ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

“အေမ သား မနက္ျဖန္ ဘဲြ ့ယူရမွာေနာ္…”

“အေမ သိပါတယ္သားရယ္… အဲ့ဒါေၾကာင့္ လမ္းထိပ္က ေဒၚေက်ာ့ ဆီမွာ
ေတာင္ အေမ အကၤ်ီ ၤအပ္ထားပါေသးတယ္…အေမ ့မွာ အကၤ်ီ အသစ္မရွိေတာ့ဘူးေလ…”

“ဟင္..အေမ ကလိုက္မလို ့လား… အိမ္မွာ အေဖ့ကိုေစာင့္ဖို ့လူမရွိဘဲျဖစ္မွာေပ့ါ…. ”

” သားအေဖက သက္သာေနပါျပီသားရယ္… ၀ွီးခ်ဲ ေလးနဲ ့ေခၚသြားရင္ရပါတယ္….”

သား ျဖစ္သူစိတ္ ညစ္သြားတယ္… ဒီလိုပဲြမ်ိဳးကိုသူ ့မိဘေတြကို မေခၚခ်င္လို ့ေတာ့မဟုတ္ပါဘူး…. ေစ်းထဲမွာ ၾကက္သားေရာင္းျပီး စကားေျပာရင္ ေအာ္က်ယ္ေအာ္က်ယ္ ေျပာတတ္တဲ ့ အေမ နဲ ့ ေလျဖတ္ျပီးလို ့နလန္ ထူခါစ အေဖကို သူဒီလိုပဲြမ်ိဳးကို ပဲြမထုတ္ခ်င္…
သူငယ္ခ်င္းေတြ ၾကားထဲမွာလည္း မိတ္ဆက္ေပးဖို ့ခက္တယ္..
ဒါနဲ ့ဘဲ…မ်က္ႏွာပ်က္ပ်က္နဲ ့သူ ့အေမ ကိုေျပာလုိက္တယ္..

“မလိုက္ပါနဲ ့အေမရာ…ခန္းမထဲကို ၀ွီးခ်ဲ လည္း၀င္လို ့ရတာမဟုတ္ဘူး..
အေမတို ့လိုက္လာလုိ ့လည္း ဘာမွထူးျခားသြားမွာမွမဟုတ္တာ…
သားတစ္ေယာက္ထဲသြားမယ္…”

မိခင္ ျဖစ္သူမွာ သားရဲ ့တဇြတ္ထိုးဆန္တဲ့ စိတ္ကိုသိလို ့ နာက်င္မိတဲ ့စိတ္
ထဲက ဒဏ္ရာကို မ်က္ႏွာေပၚက အျပံဳးနဲ ့ဖံုးျပီး..

“ေအးပါကြယ္…သားေလးသေဘာပါ…သားေလး ဘဲြ ့ရရင္ဘဲအေမတို ့ေက်
နပ္ပါတယ္…အေမ အိမ္မွာဘဲ သားအေဖကို ေစာင့္ေနလိုက္ပါ့မယ္…”

သား ျဖစ္သူလည္း ေက်နပ္ျပီး အိပ္ရာ ေစာေစာ၀င္ ခဲ့တယ္….

မိခင္ ျဖစ္သူမွာေတာ့ အိပ္ရာေပၚမွာ အိပ္ေပ်ာ္ေနတဲ ့ ေယာက်္ားကိုၾကည့္ျပီး
မခ်ိျပံဳးေလးျပံဳးခဲ့ရတယ္…

မနက္မိုးလင္းေတာ့ သားေလး စားဖို ့မိခင္ ျဖစ္သူက မနက္စာကို အရင္က
ထက္ပို ဂရုစိုက္ျပင္ေပးထားတယ္… ဘဲြ႔ ့သြားယူမွာဆိုေတာ့ ဗိုက္နာမယ့္အစားအစာေတြ မျဖစ္ေအာင္ဂရုစိုက္လုိ ့ေပ့ါ….

