ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

႐ုပ္ရွင္ဇာတ္ကားမ်ား ႐ိုက္ကူးရာမွ ပရိသတ္အားေပးမႈ ရရွိခဲ့တဲ့ မိုးယုစံ တေယာက္ အိမ္ေထာင္ျပဳၿပီးေနာက္ပိုင္း အႏုပညာ လႈပ္ရွားမႈေတြမွာ မေတြ႕ရေတာ့ပါဘူး။ ဒါေပမယ့္ မိုးယုစံက ခ်စ္စရာေကာင္းတဲ့ သားေလးတေယာက္နဲ႔ ေပ်ာ္စရာ မိသားစု ဘဝေလးကို ရရွိေနသူျဖစ္ပါတယ္။ သားျဖစ္သူ ေကာင္းသိခၤမိုးသူကလည္း ပရိသတ္အခ်စ္ကို ရရွိထားတဲ့ သူတေယာက္ ျဖစ္ပါတယ္။

မိခင္မိုးယုစံက ခ်စ္စရာသားရဲ႕ လႈပ္ရွားမႈတိုင္းကို ေကာင္းသိခၤမိုးသူ နာမည္နဲ႔ Facebook အေကာင့္ဖြင့္ကာ တင္ေပး ေနတာ ေတြ႕ရပါတယ္။ အခုလည္း သားကို ေက်ာင္းထားျဖစ္ၿပီဆိုတဲ့ အေၾကာင္းနဲ႔ ပတ္သတ္ၿပီး မိုးယုစံက “သားေလး အသက္ ၈ လ အ႐ြယ္ PEOPLE IMPACT ေက်ာင္းေလးမွာ ေက်ာင္းစထားလိုက္ပါၿပီ။ ဒီေက်ာင္းက အသက္ ၆ လ တည္းက စထားလို႔ရတာ သားသားကိုေတာ့ ၈ လမွ စထားခဲ့တာ” ဆိုၿပီး ေရးသားထားပါတယ္။

ကေလးေတြကို အ႐ြယ္လိုက္ ဖြံ႕ၿဖိဳးတိုးတက္မႈေတြ ရွိေစရန္နဲ႔ မိဘေတြပံ့ပိုးရေအာင္ ဒီလိုေက်ာင္းေလးေတြမွာ ထားသင့္ေၾကာင္း၊ အၿမဲဂ႐ုတစိုက္နဲ႔ ျပဳစုပ်ိဳးေနတဲ့ မိခင္တယာက္ျဖစ္တဲ့ အတြက္ သားသမီးကို ျပဳစုပ်ိဳးေထာင္ေနတဲ့ ေမေမ ေတြကိုလည္း မွ်ေဝေျပာၾကားေပးတာ ျဖစ္ေၾကာင္း ေရးသားထားပါတယ္။

မိုးယုစံဟာ သားေလးနဲ႔ အတူရွိေနၿပီး သားေလးေပ်ာ္ေနတာၾကည့္ၿပီး ေပ်ာ္႐ႊင္ေနတာကို ေတြ႕ရပါတယ္။ မိုးယုစံက အႏုပညာနဲ႔ ေဝးကြာေနေပမယ့္ ႏွင္းဆီအဖြဲ႕သားမ်ားနဲ႔အတူ အၿငိမ့္အဖြဲ႕မွာေတာ့ မင္းသမီးတဦးအျဖစ္ ပါဝင္ကျပ ေဖ်ာ္ေျဖေပးတာကိုေတာ့ ေတြ႕ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy

#Unicode Version#
ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးရာမှ ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ မိုးယုစံ တယောက် အိမ်ထောင်ပြုပြီးနောက်ပိုင်း အနုပညာ လှုပ်ရှားမှုတွေမှာ မတွေ့ရတော့ပါဘူး။ ဒါပေမယ့် မိုးယုစံက ချစ်စရာကောင်းတဲ့ သားလေးတယောက်နဲ့ ပျော်စရာ မိသားစု ဘဝလေးကို ရရှိနေသူဖြစ်ပါတယ်။ သားဖြစ်သူ ကောင်းသိင်္ခမိုးသူကလည်း ပရိသတ်အချစ်ကို ရရှိထားတဲ့ သူတယောက် ဖြစ်ပါတယ်။

မိခင်မိုးယုစံက ချစ်စရာသားရဲ့ လှုပ်ရှားမှုတိုင်းကို ကောင်းသိင်္ခမိုးသူ နာမည်နဲ့ Facebook အကောင့်ဖွင့်ကာ တင်ပေး နေတာ တွေ့ရပါတယ်။ အခုလည်း သားကို ကျောင်းထားဖြစ်ပြီဆိုတဲ့ အကြောင်းနဲ့ ပတ်သတ်ပြီး မိုးယုစံက “သားလေး အသက် ၈ လ အရွယ် PEOPLE IMPACT ကျောင်းလေးမှာ ကျောင်းစထားလိုက်ပါပြီ။ ဒီကျောင်းက အသက် ၆ လ တည်းက စထားလို့ရတာ သားသားကိုတော့ ၈ လမှ စထားခဲ့တာ” ဆိုပြီး ရေးသားထားပါတယ်။

ကလေးတွေကို အရွယ်လိုက် ဖွံ့ဖြိုးတိုးတက်မှုတွေ ရှိစေရန်နဲ့ မိဘတွေပံ့ပိုးရအောင် ဒီလိုကျောင်းလေးတွေမှာ ထားသင့်ကြောင်း၊ အမြဲဂရုတစိုက်နဲ့ ပြုစုပျိုးနေတဲ့ မိခင်တယာက်ဖြစ်တဲ့ အတွက် သားသမီးကို ပြုစုပျိုးထောင်နေတဲ့ မေမေ တွေကိုလည်း မျှဝေပြောကြားပေးတာ ဖြစ်ကြောင်း ရေးသားထားပါတယ်။

မိုးယုစံဟာ သားလေးနဲ့ အတူရှိနေပြီး သားလေးပျော်နေတာကြည့်ပြီး ပျော်ရွှင်နေတာကို တွေ့ရပါတယ်။ မိုးယုစံက အနုပညာနဲ့ ဝေးကွာနေပေမယ့် နှင်းဆီအဖွဲ့သားများနဲ့အတူ အငြိမ့်အဖွဲ့မှာတော့ မင်းသမီးတဦးအဖြစ် ပါဝင်ကပြ ဖျော်ဖြေပေးတာကိုတော့ တွေ့ရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Irrawaddy


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top