ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

၁။ ေရခ်ဳိး ဆပ္ျပာဆီ

အမႈန္႔ႀကိတ္ထားေသာ လိေမၼာ္ခြံ (သို႔) လိေမၼာ္ခြံေျခာက္ (သို႔) လိေမၼာ္ခြံ အဆီကို ေရထဲ ထည့္ခ်ဳိးျခင္းျဖင့္ အသားအေရကို လန္းဆန္း ေစပါတယ္။

၂။ ေလသန္႔စင္ေစျခင္း

လိေမၼာ္ခြံေျခာက္ လက္တဆုပ္စာကို သစ္ႀကံပိုးေခါက္၊ ဖာလာေစ့တို႔ ႏွင့္အတူ ေရထဲ ထည့္ျပဳတ္ပါ။ ထိုစူးရွ လန္းဆန္းတဲ့ အနံ႔က ႏွစ္သက္ဖြယ္ ေကာင္းပါတယ္။ ထိုအရည္ကို အိမ္ျပတင္းေပါက္၊ တံခါး စသည့္ ေနရာမ်ားတြင္ သုတ္လိမ္းျခင္းျဖင့္ ေလကို သန္႔စင္ေစပါတယ္။

၃။ စားပါ

ခါးသက္သက္  လိေမၼာ္ခြံကို ဒီအတိုင္း စားစရာ မလိုပါဘူး။ လိေမၼာ္သီးခြံကို  စားသံုးနည္းေတြမ်ားစြာ ရွိပါတယ္။ ဟင္းအမယ္ေတြထဲကို ဟင္းခတ္အျဖစ္ ထည့္စားႏိုင္ပါတယ္။ လိေမၼာ္သီးခြံနဲ႔ ဟင္းခ်က္နည္းေတြကို အင္တာနက္မွာ ရွာၾကည့္ပါ။

၄။ မ်က္ႏွာ အသားအေရကို လွပေစျခင္း

လိေမၼာ္ခြံဟာ မ်က္ႏွာေပၚက အမည္းစက္ေတြ၊ ဆဲလ္အေသေတြ၊ ၀က္ၿခံ၊ ေခၽြးေပါက္၊ ေျခာက္ေသြ႕ေသာ အသားအေရနဲ႔ အနီစက္ေတြ အတြက္ ေဆးေကာင္းတစ္လက္ ျဖစ္ပါတယ္။ ၎ကို ႏြားႏို႔ႏွင့္ ေရာၿပီး ေနေလာင္ကြက္ကို လိမ္းႏိုင္ပါတယ္။ လက္သည္းေတြ ေတာက္ပေအာင္ လိေမၼာ္သီးခြံနဲ႔ ပြတ္ပါ။

၅။ ဆံပင္ကို လွပေစျခင္း

အမႈန္႔ႀကိတ္ထားေသာ လိေမၼာ္ခြံ ကို ေရထဲစိမ္ၿပီး တစ္ညထားပါ။ မနက္ေရာက္လွ်င္ ထိုေရႏွင့္ ဆံပင္ကို ေလာင္းခ်ပါ။ ေဗာက္ထျခင္းကို သက္သာေစပါတယ္။

၆။ ခံတြင္းနံ႔ ဆိုးျခင္းအတြက္

ခံတြင္းနံ႔ ဆိုးေနပါသလား။ ပီေက ၀ါးမေနပဲ လိေမၼာ္ခြံ ၀ါးလုိက္ပါ။ ခံတြင္းကို လန္းဆန္း သန္႔စင္ေစၿပီး အနံ႔ဆိုးေတြကို ဖယ္ရွားေပးပါတယ္။

၇။ အဆီက်ေစျခင္း

လိေမၼာ္ခြံေတြက ဖိုက္ဘာဓာတ္ ႂကြယ္၀စြာ ပါ၀င္လို႔ အဆီက်ေစပါတယ္။ လက္ဖက္ရည္ထဲပဲ ျဖစ္ျဖစ္ ဟင္းခတ္ အျဖစ္ပဲျဖစ္ျဖစ္ လိေမၼာ္သီးခြံကို ထည့္စားပါ။

၈။ အရက္ေသာက္ၿပီး ကိုယ္လက္ မအီမသာ ျဖစ္ေနလွ်င္

လိေမၼာ္ခြံကို ေရထဲတြင္ ဆားထည့္ၿပီး မိနစ္ (၂၀) ခန္႔ျပဳတ္ပါ။ ေအးသြားသည္ႏွင့္ တၿပိဳက္နက္ ေသာက္လိုက္ပါ။

Tips

–         လိေမၼာ္ခြံေတြကို ေဆးေၾကာ သန္႔စင္ပါ။

–         လိေမၼာ္ခြံကို ေျခာက္ေသြ႔ သြားလွ်င္လည္း သံုးႏိုင္သည္။

–         လိေမၼာ္ခြံကို အခြံခြာ ၿပီးၿပီးခ်င္း သံုးပါ။

–         လိိေမၼာ္ခြံေတြကို ဘယ္ေတာ့မွ ေရခဲေသတၱာထဲ မထည့္ထားပါနဲ႔။

–         အခြံပါးေသာ လိေမၼာ္သီးကို ေရြးခ်ယ္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: stylecraze
# Unicode Version ျဖင့္ ဖတ္ပါ #
၁။ ရေချိုး ဆပ်ပြာဆီ

