ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ဖတ္၇န္ #
လြန္ခဲ့သည့္ (၁၀) လခန္႔က တရုတ္ႏိုင္ငံသို႔ မယားအျဖစ္ လိမ္လည္ေရာင္းခ်ျခင္းခံခဲ့ရသည့္ အသက္ ၁၇ ႏွစ္အရြယ္ မ – – – ဆိုသူသည္ ၂၀၁၈ ခုႏွစ္ေမလ ၁၅ ရက္က ေတာင္ဒဂံုၿမိဳ႕နယ္ ၊ ၂၀ ရပ္ကြက္ရွိ ၎၏ေနအိမ္သို ့ျပန္လည္လြတ္ေျမာက္ ေရာက္ရွိလာျပီျဖစ္ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ရန္ကုန္တိုင္းေဒသႀကီး ၊ ေတာင္ဒဂံုၿမိဳ႕နယ္ ၊ ၂၀ ရပ္ကြက္ ၊ ေရႊဟသၤာ(၄)လမ္းတြင္ ေနထိုင္သူ မ – – – – ၁၇ ႏွစ္သည္ ၂၀၁၇ ခုႏွစ္ ဇူလိုင္လ(ရက္မမွတ္မိ) နံနက္ ၁၁ နာရီအခ်ိန္ခန္႔က ဖခင္ႏွင့္အတူေနအိမ္တြင္ရွိေနစဥ္ ေဒၚသီသီခိုင္(စံုစမ္းဆဲ)ဆိုသူ ေရာက္ရွိလာၿပီး တရုတ္ႏိုင္ငံရွိ ပိုက္ဆံအိတ္ထုတ္လုပ္သည့္စက္ရံုတြင္ ျမန္မာမိန္းကေလးအလုပ္သမားမ်ား လိုအပ္လ်က္ရွိေၾကာင္း ေျပာဆိုခဲ့သည္ဟု သိရသည္။ ထို႔ျပင္ ေဒၚသီသီခိုင္က တစ္လလွ်င္ျမန္မာေငြက်ပ္ ၄/၅ သိန္းခန္႔ရရွိေၾကာင္းႏွင့္ ႀကိဳတင္လုပ္အားခအျဖစ္ ေငြက်ပ္သိန္း(၂၀)ထုတ္ေပးမည္ျဖစ္ေၾကာင္း ယံုၾကည္ေအာင္ေျပာဆိုခဲ့သျဖင့္ သြားေရာက္လုပ္ကိုင္ရန္ မ – – – – တို႔သားအဖက သေဘာတူခဲ့သည္ဟု သိရသည္။ ထို႔ေၾကာင့္ ေနာက္တစ္ေန႔တြင္ ေဒၚသီသီခိုင္ေနအိမ္မွတစ္ဆင့္ ေဒၚသီသီခိုင္ထံတြင္ရွိႏွင့္ၿပီးျဖစ္သည့္ မ – – ႏွင့္ မ – – တို႔ႏွစ္ဦးႏွင့္အတူ ေအာင္မဂၤလာအေ၀းေျပးကားဂိတ္သို႔ သြားေရာက္ခဲ့ၾကၿပီး ေတာင္ျပာတန္းမွန္လံုယာဥ္ျဖင့္ မူဆယ္ၿမိဳ႕သို႔ ေရာက္ရွိခဲ့သည္ဟု သိရသည္။

