ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

The Cronies Bar စားေသာက္ဆုိင္မွာ ညသန္းေခါင္ လူမရွိေတာ့တဲ့အခ်ိန္ေတြဆုိ ထုိင္ခုံေတြ၊ မီးဆုိင္းေတြ ၊ တံခါးေတြလႈပ္ေနတာေတြကို CCTV ကင္မရာကေန ေတြ႕ရပါတယ္။ The Cronies Bar ရဲ႕ Facebook page မွာလည္း ဗီဒီယုိဖုိင္တင္ထားၿပီး လူတစ္ေယာက္မွ မရွိေတာ့တဲ့အခ်ိန္ဆုိရင္ ခုံေတြေရြ႕ေနတာကိုလည္း ေတြ႕ရမွာျဖစ္ပါတယ္။

The Cronies Bar ရဲ႕ Co-owner ျဖစ္သူ Dave Foldes က ဒီဗီဒီယုိဖုိင္က လုပ္ႀကံဖန္တီးထားတာ မဟုတ္ပါဘူး။ တကယ္ကို ျဖစ္ခဲ့တဲ့ ဗီဒီယုိဖုိင္ပါလုိ႔ ေျပာခဲ့ပါတယ္။ သူက ကယ္လီဖုိးနီးယားျပည္နယ္၊ Ventura မွာရွိတဲ့ The Cronies Bar မွာ သရဲရွိႏုိင္တယ္ဆုိတာကို ယုံတယ္။ ျဖစ္ခဲ့တာေတြကလည္း ေၾကာက္ဖုိ႔ေတာင္ေကာင္းပါတယ္လုိ႔ ဆုိခဲ့ပါတယ္။ ဒီ Bar ကုိ ဖြင့္ခဲ့တဲ့ (၂၇)ႏွစ္လုံးလုံးမွာ ဒီလုိအေျခာက္ခံရတာ ပထမဆုံးပါပဲလုိ႕လည္းေျပာခဲ့ပါတယ္။Bar ရဲ႕နံရံမွာဆုိရင္ ေသသြားၿပီျဖစ္တဲ့ ၀န္ထမ္းေတြနဲ႕ စားသုံးသူေတြရဲ႕ ဓာတ္ပုံေတြကို ခ်ိတ္ထားပါတယ္။

Canterbury မွာရွိတဲ့ Tyler’s Inn မွာဆုိရင္လည္း ျဖစ္ရပ္ဆန္းေတြကိုႀကံဳေတြ႕ေနရပါတယ္။ Tyler’s Inn မွာ CCTV နဲ႕အတူ အရိပ္ဆင္ဆာကိုပါတပ္ထားတာျဖစ္ပါတယ္။ ဗီဒီယုိဖုိင္အရေတာ့ ဒီစားေသာက္ဆုိင္ရဲ႕ အတြင္းနဲ႕အျပင္မွာပါ သူ႕အလုိလုိပစၥည္းေတြ ေရြ႕သြားတာကို ေတြ႕ရမွာပါ။ ေနာက္ၿပီး အရိပ္ျဖတ္သြားတာနဲ႔ ဆင္ဆာက အသံထျမည္ပါတယ္။

ဒီစားေသာက္ဆုိင္ရဲ႕၀န္ထမ္းေတြကလည္း အရိပ္ေတြျမင္တယ္၊ ဖန္ခြက္ေတြ ေလေပၚတတ္သြားတယ္၊ မီးေတြကလည္း သူ႔အလုိလုိပြင့္လာတယ္လုိ႔ ဆုိခဲ့ပါတယ္။ Tyler’s Inn ရဲ႕ပုိင္ရွင္ Alllister Collins က ၾသဂုတ္လ (၄)ရက္ေန႔ကစၿပီး (၂)လတိတိ ဒီအျဖစ္အပ်က္ဆန္းႀကီးကို CCTV ကေန ေစာင့္ၾကည့္ေနခဲ့တာပဲျဖစ္ပါတယ္။ ေစာင့္ၾကည့္ခဲ့တဲ့ (၂)လလုံး ညဘက္ေတြမွာဆုိ ထူးဆန္းတာေတြျဖစ္ေနတာကိုေတြ႕ခဲ့ရတယ္လို႕ mirror သတင္းစာမ်က္ႏွာမွာ ေဖာ္ျပထားပါတယ္။

