ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ဓာတ္ပုံမ်ားအတြက္ မူရင္းတင္ထားတဲ့ မိတ္ေဆြမ်ားကို အထူးေက်းဇူးတင္ပါတယ္။

ျမန္မာသမုိင္းတစ္ေလွ်ာက္ ထင္ရွားထူးခြ်န္ေသာ ဆရာေတာ္ႀကီးအမ်ားအျပား ရွိခဲ့သည့္အနက္ ဘုန္းေတာ္ႀကီး ဦးသီလ လည္းအပါ၀အင္ျဖစ္သည္။ ဘုန္းေတာ္ႀကီး ဦးသီလဟု အမ်ားေခၚေဝၚၾကေသာ ေတာရဆရာေတာ္ဘုရားႀကီးသည္ ပဲခူးၿမိဳ႕ ေျမာက္ဘက္ ႏွစ္မိုင္ခန္႔ေဝးေသာ အထက္ ဇိုင္းဂႏိုင္းႀကီး႐ြာ၌ သကၠရာဇ္ ၁၁၉၄ ခုႏွစ္၊ နတ္ေတာ္လဆန္း ၈ ရက္၊ ေသာၾကာ ေန႔နံနက္ ၈ နာရီအခ်ိန္တြင္ ဖြားျမင္သည္။ အဘမွာကုန္သည္ ဦးထြန္းေအာင္ျဖစ္၍ အမိေဒၚခ်ိဳျဖစ္သည္။ ငယ္မည္မွာ ေမာင္ေ႐ႊသာ ျဖစ္၏။ ဦးေ႐ႊသာ၊ ေဒၚသူဇာ၊ ေဒၚအို၊ ေဒၚလွေအာင္၊ ဦးဘိုးေက်ာ္ဟူေသာ ေမြးခ်င္းငါးေယာက္ရွိသည့္အနက္ ဦးသီလဆရာေတာ္ေလာင္း ဦးေ႐ႊသာသည္ အႀကီးဆုံး ျဖစ္သည္။

ေမာင္ေ႐ႊသာသည္ ၁ဝ ႏွစ္သားအ႐ြယ္တြင္ ေကာ့ျပင္႐ြာဘုန္းေတာ္ႀကီးဦးမႉးထံ၌ စာေပသင္ၾကားရန္ ေက်ာင္းသားအျဖစ္ အပ္ႏွံခံရသည္။ ၁၂ဝ၆ ခုႏွစ္တြင္အသက္ ၁၂ႏွစ္ အ႐ြယ္ ေရာက္ေသာအခါ ရွင္သာမေဏအျဖစ္သို႔ေရာက္သည္။ ဘြဲ႕ေတာ္မွာ ရွင္သီလသာရျဖစ္သည္။ ရွင္သာမေဏဝတ္ျဖင့္ ခုနစ္ဝါေနၿပီးေနာက္ ၁၂၁၃ ခုႏွစ္တပို႔တြဲလတြင္ က်ိဳက္ေဒးယ်ဳံဘုရား ကုန္းေတာ္အရံအတြင္းရွိ ဘုန္းႀကီးေက်ာင္း၌ ပီလခတ္႐ြာဘုန္းေတာ္ႀကီးကို ဥပဇၩာယ္ျပဳ၍ ကာရက သံဃာမ်ားစြာျဖင့္ ရဟန္းေဘာင္သို႔တက္ေတာ္မူသည္။

