခဲ့တာဖြစ်ပါတယ်။

ချူဟာ အပျော်တမ်း MMA ဖိုက်တာတစ်ဦးဖြစ်သလို ဘောက်ဆင်နည်းပြတစ်ဦးလည်းဖြစ်ပြီး ထိုင်ဝမ်မြောက်ပိုင်း နယူးတိုင်ပေစီးတီးရဲ့ ဘန်ကာအိုခရိုင်မှာ နေထိုင်သူဖြစ်ကြောင်း သိရပါတယ်။ သူ့ရဲ့တိုက်ခန်းအတွင်းမှ “ သူ ငါ့အပေါ် မှားခဲ့တယ်” ဆိုတဲ့ စာသားရေးထားတဲ့ သေတမ်းစာတစ်စောင်ကို ရဲတပ်ဖွဲ့က ရှာတွေ့ခဲ့တယ်လို့ ဆိုပါတယ်။

အသတ်ခံရတဲ့ ယီမင်းရဲ့အစ်ကိုဖြစ်သူ ဖရန်စစ်ဟွမ်က ညီမဖြစ်သူပျောက်ဆုံးနေကြောင်းနဲ့ သူ့ကို မေ ၁၉ ရက်နေ့ကတည်းက အဆက်အသွယ်မရတော့ကြောင်း လူမှုအဖွဲ့အစည်းတွေထံ မေ ၂၆ ရက်နေ့မှာ အကူအညီတောင်းခဲ့ရာမှ အခုလို တုန်လှုပ်ဖွယ် လူသတ်အဆုံးစီရင်မှုကို ဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ Tinder ကတဆင့် ချစ်ကြိုက်ကာ တွဲနေခဲ့တဲ့ ရည်စားဖြစ်သူ ချူက သူ့ကို ဖမ်းဆီးထားတယ်လို့ အစ်ကိုဖြစ်သူက သံသယဖြစ်ကာ ရဲတပ်ဖွဲ့ကို တိုင်တန်းခဲ့တာဖြစ်ပါတယ်။

ချူဟာ ယီမင်းရဲ့ခန္ဓာအစိတ်အပိုင်းတွေ ဖြတ်တောက်ထည့်ထားတဲ့ အိတ် ခုနစ်လုံးကို သူနေထိုင်ရာ အဆောက်အအုံဝင်းထဲက ပန်းခြံထဲကို လွှင့်ပစ်ခဲ့ပြီး ဒီအထုပ်တွေကို မေ ၂၇ ရက်နေ့မှာ ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် နောက်တစ်နေ့မှာတော့ Xinzhuang ခရိုင် ဆေးရုံအနီးက သစ်ပင်တစ်ပင်မှာ ကြိုးဆွဲချအဆုံးစီရင်ခဲ့တဲ့ ချူရဲ့အလောင်းကို ရဲတပ်ဖွဲ့က ထပ်မံတွေ့ရှိခဲ့ပါတယ်။

Ref: Daily Mail

ဖိုးသူတော် (www.phothutaw.com)
Credit: ကိုလင်း (အကုန်သိ သတင်းဌာန)

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top