ဗီဒီယုိကုိ ဒီလင့္မွာျကည့္လုိ ့ရပါတယ္ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Original Uploader
# Unicode Version ျဖင့္ ဖတ္ပါ #
The Cronies Bar စားသောက်ဆိုင်မှာ ညသန်းခေါင် လူမရှိတော့တဲ့အချိန်တွေဆို ထိုင်ခုံတွေ၊ မီးဆိုင်းတွေ ၊ တံခါးတွေလှုပ်နေတာတွေကို CCTV ကင်မရာကနေ တွေ့ရပါတယ်။ The Cronies Bar ရဲ့ Facebook page မှာလည်း ဗီဒီယိုဖိုင်တင်ထားပြီး လူတစ်ယောက်မှ မရှိတော့တဲ့အချိန်ဆိုရင် ခုံတွေရွေ့နေတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

The Cronies Bar ရဲ့ Co-owner ဖြစ်သူ Dave Foldes က ဒီဗီဒီယိုဖိုင်က လုပ်ကြံဖန်တီးထားတာ မဟုတ်ပါဘူး။ တကယ်ကို ဖြစ်ခဲ့တဲ့ ဗီဒီယိုဖိုင်ပါလို့ ပြောခဲ့ပါတယ်။ သူက ကယ်လီဖိုးနီးယားပြည်နယ်၊ Ventura မှာရှိတဲ့ The Cronies Bar မှာ သရဲရှိနိုင်တယ်ဆိုတာကို ယုံတယ်။ ဖြစ်ခဲ့တာတွေကလည်း ကြောက်ဖို့တောင်ကောင်းပါတယ်လို့ ဆိုခဲ့ပါတယ်။ ဒီ Bar ကို ဖွင့်ခဲ့တဲ့ (၂၇)နှစ်လုံးလုံးမှာ ဒီလိုအခြောက်ခံရတာ ပထမဆုံးပါပဲလို့လည်းပြောခဲ့ပါတယ်။Bar ရဲ့နံရံမှာဆိုရင် သေသွားပြီဖြစ်တဲ့ ဝန်ထမ်းတွေနဲ့ စားသုံးသူတွေရဲ့ ဓာတ်ပုံတွေကို ချိတ်ထားပါတယ်။

Canterbury မှာရှိတဲ့ Tyler’s Inn မှာဆိုရင်လည်း ဖြစ်ရပ်ဆန်းတွေကိုကြုံတွေ့နေရပါတယ်။ Tyler’s Inn မှာ CCTV နဲ့အတူ အရိပ်ဆင်ဆာကိုပါတပ်ထားတာဖြစ်ပါတယ်။ ဗီဒီယိုဖိုင်အရတော့ ဒီစားသောက်ဆိုင်ရဲ့ အတွင်းနဲ့အပြင်မှာပါ သူ့အလိုလိုပစ္စည်းတွေ ရွေ့သွားတာကို တွေ့ရမှာပါ။ နောက်ပြီး အရိပ်ဖြတ်သွားတာနဲ့ ဆင်ဆာက အသံထမြည်ပါတယ်။

ဒီစားသောက်ဆိုင်ရဲ့ဝန်ထမ်းတွေကလည်း အရိပ်တွေမြင်တယ်၊ ဖန်ခွက်တွေ လေပေါ်တတ်သွားတယ်၊ မီးတွေကလည်း သူ့အလိုလိုပွင့်လာတယ်လို့ ဆိုခဲ့ပါတယ်။ Tyler’s Inn ရဲ့ပိုင်ရှင် Alllister Collins က သြဂုတ်လ (၄)ရက်နေ့ကစပြီး (၂)လတိတိ ဒီအဖြစ်အပျက်ဆန်းကြီးကို CCTV ကနေ စောင့်ကြည့်နေခဲ့တာပဲဖြစ်ပါတယ်။ စောင့်ကြည့်ခဲ့တဲ့ (၂)လလုံး ညဘက်တွေမှာဆို ထူးဆန်းတာတွေဖြစ်နေတာကိုတွေ့ခဲ့ရတယ်လို့ mirror သတင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဗီဒီယိုကို ဒီလင့်မှာကြည့်လို့ရပါတယ် ။

ဖိုးသူတော် (www.phothutaw.com)
Credit: Original Uploader
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top