×

ထိုင္းႏိုင္ငံက မူလတန္းေက်ာင္းတေက်ာင္းအနီးမွာ ဒိုင္ႏိုေဆာအ႐ုပ္ကိုစီးၿပီး ယာဥ္ေၾကာရွင္းလင္းေရး လုပ္ငန္းေတြ လုပ္ေနတဲ့ ယာဥ္ထိန္းရဲတဦးဟာ အင္တာနက္ လူမႈကြန္ရက္ စာမ်က္ႏွာေတြေပၚမွာ နာမည္ႀကီးေနပါတယ္။

ဒီအျဖစ္အပ်က္ဟာ ေမာင္ခ႐ုိင္၊ အႏူဘန္ နခြန္နာဟြတ္ခ္ မူလတန္းေက်ာင္းျပင္ပ လမ္းမေပၚမွာ ျဖစ္ခဲ့တာလို႔ ဘန္ေကာက္ပို႔စ္သတင္းတပုဒ္မွာ ဒီကေန႔ ေဖာ္ျပပါတယ္။

ရဲတပ္ၾကပ္ႀကီးတဦးျဖစ္တဲ့ တနစ္ဘူဆေဘာင္ဟာ အဲဒီေနရာမွာ တာဝန္က်ေနခဲ့တာ တႏွစ္ေလာက္ရွိေနခဲ့ၿပီျဖစ္ၿပီး ခုလိုပံုေတြ တက္လာခဲ့ၿပီးေနာက္မွာေတာ့ နာမည္ႀကီးေနခဲ့တာ ျဖစ္ပါတယ္။

ပံုေတြထဲမွာေတာ့ အစိမ္းေရာင္ ဒုိင္ႏိုေဆာတေကာင္ေပၚမွာ ယာဥ္ထိန္းရဲအရာရွိျဖစ္တဲ့ သူက စီးလ်က္သား အေျခအေနနဲ႔ ယာဥ္ေၾကာရွင္းလင္းေရး လုပ္ငန္းေတြကို လုပ္ေနခဲ့တာ ေတြ႔ရပါတယ္။

သူ႔ပံုကိုေတြ႔ရတဲ့ ကေလးေတြေရာ၊ မိဘေတြသာမက လမ္းသြားလမ္းလာေတြကလည္း သေဘာက်ေနၾကတာ ျဖစ္ပါတယ္။

“က်ေနာ္က ကေလးေတြကို ေက်ာင္းကိုသြားဖို႔ တြန္းအားျဖစ္ႏိုင္ပါတယ္။ က်ေနာ့္ အထက္အရာရွိကို ခုလိုလုပ္လို႔ရမလားလို႔ အရင္ေမးခဲ့တာပါ။ သူက က်ေနာ့္စိတ္ကူးကို လက္ခံတဲ့အတြက္ ခုလိုလုပ္ျဖစ္တာပါ။”

တင္နီနခြန္နေယာ့ခ္ အမည္နဲ႔ ေဖ့စ္ဘြတ္ခ္ အင္တာနက္စာမ်က္ႏွာေပၚကတဆင့္ သူ႔ရဲ႕ပံုေတြကို မွ်ေဝခဲ့ၿပီးေနာက္မွာ ေရပန္းစားလာခဲ့ပါတယ္။

“က်ေနာ္ ထပ္လုပ္ပါဦးမယ္။ လာမယ့္ ၾကာသပေတးေန႔မွာ ထပ္ဆံုပါမယ္။ ဗုဒၶဟူးေန႔ကေတာ့ က်ေနာ့္နားရက္ပါ။ က်ေနာ္နဲ႔ ဆယ္လ္ဖီလာ႐ုိက္ၾကပါဦး။ အားလံုးကို ေက်းဇူးတင္ပါတယ္။ က်ေနာ့္အလုပ္ကို က်ေနာ္ ျမတ္ႏုိးပါတယ္” လို႔ သူက ေဖ့စ္ဘြတ္ခ္ေပၚကတဆင့္ ေရးသားထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
# Unicode Version ျဖင့္ ဖတ္ပါ #
ထိုင်းနိုင်ငံက မူလတန်းကျောင်းတကျောင်းအနီးမှာ ဒိုင်နိုဆောအရုပ်ကိုစီးပြီး ယာဉ်ကြောရှင်းလင်းရေး လုပ်ငန်းတွေ လုပ်နေတဲ့ ယာဉ်ထိန်းရဲတဦးဟာ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ နာမည်ကြီးနေပါတယ်။

ဒီအဖြစ်အပျက်ဟာ မောင်ခရိုင်၊ အနူဘန် နခွန်နာဟွတ်ခ် မူလတန်းကျောင်းပြင်ပ လမ်းမပေါ်မှာ ဖြစ်ခဲ့တာလို့ ဘန်ကောက်ပို့စ်သတင်းတပုဒ်မှာ ဒီကနေ့ ဖော်ပြပါတယ်။

ရဲတပ်ကြပ်ကြီးတဦးဖြစ်တဲ့ တနစ်ဘူဆဘောင်ဟာ အဲဒီနေရာမှာ တာဝန်ကျနေခဲ့တာ တနှစ်လောက်ရှိနေခဲ့ပြီဖြစ်ပြီး ခုလိုပုံတွေ တက်လာခဲ့ပြီးနောက်မှာတော့ နာမည်ကြီးနေခဲ့တာ ဖြစ်ပါတယ်။

ပုံတွေထဲမှာတော့ အစိမ်းရောင် ဒိုင်နိုဆောတကောင်ပေါ်မှာ ယာဉ်ထိန်းရဲအရာရှိဖြစ်တဲ့ သူက စီးလျက်သား အခြေအနေနဲ့ ယာဉ်ကြောရှင်းလင်းရေး လုပ်ငန်းတွေကို လုပ်နေခဲ့တာ တွေ့ရပါတယ်။

သူ့ပုံကိုတွေ့ရတဲ့ ကလေးတွေရော၊ မိဘတွေသာမက လမ်းသွားလမ်းလာတွေကလည်း သဘောကျနေကြတာ ဖြစ်ပါတယ်။

“ကျနော်က ကလေးတွေကို ကျောင်းကိုသွားဖို့ တွန်းအားဖြစ်နိုင်ပါတယ်။ ကျနော့် အထက်အရာရှိကို ခုလိုလုပ်လို့ရမလားလို့ အရင်မေးခဲ့တာပါ။ သူက ကျနော့်စိတ်ကူးကို လက်ခံတဲ့အတွက် ခုလိုလုပ်ဖြစ်တာပါ။”

တင်နီနခွန်နယော့ခ် အမည်နဲ့ ဖေ့စ်ဘွတ်ခ် အင်တာနက်စာမျက်နှာပေါ်ကတဆင့် သူ့ရဲ့ပုံတွေကို မျှဝေခဲ့ပြီးနောက်မှာ ရေပန်းစားလာခဲ့ပါတယ်။

“ကျနော် ထပ်လုပ်ပါဦးမယ်။ လာမယ့် ကြာသပတေးနေ့မှာ ထပ်ဆုံပါမယ်။ ဗုဒ္ဓဟူးနေ့ကတော့ ကျနော့်နားရက်ပါ။ ကျနော်နဲ့ ဆယ်လ်ဖီလာရိုက်ကြပါဦး။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျနော့်အလုပ်ကို ကျနော် မြတ်နိုးပါတယ်” လို့ သူက ဖေ့စ်ဘွတ်ခ်ပေါ်ကတဆင့် ရေးသားထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top