iMyanmarHouse.com - Best Property Website for Myanmar
×

လူကုန္ကူးခံရသူ ျမန္မာ ၃၆ ဦး ရာဘာေတာထဲ ထုိင္းရဲ ဖမ္းမိ

ထိုင္းႏိုင္ငံ ဖတ္တလံုးျပည္နယ္၊ ေခါက္မင္ခရိုင္အတြင္းက ရာဘာေတာထဲမွာ လူကုန္ကူးသူေတြစြန္႔ပစ္သြားတဲ့ ျမန္မာႏုိင္ငံသား ၃၆ေယာက္ကို ထုိင္းရဲတပ္ဖဲြေတြနဲ႕ ထုိင္းလူမူကယ္ဆယ္ေရးအဖဲြ႔ေတြက ေမလ၂၉ရက္ေန႔ ကသြားေရာက္ကယ္ဆယ္ခဲ့ပါတယ္။ ထိုင္းအေျခစိုက္သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႕ထားပါတယ္။

ထုိင္းျမန္မာနယ္စပ္၊ ေကာ့ေသာင္း၊ ရေနာင္းလမ္းကေန မေလးရွားနယ္စပ္အထိ အေရာက္ ပို႔ေဆာင္ေပးမယ္ဆိုၿပီး လူပဲြစားေတြကေခၚလာတဲ့ ျမန္မာႏိုင္ငံသားေတြဟာ ထိုင္းမေလးနယ္စပ္ၾကားက ေခါက္မင္ခရိုင္ထဲက ရာဘာေတာထဲမွာ စြန္႔ပစ္ထားတာကို ခံခဲ့ရတာပါ။ သူတိုုကိုေတာ့ ေမလ၂၇ရက္ေန႔ကတည္းက စြန္႔ပစ္ထားခဲ့တာျဖစ္ျပီး ေမလ၂၉ရက္ေန့က်မွ ထုိင္းအာဏာပိုင္ေတြနဲ႔ လူမူေရးအသင္းအဖဲြေတြကသြားေရာက္ ကယ္ဆယ္ႏိုင္ခဲ့ပါတယ္ လူကုန္ကူးခံရတာကေတာ့ ျမန္မာႏုိင္ငံသား ၃၆ဦး ျဖစ္ေၾကာင္းလူကုန္ကူးမူတုိက္ဖ်က္ေရးလုပ္ေဆာင္ေနတဲ့ ထုိင္းႏိုင္ငံေရာက္ျမန္မာႏိုင္ငံသားမ်ားအဖဲြရဲအမူေဆာင္ဒါရိုက္တာဦးေက်ာ္ေသာင္းကဆုိပါတယ္။

“ျမန္မာအမ်ိဳးသား ၃၃ေယာက္ ၊အမ်ိဳးသမီး ၃ေယာက္စုစုေပါင္း ၃၆ေယာက္ ေတာထဲမွာ ထံုးစံအတုိင္း ပစ္ထားခဲ့တာေပါ့။ ထုိင္းလံုျခံဳေရးတပ္ဖဲြ႔ေတြေျပာျပခ်က္အရ ရေနာင္းကေန မေလးနယ္စပ္ထိ တဦးကို ဘတ္၂ေသာင္းေပးရတယ္ေျပာတယ္။ လူကုန္ကူးမူကိစၥေတြမွာ ျမန္မာဘက္ကလည္း မတားဆီးႏုိင္သလို ထုိင္းႏိုင္ငံကိုျဖတ္ၿပီး မေလးနိုင္ငံထိကို သြားတယ္ဆုိတာကလည္း လူကုန္ကူးသူေတြရဲ႕ လြတ္လပ္မူနဲ႔ ႏွစ္ႏိုင္ငံအာဏာပိုင္ေတြရဲ ့ ေပ်ာ့ကြက္ဟာကြက္ေတြကိုျမင္ေစတာေပါ့”

လူကုန္ကူးသူေတြက တဦးကိုဘတ္ေငြ ၂ေသာင္းစီယူၿပီး မေလးရွားနယ္စပ္ကို အေရာက္ပုိမယ္ဆုိျပီး ကား ၃စီးနဲ႔ ေခၚလာျပီး ရာဘာေတာထဲမွာ စြန္႔ပစ္သြားတာခဲ့တာပါ။ ျမန္မာေတြ ရာဘာေတာမွာေတြ ့ရွိတဲ့အတြက္ ထုိင္းေက်းရြာသားေတြက သတင္းေပးရာကေန ထုိင္းလူမူအဖဲြအစည္းေတြနဲ႔ ထုိင္းအာဏာပိုင္ေတြက သြားေရာက္ကယ္ဆယ္ခဲ့တာျဖစ္ပါတယ္။

ျမန္မာနိုုင္ငံသားေတြဟာ အစာေရစားမစားရတာ သံုုးရက္ေက်ာ္ ရွိျပီျဖစ္ေၾကာင္း ထုိင္းအာဏာပိုင္ေတြကဆုိပါတယ္။ ကယ္ဆယ္ေရးလုပ္ခဲ့တဲ့ ထိုုင္းရဲတပ္ဖြဲ ့ကေတာ့ုု ျမန္မာနိုုင္ငံသားေတြကိုု ေငြယူျပီး လိမ္သြားခဲ့တဲ့ လူကုုန္ကူးတဲ့အဖြဲ ့၀င္ေတြကိုု ေဖၚထုုတ္ဖမ္းဆီးနိုုင္ဖို ့ စံုစမ္းစစ္ေဆးမႈေတြလည္းလုပ္ေဆာင္ေနပါျပီ။

