ရာသီလာခါနီးတစ္ပတ္ ဆယ္ရက္အလို ေန႔ရက္ေတြဟာ ပ်ိဳတို႔အတြက္ ခက္ခဲပင္ပန္းလြန္းတဲ့ စိန္ေခၚမႈတစ္ရပ္ဆိုတာ ကိုတို႔ေယာက်္ားသားေတြ နားလည္ေအာင္႐ွင္းျပဖို႔ခက္ပါတယ္။ ပ်ိဳတို႕ မိန္းကေလးေတြ ကိုယ္တိုင္ေတာင္မွ သည္လိုအခ်ိန္ေတြဆို ကိုယ့္ကိုယ္ကိုေတာင္နားလည္ဖို႔ ခပ္ခက္ခက္ရယ္ပါ။တခါတခါ သူ႔အလိုလိုဝမ္းနည္းၿပီး ငိုခ်င္ေနတာမ်ိဳး၊ တစ္ခါတေလ ဘာမဟုတ္တဲ့ကိစၥကို စိတ္တိုေဒါသထြက္ေနတာမ်ိဳး …ဘာကိုမွ စိတ္အလိုမက်တာမ်ိဳး၊ ႐ွိေသးတယ္…. တစ္ေလာကလံုးနဲ႔အဆက္အသြယ္ျဖတ္ၿပီး တစ္ေယာက္ထဲမီးအေမွာင္ခ်ထားတဲ့အခန္းေလးထဲမွာ သီးသီးသန္႕သန္႕ေနခ်င္တာမ်ိဳး….အဆိုးဆံုးကေတာ့ ဒီခံစားခ်က္ေတြဟာ တစ္ေန႔တည္းမွာပဲ အတက္အက်အမ်ိဳးမ်ိဳးနဲ႔ ပ်ိဳ႕ကိုလႊမ္းမိုးထားတာပဲ။

ဒီလိုရက္မ်ိဳးေတြမွာ ကို႔ကို ဂ်ီက်မိတာ ရစ္မိတာမ်ိဳး ႐ွိေကာင္း႐ွိမယ္၊ ကို ဘာအမွားမွမလုပ္ဘဲလည္း ပ်ိဳေအာ္မိခ်င္ေအာ္မိလိမ့္မယ္၊ အေၾကာင္းရင္းမယ္မယ္ရရမ႐ွိဘဲ ငိုေနတဲ့ပ်ိဳ႕ကို ဘယ္လိုေခ်ာ့ရမွန္းမသိဘဲလည္း ေခ်ာ့ရႏိုင္တယ္။ဒါေၾကာင့္ ကို ပ်ိဳနဲ႔ပတ္သက္ၿပီး ကိုႀကိဳတင္ျပင္ဆင္ထားလို႔ရေအာင္ပါ။

ပ်ိဳစာထဲမွာဖတ္ဖူးတယ္ သိလား?

ဒီလကၡဏာေတြသက္သာေအာင္ လုပ္ရမယ့္နည္းေလးေတြ႐ွိတယ္ဆိုပဲ။ ဘာတဲ့…

ေလ့က်င့္ခန္းလုပ္ရမယ္…ေလ့က်င့္ခန္းလုပ္ျခင္းက ရာသီလာခါနီး စိတ္အလိုမက်မႈေတြကိုသက္သာေစသလို ရာသီလာခ်ိန္ဆီးစပ္ကိုက္တာ၊အစာမေၾကေလပြတာေတြကို သိသိငါသာ သက္သာေစတယ္တဲ့။ ေနာက္တစ္ခုက

ဒီလိုအခ်ိန္ေတြမွာ အစားအေသာက္ကို တစ္ခါတည္းအမ်ားႀကီးစားတာထက္စာရင္ နည္းနည္းစီ ခဏခဏခြဲစားသင့္တယ္၊ အခ်ိဳမ်ားၿပီး က်န္းမာေရးနဲ႔ မညီၫြတ္တဲ့အစားေတြလည္း မစားသင့္ဘူးတဲ့ေလ။ေနာက္ၿပီး…

ေကာ္ဖီ၊လက္ဖက္ရည္စတာေတြမွာ ကဖင္းဓာတ္ပါဝင္တယ္တဲ့.. အဲ့ကဖင္းဓာတ္က စိတ္ပူပန္မႈနဲ႔ ညအိပ္မေပ်ာ္တာေတြျဖစ္ေစလို႔ ရာသီမလာခင္ စိတ္ဂေယာက္ဂယက္ျဖစ္တာေတြ ပိုဆိုးေစတယ္တဲ့….ဒါေၾကာင့္ ရာသီမလာမီ ႏွစ္ပတ္ေလာက္အလိုတည္းက ဒါေတြမေသာက္ဘဲ ႀကိဳေ႐ွာင္သင့္တယ္ေျပာတယ္…