“သားေရ…မနက္စာအဆင္သင့္ျဖစ္ျပီေနာ္…”

“မစားေတာ့ဘူးအေမ သားသူငယ္ခ်င္းေတြနဲ ့ေက်ာင္းနားက စားေသာက္ဆိုင္မွာ ခ်ိန္းထားတယ္…အဲ ့မွာဘဲစားေတာ့မယ္… ”

“ေအ္ာ… အင္းပါ သားရယ္.. သားေလး ဓာတ္ပံုေတြ ရိုက္ခဲ့ေနာ္..
ေမေမတို ့ျပန္ၾကည့္ခ်င္လို ့…”

“ဟုတ္ကဲ ့ ပါဗ်ာ.. သြားျပီေနာ္…”

ဒီလိုနဲ ့သားျဖစ္သူက သူငယ္ခ်င္းေတြနဲ ့ခ်ိန္ထားတဲ ့စားေသာက္ဆိုင္ေရာက္ေတာ့ လူေတာင္ေတာ္ေတ္ာစံုေနျပီ …နာရီကိုၾကည့္ေတာ့လည္း ဘဲြ ့ယူဖို ့အခ်ိန္က
တစ္နာရီေလာက္လိုေသးတယ္ဆိုေတာ့ မနက္စာစားဖို ့မွာလိုက္တယ္…
သူငယ္ခ်င္းျဖစ္သူေတြကိုၾကည့္ေတာ့ တစ္ေယာက္ထဲလာတဲ ့သူနဲ ့
မိဘ ေခၚလာတဲ့သူနဲ ့ေပ့ါ…အဲ ့အခ်ိန္မွာ သူ ့ရဲ ့သူငယ္ခ်င္းတစ္ေယာက္က
သူ့ အေမနဲ ့မိတ္ဆက္ေပးတယ္..

” ေဟ့ေကာင္..ဒါငါ့အေမေလ ငါဘဲြ ့ယူတာ လိုက္လာခဲ ့ေပးတာ…
အေမ ဒါက သားသူငယ္ခ်င္းပါ…”

မိတ္ဆက္ေပးတဲ ့သူငယ္ခ်င္းအေမကို လက္ဆဲြႏႈတ္ဆက္ေတာ့ အေဒၚ
ကလည္း ျပန္လက္ဆဲြႏႈတ္ဆက္တယ္..ဒါေပမယ့္ ညာဘက္လက္နဲ ့ေတာ့မဟုတ္ဘူး ဘယ္ဘက္လက္နဲ ့ဆိုေတာ့
ေကာင္ေလး မွာ ထူးဆန္းျပီး ညာဘက္လက္ကို ၾကည့္လိုက္မိတယ္…

“ဟင္… အေဒၚ့လက္မွာ ပတ္တီး နဲ ့ပါလား ဘယ္လိုျဖစ္တာလည္း…”

ဒါနဲ ့ေကာင္ေလး သူငယ္ခ်င္းက ၀င္ေျဖတယ္…

“ဒီလိုကြ…ငါ့အေမ က ေစ်းထဲမွာ ငါးေရာင္းတာ…အဲ ့ဒါမေန ့က၀ယ္တဲ ့သူကို
ငါးကိုင္ေပးတာေလ လက္ကို ဓားထိသြားတာ….အဲ ့ဒီ့ဒဏ္ရာနဲ ့ညက အဖ်ားေတြ တက္လို ့ကြာ..ငါ့မွာစိတ္ပူလိုက္တာ..ဒီမနက္မွ ျပန္ေကာင္းလာတာ….
ဒါေတာင္ မလိုက္ဘူးလုပ္ေနတာ…ငါကအတင္းေခၚလာလိုက္တာေလ…
ငါ့ကိုခုလိ ဘဲြ ့ခန္းမထဲေရာက္ေအာင္ငါ့အေမ ကေစ်းထဲမွာ
ငါးေ၇ာင္းျပီး ေက်ာင္းထားခဲ ့တာကြ….ဒါနဲ ့မင္းအေမနဲ ့အေဖ ေရာမေတြ ့ပါလား…”

ေကာင္ေလး မွာ သူ့သူငယ္ခ်င္းရဲ ့စကားေတြကို ၾကားျပီး ေနာင္တေတြ မ်ားစြာနဲ ့…

“ေအာ္…အင္း ေနာက္…ေနာက္မွာ လိုက္လာတယ္ကြ…. ငါ့ကိုခဏ ခြင့္ျပဴပါဥိးကြာ … မင္းတို ့ဘဲြ ့ခန္းမကဘဲေစာင့္ေနာ္…”

