ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

စစ္ကားတစ္စီးရဲ႕ ေနာက္ေပါက္ကေန ျပဳတ္က်ေပ်ာက္ဆုံးေနတဲ့ လက္ပစ္ဗုံးေသတၱာကို ေတြ႔ရွိေအာင္ ကူညီေပးႏုိင္ရင္ ဆုေငြ ေဒၚလာ ငါးေထာင္ ခ်ီးျမွင့္မယ္လို႔ အေမရိကန္ေလတပ္က ဆုေၾကးထုတ္ထားပါတယ္။

ေျမာက္ပိုင္းဒါကိုတာရဲ႕ အေနာက္ေျမာက္ဖက္ စမ္းသပ္ကြင္းေတြၾကား ၉၁ ဒုံးက်ည္တပ္လုံၿခံဳေရးတပ္ရင္းအဖြဲ႔ ေမာင္းႏွင္စဥ္မွာ ဒီလက္ပစ္ဗုံးေတြက ကားေပၚကေန ျပဳတ္က်ခဲ့တာ ျဖစ္ပါတယ္။ တပ္ဖြဲ႔ရဲ႕ ဟမ္ဗီကား ေနာက္တံခါး ပြင့္ၿပီး ပါရွယ္အရပ္ကေန ေလးမိုင္အထိ ေမာင္းႏွင္ခဲ့တာျဖစ္ၿပီး ဒီလက္ပစ္ဗုံးေသတၱာ ျပဳတ္က်ရစ္တာျဖစ္တယ္လို႔ ေလတပ္က ဆိုပါတယ္။

ဒီေပ်ာက္ဆုံးမႈဟာ ေမ ၁ ရက္က ျဖစ္ခဲ့တာေပမယ့္ စစ္တပ္ဟာ စီရင္စုအရပ္ဖက္႐ုံးေတြကို သုံးရက္ၾကာမွ အသိေပးတာ ျဖစ္ပါတယ္။

“ဒီလို သတင္းအေၾကာင္းၾကားမႈ အားနည္းခ်က္ဟာ အရပ္သားေတြ လုံၿခံဳေရးအတြက္ ရတက္မေအးစရာ ျဖစ္ရတယ္။” လို႔ ေမာင့္ထေရးစီရင္စု႐ုံးက ထုတ္ျပန္ပါတယ္။

လက္ပစ္ဗုံးေတြဟာ ေသတၱာအတြင္း ရွိေနသေရြ႕ အႏၱရာယ္ကင္းေၾကာင္း ေလတပ္က ထုတ္ျပန္ပါတယ္။ မီေနာ့ေလတပ္စခန္းက ေလတပ္သား ၁၀၀ ေက်ာ္ထက္မနည္းဟာ လက္ပစ္ဗုံးေတြ ေပ်ာက္ဆုံးရာ လမ္းေၾကာင္း ေျခာက္မိုင္ကို အႀကိမ္ႀကိမ္ ရွာေဖြၿပီးေနာက္ မေတြ႔ရွိတာနဲ႔ ရွာေဖြေရးကို ေမ ၁၁ ရက္မွာ ရပ္ပစ္ခဲ့တာ ျဖစ္ပါတယ္။

လက္ပစ္ဗုံးေတြ ေတြ႔ရွိပါက အေရးေပၚဌာနမ်ားသို႔ အေၾကာင္းၾကားရန္ လယ္သမားေတြ၊ ေရနံေျမအလုပ္သမားေတြ အပါအ၀င္ ေဒသခံေတြကို သတိေပးထားပါတယ္။

“စစ္ျပန္တစ္ဦးအေနနဲ႔ ကၽြန္ေတာ္ေျပာရရင္ ဒါမ်ဳိးဟာ ဘယ္အဆင့္မွာမဆို မေတာ္တဆျဖစ္တတ္ပါတယ္လို႔ လုံးလုံး နားလည္ပါတယ္။ ဒါေပမယ့္ မၾကာခင္ပဲ ျပန္ေတြ႔ၿပီး အျဖစ္ဆိုးေတြ ဘာမွမျဖစ္ဖို႔လည္း ေမွ်ာ္လင့္ပါတယ္။”လို႔ မတ္ဖို႔စ္ဆိုသူက ေျပာခဲ့သည္။