အမှုန့်ကြိတ်ထားသော လိမ္မော်ခွံ (သို့) လိမ္မော်ခွံခြောက် (သို့) လိမ္မော်ခွံ အဆီကို ရေထဲ ထည့်ချိုးခြင်းဖြင့် အသားအရေကို လန်းဆန်း စေပါတယ်။

၂။ လေသန့်စင်စေခြင်း

လိမ္မော်ခွံခြောက် လက်တဆုပ်စာကို သစ်ကြံပိုးခေါက်၊ ဖာလာစေ့တို့ နှင့်အတူ ရေထဲ ထည့်ပြုတ်ပါ။ ထိုစူးရှ လန်းဆန်းတဲ့ အနံ့က နှစ်သက်ဖွယ် ကောင်းပါတယ်။ ထိုအရည်ကို အိမ်ပြတင်းပေါက်၊ တံခါး စသည့် နေရာများတွင် သုတ်လိမ်းခြင်းဖြင့် လေကို သန့်စင်စေပါတယ်။

၃။ စားပါ

ခါးသက်သက်  လိမ္မော်ခွံကို ဒီအတိုင်း စားစရာ မလိုပါဘူး။ လိမ္မော်သီးခွံကို  စားသုံးနည်းတွေများစွာ ရှိပါတယ်။ ဟင်းအမယ်တွေထဲကို ဟင်းခတ်အဖြစ် ထည့်စားနိုင်ပါတယ်။ လိမ္မော်သီးခွံနဲ့ ဟင်းချက်နည်းတွေကို အင်တာနက်မှာ ရှာကြည့်ပါ။

၄။ မျက်နှာ အသားအရေကို လှပစေခြင်း

လိမ္မော်ခွံဟာ မျက်နှာပေါ်က အမည်းစက်တွေ၊ ဆဲလ်အသေတွေ၊ ဝက်ခြံ၊ ချွေးပေါက်၊ ခြောက်သွေ့သော အသားအရေနဲ့ အနီစက်တွေ အတွက် ဆေးကောင်းတစ်လက် ဖြစ်ပါတယ်။ ၎င်းကို နွားနို့နှင့် ရောပြီး နေလောင်ကွက်ကို လိမ်းနိုင်ပါတယ်။ လက်သည်းတွေ တောက်ပအောင် လိမ္မော်သီးခွံနဲ့ ပွတ်ပါ။

၅။ ဆံပင်ကို လှပစေခြင်း

အမှုန့်ကြိတ်ထားသော လိမ္မော်ခွံ ကို ရေထဲစိမ်ပြီး တစ်ညထားပါ။ မနက်ရောက်လျှင် ထိုရေနှင့် ဆံပင်ကို လောင်းချပါ။ ဗောက်ထခြင်းကို သက်သာစေပါတယ်။

၆။ ခံတွင်းနံ့ ဆိုးခြင်းအတွက်

ခံတွင်းနံ့ ဆိုးနေပါသလား။ ပီကေ ဝါးမနေပဲ လိမ္မော်ခွံ ဝါးလိုက်ပါ။ ခံတွင်းကို လန်းဆန်း သန့်စင်စေပြီး အနံ့ဆိုးတွေကို ဖယ်ရှားပေးပါတယ်။

၇။ အဆီကျစေခြင်း

လိမ္မော်ခွံတွေက ဖိုက်ဘာဓာတ် ကြွယ်ဝစွာ ပါဝင်လို့ အဆီကျစေပါတယ်။ လက်ဖက်ရည်ထဲပဲ ဖြစ်ဖြစ် ဟင်းခတ် အဖြစ်ပဲဖြစ်ဖြစ် လိမ္မော်သီးခွံကို ထည့်စားပါ။

၈။ အရက်သောက်ပြီး ကိုယ်လက် မအီမသာ ဖြစ်နေလျှင်

လိမ္မော်ခွံကို ရေထဲတွင် ဆားထည့်ပြီး မိနစ် (၂၀) ခန့်ပြုတ်ပါ။ အေးသွားသည်နှင့် တပြိုက်နက် သောက်လိုက်ပါ။

Tips

–         လိမ္မော်ခွံတွေကို ဆေးကြော သန့်စင်ပါ။

–         လိမ္မော်ခွံကို ခြောက်သွေ့ သွားလျှင်လည်း သုံးနိုင်သည်။

–         လိမ္မော်ခွံကို အခွံခွာ ပြီးပြီးချင်း သုံးပါ။

–         လိမ္မော်ခွံတွေကို ဘယ်တော့မှ ရေခဲသေတ္တာထဲ မထည့်ထားပါနဲ့။

–         အခွံပါးသော လိမ္မော်သီးကို ရွေးချယ်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: stylecraze
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top