ေမလ ၂၅ ရက္ေန ့ကလည္း ထိုင္းႏိုင္ငံ စုုန္ခလာ ျပည္နယ္ ဟတ္ယိုုင္ ခရိုုင္ ထဲက ေနအိမ္နွစ္လံုုးမွာ တရားမ၀င္ မေလးရွားႏုိင္ငံထဲကိုခိုး၀င္ျပီး အလုပ္သြားလုပ္ၾကမယ့္ ျမန္မာႏိုင္ငံသား ၆၆ေယာက္ကိုလည္း ထုိင္းအာဏာပိုင္ေတြက ဖမ္းဆီးခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေအးေအးမာ (VOA)
# Unicode Version ျဖင့္ ဖတ္ပါ #
လူကုန်ကူးခံရသူ မြန်မာ ၃၆ ဦး ရာဘာတောထဲ ထိုင်းရဲ ဖမ်းမိ

ထိုင်းနိုင်ငံ ဖတ်တလုံးပြည်နယ်၊ ခေါက်မင်ခရိုင်အတွင်းက ရာဘာတောထဲမှာ လူကုန်ကူးသူတွေစွန့်ပစ်သွားတဲ့ မြန်မာနိုင်ငံသား ၃၆ယောက်ကို ထိုင်းရဲတပ်ဖွဲတွေနဲ့ ထိုင်းလူမူကယ်ဆယ်ရေးအဖွဲ့တွေက မေလ၂၉ရက်နေ့ ကသွားရောက်ကယ်ဆယ်ခဲ့ပါတယ်။ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ်၊ ကော့သောင်း၊ ရနောင်းလမ်းကနေ မလေးရှားနယ်စပ်အထိ အရောက် ပို့ဆောင်ပေးမယ်ဆိုပြီး လူပွဲစားတွေကခေါ်လာတဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းမလေးနယ်စပ်ကြားက ခေါက်မင်ခရိုင်ထဲက ရာဘာတောထဲမှာ စွန့်ပစ်ထားတာကို ခံခဲ့ရတာပါ။ သူတိုုကိုတော့ မေလ၂၇ရက်နေ့ကတည်းက စွန့်ပစ်ထားခဲ့တာဖြစ်ပြီး မေလ၂၉ရက်နေ့ကျမှ ထိုင်းအာဏာပိုင်တွေနဲ့ လူမူရေးအသင်းအဖွဲတွေကသွားရောက် ကယ်ဆယ်နိုင်ခဲ့ပါတယ် လူကုန်ကူးခံရတာကတော့ မြန်မာနိုင်ငံသား ၃၆ဦး ဖြစ်ကြောင်းလူကုန်ကူးမူတိုက်ဖျက်ရေးလုပ်ဆောင်နေတဲ့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲရဲအမူဆောင်ဒါရိုက်တာဦးကျော်သောင်းကဆိုပါတယ်။

“မြန်မာအမျိုးသား ၃၃ယောက် ၊အမျိုးသမီး ၃ယောက်စုစုပေါင်း ၃၆ယောက် တောထဲမှာ ထုံးစံအတိုင်း ပစ်ထားခဲ့တာပေါ့။ ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေပြောပြချက်အရ ရနောင်းကနေ မလေးနယ်စပ်ထိ တဦးကို ဘတ်၂သောင်းပေးရတယ်ပြောတယ်။ လူကုန်ကူးမူကိစ္စတွေမှာ မြန်မာဘက်ကလည်း မတားဆီးနိုင်သလို ထိုင်းနိုင်ငံကိုဖြတ်ပြီး မလေးနိုင်ငံထိကို သွားတယ်ဆိုတာကလည်း လူကုန်ကူးသူတွေရဲ့ လွတ်လပ်မူနဲ့ နှစ်နိုင်ငံအာဏာပိုင်တွေရဲ့ ပျော့ကွက်ဟာကွက်တွေကိုမြင်စေတာပေါ့”

လူကုန်ကူးသူတွေက တဦးကိုဘတ်ငွေ ၂သောင်းစီယူပြီး မလေးရှားနယ်စပ်ကို အရောက်ပိုမယ်ဆိုပြီး ကား ၃စီးနဲ့ ခေါ်လာပြီး ရာဘာတောထဲမှာ စွန့်ပစ်သွားတာခဲ့တာပါ။ မြန်မာတွေ ရာဘာတောမှာတွေ့ရှိတဲ့အတွက် ထိုင်းကျေးရွာသားတွေက သတင်းပေးရာကနေ ထိုင်းလူမူအဖွဲအစည်းတွေနဲ့ ထိုင်းအာဏာပိုင်တွေက သွားရောက်ကယ်ဆယ်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုုင်ငံသားတွေဟာ အစာရေစားမစားရတာ သုံုးရက်ကျော် ရှိပြီဖြစ်ကြောင်း ထိုင်းအာဏာပိုင်တွေကဆိုပါတယ်။ ကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ထိုုင်းရဲတပ်ဖွဲ့ကတော့ုု မြန်မာနိုုင်ငံသားတွေကိုု ငွေယူပြီး လိမ်သွားခဲ့တဲ့ လူကုုန်ကူးတဲ့အဖွဲ့ဝင်တွေကိုု ဖေါ်ထုုတ်ဖမ်းဆီးနိုုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေလည်းလုပ်ဆောင်နေပါပြီ။

မေလ ၂၅ ရက်နေ့ကလည်း ထိုင်းနိုင်ငံ စုုန်ခလာ ပြည်နယ် ဟတ်ယိုုင် ခရိုုင် ထဲက နေအိမ်နှစ်လုံုးမှာ တရားမဝင် မလေးရှားနိုင်ငံထဲကိုခိုးဝင်ပြီး အလုပ်သွားလုပ်ကြမယ့် မြန်မာနိုင်ငံသား ၆၆ယောက်ကိုလည်း ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: အေးအေးမာ (VOA)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top