iMyanmarHouse.com - Best Property Website for Myanmar
×

လူအမ်ားစုဟာ ေရးေႏြးထဲ အဆင္သင့္ ထည့္စားရံု လြယ္ကူတဲ့ ေခါက္ဆြဲေျခာက္ ထုပ္ေတြကို စားသံုးမႈ မ်ားၾကပါ တယ္။ ဒါေတြက ၾကာရွည္လည္း အ ထားခံတဲ့အတြက္ ေနာက္ပိုင္းမွာ တျဖည္း ျဖည္း ပိုမိုတြင္က်ယ္လာပါတယ္။ အဆင္သင့္ ေခါက္ဆြဲေျခာက္ထုပ္( Instant Noddle) ေတြကို ဂ်ပန္ကုမၸဏီ တစ္ခုက စတင္ထုတ္လုပ္ခဲ့တာျဖစ္ပါ တယ္။ အဆင္သင့္ ေခါက္ဆြဲေျခာက္ထုပ္ ေတြကို ေန႔စဥ္ စားေနတာဟာ က်န္းမာေရးကို အႏၱရာယ္ေပးႏိုင္ပါတယ္။ အေၾကာင္းကေတာ့ အာဟာရတန္ဖိုး နည္းပါးၿပီး ဆား(ဆိုဒီယမ္)၊ အဆီ၊ အခ်ိဳ မႈန္႔၊ အရသာ စတဲ့ အရာေတြ ပါဝင္မႈ မ်ားတာေၾကာင့္ပါ။

ဆား(ဆိုဒီယမ္) ပါဝင္မႈ မ်ားတာ ေၾကာင့္ အဆင္သင့္ ေခါက္ဆြဲေျခာက္ ထုပ္ေတြကို ေန႔တိုင္းစားရင္ ေသြးတိုးေရာ ဂါ ျဖစ္ေစႏိုင္ပါတယ္။ အဲဒီကတစ္ဆင့္ ႏွလံုးေရာဂါ၊ ေလျဖတ္တာနဲ႔ ေက်ာက္ ကပ္ထိခိုက္တာတို႔ ျဖစ္တတ္ပါတယ္။ အ ရြယ္ေရာက္သူနဲ႔ ေလးႏွစ္ေက်ာ္တဲ့ က ေလးေတြရဲ႕ တစ္ေန႔မွာ ဆိုဒီယမ္ စားႏိုင္ တဲ့ ပမာဏက ၁၅၀ဝ မီလီဂရမ္ျဖစ္ၿပီး ပ်မ္းမွ်အားျဖင့္ ေခါက္ဆြဲထုပ္တစ္ထုပ္ မွာ ပါဝင္တဲ့ ဆိုဒီယမ္က ၂၇၀ဝ မီလီဂ ရမ္ျဖစ္ပါတယ္။ ေခါက္ဆြဲ ေျခာက္ထုပ္မွာ ပါဝင္တဲ့ ဆီဟာ ခ်က္ျပဳတ္စားေသာက္နည္း မမွန္ ရင္ ကင္ဆာျဖစ္ေစႏိုင္ပါတယ္။ အခ်ိဳမႈန္႔ (Flavour) ပါဝင္တာေၾကာင့္ ေသြးတိုးေရာ ဂါနဲ႔ တျခားေရာဂါေဝဒနာေတြကို ျဖစ္ေစ ႏိုင္ပါတယ္။

အရသာ (Junk Food ) အျဖစ္ အမဲ သားအနံ႔၊ ပင္လယ္စာအနံ႔ စတာေတြကို ထည့္သြင္းထားကာ ထုတ္လုပ္တဲ့ ကုမၸဏီ ေပၚမူတည္ၿပီး အမ်ိဳးအစား မတူေပမယ့္ အမ်ားအားျဖင့္ အႏၱရာယ္ရွိပါတယ္။ ေခါက္ဆြဲထုပ္ကို အမ်ားႀကီး စား ရင္ အစာမေၾကျဖစ္တတ္ပါတယ္။ ေခါက္ ဆြဲထုပ္ကို အဆင္သင့္အစာ (Junk Food) အျဖစ္ က်န္းမာေရးနဲ႔ မညီၫြတ္ တဲ့ အစာလို႔ ေဝဖန္ၾကပါတယ္။ ေခါက္ ဆြဲထုပ္တစ္ထုပ္မွာ ကာဗိုဟိုက္ဒရိတ္နဲ႔ အဆီပါဝင္မႈ မ်ားေပမယ့္ အမွ်င္ဓာတ္၊ ဗီတာမင္နဲ႔ သတၲဳဓာတ္ေတြ ပါဝင္မႈက ေလ်ာ့နည္းပါတယ္။

