iMyanmarHouse.com - Best Property Website for Myanmar
×

အသက္၈၈ႏွစ္အရြယ္ ဘြားဘြားႀကီး Francie နဲ႔ အသက္၈၇ႏွစ္အရြယ္ ဘိုးဘိုးႀကီး Charlie တို႔ရဲ႕ အိမ္ေထာင္သက္ဟာ ၂၀၁၇ ခုႏွစ္မွာဆို ၆၆ႏွစ္ ရွိေနပါၿပီ။ Nebraska မွာ ေကာလိပ္ေက်ာင္းသားဘဝနဲ႔ ေတြ႔ခဲ့ၾကၿပီးေနာက္ ၁၉၅၁မွာ လက္ထပ္ခဲ့ၾကတယ္။

ဘြားဘြားႀကီး Francie ကေတာ့ သူတို႔ႏွစ္ေယာက္ ေတြ႔ခဲ့ၾကတာ ခ်စ္သူဘဝပါ ထည့္တြက္ေတာ့ အႏွစ္၇၀ ေလာက္ရွိေနပါၿပီတဲ့။ ႏွစ္ေပါင္းမ်ားစြာ တည္ေဆာက္ခဲ့တာေၾကာင့္ သူတို႔အခ်စ္ေတြဟာ အင္မတန္ခိုင္ၿမဲပါတယ္လို႔ ေျပာပါတယ္။

ဒီလိုခိုင္ၿမဲတဲ့ အခ်စ္ေတြေၾကာင့္ သူတို႔ေတြဟာ ႏွစ္ေယာက္တည္းက တစ္ေယာက္ေယာက္ ဆံုးပါးသြားၿပီးေနာက္ ဘယ္သူကမွ တစ္ေယာက္တည္း မေနခဲ့ခ်င္ၾကပါဘူး။ ဒါေၾကာင့္ပဲ သူတို႔ အိမ္ေထာင္သက္ ၆၆ႏွစ္ျပည့္ မဂၤလာႏွစ္ပတ္လည္ေန႔က်င္းပၿပီး ၁၆ရက္အၾကာ ၂၀၁၇ ဧၿပီလ ၂၀ရက္မွာ ဇနီးေမာင္ႏွံႏွစ္ဦး တစ္ခ်ိန္တည္း ၿငိမ္းခ်မ္းစြာ ဇီဝိန္ခ်ဳပ္ၿငိမ္းဖို႔ ေရြးခ်ယ္ခဲ့ၾကတာပါ။

သူတို႔ ဒီလမ္းကို ေရြးခ်ယ္္ခဲ့ၾကတာကလည္း အေၾကာင္းရွိပါတယ္။ ဘိုးဘိုးႀကီး Charlie မွာက ႏွလံုးေရာဂါရွိသလို၊ ပါကင္ဆန္ေရာဂါနဲ႔ ဆီးႀကိတ္ကင္ဆာ ရွိပါတယ္။ ဘြားဘြားႀကီး Francie မွာလည္း ႏွလံုးေရာဂါရွိၿပီး heart attack (ႏွလံုးေဖာက္ျပန္ျခင္း) ေတြ ရဖူးထားပါတယ္။ ဆရာဝန္ေတြ ကိုယ္တိုင္က ႏွစ္ေယာက္လံုးကို အသက္ရွင္ဖို႔ ေျခာက္လေလာက္ပဲ က်န္ေတာ့တယ္လို႔ ခန္႔မွန္းထားတာပါ။ ဒါေၾကာင့္ ႏွစ္ေယာက္ဟာ ဘယ္သူ႔ကို ဘယ္သူမွ မထားခဲ့ရေအာင္ ဒီလိုဆံုးျဖတ္ခဲ့ၾကတာပါ။

သူတို႔ေတြဟာ အေမရိကန္ႏိုင္ငံက ဂုဏ္သိကၡာနဲ႔ ဇီဝိန္ခ်ဳပ္ႏိုင္ခြင့္အေရး အဖြဲအစည္း The Hemlock Society မွာ အဖြဲ႕ဝင္ခဲ့ပါတယ္။ အဲ့အဖြဲ႔ အေျခစိုက္တဲ့ Oregon ျပည္နယ္ဟာ ၁၉၉၇ ခုႏွစ္ကတည္းက တရားဝင္ ေဆးဝါးအကူနဲ႔ မိမိဇီဝိန္ခ်ိဳပ္ၿငိမ္းဖို႔ မိမိဆံုးျဖတ္ပိုင္ခြင့္ ရထားတဲ့ ပထမဆံုးျပည္နယ္ပါ။ ဒီဥပေဒကိုေတာ့ Die with Dignity – သိကၡာျဖင့္ဇီဝိန္ခ်ဳပ္ျခင္းလို႔ ေခၚပါတယ္။