စကားလည္းဆံုး ကားလမ္းမကို ထြက္ျပီး Taxi တစ္စီးငွားျပီး အိမ္ျပန္ခဲ ့တယ္…

အိမ္ေပၚေရာက္ေတာ့ တံခါးၾကီးဖြင့္ထားတာေတြ ့ေတာ့ အေမ နဲ ့အေဖ ခန္းကို ၀င္ဖို ့လုပ္တုန္း အခန္းထဲကအသံၾကားမိတယ္…

“ေဖၾကီး ေရ သားကေတ့ာ ဘဲြ ့သြားယူျပီေတာ့…. ကၽြန္မ ကေတာ့ ဘဲြ ့ခန္းမ
ကိုမလိုက္ရလည္း သားနဲ ့အတူတူရွိေနသလို အိက်ီ ၤအသစ္ေတြ၀တ္ထားတယ္…ရွင့္ကိုလည္း တိုက္ပံု အသစ္၀တ္ေပးထားတာေတြ ့လား…”

“ေတြ ့ပါတယ္ ေမၾကီးရာ……သားေလးျပန္မလာခင္ေတာ့ ငါတို ့ေတြ အိက်ီ ၤလဲရမယ္ေနာ္…ေတာ္ၾကာ အေဖနဲ ့အေမ က အျဖစ္သည္းတယ္လို ့ေျပာေနပါဥိးမယ္ကြာ..ဟားဟားး”

“ဟုတ္ပေတာ့….သားေလးက ရွင့္ကို စိတ္ပူျပီး က်ဴပ္ကို မေခၚတာေတာ့…
သူ ့အေဖ တစ္ေယာက္ထဲ ျဖစ္ေနမယ္တဲ ့…အဲ ့ေတာ့မွ က်ဳပ္လည္း ရွင့္ကိုသတိရျပီး ေနခဲ့လိုက္တာ….သားေလးသာသတိမေပးရင္
ရွင္တစ္ေယာက္ထဲက်န္ခဲ ့မွာသိလား….သားေလကို ရွင္ေက်းဇူးတင္….”

“ေအးပါကြာ….ေအးပါ…… အငး္ ငါတို ့သားေလး ဘဲြ ့ရပညာတတ္ျဖစ္ျပီေနာ္…”

ထိုစကားေတြ ဟာ ေကာင္ေလးရင္ကို သံခၽြန္နဲ ့ထိုးလိုက္သလိုဘဲ…
မေခၚခ်င္လို ့ထားခဲ့တဲ ့ မိဘ ႏွစ္ပါးက အျပစ္မျမင္တဲ ့အျပင္
အေမ ကငါ့အျပစ္ကို မသိသလိုပါလား…..
ဒါနဲ ့အခန္းထဲ၀င္ျပီး…

“အေဖ နဲ ့အေမ ”

“ဟင္ ..သား ဘဲြ ့ယူျပီးျပီလား ျမန္လိုက္တာ…”

မိဘ ႏွစ္ပါးမွာ အ၀တ္အစားအသစ္ေတြနဲ ့မို ့လို ့မေနတတ္မထိုင္တတ္…
သားေလး ေမးလာရင္ဘယ္လို ေျဖရပါ့လဲ လို ့ေတြးေနခ်ိန္…

“အေဖနဲ ့အေမ ကို လာေခၚတာပါ…. ဘဲြ ့ခန္းမ မွာအေဖနဲ ့အေမတို ့အတြက္ ေနရာရွိသလို….သားရင္ထဲမွာလည္းအျမဲေနရာရွိပါတယ္…သားကို ခြင့္လႊတ္ပါေနာ္….”

မိဘ ႏွစ္ပါးေရွ ့မွာ ထိျခင္းငါးပါးနဲ ့ရွိခုိးမိတယ္…
မိဘ ႏွစ္ပါးကေတာ့ ၀မ္းသာနဲ ့မ်က္ရည္စေတြန ဲ ့ဆုေတြေပးလို ့…………..

(မိဘ ဆိုတာ ကမၻာေပၚမွာ ေအာက္တန္းအက်ဆံုး အလုပ္လုပ္ေနရင္ေတာင္
အဲ ့ဒါဟာ သူတို ့အတြက္မဟုတ္ပါဘူး…သူတို့ သားသမီးေတြ အတြက္ပါ…
သူတို ့သားသမီးေတြအတြက္ဘဲ မလုပ္ခ်င္တဲ ့အလုပ္ေတြလုပ္ေနရတာပါ..