ေခါက္ဆြဲထုပ္ကို အႏၱရာယ္ကင္းေအာင္ ခ်က္ျပဳတ္စားေသာက္နည္း

ေခါက္ဆြဲထုပ္ကို ေဖာက္ၿပီး ေခါက္ ဆြဲေတြကို အရင္ဆံုး ေရေႏြးထဲ ထည့္ ျပဳတ္ပါ။ ၿပီးရင္ ေရကို သြန္ပစ္လိုက္ပါ။ ဒါဆိုရင္ ေခါက္ဆြဲေတြ မကပ္ၿငိေအာင္ ကာကြယ္ေပးတဲ့ ဖေယာင္း (Wax)ကြာ က်သြားပါ လိမ့္မယ္။ ၿပီးမွ ဟင္းအရည္နဲ႔ စားခ်င္ရင္ ေရေႏြး ထပ္ထည့္ရပါမယ္။ ေခါက္ဆြဲက်က္မွ ဆီ၊ ဆား စတဲ့ ပါဝင္တဲ့ အရသာအမႈန္႔ေတြကို ထည့္ေပးရမွာ ျဖစ္ ပါတယ္။ ဒီနည္းက လံုးဝ အႏၱရာယ္ကင္း တာေတာ့ မဟုတ္ပါဘူး။ အရင္က လူအ မ်ားစုဟာ ေရေႏြးျပဳတ္ထဲ ေခါက္ဆြဲနဲ႔ ပါဝင္တဲ့ ပစၥည္းေတြ အကုန္ထည့္ၿပီး ေခါက္ဆြဲက်က္ရင္ စားေလ့ရွိၾကပါတယ္။

ဒီနည္းနဲ႔ စာရင္ အခုေျပာျပတဲ့ ခ်က္ျပဳတ္ နည္းက အႏၱရာယ္ ပိုေလ်ာ့ပါးသြားတာ ျဖစ္ပါတယ္။ ေနာက္တစ္ခ်က္က လတ္ဆတ္တဲ့ ဟင္းသီးဟင္း၇ြက္ေတြ ထည့္ျပီး ျပဳတ္စားရင္ ေခါက္ဆြဲထုပ္မွာ ပါဝင္မႈ နည္းတဲ့ အမွ်င္ဓာတ္၊ ဗီတာမင္နဲ႔ သတၱဳဓာတ္ ေတြကို ရရွိေစႏိုင္တာေၾကာင့္ က်န္းမာ ေရးအတြက္ ေကာင္းပါတယ္။ အႏၱရာယ္ကင္းခ်င္ရင္ ေခါက္ဆြဲ ထုပ္ကို ေန႔တိုင္း မစားသင့္ပါဘူး။ တစ္ေန႔ သံုး-ေလးထုပ္စားတာကို ေရွာင္ရပါမယ္။ ႀကိဳက္လို႔ စားခ်င္ရင္ သံုးရက္ၾကာမွ တစ္ ထုပ္ေလာက္ပဲ စားပါလို႔ ေျပာခ်င္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေဒါက္တာဦးကိုကို
#Unicode Version#

လူအများစုဟာ ရေးနွေးထဲ အဆင်သင့် ထည့်စားရုံ လွယ်ကူတဲ့ ခေါက်ဆွဲခြောက် ထုပ်တွေကို စားသုံးမှု များကြပါ တယ်။ ဒါတွေက ကြာရှည်လည်း အ ထားခံတဲ့အတွက် နောက်ပိုင်းမှာ တဖြည်း ဖြည်း ပိုမိုတွင်ကျယ်လာပါတယ်။ အဆင်သင့် ခေါက်ဆွဲခြောက်ထုပ်( Instant Noddle) တွေကို ဂျပန်ကုမ္ပဏီ တစ်ခုက စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါ တယ်။ အဆင်သင့် ခေါက်ဆွဲခြောက်ထုပ် တွေကို နေ့စဉ် စားနေတာဟာ ကျန်းမာရေးကို အန္တရာယ်ပေးနိုင်ပါတယ်။ အကြောင်းကတော့ အာဟာရတန်ဖိုး နည်းပါးပြီး ဆား(ဆိုဒီယမ်)၊ အဆီ၊ အချို မှုန့်၊ အရသာ စတဲ့ အရာတွေ ပါဝင်မှု များတာကြောင့်ပါ။
READ  ေဖ့ဘုတ္တည္ေထာင္သူ မတ္ခ္ဇူကာဘတ္ရဲ႕ စိတ္၀င္စားစရာအခ်က္တခ်ဳိ႕

