မြန်မာတစ်နိုင်ငံလုံးမှာ Facility အများဆုံးပါတဲ့ ကမ္ဘာ့အဆင့်မီ Diamond Inya Palace ကွန်ဒို အထူးအရောင်းပြပွဲကြီး
×












# Unicode Version ဖြင့် ဖတ်ပါ #
ထိုင်းနိုင်ငံမှအမျိုးသားတစ်ယောက်ဟာ အပြာကားကြည့်ရင်း သူ့လိင်အင်္ဂါကို သူဓါးနဲ့လှီးခဲ့တဲ့အတွက်ဆေးရုံရောက်သွားခဲ့ပါတယ်

အသက် ၃၀ အရွယ် Whisanu Suisanao ဟာ အကြမ်းစားအပြာကားတွေကြည့်ရင်းနဲ့ အရမ်းကို စိတ်တွေသောင်းကျန်းလာခဲ့ပါတယ်
နောက်တော့ ကိုယ့်ကိုယ်ကိုနှိပ်စက်ပြီးအာသာဖြေချင်တဲ့ဆန္ဒပြင်းပြလာတဲ့အတွက် သူ့ငယ်ပါကို သူဓါးနဲ့လှီးခဲ့ပါတော့တယ်

ဒါတော့ဆေးရုံမရောက်ခင်အိမ်မှာတွေ့ရှိရတဲ့ပုံပါ

သူ့လိင်အင်္ဂါမှ သွေးတွေမထိန်းချုပ်နိုင်လောက်ထွက်လာတဲ့အခါမှာတော့ Whisanu ဟာထိတ်လန့်သွားပြီးတော့ သူ့ဟာကိုသူသွေးတိတ်အောင်လုပ်ရင်း ဆေးအကူတပ်ဖွဲ့ကိုလှမ်းခေါ်ခဲ့ပါတော့တယ်

ည ၁၀ နာရီ ၄၅ မိနစ်မှာ ဆရာဝန်တွေရောက်ရှိလာခဲ့တဲ့အချိန်မှာတော့ အခန်းထဲမှာ ကိုယ်တုံးလုံးနဲ့ထိုင်နေပြီးသွေးတွေထွက်နေတဲ့သူ့အင်္ဂါကို ကိုင်ထားတဲ့ Whisanu ကိုတွေ့ရပါတော့တယ်

သူက အပြာကားကြည့်နေတာဖြစ်ပြီး သူ့ကိုယ်သူလှီးမိအောင်လုပ်တဲ့ဗီဒီယိုကိုအပြစ်တင်နေခဲ့ပါတယ်
ဓါတ်ပုံရိုက်ယူနေတဲ့ ဆေးအကူတစ်ယောက်ကတော့..
“ဒီလူဟာ ဆေးကုသဖို့တောင်ငြင်းဆန်နေသေးတယ်…ငါအပြာကားကြည့်နေတယ် ငါအပြာကားကြည့်နေတယ်လို့ အော်နေတယ်” လို့ပြောပါတယ်

သွေးတွေမထိန်းနိုင်အောင်ထွက်လာခဲ့တဲ့အတွက် ကြောက်လန့်ပြီး ဆေးအကူတပ်ဖွဲ့ကိုခေါ်လိုက်ရတာပါ
ဒီပုံထဲကလူကတော့ Whisanu Suisanao ပါပဲ

ဒါကတော့ ည ၁၀ နာရီ ၄၅ မိနစ်မှာဆရာဝန်တွေရောက်သွားခဲ့တဲ့ ဘန်ကောက်…Nong Chok ရပ်ကွက်က သူ့ရဲ့နေအိမ်ပါ

“သူ့ကိုအရမ်းစိတ်သောင်းကျန်းအောင်လုပ်ခဲ့တဲ့ ဗီဒီယိုကိုအပြစ်တင်နေတယ်..
ကျန်တာတွေတော့ ဘာမှမပြောဘူး
သူ့ကို ဆေးတွေဘာတွေထည့်ပေးပြီးတဲ့နောက် ဆေးရုံကိုခေါ်သွားခဲ့ပါတယ် ” လို့ဆေးတပ်သားတစ်ယောက်ကပြောပါတယ်

အင်္ဂါနေ့ညမှာတော့ Whisanu ဟာပြန်လည်ကောင်းမွန်သွားပြီဖြစ်ပြီး အမာရွတ်လေးပဲကျန်ခဲ့တဲ့အကြောင်းကို Navamin 9 ဆေးရုံအပြောအရသိရပါတယ်

ကိုယ့်ကိုယ်ကိုလှီးပစ်လိုက်တဲ့ Whisanu ကိုဆေးရုံခေါ်သွားပုံ..

ဖိုးသူတော် (www.phothutaw.com)
Credit:  Min Thu (Daily Hot News)
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top