တစ္ကယ္ေတာ့ ေလာကမွာ အစားထိုုး လို ့မရတဲ ့အရာေတြထဲမွာ
မိဘဟာ နံပါတ္တစ္ပါ…..”)-
ဖိုးသူေတာ္ (www.phothutaw.com)
Credit: အရွင္ ဦး ေရဝတ

#Unicode Version#
“အမေ သား မနက်ဖြန် ဘွဲ့ယူရမှာနော်…”

“အမေ သိပါတယ်သားရယ်… အဲ့ဒါကြောင့် လမ်းထိပ်က ဒေါ်ကျော့ ဆီမှာ
တောင် အမေ အင်္ကျီ ၤအပ်ထားပါသေးတယ်…အမေ့မှာ အင်္ကျီ အသစ်မရှိတော့ဘူးလေ…”

“ဟင်..အမေ ကလိုက်မလို့လား… အိမ်မှာ အဖေ့ကိုစောင့်ဖို့လူမရှိဘဲဖြစ်မှာပေ့ါ…. ”

” သားအဖေက သက်သာနေပါပြီသားရယ်… ဝှီးချဲ လေးနဲ့ခေါ်သွားရင်ရပါတယ်….”

သား ဖြစ်သူစိတ် ညစ်သွားတယ်… ဒီလိုပွဲမျိုးကိုသူ့မိဘတွေကို မခေါ်ချင်လို့တော့မဟုတ်ပါဘူး…. ဈေးထဲမှာ ကြက်သားရောင်းပြီး စကားပြောရင် အော်ကျယ်အော်ကျယ် ပြောတတ်တဲ့ အမေ နဲ့ လေဖြတ်ပြီးလို့နလန် ထူခါစ အဖေကို သူဒီလိုပွဲမျိုးကို ပွဲမထုတ်ချင်…
သူငယ်ချင်းတွေ ကြားထဲမှာလည်း မိတ်ဆက်ပေးဖို့ခက်တယ်..
ဒါနဲ့ဘဲ…မျက်နှာပျက်ပျက်နဲ့သူ့အမေ ကိုပြောလိုက်တယ်..

“မလိုက်ပါနဲ့အမေရာ…ခန်းမထဲကို ဝှီးချဲ လည်းဝင်လို့ရတာမဟုတ်ဘူး..
အမေတို့လိုက်လာလို့လည်း ဘာမှထူးခြားသွားမှာမှမဟုတ်တာ…
သားတစ်ယောက်ထဲသွားမယ်…”

မိခင် ဖြစ်သူမှာ သားရဲ့တဇွတ်ထိုးဆန်တဲ့ စိတ်ကိုသိလို့ နာကျင်မိတဲ့စိတ်
ထဲက ဒဏ်ရာကို မျက်နှာပေါ်က အပြုံးနဲ့ဖုံးပြီး..

“အေးပါကွယ်…သားလေးသဘောပါ…သားလေး ဘွဲ့ရရင်ဘဲအမေတို့ကျေ
နပ်ပါတယ်…အမေ အိမ်မှာဘဲ သားအဖေကို စောင့်နေလိုက်ပါ့မယ်…”

သား ဖြစ်သူလည်း ကျေနပ်ပြီး အိပ်ရာ စောစောဝင် ခဲ့တယ်….

မိခင် ဖြစ်သူမှာတော့ အိပ်ရာပေါ်မှာ အိပ်ပျော်နေတဲ့ ယောကျ်ားကိုကြည့်ပြီး
မချိပြုံးလေးပြုံးခဲ့ရတယ်…

မနက်မိုးလင်းတော့ သားလေး စားဖို့မိခင် ဖြစ်သူက မနက်စာကို အရင်က
ထက်ပို ဂရုစိုက်ပြင်ပေးထားတယ်… ဘွဲ့သွားယူမှာဆိုတော့ ဗိုက်နာမယ့်အစားအစာတွေ မဖြစ်အောင်ဂရုစိုက်လို့ပေ့ါ….