လူကုန္ကူးခံရေသာ အမ်ဳိးသမီးအခ်ဳိ ့

ေနာက္တစ္ေန႔အေရာက္တြင္ ယာယီႏိုင္ငံကူးလက္မွတ္ျဖင့္ မူဆယ္ၿမိဳ႕ရွိ ဆင္ျဖဴဂိတ္ေပါက္မွတစ္ဆင့္ တရုတ္ႏိုင္ငံ က်ယ္ေဂါင္းၿမိဳ႕သို႔ ေရာက္ရွိၿပီး ေဒၚသီသီခိုင္ႏွင့္ခ်ိတ္ဆက္ထားေသာ အမည္မသိပေလာင္အမ်ိဳးသမီးႏွင့္ အမည္မသိတရုတ္အမ်ိဳးသားတစ္ဦးတို႔မွ ကားျဖင့္လာႀကိဳကာ ေရႊလီၿမိဳ႕သို႔ေခၚေဆာင္သြားခဲ့ေၾကာင္း ၊ ထိုမွ ေရႊလီၿမိဳ႕ရွိ ပေလာင္အမ်ိဳးသမီး၏ေနအိမ္တြင္ ေဒၚသီသီခိုင္မွာ က်န္ရစ္ခဲ့ၿပီး မ – – – တို႔ ၃ ေယာက္မွာ တရုတ္လူမ်ိဳး၏ ေခၚေဆာင္ရာ ကူမင္းၿမိဳ႕သို႔ေရာက္ရွိခဲ့သည္ဟု သိရသည္။ ထိုမွတစ္ဆင့္ ဟန္နန္ျပည္နယ္ ၊ ဗီနန္ဂ်ာဘတ္ၿမိဳ႕သို႔ ဆက္လက္ေခၚေဆာင္ျခင္းခံခဲ့ရၿပီး မေအးျဖဴေအာင္ကို တရုတ္လူမ်ိဳးထံ တရုတ္မယားအျဖစ္ ေရာင္းစားခဲ့ျခင္းျဖစ္ေၾကာင္းႏွင့္ ေနာက္ပိုင္းသိရွိရသည္မွာ ေဒၚသီသီခိုင္မွ တရုတ္ေငြယြမ္တစ္သိန္းသံုးေသာင္းျဖင့္ ေရာင္းစားခဲ့သည္ကို သိရွိသြားခဲ့ၿပီး ယင္းတရုတ္အမ်ိဳးသားႏွင့္ ၈ လေက်ာ္ခန္႔ေပါင္းသင္းအၿပီး ၎တို႔မရွိခိုက္တြင္ ထြက္ေျပးလာခဲ့ရာမွ ဖူက်န္းျပည္နယ္ ၊ ၀င္းက်ိဳၿမိဳ႕ရွိ တာ၀န္ရွိသူမ်ားထံမွတစ္ဆင့္ ျမန္မာႏိုင္ငံ ၊ မူဆယ္ၿမိဳ႕လူကုန္ကူးမႈတားဆီးေရးရဲတပ္ဖြဲ႕ထံသို႕ေရာက္ရွိသြားခဲ့ရာ ယခုႏွစ္ ၂၀၁၈ ၊ ေမလ ၁၀ ရက္တြင္ ယခုကဲ့သုိ ့ေနအိမ္သို႔ျပန္လည္ေရာက္ရွိလာျခင္းျဖစ္သည္ကို ရဲမွတ္တမ္းစစ္ေဆးခ်က္မွ သိရွိရသည္။

ထိုျဖစ္စဥ္ေၾကာင့္ တရုတ္မယားအျဖစ္လိမ္လည္ေရာင္းစားခဲ့သူ ေဒၚသီသီခိုင္(ခ)ေအးသီသီခိုင္ႏွင့္ စံုစမ္းဆဲ ပေလာင္အမ်ိဳးသမီး ၊ တရုတ္အမ်ိဳးသားတို႔ ၃ ဦးကိုဥပေဒအရအေရးယူေပးပါရန္ ေမလ ၁၅ ရက္တြင္ ေတာင္ဒဂံုၿမိဳ႕နယ္ ၊ အမွတ္(၆)လူကုန္ကူးမႈတားဆီးႏွိမ္ႏွင္းေရးတပ္ဖြဲ႔စုမွ ရဲအုပ္သန္႔ဇင္က တရားလိုျပဳလုပ္တိုင္တန္းခဲ့သျဖင့္ ဒဂံုေတာင္ၿမိဳ႕မရဲစခန္းက ပ-၉၆၀/၂၀၁၈ ၊ လူကုန္ကူးမႈတားဆီးႏွိမ္ႏွင္းေရးပုဒ္မ-၂၄/၃၂ ျဖင့္ ျပစ္မႈက်ဴးလြန္သူမ်ားကို အမႈဖြင့္ထားေၾကာင္း သတင္းရရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ႏိုင္မင္းလြင္(အကုန္သိသတင္းဌာန)
# Unicode Version ဖြင့်ဖတ်ရန် #
လွန်ခဲ့သည့် (၁၀) လခန့်က တရုတ်နိုင်ငံသို့ မယားအဖြစ် လိမ်လည်ရောင်းချခြင်းခံခဲ့ရသည့် အသက် ၁၇ နှစ်အရွယ် မ – – – ဆိုသူသည် ၂၀၁၈ ခုနှစ်မေလ ၁၅ ရက်က တောင်ဒဂုံမြို့နယ် ၊ ၂၀ ရပ်ကွက်ရှိ ၎င်း၏နေအိမ်သို့ပြန်လည်လွတ်မြောက် ရောက်ရှိလာပြီဖြစ်ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး ၊ တောင်ဒဂုံမြို့နယ် ၊ ၂၀ ရပ်ကွက် ၊ ရွှေဟင်္သာ(၄)လမ်းတွင် နေထိုင်သူ မ – – – – ၁၇ နှစ်သည် ၂၀၁၇ ခုနှစ် ဇူလိုင်လ(ရက်မမှတ်မိ) နံနက် ၁၁ နာရီအချိန်ခန့်က ဖခင်နှင့်အတူနေအိမ်တွင်ရှိနေစဉ် ဒေါ်သီသီခိုင်(စုံစမ်းဆဲ)ဆိုသူ ရောက်ရှိလာပြီး တရုတ်နိုင်ငံရှိ ပိုက်ဆံအိတ်ထုတ်လုပ်သည့်စက်ရုံတွင် မြန်မာမိန်းကလေးအလုပ်သမားများ လိုအပ်လျက်ရှိကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။ ထို့ပြင် ဒေါ်သီသီခိုင်က တစ်လလျှင်မြန်မာငွေကျပ် ၄/၅ သိန်းခန့်ရရှိကြောင်းနှင့် ကြိုတင်လုပ်အားခအဖြစ် ငွေကျပ်သိန်း(၂၀)ထုတ်ပေးမည်ဖြစ်ကြောင်း ယုံကြည်အောင်ပြောဆိုခဲ့သဖြင့် သွားရောက်လုပ်ကိုင်ရန် မ – – – – တို့သားအဖက သဘောတူခဲ့သည်ဟု သိရသည်။ ထို့ကြောင့် နောက်တစ်နေ့တွင် ဒေါ်သီသီခိုင်နေအိမ်မှတစ်ဆင့် ဒေါ်သီသီခိုင်ထံတွင်ရှိနှင့်ပြီးဖြစ်သည့် မ – – နှင့် မ – – တို့နှစ်ဦးနှင့်အတူ အောင်မင်္ဂလာအဝေးပြေးကားဂိတ်သို့ သွားရောက်ခဲ့ကြပြီး တောင်ပြာတန်းမှန်လုံယာဉ်ဖြင့် မူဆယ်မြို့သို့ ရောက်ရှိခဲ့သည်ဟု သိရသည်။