ဒီလို ဇီဝိန္ခ်ဳပ္ၿငိမ္းခြင့္ရဖို႔ကေတာ့ လိုအပ္ခ်က္ေတြ အမ်ားႀကီးရွိပါတယ္။ ဒါေတြကေတာ့ အဲ့ဥပေဒရွိတဲ့ ျပည္နယ္သားျဖစ္ရမယ္။ အသက္၁၈ႏွစ္ ျပည့္ၿပီးရမယ္။ စိတ္ေရာဂါ မရွိဘဲ ကိုယ္တိုင္ဆံုးျဖတ္ႏိုင္တဲ့ အရည္အခ်င္းရွိရမယ္။ ေျခာက္လအတြင္း ေသဆံုးရမယ္လို႔ ဆရာဝန္ေတြက ေဆးစစ္ခ်က္ေပးထားတဲ့သူ ျဖစ္ရမယ္။ ဒီလိုအခ်က္အလက္ေတြ ျပည့္စံုမွ ဇီဝိန္ခ်ဳပ္ခြင့္ရတာပါ။

အက္ဒမင့္အတြက္ကေတာ့ ဒီသတင္းႀကီးကို ဘယ္လိုခံစားရမယ္မွန္း မသိဘူး။ ကိုယ္ဆိုလည္း ကိုယ္ခ်စ္တဲ့သူနဲ႔ ဒီလိုပဲ ဘဝကိုတူတူ အဆံုးသတ္ခ်င္ပါတယ္။ ဒါေပမဲ့ ဗုဒၶဘာသာအရက် မိမိကိုယ္ကိုယ္ အဆံုးစီရင္တာမို႔ အျပစ္ျဖစ္ပါတယ္။ ေနာက္ၿပီး တူတူအသက္ဆံုးသြားတယ္ဆိုတာ ဆြတ္ပ်ံ႕ဖြယ္ ေကာင္းသေလာက္ ဝမ္နည္းစရာလည္း ေကာင္းတာမို႔ ဒီသတင္းႀကီးဖတ္ၿပီး လူကဆို႔ဆို႔နင့္နင့္ႀကီးရယ္ပါ။

ေယာင္းတို႔ေရာ ဘယ္လိုထင္ၾကသလဲဟင္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Khine ( For Her Myanmar )
# Unicode Version ျဖင့္ ဖတ္ပါ #
အသက်၈၈နှစ်အရွယ် ဘွားဘွားကြီး Francie နဲ့ အသက်၈၇နှစ်အရွယ် ဘိုးဘိုးကြီး Charlie တို့ရဲ့ အိမ်ထောင်သက်ဟာ ၂၀၁၇ ခုနှစ်မှာဆို ၆၆နှစ် ရှိနေပါပြီ။ Nebraska မှာ ကောလိပ်ကျောင်းသားဘဝနဲ့ တွေ့ခဲ့ကြပြီးနောက် ၁၉၅၁မှာ လက်ထပ်ခဲ့ကြတယ်။

ဘွားဘွားကြီး Francie ကတော့ သူတို့နှစ်ယောက် တွေ့ခဲ့ကြတာ ချစ်သူဘဝပါ ထည့်တွက်တော့ အနှစ်၇၀ လောက်ရှိနေပါပြီတဲ့။ နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့တာကြောင့် သူတို့အချစ်တွေဟာ အင်မတန်ခိုင်မြဲပါတယ်လို့ ပြောပါတယ်။

ဒီလိုခိုင်မြဲတဲ့ အချစ်တွေကြောင့် သူတို့တွေဟာ နှစ်ယောက်တည်းက တစ်ယောက်ယောက် ဆုံးပါးသွားပြီးနောက် ဘယ်သူကမှ တစ်ယောက်တည်း မနေခဲ့ချင်ကြပါဘူး။ ဒါကြောင့်ပဲ သူတို့ အိမ်ထောင်သက် ၆၆နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့ကျင်းပပြီး ၁၆ရက်အကြာ ၂၀၁၇ ဧပြီလ ၂၀ရက်မှာ ဇနီးမောင်နှံနှစ်ဦး တစ်ချိန်တည်း ငြိမ်းချမ်းစွာ ဇီဝိန်ချုပ်ငြိမ်းဖို့ ရွေးချယ်ခဲ့ကြတာပါ။

