ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

အဂၤလန္နိုင္ငံ ဘာမင္ဟန္က အဝလြန္ေနတဲ့ ဇနီးေမာင္ႏွံႏွစ္ဦးကို တကၠစီကုမၸဏီေတြက ကားငွားစီးခြင့္ပိတ္ပင္လိုက္ပါတယ္။ သူတို႔ႏွစ္ဦးရဲ့ စုစုေပါင္း အေလးခ်ိန္ဟာ ေပါင္ ၇၇၀ ရွိေနပါတယ္။ ကုမၸဏီေတြက အခုလို တကၠစီငွားခြင့္ ပိတ္လိုက္တာဟာ လုံးဝ မၽွတမွုမရွိဘူးလို႔ ဇနီးေမာင္ႏွံက ေျပာဆိုပါတယ္။

Marcus Edwards နဲ႔ Taylor Faulkner တို႔ဇနီးေမာင္ႏွံဟာ Centrex တကၠစီေတြကို အျမဲငွားစီးေလ့ရွိပါတယ္၊ အထူးသျဖင့္ Edwards ရဲ့ မိခင္ဆီကို သြားတဲ့အခ်ိန္ေတြမွာပါ။ လတ္တေလာမွာေတာ့ တကၠစီကားေတြကို ဘြတ္ကင္လုပ္တိုင္း ျငင္းပယ္ခံရတဲ့အတြက္ ကားငွားလို႔မရေတာ့ဘူးလို႔ဆိုပါတယ္။

တစ္ကယ္ေတာ့ သူတို႔ႏွစ္ဦးကို တကၠစီကုမၸဏီေတြက ပိတ္ပင္လိုက္ရတဲ့ အေၾကာင္းရွိပါတယ္။ သူတို႔ဇနီးေမာင္ႏွံရဲ့ ခႏၶာကိုယ္အေလးခ်ိန္ေၾကာင့္ တကၠစီကား ႏွစ္စီးရဲ့ ဆက္စပန္းရွင္း(ဝင္ရိုး) ေတြ က်ိဳးခဲ့ဖူးလို႔ျဖစ္ပါတယ္။ ဒီအေၾကာင္းကိုေတာ့ Edwards က ကုမၸဏီကို ဖုန္းေခၚၿပီး သူတို႔ကို ပိတ္ထားရတဲ့အေၾကာင္းကို ေမးစဥ္မွာ ကုမၸဏီက ျပန္လည္ေျဖၾကားခဲ့တာျဖစ္ပါတယ္။

ဒါဟာ ကုမၸဏီက သူတို႔ႏွစ္ဦးအေပၚ ခြဲျခားဆက္ဆံမွုေတြလုပ္ေနတယ္လို႔ လင္မယားႏွစ္ဦးက စြပ္စြဲေျပာဆိုခဲ့ပါတယ္။

သတင္းမီဒီယာေတြက တကၠစီကုမၸဏီကို ဆက္သြယ္ေမးျမန္တဲ့အခါမွာေတာ့ အျခားအေၾကာင္းကိစၥမရွိပဲ Edwards တို႔ ဇနီးေမာင္ႏွံ ႏွစ္ဦးလုံးအတြက္ သင့္ေတာ္တဲ့ ကားမ်ိဳးကုမၸဏီမွာ မရွိလို႔ ျဖစ္ပါတယ္လို႔ ျပန္လည္ေျဖရွင္းခဲ့ပါတယ္။
ဒါေပမယ့္လည္း ေနာက္ဆုံးမွာေတာ့ Edwards တို႔ေၾကာင့္ ကားရဲ့ ဆက္စပန္းရွင္း က်ိဳးတယ္လို႔ ယာဥ္ေမာင္းေတြက တိုင္ၾကားမွုေတြ ရွိခဲ့တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: popolay
#Unicode Version#
အင်္ဂလန်နိုင်ငံ ဘာမင်ဟန်က အဝလွန်နေတဲ့ ဇနီးမောင်နှံနှစ်ဦးကို တက္ကစီကုမ္ပဏီတွေက ကားငှားစီးခွင့်ပိတ်ပင်လိုက်ပါတယ်။ သူတို့နှစ်ဦးရဲ့ စုစုပေါင်း အလေးချိန်ဟာ ပေါင် ၇၇၀ ရှိနေပါတယ်။ ကုမ္ပဏီတွေက အခုလို တက္ကစီငှားခွင့် ပိတ်လိုက်တာဟာ လုံးဝ မျှတမှုမရှိဘူးလို့ ဇနီးမောင်နှံက ပြောဆိုပါတယ်။

Marcus Edwards နဲ့ Taylor Faulkner တို့ဇနီးမောင်နှံဟာ Centrex တက္ကစီတွေကို အမြဲငှားစီးလေ့ရှိပါတယ်၊ အထူးသဖြင့် Edwards ရဲ့ မိခင်ဆီကို သွားတဲ့အချိန်တွေမှာပါ။ လတ်တလောမှာတော့ တက္ကစီကားတွေကို ဘွတ်ကင်လုပ်တိုင်း ငြင်းပယ်ခံရတဲ့အတွက် ကားငှားလို့မရတော့ဘူးလို့ဆိုပါတယ်။

တစ်ကယ်တော့ သူတို့နှစ်ဦးကို တက္ကစီကုမ္ပဏီတွေက ပိတ်ပင်လိုက်ရတဲ့ အကြောင်းရှိပါတယ်။ သူတို့ဇနီးမောင်နှံရဲ့ ခန္ဓာကိုယ်အလေးချိန်ကြောင့် တက္ကစီကား နှစ်စီးရဲ့ ဆက်စပန်းရှင်း(ဝင်ရိုး) တွေ ကျိုးခဲ့ဖူးလို့ဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ Edwards က ကုမ္ပဏီကို ဖုန်းခေါ်ပြီး သူတို့ကို ပိတ်ထားရတဲ့အကြောင်းကို မေးစဉ်မှာ ကုမ္ပဏီက ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

ဒါဟာ ကုမ္ပဏီက သူတို့နှစ်ဦးအပေါ် ခွဲခြားဆက်ဆံမှုတွေလုပ်နေတယ်လို့ လင်မယားနှစ်ဦးက စွပ်စွဲပြောဆိုခဲ့ပါတယ်။

သတင်းမီဒီယာတွေက တက္ကစီကုမ္ပဏီကို ဆက်သွယ်မေးမြန်တဲ့အခါမှာတော့ အခြားအကြောင်းကိစ္စမရှိပဲ Edwards တို့ ဇနီးမောင်နှံ နှစ်ဦးလုံးအတွက် သင့်တော်တဲ့ ကားမျိုးကုမ္ပဏီမှာ မရှိလို့ ဖြစ်ပါတယ်လို့ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။
ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ Edwards တို့ကြောင့် ကားရဲ့ ဆက်စပန်းရှင်း ကျိုးတယ်လို့ ယာဉ်မောင်းတွေက တိုင်ကြားမှုတွေ ရှိခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top