ေကာ့ျပင္႐ြာဘုန္းေတာ္ႀကီးဦးမႉးထံ၌ ရဟန္းႏွစ္ဝါရသည့္တိုင္ေအာင္ ေနၿပီးေနာက္၊ ပဲခူးၿမိဳ႕ေထာင့္ေက်ာင္း ဆရာေတာ္ႀကီး ဦးဟစႏၵာလကၤာရဘြဲ႕ေတာ္ရွိေသာ ဘုန္းေတာ္ႀကီး ဦးပုံထံ၌ ငါးဝါရသည့္ တိုင္ေအာင္ပရိယတၱိဓမၼ အေျခခံစာေပတို႔ကို ေန႔ညဥ့္မျပတ္သင္ၾကား အားထုတ္ေနေလသည္။ ဦးသီလသည္ထိုစဥ္က ျပတ္ျပတ္သားသား မွတ္သားဖြယ္ တရားမ်ားကို ေဟာၾကားႏိုင္သျဖင့္ အမ်ားၾကည္ၫိုၾကသည္။ ၁၂၁၈ ခုႏွစ္ရဟန္းဝါ ငါးဝါရၿပီးေသာအခါ ရန္ကုန္ၿမိဳ႕သို႔ႂကြလာ၍ ယခုပုဇြန္ေတာင္ က်ိဳက္ထီး႐ိုးေက်ာင္းတိုက္တည္ရာ၌ ေ႐ႊၾကက္ယက္ ဘုန္းေတာ္ႀကီးဦးေမဓာထံတြင္ စာေပက်မ္းဂန္သင္ယူကာ တစ္ဝါေနေလသည္။

ဦးသီလသည္ ေျခာက္ဝါရၿပီးေသာအခါ ပဲခူးၿမိဳ႕သို႔ျပန္ႂကြသြားကာ ကလ်ာဏီေတာရ ဘုန္းေတာ္ႀကီး ဦးဝဏၰထံ၌ တစ္ဝါ၊ မႏၲေလးၿမိဳ႕သို႔တက္၍ စစ္ကိုင္းဘက္ကူးၿပီးလၽွင္ စစ္ကိုင္း ပိေတာက္ေခ်ာင္ေတာင္႐ိုး အရိယဝံသေရငုံတိုက္၌ တစ္ဝါ၊ မႏၲေလးၿမိဳ႕အေရွ႕စလင္းတိုက္၌ တစ္ဝါအသီးသီးတြင္ သီတင္းသုံး၍ စာေပသင္ယူသည္။ ၁၂၂၂ ခုႏွစ္တြင္ရဟန္းဝါကိုးဝါအရ၌ ဦးသီလသည္ ေကာင္းစြာ မက်မ္းမာသျဖင့္ ပဲခူးဘက္သို႔စုန္ဆင္းလာၿပီးလၽွင္ လာကမြတ႐ြာ၊ ေဈးေညာင္ပင္႐ြာစသည္တို႔၌ ေခတၱ စီသိီတင္းသုံး၍ ပတၱျမားေစတီ၊ က်ိဳက္ပတိုင္ကုန္း တန္းဂူကုန္းတို႔၌ အရညဝါသီေတာမွီပုဂၢိဳလ္အျဖစ္ျဖင့္ ေတာရေဆာက္တည္ေနေတာ္မူသည္။ ၁၂၂၆ ခုႏွစ္တြင္ပဲခူးၿမိဳ႕မွ ဂိုဏ္းအုပ္ဆရာေတာ္ႀကီးဦးပုံ ေတာထြက္ေတာ္မူေသာအခါ ဦးသီလလည္းေနာက္မွတပါတည္း လိုက္သြားေလသည္။ ဂုိဏ္းအုပ္ဆရာေတာ္ႀကီး ေတာထြက္ရသည္မွာလည္း ဘုန္းေတာ္ႀကီး ဦးသီလေၾကာင့္ဟု ဆုိႏုိင္သည္။
ေရႊက်င္ၿမဳိ႕ရွိ ဘုန္းေတာ္ႀကီးဦးသိလ တရားက်င့္ခဲ့ရာဂူ