“သားရေ…မနက်စာအဆင်သင့်ဖြစ်ပြီနော်…”

“မစားတော့ဘူးအမေ သားသူငယ်ချင်းတွေနဲ့ကျောင်းနားက စားသောက်ဆိုင်မှာ ချိန်းထားတယ်…အဲ့မှာဘဲစားတော့မယ်… ”

“အေ်ာ… အင်းပါ သားရယ်.. သားလေး ဓာတ်ပုံတွေ ရိုက်ခဲ့နော်..
မေမေတို့ပြန်ကြည့်ချင်လို့…”

“ဟုတ်ကဲ့ ပါဗျာ.. သွားပြီနော်…”

ဒီလိုနဲ့သားဖြစ်သူက သူငယ်ချင်းတွေနဲ့ချိန်ထားတဲ့စားသောက်ဆိုင်ရောက်တော့ လူတောင်တော်တေ်ာစုံနေပြီ …နာရီကိုကြည့်တော့လည်း ဘွဲ့ယူဖို့အချိန်က
တစ်နာရီလောက်လိုသေးတယ်ဆိုတော့ မနက်စာစားဖို့မှာလိုက်တယ်…
သူငယ်ချင်းဖြစ်သူတွေကိုကြည့်တော့ တစ်ယောက်ထဲလာတဲ့သူနဲ့
မိဘ ခေါ်လာတဲ့သူနဲ့ပေ့ါ…အဲ့အချိန်မှာ သူ့ရဲ့သူငယ်ချင်းတစ်ယောက်က
သူ့ အမေနဲ့မိတ်ဆက်ပေးတယ်..

” ဟေ့ကောင်..ဒါငါ့အမေလေ ငါဘွဲ့ယူတာ လိုက်လာခဲ့ပေးတာ…
အမေ ဒါက သားသူငယ်ချင်းပါ…”

မိတ်ဆက်ပေးတဲ့သူငယ်ချင်းအမေကို လက်ဆွဲနှုတ်ဆက်တော့ အဒေါ်
ကလည်း ပြန်လက်ဆွဲနှုတ်ဆက်တယ်..ဒါပေမယ့် ညာဘက်လက်နဲ့တော့မဟုတ်ဘူး ဘယ်ဘက်လက်နဲ့ဆိုတော့
ကောင်လေး မှာ ထူးဆန်းပြီး ညာဘက်လက်ကို ကြည့်လိုက်မိတယ်…

“ဟင်… အဒေါ့်လက်မှာ ပတ်တီး နဲ့ပါလား ဘယ်လိုဖြစ်တာလည်း…”

ဒါနဲ့ကောင်လေး သူငယ်ချင်းက ဝင်ဖြေတယ်…

“ဒီလိုကွ…ငါ့အမေ က ဈေးထဲမှာ ငါးရောင်းတာ…အဲ့ဒါမနေ့ကဝယ်တဲ့သူကို
ငါးကိုင်ပေးတာလေ လက်ကို ဓားထိသွားတာ….အဲ့ဒီ့ဒဏ်ရာနဲ့ညက အဖျားတွေ တက်လို့ကွာ..ငါ့မှာစိတ်ပူလိုက်တာ..ဒီမနက်မှ ပြန်ကောင်းလာတာ….
ဒါတောင် မလိုက်ဘူးလုပ်နေတာ…ငါကအတင်းခေါ်လာလိုက်တာလေ…
ငါ့ကိုခုလိ ဘွဲ့ခန်းမထဲရောက်အောင်ငါ့အမေ ကဈေးထဲမှာ
ငါးရောင်းပြီး ကျောင်းထားခဲ့တာကွ….ဒါနဲ့မင်းအမေနဲ့အဖေ ရောမတွေ့ပါလား…”

ကောင်လေး မှာ သူ့သူငယ်ချင်းရဲ့စကားတွေကို ကြားပြီး နောင်တတွေ များစွာနဲ့…

“အော်…အင်း နောက်…နောက်မှာ လိုက်လာတယ်ကွ…. ငါ့ကိုခဏ ခွင့်ပြူပါဥိးကွာ … မင်းတို့ဘွဲ့ခန်းမကဘဲစောင့်နော်…”

