န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

အားေဆးအျဖစ္သြင္းတဲ့ အေၾကာေဆးဆိုတာ

ကၽြန္ေတာ္တို႔နိုင္ငံက လူနာေတာ္ေတာ္မ်ားမ်ား ေဆးရံုေဆးခန္းသြားတဲ့အခါ…. မၾကာမၾကာေျပာေလ့ရွိတာကေတာ့…. “ဆရာ.. ကၽြန္ေတာ္ေခါင္းမူးလို႔ အေၾကာေဆးသြင္းခ်င္လို႔”  “ကၽြန္မအားနည္းေနလို႔ ဆလိုင္းခ်ိတ္ေပးပါ”  “ကၽြန္ေတာ္က တစ္လတစ္ခါ အေၾကာေဆးသြင္းေနက်… မသြင္းရင္ ေနမေကာင္းဘူး… ခု ေဆးသြင္းဖို႔ ရက္ျပည္႔ေနျပီ ဆိုေတာ့ လုပ္ေပးပါဦးဆရာ”  …. ဒီလိုေတြ ေျပာျပီး အေၾကာေဆးသြင္းေပးဖို႔ က်န္းမာေရး၀န္ထမ္းေတြကို ေတာင္းဆိုေလ့ရွိၾကပါတယ္…

ေဆးအနီေလးေတြ… အ၀ါေလးေတြ အေၾကာထဲ၀င္သြားတာ… ပုလင္းၾကီးထဲကေဆးရည္ေတြ တစက္စက္က်တာကို ျမင္ေန ရရင္ပဲ သေဘာက်ၾကသူအမ်ားသား။ ကိုယ္လက္ကိုက္ခဲရင္ အေၾကာေဆးထိုး… ေခါင္းမူးေခါင္းကိုက္ရင္ အေၾကာေဆးထိုး ၾက… အိပ္ေရးပ်က္ရင္လည္း အေၾကာေဆးထိုးၾကတယ္္။ ထိုးေပးဖို႔လည္း ေတာင္းဆိုၾကတယ္။ အေၾကာေဆးမထိုးရင္ဘဲ ေရာဂါမေပ်ာက္သလို ထင္ၾကတာလဲရွိ…အေၾကာေဆးထိုးတာကို စြဲေနသူေတြေတာင္ရွိၾကပါတယ္..။

တကယ္ေတာ့ အေၾကာေဆးထဲမွာ ဂလူးကို႔စ္အရည္နဲ႔ ဗီတာမင္ ဘီ ဒါမွမဟုတ္ ဗီတာမင္စီနည္းနည္းပဲပါတာပါ..။ ပုလင္း ၾကီးခ်ိတ္တယ္ဆိုတဲ့ drip ပုလင္းထဲမွာဆိုရင္ေတာ့…. ေဆလိုင္းလို႔ေခၚတဲ့ ဆားငန္ရည္…. ဒါမွမဟုတ္ ဆားနဲ႔အခ်ိဳေရာ ထားတဲ့ အရည္…. ဒါမွမဟုတ္ အခ်ိဳရည္ပဲပါတာပါ။ ဒီလိုေဆးသြင္းလိုက္ ခ်ိတ္လိုက္ရံုနဲ႔ အားေတြရွိသြားေရာလားဆိုေတာ့ မဟုတ္ပါဘူး။ ခုဏကေျပာသလို အခ်ိဳရည္ ဒါမွမဟုတ္ ဆားငန္ရည္နဲ့ ဗီတာမင္နည္းနည္းပဲပါတဲ့အတြက္ ပါ။ ပိုတဲ့ဆားငန္ရည္ ဒါမွမဟုတ္ အခ်ိဳရည္ေတြကို သိပ္မၾကာခင္မွာပဲ ….. ဆီးလမ္းေၾကာင္းကေန ဆီးအျဖစ္ စြန္႔ထုတ္ရင္း ကုန္သြားမွာပါ။

အဲဒီအစား အားေဆးေသာက္ေဆးတစ္ေန့တစ္လံုးပံုမွန္ေသာက္တာ၊ သင့္တင့္ျပီးအာဟာရျဖစ္တဲ့အစားအေသာက္ေတြ စားတာက ပိုအက်ိဳးမ်ားေစမွာပါ။