ဘုန္းႀကီးဦးပုံသည္ ကလ်ာဏီေက်ာင္းတိုက္ ေတာင္ဘက္တြင္ ကပ္လ်က္ရွိေသာ သစ္ေစးပင္ေလးတိုင္စင္ေက်ာင္းငယ္၌ သီတင္းသုံးေတာ္မူေသာအခါ ဦးသီလလည္း ထိုေက်ာင္းႏွင့္ မနီးမေဝး အေနာက္ဘက္ေက်ာင္းငယ္တစ္ခု၌ သီတင္းသုံးေနထိုင္သည္။ ဝါကၽြတ္လတ္ေသာ္ ပဲခူးၿမိဳ႕အေရွ႕ဟသၤာကုန္းသို႔ ေ႐ႊ႕ေျပာင္း၍ ေတာေက်ာင္း၌ဘုန္းႀကီး ဦးပုံႏွင့္အတူ ဝါကပ္သည္။ ယင္းသို႔ျဖင့္ဘုန္းႀကီးဦးပုံမဟာနာယကျပဳ၍ တည္ေထာင္ေသာေတာရ ဂိုဏ္းတြင္ ဘုန္းေတာ္ႀကီး ဦးသီလသည္ ဒုတိယနာယကျဖစ္လာေလသည္။ ပဲခူးေတာရ ဂိုဏ္းႀကီးသည္ ေ႐ႊက်င္ဆရာေတာ္ႀကီးတည္ေထာင္ေသာ ေ႐ႊက်င္ဂိုဏ္းႏွင့္ဝိနည္းကိုပဓာနထား၍ သီးသန္႔ျခင္း၊ ဂိုဏ္းတစ္ပါးႏွင့္အဆက္အဆံမရွိျခင္းတို႔၌ အယူသီလတူမၽွ ေလသည္။

ယင္းသို႔ေ႐ႊက်င္ဂိုဏ္းႏွင့္ ပဲခူးေတာရဂိုဏ္းတို႔ ႏွစ္ဂိုဏ္းတစ္ဂိုဏ္းျဖစ္ၿပီးေသာအခါ ဆရာေတာ္ဦးသီလပင္ လၽွင္ယင္းဂိုဏ္းႀကီး၏ ဒုတိယနာယကျဖစ္ေတာ္မူေလသည္။ ၁၂၂၈ ခုႏွစ္ဝါလသီတင္းကၽြတ္ေသာအခါဦးသီလသည္ ဟသၤာကုန္းမွ ဖဲခြာေလသည္။ ထို၁၅ ဝါရၿပီးမွစ၍ က်ိဳက္ေဒးယ်ဳံ၊ လာကမြတ္၊ ေဈးေညာင္ပင္၊ က်ိဳက္ပတိုင္ကုန္းတန္း၊ ဂူကုန္း၊ ကလိ၊တပ္ကေလး၊ အဝိုင္း၊ ဘုရားကေလး၊ ဥကၠံ႐ြာကုန္းေတာရ၊ ေဒးစြန္ပါပ်ဥ္ပုံေတာ၊ လွည္းဘီးကြဲ၊ အေနာက္ေတာတန္း၊ ဒိုက္ဦး၊ ဖေအာင္ဝဲ၊ ေ႐ႊက်င္ခ႐ြဲ၊ ဝမ္းပေကာ၊ က်ိဳက္ထို၊ ေကာ့ကဒြတ္၊ ဘီးလင္း၊ က်ိဳက္ေကာ္၊ သထုံ၊ေဂါ့၊ မုတၱမေတာင္႐ိုး၊ ေမာ္လၿမိဳင္၊ ဖားအံ၊ ဘီလူးကၽြန္း၊ မုဒုံ၊က်ဳုံဒိုးေကာ့ကရိတ္စသည္တို႔သို႔အႏွံ႔ႂကြ၍ သီတင္းသုံးကာ ေတာရဂိုဏ္းအႏွံ႔ ႀကီးပြားေလသည္။

ဆရာေတာ္သည္ရဟန္း ၁၂ဝါမွစ၍ ဓုတင္၁ဝပါး၊ ၁၁ပါး၊ ၁၂ပါး၊ ၁၃ပါး၊ ရံခါရသည္။ ပိ႑ပါတ္ဓုတင္ သပဒါနစာရိဓုတင္တို႔ျဖင့္ေန႔စဥ္ ဆြမ္းခံ၏။ ဆြမ္းဘုဥ္းေပးေသာအခါ ဧကာသနိတ္ပတၱပိုဏ္ဓုတင္ တစ္ေနရာတည္း တစ္ခြက္တည္းဘုဥ္းေပးသည္။ သက္သတ္လြတ္သာအၿမဲသုံးေဆာင္သည္။ ဆရာေတာ္သည္ အတည္တက် တစ္ေနရာတည္း တစ္ဆက္တည္း မေနလို၊ တစ္ေနရာတြင္အမ်ားဆုံးႏွစ္ဝါဆိုေလ့ရွိသည္။ ဆရာေတာ္၏ ေက်ာင္းသည္လည္း မ်ားေသာအားျဖင့္ ပိတ္မိုးေက်ာင္းတို႔ ျဖစ္ၾကသည္။ ထိုသို႔ဆရာေတာ္သည္ တစ္ေနရာတည္းခန္႔ခန္႔ ထည္ထည္ေက်ာင္းႀကီးႏွင့္ အၿမဲေနေလ့မရွိဘဲ အႏွံ႔သြားလာေနထိုင္ေသာေၾကာင့္လည္း ေတာရဂိုဏ္း ႀကီးအရပ္ရပ္၌ ပ်ံ႕ႏွံ႔ျခင္းျဖစ္သည္။