စကားလည်းဆုံး ကားလမ်းမကို ထွက်ပြီး Taxi တစ်စီးငှားပြီး အိမ်ပြန်ခဲ့တယ်…

အိမ်ပေါ်ရောက်တော့ တံခါးကြီးဖွင့်ထားတာတွေ့တော့ အမေ နဲ့အဖေ ခန်းကို ဝင်ဖို့လုပ်တုန်း အခန်းထဲကအသံကြားမိတယ်…

“ဖေကြီး ရေ သားကတေ့ာ ဘွဲ့သွားယူပြီတော့…. ကျွန်မ ကတော့ ဘွဲ့ခန်းမ
ကိုမလိုက်ရလည်း သားနဲ့အတူတူရှိနေသလို အိကျီ ၤအသစ်တွေဝတ်ထားတယ်…ရှင့်ကိုလည်း တိုက်ပုံ အသစ်ဝတ်ပေးထားတာတွေ့လား…”

“တွေ့ပါတယ် မေကြီးရာ……သားလေးပြန်မလာခင်တော့ ငါတို့တွေ အိကျီ ၤလဲရမယ်နော်…တော်ကြာ အဖေနဲ့အမေ က အဖြစ်သည်းတယ်လို့ပြောနေပါဥိးမယ်ကွာ..ဟားဟားး”

“ဟုတ်ပတော့….သားလေးက ရှင့်ကို စိတ်ပူပြီး ကျူပ်ကို မခေါ်တာတော့…
သူ့အဖေ တစ်ယောက်ထဲ ဖြစ်နေမယ်တဲ့…အဲ့တော့မှ ကျုပ်လည်း ရှင့်ကိုသတိရပြီး နေခဲ့လိုက်တာ….သားလေးသာသတိမပေးရင်
ရှင်တစ်ယောက်ထဲကျန်ခဲ့မှာသိလား….သားလေကို ရှင်ကျေးဇူးတင်….”

“အေးပါကွာ….အေးပါ…… အင်း ငါတို့သားလေး ဘွဲ့ရပညာတတ်ဖြစ်ပြီနော်…”

ထိုစကားတွေ ဟာ ကောင်လေးရင်ကို သံချွန်နဲ့ထိုးလိုက်သလိုဘဲ…
မခေါ်ချင်လို့ထားခဲ့တဲ့ မိဘ နှစ်ပါးက အပြစ်မမြင်တဲ့အပြင်
အမေ ကငါ့အပြစ်ကို မသိသလိုပါလား…..
ဒါနဲ့အခန်းထဲဝင်ပြီး…

“အဖေ နဲ့အမေ ”

“ဟင် ..သား ဘွဲ့ယူပြီးပြီလား မြန်လိုက်တာ…”

မိဘ နှစ်ပါးမှာ အဝတ်အစားအသစ်တွေနဲ့မို့လို့မနေတတ်မထိုင်တတ်…
သားလေး မေးလာရင်ဘယ်လို ဖြေရပါ့လဲ လို့တွေးနေချိန်…

“အဖေနဲ့အမေ ကို လာခေါ်တာပါ…. ဘွဲ့ခန်းမ မှာအဖေနဲ့အမေတို့အတွက် နေရာရှိသလို….သားရင်ထဲမှာလည်းအမြဲနေရာရှိပါတယ်…သားကို ခွင့်လွှတ်ပါနော်….”

မိဘ နှစ်ပါးရှေ့မှာ ထိခြင်းငါးပါးနဲ့ရှိခိုးမိတယ်…
မိဘ နှစ်ပါးကတော့ ဝမ်းသာနဲ့မျက်ရည်စတွေန ဲ့ဆုတွေပေးလို့…………..

(မိဘ ဆိုတာ ကမ္ဘာပေါ်မှာ အောက်တန်းအကျဆုံး အလုပ်လုပ်နေရင်တောင်
အဲ့ဒါဟာ သူတို့အတွက်မဟုတ်ပါဘူး…သူတို့ သားသမီးတွေ အတွက်ပါ…
သူတို့သားသမီးတွေအတွက်ဘဲ မလုပ်ချင်တဲ့အလုပ်တွေလုပ်နေရတာပါ..

တစ်ကယ်တော့ လောကမှာ အစားထိုုး လို့မရတဲ့အရာတွေထဲမှာ
မိဘဟာ နံပါတ်တစ်ပါ…..”)-

ဖိုးသူတော် (www.phothutaw.com)
Credit: အရှင် ဦး ရေဝတ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top