iMyanmarHouse.com - Best Property Website for Myanmar
×


 

Credit: POPOPLAY

#Unicode Version#
မေလ ၃၀ ရက်နေ့ ထိုင်းနိုင်ငံ ချွန်းဗူးလီးတွင် အရက်မူး သတိမေ့နေသော မိန်းကလေးတစ်ယောက်ကို ယောက်ကျားလေးယောက် ပေါင်းကာအဓမ္မကျင့်ရာ မိန်းကလေးဖြစ်သူမှာ သေဆုံးသွားခဲ့သည်ဟု သိရသည် ။ အောက်ဆုံးတွင် ဗီဒီယိုဖိုင်တွဲတင်ပေးထားပါသည် ။

ဖြစ်စဉ်မှာ နိုက်ကလပ်တစ်ခုတွင် မ .... ကသူငယ်ချင်းများနှင့် အရက်သောက်မူးပြီး သတိလစ်နေစဉ် ယောက်ကျားလေးယောက်က သူငယ်ချင်းအဖြစ်ဟန်ဆောင်ကာ နိုက်ကလပ်အပြင်ဘက်သို့ ဝိုင်ဝန်းသယ်ဆောင်နေသည်ကို CCTV တွင် တွေ့ရမှာဖြစ်ပါတယ် ။ ထို့နောက် ယောက်ကျားလေးယောက်က အဆိုပါမိန်းကလေးကို ကားပေါ်တင်ကာ မောင်းထွက်သွားခဲ့ပြီး အိမ်တစ်အိမ်တွင် လေးယောက်ပေါင်းပြီး အဓမ္မကျင့်ခဲ့သည်ဟု သိရသည် ။

မနက်ခင်းပိုင်းအချိန်တွင် ရွာသူရွာသားများက အိမ်တစ်အိမ်တွင် မိန်ကလေးတစ်ဦးပက်လက်အနေအထားဖြင့်သေဆုံးနေသည်ကိုတွေ့ရသဖြင့် ရဲစခန်းသို့တိုင်းကြားခဲ့သည် ။ ရဲများလာရောက်စစ်ဆေးရာတွင် သေဆုံးသည့်အမျိုးသမီး၏ပါးစပ်မှာ အမြှုပ်ထွက် ၊ နှာခေါင်းနှင့်နားတွေမှာလည်း သွေးတွေထွက်နေသည်ဟု ရဲများစစ်ဆေးချက်အရ သိရသည် ။
CCTV မှ ရရှိခဲ့သော ဗီဒီယိုဖိုင်နှင့်အတူတကွ ရဲများက စစ်ဆေးစုံစမ်းခဲ့ရာ တရာခံလေးဦးကို မကြာခင်မှာပင် ဖမ်းဆီးရမိခဲ့ပြီး အဆိုပါမိန်းခလေးကို အခြားဆေးဝါးများ တိုက်မှုရှိမရှိ စစ်ဆေးလျက်ရှိကြောင်း သိရသည် ။


ဖိုးသူတော် (www.phothutaw.com)
Credit: POPOPLAY
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top