ဆရာေတာ္သည္ မိမိႏွင့္ ေတြ႕သမၽွေသာ ရဟန္းတို႔အား ေတာေက်ာင္းေနခ်င္ေအာင္ ေဟာေလ့ရွိသည္။ ဆရာေတာ္သည္ လာဘ္ သပ္ပကာ အလြန္ေပါေသာ္လည္း ေရာက္ရာအရပ္ရွိ သံဃာေတာ္တို႔အား အကုန္စြန္႔လႉေလ့ရွိ၏။ ကိုယ္ေတာ္တိုင္မူကား သပိတ္တစ္လုံး၊ သကၤန္းသုံးထည္ သားေရႏြယ္တခ်ပ္ျဖင့္ေရာင့္ရဲေတာ္မူ၏။ ထုိသို႔ ေတာအလီလီေရႊ႕ေျပာင္းက်င့္သုံးရာ ဆင္ ၊ က်ား စေသာသားရဲတိရစာၦန္မ်ားျဖင့္ မၾကာခဏထိပ္တုိက္ႀကဳံခဲ့သည္။ က်ားမ်ားအလြန္ေသာင္းက်န္ပါသည္ဆုိေသာ အရပ္မ်ားတြင္ ေတာရေဆာက္တည္ေသာ္လည္း တခါဖူးမွ် အႏၱရာယ္မႀကဳံခဲ့။ ေကာင္းျမတ္ေသာ အက်င့္သီလတန္ခိုးေၾကာင့္ ဆင္မနင္းက်ားမကိုက္ေသာ ဂုဏ္ရွိေတာ္မူသည္ဟုဆိုၾကသည္။

တခါကက်ားႀကီးတစ္ေကာင္သည္ ဆရာေတာ္၏ တဲေက်ာင္းအနီးတြင္ဖုိထားေသာ မီးပုံတြင္ လာ၀ပ္ၿပီး ပါးစပ္အေဟာင္းသားႏွင့္ အိပ္ေပ်ာ္သြားခုိက္ ကပၸိယႀကီးက က်ားႀကီး၏ပါးစပ္ထဲသုိ႔ မီးခဲမ်ားထည့္ဖုိ႔ စိတ္ကူးမိရာ ေက်ာင္းႀကီးေပၚမွ ဆရာေတာ္၏ အသံထြက္လာသျဖင့္ လန္႔သြားခဲ့ဖူးသည္။
“ကပၸိယႀကီး ဘာလုိ႔မေကာင္းႀကံၿပီး ျပစ္မွားရသလဲ ။ ကုိယ့္အလုပ္ ကိုယ္လုပ္္တာမဟုတ္ဘူး ေတာင္းပန္လုိက္”ဟူေသာ စကားေၾကာင့္ ဆရာေတာ္သည္ စိတ္ထဲမွအႀကံံကုိပင္ သိေနသူဟု ယုံၾကည္ခဲ့သည္။ အျခားဆရာေတာ္တစ္ပါးသည္ ဆရာေတာ္သည္ အတြင္းစိတ္အႀကံကို သိမသိ ၂ႀကိမ္တုိင္စမ္းဖူးရာ ဆရာေတာ္က သိခ်ည္းေနသည္။ ပထမတစ္ခါ ဆရာေတာ္အားသြားဖူးစဥ္ ဆရာေတာ္က သူ႔ဆီလာသူ မွန္သမွ် ျပန္သြားတုိင္း ပစၥည္းမ်ားကိုလွဴဒါန္းသည့္ အေၾကာင္းသိသျဖင့္ ငါ့စိတ္အႀကံကုိ သိရင္ ငါ့ကုိဘာမွမလွဴပါေစနဲ႔ဟု ေတြးခဲ့သည္။ ဆရာေတာ္ဦးသီလကလည္း ထုိဆရာေတာ္ျပန္သည့္ အခါဘာမွမလွဴပဲ ျပန္လႊတ္လုိက္သည္။