Rf; Sky

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေမာင္သံဆင့္ ( Daily Hot News )
# Unicode Version ျဖင့္ ဖတ္ပါ #
စစ်ကားတစ်စီးရဲ့ နောက်ပေါက်ကနေ ပြုတ်ကျပျောက်ဆုံးနေတဲ့ လက်ပစ်ဗုံးသေတ္တာကို တွေ့ရှိအောင် ကူညီပေးနိုင်ရင် ဆုငွေ ဒေါ်လာ ငါးထောင် ချီးမြှင့်မယ်လို့ အမေရိကန်လေတပ်က ဆုကြေးထုတ်ထားပါတယ်။

မြောက်ပိုင်းဒါကိုတာရဲ့ အနောက်မြောက်ဖက် စမ်းသပ်ကွင်းတွေကြား ၉၁ ဒုံးကျည်တပ်လုံခြုံရေးတပ်ရင်းအဖွဲ့ မောင်းနှင်စဉ်မှာ ဒီလက်ပစ်ဗုံးတွေက ကားပေါ်ကနေ ပြုတ်ကျခဲ့တာ ဖြစ်ပါတယ်။ တပ်ဖွဲ့ရဲ့ ဟမ်ဗီကား နောက်တံခါး ပွင့်ပြီး ပါရှယ်အရပ်ကနေ လေးမိုင်အထိ မောင်းနှင်ခဲ့တာဖြစ်ပြီး ဒီလက်ပစ်ဗုံးသေတ္တာ ပြုတ်ကျရစ်တာဖြစ်တယ်လို့ လေတပ်က ဆိုပါတယ်။

ဒီပျောက်ဆုံးမှုဟာ မေ ၁ ရက်က ဖြစ်ခဲ့တာပေမယ့် စစ်တပ်ဟာ စီရင်စုအရပ်ဖက်ရုံးတွေကို သုံးရက်ကြာမှ အသိပေးတာ ဖြစ်ပါတယ်။

“ဒီလို သတင်းအကြောင်းကြားမှု အားနည်းချက်ဟာ အရပ်သားတွေ လုံခြုံရေးအတွက် ရတက်မအေးစရာ ဖြစ်ရတယ်။” လို့ မောင့်ထရေးစီရင်စုရုံးက ထုတ်ပြန်ပါတယ်။

လက်ပစ်ဗုံးတွေဟာ သေတ္တာအတွင်း ရှိနေသရွေ့ အန္တရာယ်ကင်းကြောင်း လေတပ်က ထုတ်ပြန်ပါတယ်။ မီနော့လေတပ်စခန်းက လေတပ်သား ၁၀၀ ကျော်ထက်မနည်းဟာ လက်ပစ်ဗုံးတွေ ပျောက်ဆုံးရာ လမ်းကြောင်း ခြောက်မိုင်ကို အကြိမ်ကြိမ် ရှာဖွေပြီးနောက် မတွေ့ရှိတာနဲ့ ရှာဖွေရေးကို မေ ၁၁ ရက်မှာ ရပ်ပစ်ခဲ့တာ ဖြစ်ပါတယ်။

လက်ပစ်ဗုံးတွေ တွေ့ရှိပါက အရေးပေါ်ဌာနများသို့ အကြောင်းကြားရန် လယ်သမားတွေ၊ ရေနံမြေအလုပ်သမားတွေ အပါအဝင် ဒေသခံတွေကို သတိပေးထားပါတယ်။

“စစ်ပြန်တစ်ဦးအနေနဲ့ ကျွန်တော်ပြောရရင် ဒါမျိုးဟာ ဘယ်အဆင့်မှာမဆို မတော်တဆဖြစ်တတ်ပါတယ်လို့ လုံးလုံး နားလည်ပါတယ်။ ဒါပေမယ့် မကြာခင်ပဲ ပြန်တွေ့ပြီး အဖြစ်ဆိုးတွေ ဘာမှမဖြစ်ဖို့လည်း မျှော်လင့်ပါတယ်။”လို့ မတ်ဖို့စ်ဆိုသူက ပြောခဲ့သည်။

Rf; Sky

ဖိုးသူတော် (www.phothutaw.com)
Credit: မောင်သံဆင့် ( Daily Hot News )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top