ဘယ္လိုအခ်ိန္ေတြမွာ အေၾကာေဆးထိုးသင့္တာလဲ

အေၾကာေဆးဟာ လံုး၀ မျဖစ္မေန မထိုးသင့္တာမ်ိဳးေတာ့ မဟုတ္ပါဘူး။ ေသြးတြင္းအခ်ိဳဓာတ္က်တာ၊ ၀မ္းေလ်ွာ၀မ္းပ်က္တာ ဒါမွမဟုတ္ အန္တာမ်ားတဲ့အခါ ေရဓာတ္ခမ္းေျခာက္မွူျဖစ္တဲ့အခါ၊ မီးေလာင္ခံရတာမ်ိဳးမွာ၊ ပါးစပ္ကေနဘယ္လိုမွ စားမရနိုင္တဲ့ေရာဂါအေျခအေနမ်ိဳး ဥပမာ ပါအာသီးဆိုးဆိုး၀ါး၀ါးေယာင္ျပီးျပည္တည္ေနတာမ်ိဳး၊ အစာေရမ်ိဳကင္ဆာမ်ိဳး နဲ႔ တခ်ိဳ႔ေသာအေျခအေနေတြမွာ အေၾကာေဆး ကို မျဖစ္မေနသြင္းရပါတယ္။

ဒီလိုမွမဟုတ္ဘဲ ပံုမွန္အစားအေသာက္ေန႔စဥ္စားနိုင္ေနတဲ့သူမ်ိဳးအတြက္ကေတာ႔ အေၾကာေဆးဟာ တကယ္ကို မလိုအပ္ပါဘူး။ အသားနာတာရယ္၊ ပိုက္ဆံကုန္တာရယ္၊ အခ်ိန္ကုန္တာရယ္ပဲ ရွိျပီး ဆီးအျဖစ္နဲ့ ျပန္ထြက္သြားမွာပဲ ျဖစ္ပါတယ္။

တခ်ိဳ႔က ေခါင္းမူးေခါင္းကိုက္တယ္ဆိုျပီး အေၾကာေဆးထိုးၾကပါတယ္..။ တကယ္တမ္း ေခါင္းမူးေခါင္းကိုက္တယ္ဆိုရင္ ဘာေၾကာင့္ေခါင္းမူးေခါင္းကိုက္ရသလဲဆိုတဲ့ အေၾကာင္းအရင္းကို ရွာရမွာပါ။ ေသြးေပါင္ခ်ိန္တက္ေနသလား၊ က်ေနသလား၊ ေသြးတြင္းအခ်ိဳဓာတ္ပံုမွန္ရွိရဲ႕လား၊ မ်က္စိေရာဂါေၾကာင့္လား၊ မိုင္ဂရိန္းလိုေခါင္းတျခမ္းကိုက္ေရာဂါလား၊ စိတ္ဖိစီးမွူေတြ မ်ားလို႔ျဖစ္တဲ့ tension headacheလား၊ ဦးေခါင္းထဲမွာ အၾကိတ္ ဒါမွမဟုတ္ ေသြးခဲရွိေနနိုင္သလား၊ နားေရာဂါေၾကာင့္လား၊ အာရံုေၾကာေၾကာင့္လား၊ ေသြးအားနည္းသလား …. စသျဖင့္ အေၾကာင္းအရင္းကိုရွာျပီးမွ ကုရတာပါ။ ေရာဂါအလိုက္ သီးျခားကုသမွူေတြရွိပါတယ္…။ ဘာျဖစ္ျဖစ္ အေၾကာေဆးထိုးလိုက္မယ္ဆိုတာက အေျဖမဟုတ္ပါဘူး။

တခါတရံမွာ ပိုဆိုးသြားတဲ့အေျခအေနမ်ိဳးေတာင္ ၾကံဳရနိုင္ပါတယ္။ ဥပမာ heart failure လို့ေခၚတဲ့ နွလံုးေကာင္းေကာင္းအလုပ္မလုပ္နိုင္တဲ့လူနာမ်ိဳးမွာ ၊ အဆုတ္မေကာင္းတဲ့လူနာမ်ိဳးနဲ႔ေက်ာက္ကပ္ေရာဂါရွိသူေတြမွာ ပုလင္းၾကီးကို ခပ္ျမန္ျမန္ခ်ိတ္မိတဲ့အခါ အသက္အႏၱရာယ္ေတာင္မွ ျဖစ္နိုင္ပါတယ္။ သက္ၾကီးရြယ္အိုေတြ မွာဆိုရင္လည္းပိုလို႔ေတာင္ သတိထားသင့္ပါတယ္။