တစ္ႀကိမ္တုိက္ဆုိင္တာျဖစ္မွာပါ ဟု ေနာက္တစ္ႀကိမ္ထပ္စမ္းဖူးသည္။ ဒီတစ္ႀကိမ္တြင္ ဆရာေတာ္ဦးသီလ ဆီသို႔အသြား ငါ့စိတ္ကုိသိလွ်င္ ငါ့အားဘယ္သူလဲ ဘယ္ကလဲမေမးပဲ ေျခဆုပ္လက္နယ္ ၀တ္ျပဳခြင့္ေပးပါေစ ဟုအႀကံျဖစ္သည္။ ဆရာေတာ္ဦးသီလ ထံအေရာက္တြင္ မည္သည့္စကားမွ မေမးပဲ ေျခဆုပ္လက္နယ္ျပဳခြင့္ေပးခဲ့သည္။ ထုိအခါမွ ထုိဆရာေတာ္ယုံသြားသည္။ ပ်ဥ္းမနားမွ ဒကာတစ္ဦးကလည္း ဆရာေတာ္သည္ ေတာရခ်ည္းသာေဆာက္တည္ေနသျဖင့္ အက်င့္သာျမတ္သည္ စာေပဘက္မွာေတာ့ထူးခြ်န္စြာ တတ္ေျမာက္ပုံမရဟု ဆရာေတာ္္ဆီအသြားတြင္ ေတြးခဲ့ဖူးသည္။ ဆရာေတာ္ဆီေရာက္သည့္အခါ ဆရာေတာ္က “ဒကာတုိ႔ ဆန္းၾကယ္တဲ့ တန္ေဆာင္းျပသာဒ္ေတြကုိေဆာက္ရာမွာ လက္မူပညာသာတတ္ၿပီး စူးေဆာက္ တန္ဆာပလာ တုိ႔မရွိရင္ျဖစ္ပါ့မလား ၊ လက္နက္သာရွိၿပီး ပညာမတတ္ရင္ေရာျဖစ္ပါ့မလား ၊ ႏွစ္ခုစလုံးျပည့္စုံမွ ျဖစ္မည္မဟုတ္ပါလား” ဟူေသာ စကားကုိဆုိရာ ထုိဒကာမွာ ၀မ္းနည္း၀မ္းသာျဖစ္ခဲ့ဖူးသည္။

ဆရာေတာ္ႏွင့္ ပတ္သတ္၍ ထူးျခားေသာျဖစ္ရပ္မ်ားစြာ ရွိခဲ့ဖူးသည္။ ထုိအထဲမွ တခ်ဳိ႕ကိုေျပာရလွ်င္-

ပဲခူးေခ်ာင္းဖ်ားရွိ ကံျမင့္ရြာတြင္ ညအခါတြင္ က်ားဆုိးတစ္ေကာင္ေသာင္းက်န္းလွ်က္ရွိသည္။ ထုိအတြင္း ဘုန္းေတာ္ႀကီးသည္ ထုိရြာသုိ႔ေရာက္ၿပီး ရြာသုသာန္ဇရပ္တြင္ တစ္ညတည္းသည္။ ရြာသူ ရြာသားမ်ားက ေလွ်ာက္ထားေသာ္လည္း လက္မခံသျဖင့္ အားလုံးစုိးရိမ္ခဲ့ၾကသည္။ ဘုန္းေတာ္ႀကီးအား အသက္မရွင္ႏုိင္ေတာ့ဟု ယူဆခဲ့ေသာ္လည္း ေနာက္တစ္ေန႔တြင္ ဆြမ္းခံထြက္သည္ကုိ ျမင္ရသျဖင့္ ၀မ္းသာအားရျဖင့္ ဆြမ္းေလာင္းၾကသည္။ မယုံၾကည္သူမ်ားက လုိက္လံေခ်ာင္းၾကည့္ရာ က်ားဆုိးႀကီးသည္ ဘုန္းေတာ္ႀကီးအနီး သုံးေတာင္ခန္႔အကြာတြင္ ၿငိမ္သက္စြာေနသည္ကုိ ေတြ႔လုိက္ၾကသည္။

