ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ၿပီးခဲ့တဲ့ရက္ပိုင္းက ေတာင္ကိုရီးယားဆိုးလ္ၿမိဳ႕ရွိ အမ်ိဳးသားသိပၸံနဲ႔နည္းပညာ တကၠ သိုလ္ (Seoul National University of Science and Technology)မွာ က်င္းပခဲ့တဲ့ ေဖ်ာ္ေျဖပြဲမွာ ယခင္ Wonder Girls အဖြဲ႕ဝင္ Hyunaဟာ သူ႔ရဲ႕ နာမည္ႀကီး သီခ်င္းေတြနဲ႔အမုန္းဆြဲဝုန္းဒိုင္းႀကဲေဖ်ာ္ေျဖသြားခဲ့တာေၾကာင့္ ပရိသတ္ေတြ ဝက္ဝက္ကြဲအားေပး ခဲ့ၾကပါတယ္။

နာမည္ႀကီး Hit songေတြျဖစ္တဲ့ “Bae Bae”, “Red”, “How’s This?” နဲ႔ “Lip & Hip”တို႔ေဖ်ာ္ေျဖ သီဆိုသြားခဲ့ တာဟာဆိုရင္ နာမည္ေက်ာ္ ေရသူမဇာတ္ကား “Siren”ထဲက ေရသူမတစ္ေကာင္လို ညိႇဳ႕ဓာတ္အျပည့္နဲ႔ ကျပေဖ်ာ္ေျဖသြားတယ္လို႔ သတင္းေတြကေဖာ္ျပခဲ့ၾကပါတယ္။

အခုတစ္ေခါက္သူမရဲ႕ကကြက္ေတြ၊ ပါေဖာမန္႔ေတြဟာ ေနာက္ဆံုးတစ္ေခါက္ ေဖ်ာ္ ေျဖခဲ့တာေတြ နဲ႔လံုးဝကြဲထြက္ၿပီး ဆက္ဆီက်လြန္းတာေၾကာင့္ အားေပးတဲ့ပရိသတ္ ေတြ ရွိသလို မႏွစ္ၿမိဳ႕တဲ့ပရိ သတ္ေတြလည္းရွိခဲ့ပါတယ္။

အေပၚပိုင္း ဘရာပံုစံ crop-topအက်ီ ၤကိုဝတ္ဆင္ၿပီး Hyunaရဲ႕ လိင္အသားေပးကိုယ္ ေနဟန္ထားနဲ႔ ဆက္ဆီက် လြန္းတဲ့ ကကြက္ေတြဟာ ကိုရီးယားလူ႔အဖြဲ႕အစညး္မွာ ေတာ့ “ယိုသူမရွက္၊ ျမင္သူရွက္” ဆိုသလို သိကၡာမဲ့တဲ့ ပါေဖာမန္႔ေတြအျဖစ္ ႏွာေခါင္း ရံႈ႕ စရာျဖစ္ခဲ့ပါတယ္။

“အားလံုးက အေနာက္တိုင္းယဥ္ေက်းမႈနဲ႔ ပြင့္လင္းလြတ္လပ္မႈ ကိုေျပာေနၾကတယ္ ဆိုတာသိပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ္တို႔ႏိုင္ငံဟာ ကိုရီးယားႏုိင္ငံပါ။ သူမရဲ႕ဝတ္စား ဆင္ ယင္ မႈေတြက အေနာက္တိုင္းဆန္ လြန္းတယ္”လို႔ ပရိသတ္တစ္ဦးကျပစ္တင္ရံႈ႕ ခ်ခဲ့ပါတယ္။

ဒါ့အျပင္ Hyunaရဲ႕ ရင္သားလႈပ္အကေတြနဲ႔ ရင္သားကိုမၾကာခဏကိုင္ေနတာေတြက ျမင္ရတဲ့ပရိ သတ္ေတြအတြက္ အျမင္မတင့္တယ္သလို မသက္မသာျဖစ္ခဲ့ရတယ္လို႔ လည္းဆိုပါတယ္။

