×

ဂ်င္းရည္ကိုေသာက္သံုးျခင္းရဲ့ အက်ိဳးေက်းဇူးေတြကိုေဖာ္ျပရရင္ေတာ့

ကင္ဆာေရာဂါကို ကာကြယ္ေပးျခင္း

ေလ့လာခ်က္ေတြအရ ဂ်င္းဟာ ကင္ဆာဆဲလ္တိုးပြားလာျခင္းနဲ႔ ကင္ဆာဆဲလ္ ရွင္သန္တာကို တားဆီးေပးႏိုင္ပါတယ္။ သရက္ရြက္ကင္ဆာ၊ ဆီးက်ိတ္ကင္ဆာ၊ ဆီးအိမ္ကင္ဆာ ၊ အေရျပားကင္ဆာ၊ အဆုတ္နဲ႔ အသည္းကင္ဆာေတြကို ကာကြယ္ေပးႏိုင္ပါတယ္။

ဦးေႏွာက္လုပ္ေဆာင္ခ်က္ကို တိုးတက္လာျခင္း

ဂ်င္းကို ပံုမွန္စားသံုးေပးမယ္ဆိုရင္ ဦးေႏွာက္လုပ္ေဆာင္ခ်က္ကို တိုးတက္လာေစမွာျဖစ္ပါတယ္။ စိတ္ဖိစီးမႈေၾကာင့္ မၾကာခဏေမ့တတ္တာကိုလည္း သက္သာေစမွာျဖစ္ပါတယ္။အထူးသျဖင့္ သက္လတ္ပိုင္း အမ်ိဳးသမီးေတြေသာက္သံုးေပးသင့္ပါတယ္။

ေသြးလည္ပတ္မႈ

ဂ်င္းရည္ဟာ ေသြးလည္ပတ္မႈကို ေကာင္းမြန္ေစပါတယ္။ ဒါ့အျပင္ ေသြးတိုးေရာဂါ၊ ႏွလံုးေသြးေၾကာဆိုင္ရာေရာဂါ နဲ႔ ကိုလက္စထေရာျမင့္မားမႈကို ေလွ်ာ့ခ်ေပးပါတယ္။ ႏွလံုးေရာဂါကိုလည္း ကာကြယ္ေပးႏိုင္ပါတယ္။

အစာေခ်စနစ္

ဂ်င္းမွာ အစာေခ်စနစ္ကိုေကာင္းမြန္ေစတဲ့ အမွ်င္ဓါတ္နဲ႔ တျခားအဟာရ ဓါတ္ေတြပါ၀င္ပါတယ္။ ဒါ့ေၾကာင့္ ပိ်ဳ႕အန္တာ၊ ၀မ္းခ်ဳပ္တာ၊ အစာအိမ္နဲ႔ အူလမ္းေၾကာင္းဆိုင္ရာျပႆနာေတြ အပါအ၀င္ ၀မ္းေလွ်ာတာကိုလည္း ကာကြယ္ေပးႏိုင္ပါတယ္။

ဂ်င္းရည္ျပဳလုပ္နည္း

ပါ၀င္ပစၥည္း

ေရတစ္ခြက္

အတံုးလိုက္လွီးထားတဲ့ ဂ်င္းအနည္းငယ္ (၄ တံုး (သို႕) ၆တံုး)

အိုးတစ္လံုး

ပ်ားရည္

ျပင္ဆင္ျခင္း

ေရကို အိုးထဲထည့္ၿပီး မီးဖိုေပၚ ဆူေအာင္သည္ထားပါ။ ၿပီးရင္ လွီးထားတဲ့ ဂ်င္းေတြကို ထည့္ပါ။ ၿပီးရင္ အပူခ်ိန္ေလွ်ာ့လိုက္ၿပီး မီးေအးေအးနဲ႔ ၁၅ မိနစ္ေလာက္ သည္ထားပါ။ ၿပီးရင္
ခြက္တစ္လံုးထဲေျပာင္းထည့္ၿပီး ပ်ားရည္အနည္းငယ္ထည့္ကာ ေသာက္သံုးႏိုင္ပါၿပီ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mystyle

#Unicode Version#

ဂျင်းရည်ကိုသောက်သုံးခြင်းရဲ့ အကျိုးကျေးဇူးတွေကိုဖော်ပြရရင်တော့

ကင်ဆာရောဂါကို ကာကွယ်ပေးခြင်း

လေ့လာချက်တွေအရ ဂျင်းဟာ ကင်ဆာဆဲလ်တိုးပွားလာခြင်းနဲ့ ကင်ဆာဆဲလ် ရှင်သန်တာကို တားဆီးပေးနိုင်ပါတယ်။ သရက်ရွက်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာ ၊ အရေပြားကင်ဆာ၊ အဆုတ်နဲ့ အသည်းကင်ဆာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

ဦးနှောက်လုပ်ဆောင်ချက်ကို တိုးတက်လာခြင်း

ဂျင်းကို ပုံမှန်စားသုံးပေးမယ်ဆိုရင် ဦးနှောက်လုပ်ဆောင်ချက်ကို တိုးတက်လာစေမှာဖြစ်ပါတယ်။ စိတ်ဖိစီးမှုကြောင့် မကြာခဏမေ့တတ်တာကိုလည်း သက်သာစေမှာဖြစ်ပါတယ်။အထူးသဖြင့် သက်လတ်ပိုင်း အမျိုးသမီးတွေသောက်သုံးပေးသင့်ပါတယ်။

သွေးလည်ပတ်မှု

ဂျင်းရည်ဟာ သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် သွေးတိုးရောဂါ၊ နှလုံးသွေးကြောဆိုင်ရာရောဂါ နဲ့ ကိုလက်စထရောမြင့်မားမှုကို လျှော့ချပေးပါတယ်။ နှလုံးရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

အစာချေစနစ်

ဂျင်းမှာ အစာချေစနစ်ကိုကောင်းမွန်စေတဲ့ အမျှင်ဓါတ်နဲ့ တခြားအဟာရ ဓါတ်တွေပါဝင်ပါတယ်။ ဒါ့ကြောင့် ပျို့အန်တာ၊ ဝမ်းချုပ်တာ၊ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာပြဿနာတွေ အပါအဝင် ဝမ်းလျှောတာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

ဂျင်းရည်ပြုလုပ်နည်း

ပါဝင်ပစ္စည်း

ရေတစ်ခွက်

အတုံးလိုက်လှီးထားတဲ့ ဂျင်းအနည်းငယ် (၄ တုံး (သို့) ၆တုံး)

အိုးတစ်လုံး

ပျားရည်

ပြင်ဆင်ခြင်း

ရေကို အိုးထဲထည့်ပြီး မီးဖိုပေါ် ဆူအောင်သည်ထားပါ။ ပြီးရင် လှီးထားတဲ့ ဂျင်းတွေကို ထည့်ပါ။ ပြီးရင် အပူချိန်လျှော့လိုက်ပြီး မီးအေးအေးနဲ့ ၁၅ မိနစ်လောက် သည်ထားပါ။ ပြီးရင်

ခွက်တစ်လုံးထဲပြောင်းထည့်ပြီး ပျားရည်အနည်းငယ်ထည့်ကာ သောက်သုံးနိုင်ပါပြီ။


ဖိုးသူတော် (www.phothutaw.com)
Credit: mystyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top