တခါကလည္း ဘုန္းေတာ္ႀကီးအား လာပင့္ေသာ ဒကာ ၃ေယာက္ႏွင့္အတူ ကင္ပြန္းစခန္းအနီးရြာတစ္ရြာသုိ႔ အသြား လမ္းတြင္ ဆင္ဆုိးႀကီးတစ္ေကာင္ႏွင့္ ႀကဳံျပန္သည္။ ထုိဆင္ဆုိးသည္ လူမ်ားကို နင္းသတ္ဖူးခဲ့ေသာ ဆင္ဆုိးႀကီးျဖစ္သည္။ တည့္တည့္ေတြ႔သည္ျဖစ္၍ ဆရာေတာ္အား ေနာက္ဆုတ္ရန္ေလွ်ာက္ထားေသာ္လည္း လက္မခံသျဖင့္ ဒကာမ်ားမွာ ထြက္ေျပးသူေျပး ၊ သစ္ပင္ေပၚတက္သူတက္ျဖစ္ကုန္သည္။ ဆရာေတာ္သည္ ေရွ႕မတုိးေနာက္မဆုတ္ ၿငိမ္သက္စြာရပ္ေနသည္။ ဘုန္းေတာ္ႀကီးရွိရာသို႔ အရွိန္ျဖင့္ေျပးလာေသာ ဆင္ဆုိးႀကီးမွာ ဘုန္းေတာ္ႀကီးအနားေရာက္သည္ႏွင့္ ပုဆစ္တုပ္ၿပီး ထုိင္လွ်က္က်သြားသည္။

ဘုန္းေတာ္ႀကီးက ရပ္ၿမဲရပ္ေနရာ ခဏအၾကာ ဆင္ႀကီးမွာ ေနာက္ျပန္လည့္ၿပီး ေတာအတြင္းသို႔ ျပန္၀င္သြားသည္ကုိ ဒကာမ်ား ျမင္လုိက္ၾကသည္။ က်ဳိက္ထီးရုိးလမ္္းတြင္ ေသာင္းက်န္းေနေသာ ဆင္ဆုိးႀကီးေက်ာ့မွဴးႏွင့္ တည့္တည့္ႀကဳံခဲ့စဥ္ကလည္း ထုိအတုိင္းပင္ ဆင္ႀကီးသည္ ဆရာေတာ္အနီးအေရာက္တြင္ ဦးေခါင္းငိုက္စုိက္ ေအာ္ဟစ္ၿပီး ျပန္လည္ဆုတ္သြားသည္ကုိ ကပၸိယႀကီးသာမက ပန္ခ်ာပီသုံးေယာက္ ႏွင့္ အဂၤလိပ္စစ္ဗုိလ္တုိ႔ပါ ျမင္ေတြ႔လုိက္ၾကသည္။ ဘုန္းေတာ္ႀကီး၏ သီလ ႏွင့္ ေမတၱာ အစြမ္းထက္ပုံကုိ အားလုံးေျပာမဆုံးၾကေတာ့။