သူမက အရမ္းလွတဲ့သူပါ။ ဒါေပမဲ့ သူမဘာေၾကာင့္ ရင္သားကိုဆုပ္ကိုင္ၿပီး၊ လႈပ္လႈပ္က သလဲဆိုတာ ကိုေတာ့ ေတာ္ေတာ္ေလးအံ့ၾသမိတယ္။ သူမသာ ဒီလိုအရွက္သိကၡာမဲ့ တဲ့အျပဳအမူေတြမလုပ္ရင္ ဒီထက္ပိုၿပီးေအာင္ျမင္ေန မွာပါ။ အခုေတာ့ေတာ္ေတာ္ ေလးမသက္ မ သာျဖစ္ေစတယ္ လို႔လည္း Fanအခ်ိဳ႕ကေဝဖန္ျပစ္တင္ခဲ့ၾကပါတယ္။

ဒါေပမဲ့လည္း Fan နဲ႔ Anti-fanေတြၾကားမွာ အၿမဲတမ္း ဂယက္ထေလ့ရွိတဲ့ ေကေပါ့ပ္ ေတြ ရဲ႕ထံုးစံ အတိုင္း အခုလို Hyunaရဲ႕ ဆက္ဆီက်လြန္းတဲ့ ကကြက္ေတြ၊ အလြန္အ မင္း အေနာက္တိုင္းဆန္လြန္းတဲ့ ပါေဖာမန္႔ေတြကို သေဘာ က်ႏွစ္ၿခိဳက္တဲ့ ပရိသတ္ ေတြကလည္း Hyunaဘက္ကေနအခုလို ျပန္ လည္ေခ်ပထားပါတယ္။

“သူမက အ့ံအားသင့္စရာမိန္းမလွေလးပဲ၊ ကၽြန္မမွာသာသူ႔လိုခႏၶာကိုယ္လွလွေလး ပိုင္ဆိုင္ထားရင္ ကၽြန္မလည္း သူ႔လိုကမိမွာပဲ”လို႔ဆိုပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ Hyunaကေတာ့ ေကေပါ့ပ္ရဲ႕ ညိႇဳ႕ဓာတ္ျပင္းတဲ့ဘုရင္မတစ္ပါးအျဖစ္ မွတ္တမ္း တင္ခံလိုက္ရပါေတာ့တယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform
# Unicode Version ျဖင့္ ဖတ္ပါ #
ပြီးခဲ့တဲ့ရက်ပိုင်းက တောင်ကိုရီးယားဆိုးလ်မြို့ရှိ အမျိုးသားသိပ္ပံနဲ့နည်းပညာ တက္က သိုလ် (Seoul National University of Science and Technology)မှာ ကျင်းပခဲ့တဲ့ ဖျော်ဖြေပွဲမှာ ယခင် Wonder Girls အဖွဲ့ဝင် Hyunaဟာ သူ့ရဲ့ နာမည်ကြီး သီချင်းတွေနဲ့အမုန်းဆွဲဝုန်းဒိုင်းကြဲဖျော်ဖြေသွားခဲ့တာကြောင့် ပရိသတ်တွေ ဝက်ဝက်ကွဲအားပေး ခဲ့ကြပါတယ်။

နာမည်ကြီး Hit songတွေဖြစ်တဲ့ “Bae Bae”, “Red”, “How’s This?” နဲ့ “Lip & Hip”တို့ဖျော်ဖြေ သီဆိုသွားခဲ့ တာဟာဆိုရင် နာမည်ကျော် ရေသူမဇာတ်ကား “Siren”ထဲက ရေသူမတစ်ကောင်လို ညှို့ဓာတ်အပြည့်နဲ့ ကပြဖျော်ဖြေသွားတယ်လို့ သတင်းတွေကဖော်ပြခဲ့ကြပါတယ်။

