ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ပဲခူးတိုင္းေဒသႀကီး ေက်ာက္ႀကီးၿမိဳ႕နယ္ မုန္းေဒသ ေမြတြင္းေက်း႐ြာအုပ္စု ကၽြန္းေတာေက်း႐ြာတြင္ ယေန႔ (ေမလ ၁၇ ရက္) နံနက္ ၅ နာရီခြဲခန္႔က ႏွစ္ေပါင္းတစ္ရာေက်ာ္သက္တမ္း႐ွိသည့္ ေရွးေဟာင္းဘုန္းေတာ္ႀကီးတစ္ေက်ာင္း မီးေလာင္ခဲ့ေၾကာင္း မုန္းနယ္ေျမရဲစခန္းထံမွ သိရသည္။

“ဖေယာင္တိုင္မီးပူေဇာ္ၿပီး အျခားေက်ာင္းတစ္ခုမွာ တရားထိုင္ေနတုန္း မီးေလာင္ကၽြမ္းခဲ့တာပါ။ ထိခိုက္ေသဆံုးမႈမ႐ွိဘူး”ဟု ယင္းရဲစခန္းမွ တာဝန္႐ွိသူတစ္ဦးက ေျပာၾကားသည္။

ႏွစ္ေပါင္းတစ္ရာေက်ာ္သက္တမ္း႐ွိသည့္ အလ်ား ၇၂ ေပ၊ အနံ ၄၅ ေပ၊ အျမင့္ ၁၈ ေပရွိ အုတ္ညႇပ္ပ်ဥ္ေထာင္ကာ၊ သြပ္မိုးႏွစ္ထပ္ေက်ာင္းေဆာင္၏အေပၚ ဘုရားေက်ာင္းေဆာင္တြင္ ဖေယာင္းတိုင္ ဆီမီးပူေဇာ္ထားရာမွ မီးစတင္ေလာင္ကၽြမ္းခဲ့ျခင္းျဖစ္ၿပီး တစ္နာရီခန္႔အၾကာတြင္ မီးၿငိႇမ္းသတ္ႏိုင္ခ့ဲေၾကာင္း ေက်ာက္ႀကီးၿမိဳ႕မရဲစခန္းထံမွ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: thevoice

#Unicode Version#
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် မုန်းဒေသ မွေတွင်းကျေးရွာအုပ်စု ကျွန်းတောကျေးရွာတွင် ယနေ့ (မေလ ၁၇ ရက်) နံနက် ၅ နာရီခွဲခန့်က နှစ်ပေါင်းတစ်ရာကျော်သက်တမ်းရှိသည့် ရှေးဟောင်းဘုန်းတော်ကြီးတစ်ကျောင်း မီးလောင်ခဲ့ကြောင်း မုန်းနယ်မြေရဲစခန်းထံမှ သိရသည်။

“ဖယောင်တိုင်မီးပူဇော်ပြီး အခြားကျောင်းတစ်ခုမှာ တရားထိုင်နေတုန်း မီးလောင်ကျွမ်းခဲ့တာပါ။ ထိခိုက်သေဆုံးမှုမရှိဘူး”ဟု ယင်းရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နှစ်ပေါင်းတစ်ရာကျော်သက်တမ်းရှိသည့် အလျား ၇၂ ပေ၊ အနံ ၄၅ ပေ၊ အမြင့် ၁၈ ပေရှိ အုတ်ညှပ်ပျဉ်ထောင်ကာ၊ သွပ်မိုးနှစ်ထပ်ကျောင်းဆောင်၏အပေါ် ဘုရားကျောင်းဆောင်တွင် ဖယောင်းတိုင် ဆီမီးပူဇော်ထားရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး တစ်နာရီခန့်အကြာတွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း ကျောက်ကြီးမြို့မရဲစခန်းထံမှ သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: thevoice


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top