×

ကယ္လီဖိုးနီးယားၿမိဳ႕မွ ဆယ္ေက်ာ္သက္အရြယ္ လူငယ္သုံးဦးကို မ်က္ႏွာဖုံးစြပ္လူတစ္စုက ဦးေခါင္းကို တူနဲ႔ရိုက္ၿပီး တိုက္ခိုက္ခဲ့တာေၾကာင့္ Alex ဆိုသူ အသက္ ၁၇ ႏွစ္အရြယ္ လူငယ္တစ္ဦး ဦးေခါင္းကို ဦးေႏွာက္မွာ အႀကီးက်ယ္ဒဏ္ရာရခဲ့ပါတယ္။

ဦးေႏွာက္ဒဏ္ရာကို ကုသနိုင္ရန္  ဦးေခါင္းခြံရဲ့ အစိတ္ပိုင္းအခ်ိဳ႕ကို ခြာထုတ္ခဲ့ရပါတယ္၊ လူငယ္ဟာ လက္ရွိမွာေတာ့ အသက္မေသေသးေသာ္လည္း သတိျပန္မလည္သည့္ ‘ကိုမာ’ ေဝဒနာနဲ႔ ေဆး႐ုံေပၚမွာ ကုသေနရပါတယ္။ က်န္ႏွစ္ဦးကေတာ့ ဒဏ္ရာအနည္းငယ္သာ ရရွိခဲ့ပါတယ္။

ျဖစ္စဥ္မွာ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔ညက ကယ္လီဖိုနီးယားၿမိဳ႕ အက္ပ္ေတာ့စ္ရပ္ကြက္မွ ဆယ္ေက်ာ္သက္ သုံးဦီး(၁၆ ႏွစ္၊ ၁၆ ႏွစ္၊ ၁၇ ႏွစ္)ဟာ  သူတို႔ဆုံေတြ႕ေနၾက Alex ရဲ့ ေနအိမ္က ကားဂိုေဒါင္းထဲမွာ စုၿပီး ဗီဒီယိုဂိမ္းကစားေနခဲ့ၾကပါတယ္။

အဲဒီေနာက္ သူတို႔အိပ္ေပ်ာ္သြားခဲ့ၾကၿပီး ည ၁ နာရီ ၄၀ မိနစ္ေလာက္မွာ မ်က္ႏွာဖုံးစြပ္လူတစ္စု ကားဂိုေဒါင္ထဲဝင္လာၿပီး မေျပာမဆို တူနဲ႔ေခါင္းေတြကို ရိုက္ၿပီး တိုက္ခိုက္ခဲ့ပါတယ္။ အဲဒီေနာက္ ပစၥည္းအခ်ိဳ႕ကိုယူၿပီး ကားတစ္စီးနဲ႔ ထြက္ေျပးသြားခဲ့ၾကပါတယ္။

လက္ရွိမွာ အဆိုပါအမွုအတြက္ တစ္စုံတစ္ေယာက္ကိုမၽွ ဖမ္းဆီးနိုင္ျခင္းမရွိေသးပဲ စုံစမ္းစစ္ေဆးဆဲျဖစ္ေၾကာင္း သိရွိရသည္။ Alex ကေတာ့ ေဆး႐ုံေပၚမွာ အသက္လုေနရတဲ့ အေျခအေနနဲ႔ ရင္ဆိုင္ေနခဲ့ရပါတယ္။

အဂၤါေနမွာေတာ့ Alex ရဲ့ အေျခအေန ေကာင္းမြန္လာၿပီး သတိျပန္လည္လာကာ စကားေျပာနိုင္ေၾကာင္း မိသားစုေတြက ေျပာၾကားခဲ့ပါတယ္။ Alex ရဲ့ ေဆးကုသမွုစရိတ္အတြက္ A FoFungMe ဝဘ္ဆိုက္မွ အလွူေငြမ်ားရရွိရန္ ေဆာင္ရြက္ေပးလၽွက္ရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: popolay
# Unicode Version ျဖင့္ ဖတ္ပါ #
 ကယ်လီဖိုးနီးယားမြို့မှ ဆယ်ကျော်သက်အရွယ် လူငယ်သုံးဦးကို မျက်နှာဖုံးစွပ်လူတစ်စုက ဦးခေါင်းကို တူနဲ့ရိုက်ပြီး တိုက်ခိုက်ခဲ့တာကြောင့် Alex ဆိုသူ အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦး ဦးခေါင်းကို ဦးနှောက်မှာ အကြီးကျယ်ဒဏ်ရာရခဲ့ပါတယ်။

ဦးနှောက်ဒဏ်ရာကို ကုသနိုင်ရန်  ဦးခေါင်းခွံရဲ့ အစိတ်ပိုင်းအချို့ကို ခွာထုတ်ခဲ့ရပါတယ်၊ လူငယ်ဟာ လက်ရှိမှာတော့ အသက်မသေသေးသော်လည်း သတိပြန်မလည်သည့် ‘ကိုမာ’ ဝေဒနာနဲ့ ဆေးရုံပေါ်မှာ ကုသနေရပါတယ်။ ကျန်နှစ်ဦးကတော့ ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ပါတယ်။

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညက ကယ်လီဖိုနီးယားမြို့ အက်ပ်တော့စ်ရပ်ကွက်မှ ဆယ်ကျော်သက် သုံးဦီး(၁၆ နှစ်၊ ၁၆ နှစ်၊ ၁၇ နှစ်)ဟာ  သူတို့ဆုံတွေ့နေကြ Alex ရဲ့ နေအိမ်က ကားဂိုဒေါင်းထဲမှာ စုပြီး ဗီဒီယိုဂိမ်းကစားနေခဲ့ကြပါတယ်။

အဲဒီနောက် သူတို့အိပ်ပျော်သွားခဲ့ကြပြီး ည ၁ နာရီ ၄၀ မိနစ်လောက်မှာ မျက်နှာဖုံးစွပ်လူတစ်စု ကားဂိုဒေါင်ထဲဝင်လာပြီး မပြောမဆို တူနဲ့ခေါင်းတွေကို ရိုက်ပြီး တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီနောက် ပစ္စည်းအချို့ကိုယူပြီး ကားတစ်စီးနဲ့ ထွက်ပြေးသွားခဲ့ကြပါတယ်။

လက်ရှိမှာ အဆိုပါအမှုအတွက် တစ်စုံတစ်ယောက်ကိုမျှ ဖမ်းဆီးနိုင်ခြင်းမရှိသေးပဲ စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း သိရှိရသည်။ Alex ကတော့ ဆေးရုံပေါ်မှာ အသက်လုနေရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။

အင်္ဂါနေမှာတော့ Alex ရဲ့ အခြေအနေ ကောင်းမွန်လာပြီး သတိပြန်လည်လာကာ စကားပြောနိုင်ကြောင်း မိသားစုတွေက ပြောကြားခဲ့ပါတယ်။ Alex ရဲ့ ဆေးကုသမှုစရိတ်အတွက် A FoFungMe ဝဘ်ဆိုက်မှ အလှူငွေများရရှိရန် ဆောင်ရွက်ပေးလျှက်ရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top