ဆား(ဆိုဒီယမ်) ပါဝင်မှု များတာ ကြောင့် အဆင်သင့် ခေါက်ဆွဲခြောက် ထုပ်တွေကို နေ့တိုင်းစားရင် သွေးတိုးရော ဂါ ဖြစ်စေနိုင်ပါတယ်။ အဲဒီကတစ်ဆင့် နှလုံးရောဂါ၊ လေဖြတ်တာနဲ့ ကျောက် ကပ်ထိခိုက်တာတို့ ဖြစ်တတ်ပါတယ်။ အ ရွယ်ရောက်သူနဲ့ လေးနှစ်ကျော်တဲ့ က လေးတွေရဲ့ တစ်နေ့မှာ ဆိုဒီယမ် စားနိုင် တဲ့ ပမာဏက ၁၅ဝဝ မီလီဂရမ်ဖြစ်ပြီး ပျမ်းမျှအားဖြင့် ခေါက်ဆွဲထုပ်တစ်ထုပ် မှာ ပါဝင်တဲ့ ဆိုဒီယမ်က ၂၇ဝဝ မီလီဂ ရမ်ဖြစ်ပါတယ်။ ခေါက်ဆွဲ ခြောက်ထုပ်မှာ ပါဝင်တဲ့ ဆီဟာ ချက်ပြုတ်စားသောက်နည်း မမှန် ရင် ကင်ဆာဖြစ်စေနိုင်ပါတယ်။ အချိုမှုန့် (Flavour) ပါဝင်တာကြောင့် သွေးတိုးရော ဂါနဲ့ တခြားရောဂါဝေဒနာတွေကို ဖြစ်စေ နိုင်ပါတယ်။

အရသာ (Junk Food ) အဖြစ် အမဲ သားအနံ့၊ ပင်လယ်စာအနံ့ စတာတွေကို ထည့်သွင်းထားကာ ထုတ်လုပ်တဲ့ ကုမ္ပဏီ ပေါ်မူတည်ပြီး အမျိုးအစား မတူပေမယ့် အများအားဖြင့် အန္တရာယ်ရှိပါတယ်။ ခေါက်ဆွဲထုပ်ကို အများကြီး စား ရင် အစာမကြေဖြစ်တတ်ပါတယ်။ ခေါက် ဆွဲထုပ်ကို အဆင်သင့်အစာ (Junk Food) အဖြစ် ကျန်းမာရေးနဲ့ မညီညွတ် တဲ့ အစာလို့ ဝေဖန်ကြပါတယ်။ ခေါက် ဆွဲထုပ်တစ်ထုပ်မှာ ကာဗိုဟိုက်ဒရိတ်နဲ့ အဆီပါဝင်မှု များပေမယ့် အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်မှုက လျော့နည်းပါတယ်။

ခေါက်ဆွဲထုပ်ကို အန္တရာယ်ကင်းအောင် ချက်ပြုတ်စားသောက်နည်း

ခေါက်ဆွဲထုပ်ကို ဖောက်ပြီး ခေါက် ဆွဲတွေကို အရင်ဆုံး ရေနွေးထဲ ထည့် ပြုတ်ပါ။ ပြီးရင် ရေကို သွန်ပစ်လိုက်ပါ။ ဒါဆိုရင် ခေါက်ဆွဲတွေ မကပ်ငြိအောင် ကာကွယ်ပေးတဲ့ ဖယောင်း (Wax)ကွာ ကျသွားပါ လိမ့်မယ်။ ပြီးမှ ဟင်းအရည်နဲ့ စားချင်ရင် ရေနွေး ထပ်ထည့်ရပါမယ်။ ခေါက်ဆွဲကျက်မှ ဆီ၊ ဆား စတဲ့ ပါဝင်တဲ့ အရသာအမှုန့်တွေကို ထည့်ပေးရမှာ ဖြစ် ပါတယ်။ ဒီနည်းက လုံးဝ အန္တရာယ်ကင်း တာတော့ မဟုတ်ပါဘူး။ အရင်က လူအ များစုဟာ ရေနွေးပြုတ်ထဲ ခေါက်ဆွဲနဲ့ ပါဝင်တဲ့ ပစ္စည်းတွေ အကုန်ထည့်ပြီး ခေါက်ဆွဲကျက်ရင် စားလေ့ရှိကြပါတယ်။

ဒီနည်းနဲ့ စာရင် အခုပြောပြတဲ့ ချက်ပြုတ် နည်းက အန္တရာယ် ပိုလျော့ပါးသွားတာ ဖြစ်ပါတယ်။ နောက်တစ်ချက်က လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ ထည့်ပြီး ပြုတ်စားရင် ခေါက်ဆွဲထုပ်မှာ ပါဝင်မှု နည်းတဲ့ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ် တွေကို ရရှိစေနိုင်တာကြောင့် ကျန်းမာ ရေးအတွက် ကောင်းပါတယ်။ အန္တရာယ်ကင်းချင်ရင် ခေါက်ဆွဲ ထုပ်ကို နေ့တိုင်း မစားသင့်ပါဘူး။ တစ်နေ့ သုံး-လေးထုပ်စားတာကို ရှောင်ရပါမယ်။ ကြိုက်လို့ စားချင်ရင် သုံးရက်ကြာမှ တစ် ထုပ်လောက်ပဲ စားပါလို့ ပြောချင်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: ဒေါက်တာဦးကိုကို
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top