ရန်ကင်းမြို့ နယ် Sedona Hotel အနီး အသင့်ဆောက်ပြီး စိမ်းလဲ့အောင်ကွန်ဒိုအရောင်းပြပွဲ
×









# Unicode Version ဖြင့်ဖတ်ရန် #
ကားသမားတွေနဲ့ ဖြတ်သွားဖြတ်လာတွေကတော့ လမ်းပေါ်မှာပဲ ငုတ်တုပ်မေ့သွားကြပါတယ် ။ လမ်းပေါ်မှာဦးဒဟို သွားလာနေကြတဲ့ လူတွေကို ဘယ်အရာကမှရပ်အောင် မတားနိုင်ကြပါဘူး… ။ ဒါပေမယ့် Billboard မှာ အပြာကားပြလိုက်တဲ့အချိန်မှာတော့ အလုပ်အရမ်းများနေတဲ့သူတွေတောင် ပါးစပ်အဟောင်းသားနဲ့ ငုတ်တုပ်မေ့သွားကြပါတယ် ။

Makati မြို့မှာနေထိုင်တဲ့ Mulong Sermonia ဆိုတဲ့တစ်ယောက်ဟာ နေ့လည် ၂ နာရီလောက်မှာ ကားပေါ်မှာထိုင်နေရင်း Billboard မှာ အပြာကားပြနေတာ တွေ့လိုက်ရတော့ လန့်ဖြန့်သွားခဲ့ပါတယ် ။

ပထမတော့သူ့မျက်လုံး တောင်သူမယုံနိုင်ခဲ့ဘူး ။နောက်တော့သူ ဖုန်းထုတ်ပြီးတော့ ဒီအဖြစ်အပျက်ကိုမှတ်တမ်းတင်ထားခဲ့တယ် ။ အမျိုးသားတစ်ယောက်က အမျိုးသမီးပေါ်တက်ပြီးတော့ ကိစ္စတွေလုပ်ဆောင်နေတဲ့အခိုက်အတန့်ကိုပြသနေခဲ့တာပါ ။ အမျိုးသားမျက်နှာဟာ ကာနေတဲ့အတွက်ဘယ်သူမှန်းတော့ သေချာမသိရပါဘူး ။

သူနဲ့သူ့အဖော်တွေဟာ ဒါတွေကိုကြည့်ပြီးရယ်နေခဲ့မိတယ်လို့ Sermonia က Inquirer.net မှာရေးသားထားပါတယ် ။
ဖြတ်သွားဖြတ်လာတွေရော တခြားကားသမားတွေပါ ဒါကိုမြင်ကြတယ်လို့လည်းရေးသားထားပါတယ် ။

“ကျွန်တော်တို့ဒါကိုကြည့်ပြီးရယ်နေကြတာပါ
တစ်ချို့ ဆိုင်ကယ်သမားတွေတောင်မှ ရပ်ပြီးကြောင်နေကြပါတယ်
အမျိုးသမီးတစ်ယောက်ဆိုရင် ငေးပြီးတော့ ရပ်နေခဲ့တာ…
တခြားကားသမားတွေရောပဲ…L300 မောင်းနေတဲ့ကားသမားတစ်ယောက်တောင်ပါသေးတယ်”

Globaltronics ကတော့ ဒီ Billboard ကိုပိတ်ချဖို့အမိန့်ပေးခဲ့ပါတယ် ။ နောက်ပြီး Makiati မြို့ရဲတပ်ဖွဲ့ဆီလည်းတိုင်ကြားခဲ့ပါသေးတယ် ။ ကုမ္ပဏ္ဍီကတော့ Malware တိုက်ခိုက်မှုကြောင့် မတော်တဆဖြစ်ရပ်တစ်ခုသွားခဲ့တာဖြစ်တယ်လို့ ပြေကြားခဲ့ပါတယ် ။

“ကုမ္ပဏ္ဍီ က ကတော့ တရားမျှတမှုအတွက်အစိုးရနဲ့ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ပြီး
Globaltronics အပါအဝင်အခြား ဒစ်ဂျစ်တယ်မီဒီယာအားလုံးအတွက် Malware တိုက်ခိုက်မှုရဲ့တရားခံ ကိုရှာဖွေသွားမှာဖြစ်ပါတယ်”

“ကျွန်တော်တို့ Makati ရဲဌာနမှာ အမှု လည်းဖွင့်ထားပြီးပါပြီ
ပြီးတော့ ဖိလစ်ပိုင်နိုင်ငံ ဆိုက်ဘာ ရဲတပ်ဖွဲ့ဆီမှာလည်းအမှုဖွင့်ပြီးတော့ ဒီဖောက်ထွင်းသူတွေကို ရှာဖွေပြီးတရားမျှတမှုကိုရယူသွားမှာပါ” လို့ Globaltronics ကပြောကြားခဲ့ပါတယ် ။

ဖိုးသူတော် (www.phothutaw.com)
Credit: Min Thu (Daily Hot News)
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top