တခ်ိဳ႕လူနာေေတြက်ေတာ့လည္း… ဒီလို အေၾကာေဆးသြင္းတာ၊ ထိုးတာဟာ ဘာမွထူးျပီးအက်ိဴးမရွိတဲ႕အေၾကာင္း ေသခ်ာဂဃနဏရွင္းျပရင္ေတာင္ သိပ္လက္မခံခ်င္ၾကတာမ်ိဴးရွိပါတယ္။ တကယ္ကေတာ့ ခဏေနရင္ ဆီးထဲကေနအကုန္ပါသြားမွာေသခ်ာေနတဲ့ အေၾကာေဆး သြင္းတာ ခ်ိတ္တာဟာ မလိုအပ္ေၾကာင္း အားလံုးသိနားလည္လိုက္နာသင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: hellosayarwon

#Unicode Version#
အားဆေးအဖြစ်သွင်းတဲ့ အကြောဆေးဆိုတာ

ကျွန်တော်တို့နိုင်ငံက လူနာတော်တော်များများ ဆေးရုံဆေးခန်းသွားတဲ့အခါ…. မကြာမကြာပြောလေ့ရှိတာကတော့…. “ဆရာ.. ကျွန်တော်ခေါင်းမူးလို့ အကြောဆေးသွင်းချင်လို့”  “ကျွန်မအားနည်းနေလို့ ဆလိုင်းချိတ်ပေးပါ”  “ကျွန်တော်က တစ်လတစ်ခါ အကြောဆေးသွင်းနေကျ… မသွင်းရင် နေမကောင်းဘူး… ခု ဆေးသွင်းဖို့ ရက်ပြည့်နေပြီ ဆိုတော့ လုပ်ပေးပါဦးဆရာ”  …. ဒီလိုတွေ ပြောပြီး အကြောဆေးသွင်းပေးဖို့ ကျန်းမာရေးဝန်ထမ်းတွေကို တောင်းဆိုလေ့ရှိကြပါတယ်…

ဆေးအနီလေးတွေ… အဝါလေးတွေ အကြောထဲဝင်သွားတာ… ပုလင်းကြီးထဲကဆေးရည်တွေ တစက်စက်ကျတာကို မြင်နေ ရရင်ပဲ သဘောကျကြသူအများသား။ ကိုယ်လက်ကိုက်ခဲရင် အကြောဆေးထိုး… ခေါင်းမူးခေါင်းကိုက်ရင် အကြောဆေးထိုး ကြ… အိပ်ရေးပျက်ရင်လည်း အကြောဆေးထိုးကြတယ်။ ထိုးပေးဖို့လည်း တောင်းဆိုကြတယ်။ အကြောဆေးမထိုးရင်ဘဲ ရောဂါမပျောက်သလို ထင်ကြတာလဲရှိ…အကြောဆေးထိုးတာကို စွဲနေသူတွေတောင်ရှိကြပါတယ်..။

တကယ်တော့ အကြောဆေးထဲမှာ ဂလူးကို့စ်အရည်နဲ့ ဗီတာမင် ဘီ ဒါမှမဟုတ် ဗီတာမင်စီနည်းနည်းပဲပါတာပါ..။ ပုလင်း ကြီးချိတ်တယ်ဆိုတဲ့ drip ပုလင်းထဲမှာဆိုရင်တော့…. ဆေလိုင်းလို့ခေါ်တဲ့ ဆားငန်ရည်…. ဒါမှမဟုတ် ဆားနဲ့အချိုရော ထားတဲ့ အရည်…. ဒါမှမဟုတ် အချိုရည်ပဲပါတာပါ။ ဒီလိုဆေးသွင်းလိုက် ချိတ်လိုက်ရုံနဲ့ အားတွေရှိသွားရောလားဆိုတော့ မဟုတ်ပါဘူး။ ခုဏကပြောသလို အချိုရည် ဒါမှမဟုတ် ဆားငန်ရည်နဲ့ ဗီတာမင်နည်းနည်းပဲပါတဲ့အတွက် ပါ။ ပိုတဲ့ဆားငန်ရည် ဒါမှမဟုတ် အချိုရည်တွေကို သိပ်မကြာခင်မှာပဲ ….. ဆီးလမ်းကြောင်းကနေ ဆီးအဖြစ် စွန့်ထုတ်ရင်း ကုန်သွားမှာပါ။

အဲဒီအစား အားဆေးသောက်ဆေးတစ်နေ့တစ်လုံးပုံမှန်သောက်တာ၊ သင့်တင့်ပြီးအာဟာရဖြစ်တဲ့အစားအသောက်တွေ စားတာက ပိုအကျိုးများစေမှာပါ။