ဆရာေတာ္သည္ ႏြားရုိင္း ၊ ေျမြ စသည္တုိ႔ႏွင့္လည္း ႀကဳံခဲ့ဖူးေသာ္လည္း တခါတရံမွ် ဘာမွမျဖစ္ခဲ့။ ေနာက္တခါ ထူးျခားသည့္ျဖစ္ရပ္တစ္ခုမွာ ဆရာေတာ္သည္ သိမ္ကုန္း ဂူႀကီးတစ္ခု အတြင္းတြင္ တရားက်င့္ေနစဥ္ ဂူအျပင္ဘက္ မနီးမေ၀းတြင္ ႏြားေက်ာင္းသားတစ္ေယာက္ ႏြားေက်ာင္းေနသည္။ ထုိအခ်ိန္တြင္ ဂူႀကီးမွာ ရုပ္တရက္ၿပဳိက်သြားရာ ႏြားေက်ာင္းသားသည္ လန္႔ျဖန္႔ၿပီး “ဂူၿပဳိသျဖင့္ ဆရာေတာ္ပ်ံလြန္ေတာ္မူၿပီ” ဟုေအာ္ဟစ္ကာ ရြာကုိအျမန္ေျပးသည္။ ရြာသူရြာသားမ်ား စုရုံး၍ ၿပဳိက်ခဲ့ရာ ဂူအနီးသုိ႔ အေျပးအလႊားေရာက္သည့္အခါ မတ္တပ္ရပ္ေနေသာ ဆရာေတာ္အား ျမင္လုိက္ရသည္။ ဂူၿပဳိသည့္အေၾကာင္း ဆရာေတာ္အားေမးၾကည့္ရာ ဆရာေတာ္က
“ေအး ငါတရားထုိင္ေနတုန္း ဂူအျပင္ဘက္က ဆရာေတာ္ကယ္ပါဘုရား ဆရာေတာ္ကယ္ပါဘုရား လုိ႔ ေအာ္ဟစ္တဲ့အသံၾကားလုိ႔ ထြက္ၾကည့္မိတယ္။ဘယ္သူမွလည္း မေတြ႔ပါဘူး။ အဲဒီအခ်ိန္မွာပဲ ဂူႀကီးၿပဳိသြားတာပဲ” ဟုေျဖသည္။

တခါကလည္း ဆရာေတာ္သည္ က်ဳိက္ေဒးယ်ဳံေတာခ်ဳံထူထပ္သည့္ေနရာတြင္ တစ္ကုိယ္တည္းတရားရႈ႕မွတ္ေနရာ ၿခဳံမ်ားကြယ္ေနသျဖင့္ မုဆုိးႀကီး ဦးေကာ္က ေသနတ္ျဖင့္ပစ္သည္။ သုံးႀကိမ္ပစ္ရာ မီးမကူး ေသနတ္ကိုအေပၚသုိ႔ ေထာင္ပစ္မွ က်ည္ဆန္ထြက္သည္။ ဘာေၾကာင့္ပါလဲဟု အနီးသုိ႔သြားၾကည့္ရာ ဘုန္းေတာ္ႀကီးျဖစ္ေနသည္ကုိ ေတြ႔ေသာအခါမွ ထိတ္လန္႔တုန္လႈပ္ၿပီး အျပစ္အား ခြင့္လႊတ္ရန္ေတာင္းပန္သည္။ ဘုန္းေတာ္ႀကီးက
“မိမိ အျပစ္ကုိ ျမင္သည္၍ ေတာင္းပန္ကုစားျခင္းကား ေကာင္း၏။ ေနာင္ႀကီးပြားျခင္းျဖစ္သည္။ ငါသည္းခံသည္” ဟုဆုိသည္။ ထုိအခ်ိန္မွ စ၍ ဦးေကာ္သည္ မုဆုိးအလုပ္ကို စြန္႔လႊတ္၍ ရာသက္ပန္ ရဟန္း၀တ္သြားေတာ့သည္။

၁၂၄၇ခုႏွစ္ ပါေတာ္မူေခတ္တြင္ ေက်ာက္ကလပ္ဘုန္းေတာ္ႀကီးမ်ားဗုိလ္လုပ္ကာ အဂၤလိပ္တုိ႔အားေတာ္လွန္ေနသည္။ အဂၤလိပ္တပ္မ်ားက လုိက္လံႏွိမ္ႏွင္းရာ ေခါင္းေဆာင္ ကိုဘားႀကီးက်ဆုံး၍ တပ္ပ်က္ေျပးၾကသည္။ အဂၤလိပ္ ပန္ခ်ာပီတပ္ကလည္း လုိက္လံႏွိမ္ႏွင္းရာ ဘုန္းေတာ္ႀကီးေတာရေဆာက္တည္ေနေသာ ေနရာသို႔ေရာက္လာသည္။ ၿငိမ္သက္စြာထုိင္ေနေသာ ဘုန္းေတာ္ႀကီးအား ရန္သူ႔ဘက္သားဟု ယူဆကာ ေသနတ္မ်ားျဖင့္ ၀ုိင္းပစ္ၾကသည္။ တစ္ေယာက္ေသနတ္မွ မီးမထြက္သျဖင့္ ဘုန္းေတာ္ႀကီးအနီးသုိ႔ေရာက္လာၾကၿပီး ေျခေထာက္ကိုဦးေခါင္းႏွင့္ ပြတ္ကာ ဆလံေပးကာ ၀န္ခ်ေတာင္းပန္ၾကသည္။