အခုတစ်ခေါက်သူမရဲ့ကကွက်တွေ၊ ပါဖောမန့်တွေဟာ နောက်ဆုံးတစ်ခေါက် ဖျော် ဖြေခဲ့တာတွေ နဲ့လုံးဝကွဲထွက်ပြီး ဆက်ဆီကျလွန်းတာကြောင့် အားပေးတဲ့ပရိသတ် တွေ ရှိသလို မနှစ်မြို့တဲ့ပရိ သတ်တွေလည်းရှိခဲ့ပါတယ်။

အပေါ်ပိုင်း ဘရာပုံစံ crop-topအကျီ ၤကိုဝတ်ဆင်ပြီး Hyunaရဲ့ လိင်အသားပေးကိုယ် နေဟန်ထားနဲ့ ဆက်ဆီကျ လွန်းတဲ့ ကကွက်တွေဟာ ကိုရီးယားလူ့အဖွဲ့အစည်းမှာ တော့ “ယိုသူမရှက်၊ မြင်သူရှက်” ဆိုသလို သိက္ခာမဲ့တဲ့ ပါဖောမန့်တွေအဖြစ် နှာခေါင်း ရှုံ့ စရာဖြစ်ခဲ့ပါတယ်။

“အားလုံးက အနောက်တိုင်းယဉ်ကျေးမှုနဲ့ ပွင့်လင်းလွတ်လပ်မှု ကိုပြောနေကြတယ် ဆိုတာသိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံဟာ ကိုရီးယားနိုင်ငံပါ။ သူမရဲ့ဝတ်စား ဆင် ယင် မှုတွေက အနောက်တိုင်းဆန် လွန်းတယ်”လို့ ပရိသတ်တစ်ဦးကပြစ်တင်ရှုံ့ ချခဲ့ပါတယ်။

ဒါ့အပြင် Hyunaရဲ့ ရင်သားလှုပ်အကတွေနဲ့ ရင်သားကိုမကြာခဏကိုင်နေတာတွေက မြင်ရတဲ့ပရိ သတ်တွေအတွက် အမြင်မတင့်တယ်သလို မသက်မသာဖြစ်ခဲ့ရတယ်လို့ လည်းဆိုပါတယ်။

သူမက အရမ်းလှတဲ့သူပါ။ ဒါပေမဲ့ သူမဘာကြောင့် ရင်သားကိုဆုပ်ကိုင်ပြီး၊ လှုပ်လှုပ်က သလဲဆိုတာ ကိုတော့ တော်တော်လေးအံ့သြမိတယ်။ သူမသာ ဒီလိုအရှက်သိက္ခာမဲ့ တဲ့အပြုအမူတွေမလုပ်ရင် ဒီထက်ပိုပြီးအောင်မြင်နေ မှာပါ။ အခုတော့တော်တော် လေးမသက် မ သာဖြစ်စေတယ် လို့လည်း Fanအချို့ကဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။

ဒါပေမဲ့လည်း Fan နဲ့ Anti-fanတွေကြားမှာ အမြဲတမ်း ဂယက်ထလေ့ရှိတဲ့ ကေပေါ့ပ် တွေ ရဲ့ထုံးစံ အတိုင်း အခုလို Hyunaရဲ့ ဆက်ဆီကျလွန်းတဲ့ ကကွက်တွေ၊ အလွန်အ မင်း အနောက်တိုင်းဆန်လွန်းတဲ့ ပါဖောမန့်တွေကို သဘော ကျနှစ်ခြိုက်တဲ့ ပရိသတ် တွေကလည်း Hyunaဘက်ကနေအခုလို ပြန် လည်ချေပထားပါတယ်။

“သူမက အံ့အားသင့်စရာမိန်းမလှလေးပဲ၊ ကျွန်မမှာသာသူ့လိုခန္ဓာကိုယ်လှလှလေး ပိုင်ဆိုင်ထားရင် ကျွန်မလည်း သူ့လိုကမိမှာပဲ”လို့ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် Hyunaကတော့ ကေပေါ့ပ်ရဲ့ ညှို့ဓာတ်ပြင်းတဲ့ဘုရင်မတစ်ပါးအဖြစ် မှတ်တမ်း တင်ခံလိုက်ရပါတော့တယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top