ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

လူတစ္ေယာက္ကုိ သင္ တကယ္ခ်စ္မိေနလား

ခ်စ္ပါ ဒါေပမယ့္;အခ်စ္အတြက္နဲ႔ေတာ့

ဘဝအပ်က္မခံပါနဲ႔။

ဘဝမွာ ျဖစ္ခ်င္တာေတြ မျဖစ္လုိ႔ စိတ္ညစ္ေနလား

စိတ္ညစ္ပါ ဒါေပမယ့္;စိတ္ညစ္စရာေတြကုိ ဖြဲ႔ႏြဲ႔သီကုံး ၿပီး

ၾကဳိးစားဖုိ႔ အတြက္ေတာ့ ေမ့ေလ်ာ့မေနပါနဲ႔။

လူ႔ပတ္ဝန္းက်င္မွာ သင္ အႏွိမ္ခံေနရလုိ႔ စိတ္ဓာတ္က်ေနလား

စိတ္ဓာတ္က်ပါ ဒါေပမယ့္;စိတ္ဓာတ္က်တာက အေျဖမဟုတ္သလုိ

လူေတာမတုိးရဲေတာ့ဘဲ သိမ္ငယ္ေနမယ့္အစား

ေခါင္းေမာ့ ရင္ေကာ့ႏူိင္ေအာင္ အားတင္းပါ။

ဝမ္းနည္းစရာေတြ မ်ားလြန္းလုိ႔ ငုိေနမိၿပီလား

ငုိလုိက္ပါ ဒါေပမယ့္ ငုိၿပီးရင္ေတာ့ ရယ္ႏူိင္ေအာင္ ၾကဳိးစားပါ

ေအာင္ျမင္မူွေတြ ရလုိ႔ ေပ်ာ္ေနလား

ေပ်ာ္ပါ ဒါေပမယ့္;ေပ်ာ္ရႊင္မူွကုိ ေရ႐ွည္ထိမ္းႏူိင္ေအာင္ ၾကဳိးစားမူွကုိ

အ႐ွိန္မသပ္လုိက္ပါနဲ႔။

ကုိယ္ခ်စ္ရသူနဲ႔ ခဏတာခြဲခြာရလုိ႔ လြမ္းေနပီလား

လြမ္းပါ ဒါေပမယ့္;ကုိယ္ခ်စ္ရသူနဲ႔ တစ္ဘဝစာနီးစပ္ဖုိ႔ ခဏတာ

လြမ္းေဆြးမူွေၾကာင့္ ရည္မွန္းခ်က္ေတြ မေဝဝါးေစပါနဲ႔။

သူငယ္ခ်င္း…..လူ႔ဘဝဆုိတာ ျပဳံးတစ္လွည့္ ၊ ငုိတစ္ခါ ၊ ေဆြးတစ္လွည့္

ေပ်ာ္တစ္ခုိက္မွာ ဘာေတြၾကဳံေတြ႔ေနပါေစ ၾကံ့ခုိင္ဖုိ႔ေတာ့လုိမယ္

ထင္တယ္ေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဇင္းနစ္​ မေကြး

#Unicode Version#
လူတစ်ယောက်ကို သင် တကယ်ချစ်မိနေလား

ချစ်ပါ ဒါပေမယ့်;အချစ်အတွက်နဲ့တော့

ဘဝအပျက်မခံပါနဲ့။

ဘဝမှာ ဖြစ်ချင်တာတွေ မဖြစ်လို့ စိတ်ညစ်နေလား

စိတ်ညစ်ပါ ဒါပေမယ့်;စိတ်ညစ်စရာတွေကို ဖွဲ့နွဲ့သီကုံး ပြီး

ကြိုးစားဖို့ အတွက်တော့ မေ့လျော့မနေပါနဲ့။

လူ့ပတ်ဝန်းကျင်မှာ သင် အနှိမ်ခံနေရလို့ စိတ်ဓာတ်ကျနေလား

စိတ်ဓာတ်ကျပါ ဒါပေမယ့်;စိတ်ဓာတ်ကျတာက အဖြေမဟုတ်သလို

လူတောမတိုးရဲတော့ဘဲ သိမ်ငယ်နေမယ့်အစား

ခေါင်းမော့ ရင်ကော့နိူင်အောင် အားတင်းပါ။

ဝမ်းနည်းစရာတွေ များလွန်းလို့ ငိုနေမိပြီလား

ငိုလိုက်ပါ ဒါပေမယ့် ငိုပြီးရင်တော့ ရယ်နိူင်အောင် ကြိုးစားပါ

အောင်မြင်မူှတွေ ရလို့ ပျော်နေလား

ပျော်ပါ ဒါပေမယ့်;ပျော်ရွှင်မူှကို ရေရှည်ထိမ်းနိူင်အောင် ကြိုးစားမူှကို

အရှိန်မသပ်လိုက်ပါနဲ့။

ကိုယ်ချစ်ရသူနဲ့ ခဏတာခွဲခွာရလို့ လွမ်းနေပီလား

လွမ်းပါ ဒါပေမယ့်;ကိုယ်ချစ်ရသူနဲ့ တစ်ဘဝစာနီးစပ်ဖို့ ခဏတာ

လွမ်းဆွေးမူှကြောင့် ရည်မှန်းချက်တွေ မဝေဝါးစေပါနဲ့။

သူငယ်ချင်း…..လူ့ဘဝဆိုတာ ပြုံးတစ်လှည့် ၊ ငိုတစ်ခါ ၊ ဆွေးတစ်လှည့်

ပျော်တစ်ခိုက်မှာ ဘာတွေကြုံတွေ့နေပါစေ ကြံ့ခိုင်ဖို့တော့လိုမယ်

ထင်တယ်နော်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဇင်းနစ် မကွေး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top