သူတို့ ဒီလမ်းကို ရွေးချယ်ခဲ့ကြတာကလည်း အကြောင်းရှိပါတယ်။ ဘိုးဘိုးကြီး Charlie မှာက နှလုံးရောဂါရှိသလို၊ ပါကင်ဆန်ရောဂါနဲ့ ဆီးကြိတ်ကင်ဆာ ရှိပါတယ်။ ဘွားဘွားကြီး Francie မှာလည်း နှလုံးရောဂါရှိပြီး heart attack (နှလုံးဖောက်ပြန်ခြင်း) တွေ ရဖူးထားပါတယ်။ ဆရာဝန်တွေ ကိုယ်တိုင်က နှစ်ယောက်လုံးကို အသက်ရှင်ဖို့ ခြောက်လလောက်ပဲ ကျန်တော့တယ်လို့ ခန့်မှန်းထားတာပါ။ ဒါကြောင့် နှစ်ယောက်ဟာ ဘယ်သူ့ကို ဘယ်သူမှ မထားခဲ့ရအောင် ဒီလိုဆုံးဖြတ်ခဲ့ကြတာပါ။

သူတို့တွေဟာ အမေရိကန်နိုင်ငံက ဂုဏ်သိက္ခာနဲ့ ဇီဝိန်ချုပ်နိုင်ခွင့်အရေး အဖွဲအစည်း The Hemlock Society မှာ အဖွဲ့ဝင်ခဲ့ပါတယ်။ အဲ့အဖွဲ့ အခြေစိုက်တဲ့ Oregon ပြည်နယ်ဟာ ၁၉၉၇ ခုနှစ်ကတည်းက တရားဝင် ဆေးဝါးအကူနဲ့ မိမိဇီဝိန်ချိုပ်ငြိမ်းဖို့ မိမိဆုံးဖြတ်ပိုင်ခွင့် ရထားတဲ့ ပထမဆုံးပြည်နယ်ပါ။ ဒီဥပဒေကိုတော့ Die with Dignity – သိက္ခာဖြင့်ဇီဝိန်ချုပ်ခြင်းလို့ ခေါ်ပါတယ်။

ဒီလို ဇီဝိန်ချုပ်ငြိမ်းခွင့်ရဖို့ကတော့ လိုအပ်ချက်တွေ အများကြီးရှိပါတယ်။ ဒါတွေကတော့ အဲ့ဥပဒေရှိတဲ့ ပြည်နယ်သားဖြစ်ရမယ်။ အသက်၁၈နှစ် ပြည့်ပြီးရမယ်။ စိတ်ရောဂါ မရှိဘဲ ကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့ အရည်အချင်းရှိရမယ်။ ခြောက်လအတွင်း သေဆုံးရမယ်လို့ ဆရာဝန်တွေက ဆေးစစ်ချက်ပေးထားတဲ့သူ ဖြစ်ရမယ်။ ဒီလိုအချက်အလက်တွေ ပြည့်စုံမှ ဇီဝိန်ချုပ်ခွင့်ရတာပါ။

အက်ဒမင့်အတွက်ကတော့ ဒီသတင်းကြီးကို ဘယ်လိုခံစားရမယ်မှန်း မသိဘူး။ ကိုယ်ဆိုလည်း ကိုယ်ချစ်တဲ့သူနဲ့ ဒီလိုပဲ ဘဝကိုတူတူ အဆုံးသတ်ချင်ပါတယ်။ ဒါပေမဲ့ ဗုဒ္ဓဘာသာအရကျ မိမိကိုယ်ကိုယ် အဆုံးစီရင်တာမို့ အပြစ်ဖြစ်ပါတယ်။ နောက်ပြီး တူတူအသက်ဆုံးသွားတယ်ဆိုတာ ဆွတ်ပျံ့ဖွယ် ကောင်းသလောက် ဝမ်နည်းစရာလည်း ကောင်းတာမို့ ဒီသတင်းကြီးဖတ်ပြီး လူကဆို့ဆို့နင့်နင့်ကြီးရယ်ပါ။

ယောင်းတို့ရော ဘယ်လိုထင်ကြသလဲဟင်။

ဖိုးသူတော် (www.phothutaw.com)
Credit: Khine ( For Her Myanmar )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top