လူကုန်ကူးခံရသော အမျိုးသမီးအချို့

နောက်တစ်နေ့အရောက်တွင် ယာယီနိုင်ငံကူးလက်မှတ်ဖြင့် မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်ပေါက်မှတစ်ဆင့် တရုတ်နိုင်ငံ ကျယ်ဂေါင်းမြို့သို့ ရောက်ရှိပြီး ဒေါ်သီသီခိုင်နှင့်ချိတ်ဆက်ထားသော အမည်မသိပလောင်အမျိုးသမီးနှင့် အမည်မသိတရုတ်အမျိုးသားတစ်ဦးတို့မှ ကားဖြင့်လာကြိုကာ ရွှေလီမြို့သို့ခေါ်ဆောင်သွားခဲ့ကြောင်း ၊ ထိုမှ ရွှေလီမြို့ရှိ ပလောင်အမျိုးသမီး၏နေအိမ်တွင် ဒေါ်သီသီခိုင်မှာ ကျန်ရစ်ခဲ့ပြီး မ – – – တို့ ၃ ယောက်မှာ တရုတ်လူမျိုး၏ ခေါ်ဆောင်ရာ ကူမင်းမြို့သို့ရောက်ရှိခဲ့သည်ဟု သိရသည်။ ထိုမှတစ်ဆင့် ဟန်နန်ပြည်နယ် ၊ ဗီနန်ဂျာဘတ်မြို့သို့ ဆက်လက်ခေါ်ဆောင်ခြင်းခံခဲ့ရပြီး မအေးဖြူအောင်ကို တရုတ်လူမျိုးထံ တရုတ်မယားအဖြစ် ရောင်းစားခဲ့ခြင်းဖြစ်ကြောင်းနှင့် နောက်ပိုင်းသိရှိရသည်မှာ ဒေါ်သီသီခိုင်မှ တရုတ်ငွေယွမ်တစ်သိန်းသုံးသောင်းဖြင့် ရောင်းစားခဲ့သည်ကို သိရှိသွားခဲ့ပြီး ယင်းတရုတ်အမျိုးသားနှင့် ၈ လကျော်ခန့်ပေါင်းသင်းအပြီး ၎င်းတို့မရှိခိုက်တွင် ထွက်ပြေးလာခဲ့ရာမှ ဖူကျန်းပြည်နယ် ၊ ဝင်းကျိုမြို့ရှိ တာဝန်ရှိသူများထံမှတစ်ဆင့် မြန်မာနိုင်ငံ ၊ မူဆယ်မြို့လူကုန်ကူးမှုတားဆီးရေးရဲတပ်ဖွဲ့ထံသို့ရောက်ရှိသွားခဲ့ရာ ယခုနှစ် ၂၀၁၈ ၊ မေလ ၁၀ ရက်တွင် ယခုကဲ့သို့နေအိမ်သို့ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်ကို ရဲမှတ်တမ်းစစ်ဆေးချက်မှ သိရှိရသည်။

ထိုဖြစ်စဉ်ကြောင့် တရုတ်မယားအဖြစ်လိမ်လည်ရောင်းစားခဲ့သူ ဒေါ်သီသီခိုင်(ခ)အေးသီသီခိုင်နှင့် စုံစမ်းဆဲ ပလောင်အမျိုးသမီး ၊ တရုတ်အမျိုးသားတို့ ၃ ဦးကိုဥပဒေအရအရေးယူပေးပါရန် မေလ ၁၅ ရက်တွင် တောင်ဒဂုံမြို့နယ် ၊ အမှတ်(၆)လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စုမှ ရဲအုပ်သန့်ဇင်က တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် ဒဂုံတောင်မြို့မရဲစခန်းက ပ-၉၆၀/၂၀၁၈ ၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးပုဒ်မ-၂၄/၃၂ ဖြင့် ပြစ်မှုကျူးလွန်သူများကို အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: နိုင်မင်းလွင်(အကုန်သိသတင်းဌာန)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top