×

အဆိုေတာ္လည္းျဖစ္ ႐ုပ္ရွင္မင္းသမီးလည္းျဖစ္တဲ့ အသက္ ၂၂ ႏွစ္အရြယ္ ဘတ္သနီ မာရီယာ ဘီးလပ္စ္(Bethany-Maria Beales)ဟာ ေမလ ၂၆ ရက္ေန႔က လန္ဒန္ၿမိဳ႕ရဲ့ အျမင့္ဆုံး အေဆာက္အဦ တစ္ခုျဖစ္တဲ့ ဟာရြန္အေဆာက္အဦ ၁၃ လႊာကေန ျပဳတ္က်ၿပီး ေသဆုံးခဲ့ပါတယ္။
ဒီအမွုေၾကာင့္ လန္ဒန္က ရဲေတြ အေတာ္ေလးေခါင္းစားေနၾကပါတယ္။

သူမဟာ အဲဒီေန႔ညပိုင္းက သူငယ္ခ်င္းေတြနဲ႔အတူ အျပင္ထြက္လည္ခဲ့ပါေသးတယ္။ သူမ ျပဳတ္က်ေသဆုံးခဲ့ၿပီး ေနာက္ႏွစ္ရက္အၾကာမွာ အသက္ ၃၈ ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးနဲ႔ အမ်ိဳးသမီးတစ္ဦးကို လန္ဒန္ရဲအဖြဲ႕က လူသတ္မွု သံသယတရားခံအျဖစ္နဲ႔ ဖမ္းဆီးခဲ့ပါတယ္။
ဒါေပမယ့္ ေနာက္ပိုင္းမွာေတာ့ အာမခံနဲ႔ ျပန္လႊတ္ေပးခဲ့ပါတယ္။

စုံေထာက္ေတြအေနနဲ႔ ဘီးလပ္စ္ ေသဆုံးမွုဟာ သတ္ခံရတာျဖစ္နိုင္တယ္လို႔ သံသယဝင္ၿပီး ဆက္လက္စုံစမ္းေနဆဲျဖစ္ပါတယ္။ သူမဟာ အထပ္ျမင့္က ျပဳတ္က်ခဲ့ၿပီး ၆ လႊာရဲ့ မွန္သားမ်က္ႏွာက်က္ေပၚမွာ တင္ေနခဲ့တာျဖစ္ပါတယ္။

သူမရဲ့ ေသဆုံးမွုဟာ လ်ိဳဝွက္ဆန္းၾကယ္မွုေတြနဲ႔ ျပည့္ေနခဲ့ၿပီး ဟာရြန္အေဆာက္အဦမွာ သူမက ဘာလာလုပ္တာလဲဆိုတာ စဥ္းစားစရာျဖစ္ေနပါတယ္။ ဟာရြန္အေဆာက္အဦဟာ ခမ္းနားတဲ့ လူေနအိမ္ခန္း ေပါင္ ၁၀ သန္းတန္ သီးသန႔္ကလပ္တို႔ရွိရာေနရာျဖစ္ပါတယ္။

 ေသဆုံးခဲ့သူ ဘတ္သနီ မာရီယာ ဘီးလပ္စ္ ဟာ ၿပီးခဲ့တဲ့ ေႏြရာသီကမွ ဒရာမာအထူးျပဳဘာသာရပ္နဲ႔ ရိုဟမ္တန္တကၠသိုလ္ကေန ဘြဲ႕ရထားတာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: popolay
# Unicode Version ျဖင့္ ဖတ္ပါ #
 အဆိုတော်လည်းဖြစ် ရုပ်ရှင်မင်းသမီးလည်းဖြစ်တဲ့ အသက် ၂၂ နှစ်အရွယ် ဘတ်သနီ မာရီယာ ဘီးလပ်စ်(Bethany-Maria Beales)ဟာ မေလ ၂၆ ရက်နေ့က လန်ဒန်မြို့ရဲ့ အမြင့်ဆုံး အဆောက်အဦ တစ်ခုဖြစ်တဲ့ ဟာရွန်အဆောက်အဦ ၁၃ လွှာကနေ ပြုတ်ကျပြီး သေဆုံးခဲ့ပါတယ်။
ဒီအမှုကြောင့် လန်ဒန်က ရဲတွေ အတော်လေးခေါင်းစားနေကြပါတယ်။

သူမဟာ အဲဒီနေ့ညပိုင်းက သူငယ်ချင်းတွေနဲ့အတူ အပြင်ထွက်လည်ခဲ့ပါသေးတယ်။ သူမ ပြုတ်ကျသေဆုံးခဲ့ပြီး နောက်နှစ်ရက်အကြာမှာ အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို လန်ဒန်ရဲအဖွဲ့က လူသတ်မှု သံသယတရားခံအဖြစ်နဲ့ ဖမ်းဆီးခဲ့ပါတယ်။
ဒါပေမယ့် နောက်ပိုင်းမှာတော့ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။

စုံထောက်တွေအနေနဲ့ ဘီးလပ်စ် သေဆုံးမှုဟာ သတ်ခံရတာဖြစ်နိုင်တယ်လို့ သံသယဝင်ပြီး ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ သူမဟာ အထပ်မြင့်က ပြုတ်ကျခဲ့ပြီး ၆ လွှာရဲ့ မှန်သားမျက်နှာကျက်ပေါ်မှာ တင်နေခဲ့တာဖြစ်ပါတယ်။

သူမရဲ့ သေဆုံးမှုဟာ လျိုဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နေခဲ့ပြီး ဟာရွန်အဆောက်အဦမှာ သူမက ဘာလာလုပ်တာလဲဆိုတာ စဉ်းစားစရာဖြစ်နေပါတယ်။ ဟာရွန်အဆောက်အဦဟာ ခမ်းနားတဲ့ လူနေအိမ်ခန်း ပေါင် ၁၀ သန်းတန် သီးသန့်ကလပ်တို့ရှိရာနေရာဖြစ်ပါတယ်။

 သေဆုံးခဲ့သူ ဘတ်သနီ မာရီယာ ဘီးလပ်စ် ဟာ ပြီးခဲ့တဲ့ နွေရာသီကမှ ဒရာမာအထူးပြုဘာသာရပ်နဲ့ ရိုဟမ်တန်တက္ကသိုလ်ကနေ ဘွဲ့ရထားတာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top