ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

ႏုနယ္စဥ္တည္းက ကိုခ်စ္ရတဲ့ၾကင္နာသူ

သမီးရည္းစားဘဝတြင္ေတာင္ နင္ေနမေကာင္းရင္ငါစိတ္ပူ အရိပ္လိုလူငါ့မွာေတာ့ နင္သြားရာတေကာက္ေကာက္လိုက္ခဲ့တယ္ ေခ်လြန္းသူ

မေရႊထားက ျပန္ေျပာၿပီမလိုက္နဲ႔ဟယ္ ငါသည္ေယာက္်ားမာန္ေလ်ာ့မထားပဲ ခ်စ္လြန္းသည္ကား နင့္တစ္ေယာက္ပါ ထိုအခါသူမ ယံုၾကည္ရ၍ က်ဳပ္အားေမးတာ တကယ္ခ်စ္တာလား

ဘယ္လိုေမးလိုက္ပါဘိ အမိရယ္ ငါ၏စိတ္ထဲ နင္တစ္ေယာက္တည္းသာ ကိန္းေအာင္းေနမိ နင္ဝင္ၾကည့္

အခ်ိန္အတန္ၾကာ က်ဳပ္တို႔ခ်စ္လာခဲ့တာ အရြယ္ေရာက္လာ မခြဲမခြာႏိုင္၍ ကူးေျပာင္းလိုက္သည္ အိမ္ေထာင္ရွင္ဘဝဆီ ထိုစဥ္ မိန္းမ ငါ့အားေခၚၾကည့္ ေယာက္်ားရွင္ႀကီး လို႔ထူးခ်င္လိုက္တာ

အာကိုယားေန ငါ့စိတ္ေတြလည္း တေန႔တျခားခ်စ္ေနရသည္ ေလ်ာ့သြားသည္ ကိုမရွိခဲ့ေခ် နင္လည္းဆံျဖဴငါအိုမင္းလည္း လက္တြဲမျဖဳတ္ ေနာက္မဆုတ္ပဲ တိုက္ပြဲဝင္မယ္

ရွင္မရယ္ ကံၾကမၼာကို အံမတုႏိုင္ ေလာကဓံနဲ႔ငါယွဥ္ၿပိဳင္လည္း ငါသည္လူသား အႏိုင္မရခဲ့ ခြင့္လႊတ္ေပးပါ ရွင္မရာ နင့္အစားငါသာဦးစြာသြားခ်င္ ဘုရားရွင္ဝယ္တိုင္တည္ႏိုင္ရင္ ေကာင္းလိမ့္မည္

အခုေတာ့ငါ့အား တစ္ေယာက္တည္းသာ အထီးက်န္စြာထားခဲ့ၿပီလား ငါမေက်နပ္ဘူး ဒီရာသီေႏြ ငါ့မိန္းမအား ပူအိုက္ေစတယ္

ငါပတ္ဖ်န္းတဲ့ေမတၱာေရ နင္သာေအးခ်မ္းေစ အသက္ဆံုးတာေတာင္လွေနေသာေမ ေမာင့္ကိုခ်စ္အားေတြပိုေစ နင္မရွိလည္း ငါခ်စ္ဆဲပဲေမ စိတ္ခ်လက္ခ်သြားပါေလ ေကာင္းရာသုဂတိလားပါေစ ခ်စ္ေသာ သက္ထားေရ...........

ဖိုးသူေတာ္ (www.phothutaw.com)
Credit: thadinnoo
# Unicode Version ျဖင့္ ဖတ္ပါ #
နုနယ်စဉ်တည်းက ကိုချစ်ရတဲ့ကြင်နာသူ

သမီးရည်းစားဘဝတွင်တောင် နင်နေမကောင်းရင်ငါစိတ်ပူ အရိပ်လိုလူငါ့မှာတော့ နင်သွားရာတကောက်ကောက်လိုက်ခဲ့တယ် ချေလွန်းသူ

မရွှေထားက ပြန်ပြောပြီမလိုက်နဲ့ဟယ် ငါသည်ယောက်ျားမာန်လျော့မထားပဲ ချစ်လွန်းသည်ကား နင့်တစ်ယောက်ပါ ထိုအခါသူမ
ယုံကြည်ရ၍ ကျုပ်အားမေးတာ တကယ်ချစ်တာလား

ဘယ်လိုမေးလိုက်ပါဘိ အမိရယ် ငါ၏စိတ်ထဲ နင်တစ်ယောက်တည်းသာ ကိန်းအောင်းနေမိ နင်ဝင်ကြည့်

အချိန်အတန်ကြာ ကျုပ်တို့ချစ်လာခဲ့တာ အရွယ်ရောက်လာ မခွဲမခွာနိုင်၍ ကူးပြောင်းလိုက်သည် အိမ်ထောင်ရှင်ဘဝဆီ
ထိုစဉ် မိန်းမ ငါ့အားခေါ်ကြည့် ယောက်ျားရှင်ကြီး လို့ထူးချင်လိုက်တာ

အာကိုယားနေ ငါ့စိတ်တွေလည်း တနေ့တခြားချစ်နေရသည် လျော့သွားသည် ကိုမရှိခဲ့ချေ နင်လည်းဆံဖြူငါအိုမင်းလည်း လက်တွဲမဖြုတ် နောက်မဆုတ်ပဲ တိုက်ပွဲဝင်မယ်

ရှင်မရယ် ကံကြမ္မာကို အံမတုနိုင် လောကဓံနဲ့ငါယှဉ်ပြိုင်လည်း ငါသည်လူသား အနိုင်မရခဲ့ ခွင့်လွှတ်ပေးပါ ရှင်မရာ နင့်အစားငါသာဦးစွာသွားချင် ဘုရားရှင်ဝယ်တိုင်တည်နိုင်ရင် ကောင်းလိမ့်မည်

အခုတော့ငါ့အား တစ်ယောက်တည်းသာ အထီးကျန်စွာထားခဲ့ပြီလား ငါမကျေနပ်ဘူး ဒီရာသီနွေ ငါ့မိန်းမအား ပူအိုက်စေတယ်

ငါပတ်ဖျန်းတဲ့မေတ္တာရေ နင်သာအေးချမ်းစေ အသက်ဆုံးတာတောင်လှနေသောမေ မောင့်ကိုချစ်အားတွေပိုစေ နင်မရှိလည်း ငါချစ်ဆဲပဲမေ စိတ်ချလက်ချသွားပါလေ ကောင်းရာသုဂတိလားပါစေ ချစ်သော သက်ထားရေ...........

ဖိုးသူတော် (www.phothutaw.com)
Credit: thadinnoo
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top