ပ်ိဳက ဘီယာဘာညာမေသာက္တတ္လို႔ေတာ္ေသးတယ္သိလား? အရက္၊ဘီယာေသာက္တာက အဲ့လိုအခ်ိန္မွာ စိတ္ဓာတ္ပိုက်ေစတယ္ဆိုပဲ…

ဒီတစ္ခ်က္ကေတာ့ ကိုသတိထားရမယ့္အခ်က္ပဲ…ဘာတဲ့…

ဒီလိုစိတ္ထိ႐ွလြယ္ေနတဲ့အခ်ိန္မ်ိဳးမွာ အျခားစိတ္ဖိစီးစရာတစ္ခုခုဝင္လာရင္လိုတာထက္ပိုခံစားတတ္၊ ပိုေပါက္ကြဲတတ္ၾကတယ္တဲ့။ အဲ့ဒါေၾကာင့္ စိတ္ဖိစီးမႈေတြနဲ႔ကင္းေဝးေအာင္ေနသင့္တယ္…တရားထိုင္၊ ေယာဂက်င့္ စတာေတြနဲ႔ စိတ္တည္ျငိမ္ေအာင္ ႀကိဳးစားထိန္းခ်ဳပ္ရမယ္…မိသားစုနဲ႔ခ်စ္ရသူေတြရဲ့ အေလးေပးဂရုစိုကလည္း အရမ္းအေရးႀကီးပါတယ္တဲ့…ေတြ႔တယ္ေနာ္ ကို!

ဒီလို ​ေဆာင္​ရန္​ ​ေ႐ွာင္​​ရန္​ အခ်က္​​ေတြကို သိ​ေန​​ေပမယ္​့ စိတ္​ခံစားခ်က္​​ေတြ ႐ႈပ္​​ေထြးၿပီး မထိန္​းခ်ဳပ္​ႏိုင္​တဲ့အခါမွာ ဆရာဝန္​နဲ႔ ျပရတဲ့ထိ ႐ွိတယ္​.. ကိုရဲ႕

ဒါ​ေၾကာင္​့ မိန္​းမသား​ေတြရဲ႕ လစဥ္​ၾကံဳ​ေတြ​ေနရတဲ့ အခက္​အခဲ​ေလး​ေတြကို ​ပ်ိဳတို႔သာမကပဲ ‘ကို’တို႔​​ေယာက်ာ္​းသား​ေတြပါ သိထားတဲ့အခါ ႏွစ္​ဦးႏွစ္​ဖက္​ နားလည္​မႈ​ေတြ ပိုတိုးလို႔ ေ႐ွ႕ဆက္​ၾကမယ္​​ေနာ္​…

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေမ (ေဆး ၂) (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
ရာသီလာခါနီးတစ်ပတ် ဆယ်ရက်အလို နေ့ရက်တွေဟာ ပျိုတို့အတွက် ခက်ခဲပင်ပန်းလွန်းတဲ့ စိန်ခေါ်မှုတစ်ရပ်ဆိုတာ ကိုတို့ယောကျ်ားသားတွေ နားလည်အောင်ရှင်းပြဖို့ခက်ပါတယ်။ပျိုတို့မိန်းကလေးတွေကိုယ်တိုင်တောင်မှ သည်လိုအချိန်တွေဆို ကိုယ့်ကိုယ်ကိုတောင်နားလည်ဖို့ ခပ်ခက်ခက်ရယ်ပါ။တခါတခါ သူ့အလိုလိုဝမ်းနည်းပြီးငိုချင်နေတာမျိုး၊ တစ်ခါတလေ ဘာမဟုတ်တဲ့ကိစ္စကို စိတ်တိုဒေါသထွက်နေတာမျိုး…ဘာကိုမှ စိတ်အလိုမကျတာမျိုး၊ ရှိသေးတယ်….တစ်လောကလုံးနဲ့အဆက်အသွယ်ဖြတ်ပြီး တစ်ယောက်ထဲမီးအမှောင်ချထားတဲ့အခန်းလေးထဲမှာ သီးသီးသန့်သန့်နေချင်တာမျိုး….အဆိုးဆုံးကတော့ ဒီခံစားချက်တွေဟာ တစ်နေ့တည်းမှာပဲ အတက်အကျအမျိုးမျိုးနဲ့ ပျို့ကိုလွှမ်းမိုးထားတာပဲ။

ဒီလိုရက်မျိုးတွေမှာ ကို့ကို ဂျီကျမိတာ ရစ်မိတာမျိုး ရှိကောင်းရှိမယ်၊ ကို ဘာအမှားမှမလုပ်ဘဲလည်း ပျိုအော်မိချင်အော်မိလိမ့်မယ်၊ အကြောင်းရင်းမယ်မယ်ရရမရှိဘဲ ငိုနေတဲ့ပျို့ကို ဘယ်လိုချော့ရမှန်းမသိဘဲလည်း ချော့ရနိုင်တယ်။ဒါကြောင့် ကို ပျိုနဲ့ပတ်သက်ပြီး ကိုကြိုတင်ပြင်ဆင်ထားလို့ရအောင်ပါ။

ပျိုစာထဲမှာဖတ်ဖူးတယ် သိလား?