ဘယ်လိုအချိန်တွေမှာ အကြောဆေးထိုးသင့်တာလဲ

အကြောဆေးဟာ လုံး၀ မဖြစ်မနေ မထိုးသင့်တာမျိုးတော့ မဟုတ်ပါဘူး။ သွေးတွင်းအချိုဓာတ်ကျတာ၊ ဝမ်းလျှောဝမ်းပျက်တာ ဒါမှမဟုတ် အန်တာများတဲ့အခါ ရေဓာတ်ခမ်းခြောက်မှူဖြစ်တဲ့အခါ၊ မီးလောင်ခံရတာမျိုးမှာ၊ ပါးစပ်ကနေဘယ်လိုမှ စားမရနိုင်တဲ့ရောဂါအခြေအနေမျိုး ဥပမာ ပါအာသီးဆိုးဆိုးဝါးဝါးယောင်ပြီးပြည်တည်နေတာမျိုး၊ အစာရေမျိုကင်ဆာမျိုး နဲ့ တချို့သောအခြေအနေတွေမှာ အကြောဆေး ကို မဖြစ်မနေသွင်းရပါတယ်။

ဒီလိုမှမဟုတ်ဘဲ ပုံမှန်အစားအသောက်နေ့စဉ်စားနိုင်နေတဲ့သူမျိုးအတွက်ကတော့ အကြောဆေးဟာ တကယ်ကို မလိုအပ်ပါဘူး။ အသားနာတာရယ်၊ ပိုက်ဆံကုန်တာရယ်၊ အချိန်ကုန်တာရယ်ပဲ ရှိပြီး ဆီးအဖြစ်နဲ့ ပြန်ထွက်သွားမှာပဲ ဖြစ်ပါတယ်။

တချို့က ခေါင်းမူးခေါင်းကိုက်တယ်ဆိုပြီး အကြောဆေးထိုးကြပါတယ်..။ တကယ်တမ်း ခေါင်းမူးခေါင်းကိုက်တယ်ဆိုရင် ဘာကြောင့်ခေါင်းမူးခေါင်းကိုက်ရသလဲဆိုတဲ့ အကြောင်းအရင်းကို ရှာရမှာပါ။ သွေးပေါင်ချိန်တက်နေသလား၊ ကျနေသလား၊ သွေးတွင်းအချိုဓာတ်ပုံမှန်ရှိရဲ့လား၊ မျက်စိရောဂါကြောင့်လား၊ မိုင်ဂရိန်းလိုခေါင်းတခြမ်းကိုက်ရောဂါလား၊ စိတ်ဖိစီးမှူတွေ များလို့ဖြစ်တဲ့ tension headacheလား၊ ဦးခေါင်းထဲမှာ အကြိတ် ဒါမှမဟုတ် သွေးခဲရှိနေနိုင်သလား၊ နားရောဂါကြောင့်လား၊ အာရုံကြောကြောင့်လား၊ သွေးအားနည်းသလား …. စသဖြင့် အကြောင်းအရင်းကိုရှာပြီးမှ ကုရတာပါ။ ရောဂါအလိုက် သီးခြားကုသမှူတွေရှိပါတယ်…။ ဘာဖြစ်ဖြစ် အကြောဆေးထိုးလိုက်မယ်ဆိုတာက အဖြေမဟုတ်ပါဘူး။

တခါတရံမှာ ပိုဆိုးသွားတဲ့အခြေအနေမျိုးတောင် ကြုံရနိုင်ပါတယ်။ ဥပမာ heart failure လို့ခေါ်တဲ့ နှလုံးကောင်းကောင်းအလုပ်မလုပ်နိုင်တဲ့လူနာမျိုးမှာ ၊ အဆုတ်မကောင်းတဲ့လူနာမျိုးနဲ့ကျောက်ကပ်ရောဂါရှိသူတွေမှာ ပုလင်းကြီးကို ခပ်မြန်မြန်ချိတ်မိတဲ့အခါ အသက်အန္တရာယ်တောင်မှ ဖြစ်နိုင်ပါတယ်။ သက်ကြီးရွယ်အိုတွေ မှာဆိုရင်လည်းပိုလို့တောင် သတိထားသင့်ပါတယ်။

တချို့လူနာေတွေကျတော့လည်း… ဒီလို အကြောဆေးသွင်းတာ၊ ထိုးတာဟာ ဘာမှထူးပြီးအကျိူးမရှိတဲ့အကြောင်း သေချာဂဃနဏရှင်းပြရင်တောင် သိပ်လက်မခံချင်ကြတာမျိူးရှိပါတယ်။ တကယ်ကတော့ ခဏနေရင် ဆီးထဲကနေအကုန်ပါသွားမှာသေချာနေတဲ့ အကြောဆေး သွင်းတာ ချိတ်တာဟာ မလိုအပ်ကြောင်း အားလုံးသိနားလည်လိုက်နာသင့်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top