ဒီလက္ခဏာတွေသက်သာအောင် လုပ်ရမယ့်နည်းလေးတွေရှိတယ်ဆိုပဲ။ ဘာတဲ့…

လေ့ကျင့်ခန်းလုပ်ရမယ်…လေ့ကျင့်ခန်းလုပ်ခြင်းက ရာသီလာခါနီး စိတ်အလိုမကျမှုတွေကိုသက်သာစေသလို ရာသီလာချိန်ဆီးစပ်ကိုက်တာ၊အစာမကြေလေပွတာတွေကို သိသိငါသာ သက်သာစေတယ်တဲ့။ နောက်တစ်ခုက

ဒီလိုအချိန်တွေမှာ အစားအသောက်ကို တစ်ခါတည်းအများကြီးစားတာထက်စာရင် နည်းနည်းစီ ခဏခဏခွဲစားသင့်တယ်၊ အချိုများပြီး ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားတွေလည်း မစားသင့်ဘူးတဲ့လေ။နောက်ပြီး…

ကော်ဖီ၊လက်ဖက်ရည်စတာတွေမှာ ကဖင်းဓာတ်ပါဝင်တယ်တဲ့.. အဲ့ကဖင်းဓာတ်က စိတ်ပူပန်မှုနဲ့ ညအိပ်မပျော်တာတွေဖြစ်စေလို့ ရာသီမလာခင် စိတ်ဂယောက်ဂယက်ဖြစ်တာတွေ ပိုဆိုးစေတယ်တဲ့….ဒါကြောင့် ရာသီမလာမီ နှစ်ပတ်လောက်အလိုတည်းက ဒါတွေမသောက်ဘဲ ကြိုရှောင်သင့်တယ်ပြောတယ်…

ပျိုက ဘီယာဘာညာမသောက်တတ်လို့တော်သေးတယ်သိလား? အရက်၊ဘီယာသောက်တာက အဲ့လိုအချိန်မှာ စိတ်ဓာတ်ပိုကျစေတယ်ဆိုပဲ…

ဒီတစ်ချက်ကတော့ ကိုသတိထားရမယ့်အချက်ပဲ…ဘာတဲ့…

ဒီလိုစိတ်ထိရှလွယ်နေတဲ့အချိန်မျိုးမှာ အခြားစိတ်ဖိစီးစရာတစ်ခုခုဝင်လာရင်လိုတာထက်ပိုခံစားတတ်၊ ပိုပေါက်ကွဲတတ်ကြတယ်တဲ့။ အဲ့ဒါကြောင့် စိတ်ဖိစီးမှုတွေနဲ့ကင်းဝေးအောင်နေသင့်တယ်…တရားထိုင်၊ ယောဂကျင့် စတာတွေနဲ့ စိတ်တည်ငြိမ်အောင် ကြိုးစားထိန်းချုပ်ရမယ်…မိသားစုနဲ့ချစ်ရသူတွေရဲ့ အလေးပေးဂရုစိုကလည်း အရမ်းအရေးကြီးပါတယ်တဲ့…တွေ့တယ်နော် ကို!

ဒီလို ဆောင်ရန် ရှောင်ရန် အချက်တွေကို သိနေပေမယ့် စိတ်ခံစားချက်တွေ ရှုပ်ထွေးပြီး မထိန်းချုပ်နိုင်တဲ့အခါမှာ ဆရာဝန်နဲ့ ပြရတဲ့ထိ ရှိတယ်.. ကိုရဲ့

ဒါကြောင့် မိန်းမသားတွေရဲ့ လစဉ်ကြုံတွေနေရတဲ့ အခက်အခဲလေးတွေကို ပျိုတို့သာမကပဲ ‘ကို’တို့ယောကျာ်းသားတွေပါ သိထားတဲ့အခါ နှစ်ဦးနှစ်ဖက် နားလည်မှုတွေ ပိုတိုးလို့ ရှေ့ဆက်ကြမယ်နော်…

ဖိုးသူတော် (www.phothutaw.com)
Credit: မေ (ဆေး ၂) (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top