ဆရာေတာ္သည္ ျပြန္တန္ဆာ ၊ ဒုိက္ဦး ၊ ဥကၠံရြာမ်ားသုိ႔ ခရီးလည့္လည္ေနစဥ္ လမ္းအၾကားတြင္ မီးရထားႏွင့္ ထိပ္တုိက္တုိးဖူးသည္။ ဆရာေတာ္အနီးေရာက္သည္ႏွင့္ မီးရထားသည္ ခ်က္ခ်င္းရပ္သြား၍ စက္ဗုိလ္မ်ားသာမက ခရီးသည္မ်ားပါ ရုတ္ရုတ္သဲသဲျဖစ္သြားၾကသည္။ စက္ဗုိလ္ႏွင့္ ခရီးသည္မ်ား သူ႔ထက္ငါ ဦးေအာင္ ဘုန္းေတာ္ႀကီးအားပူေဇာ္ၾကသည္။ မီးရထားထြက္သည့္တုိင္ေအာင္ ရထားအျပင္ဘက္သုိ႔ ကုိယ္တစ္ပုိင္းထုတ္၍ ေခါင္းျပဴၾက ေအာ္ဟစ္ရွိခုိးခဲ့ၾကသည္။ မီးရထားႏွင့္ ဒီတစ္ႀကိမ္တည္းသာမဟုတ္ ဒလ ၊ ကြမ္းၿခံကုန္း သို႔ႀကြစဥ္ကလည္း ထုိအတုိင္းႀကဳံခဲ့ဖူးသည္။
ဇလြန္ၿမဳိ႕က ဦးသီလ ေစတီေတာ္

ဆရာေတာ္ဦးသီလသည္ ဝိနည္းသိကၡာအထူးတင္းၾကပ္စြာေစာင့္စည္းေတာ္မူ၍ ဘုန္းႀကီးလွသည္။ ဆရာေတာ္သည္ အက်င့္သီလကိုသာဂ႐ုဓမၼစိုက္ထုတ္သည္မဟုတ္၊ ပရိယတၱိ သာသနာဖြံ႕ၿဖိဳးမႈကိုလည္း အလြန္လိုလားေတာ္မူသည္။ ပဲခူးေတာရဂိုဏ္းဝိနည္းစာျပန္ပြဲမ်ားကို ၁၂၃၃ ခုႏွစ္မွစ၍ က်င္းပခဲ့သည္။ သထုံၿမိဳ႕ရွိဓမၼိကာရာမစာသင္တိုက္၊ ေညာင္ေလးပင္ ေတာရေက်ာင္း၊ ရန္ကုန္က်ိဳကၠဆံေက်ာင္းတိုက္၊ ေညာင္တုန္း ေ႐ႊဟသၤာေတာရတိုက္၊ ျဖဴးၿမိဳ႕ ေ႐ႊက်င္ေတာင္ေက်ာင္း၊ ေျမာက္ေက်ာင္း စသည္တို႔ကို ဦးစီးတည္ေထာင္ေပးသည္။ ျမန္မာႏိုင္ငံအရပ္ရပ္ရွိ ၿမိဳ႕႐ြာမ်ားမွ ဘုန္းေတာ္ႀကီးအားႂကြေရာက္ ခ်ီးျမႇင့္ရန္ပင့္ဖိတ္တိုင္း ျငင္းဆိုသည္မရွိ။ တတ္ႏိုင္သမၽွ ႂကြေရာက္ခ်ီးျမႇင့္သည္ခ်ည္း ျဖစ္သည္။ ထို႔ေၾကာင့္ပင္ ဆရာေတာ္ပ်ံလြန္ေတာ္မူေသာအခါ ေနရင္း ပဲခူးၿမိဳ႕၌မဟုတ္ဘဲ ဇလြန္ၿမိဳ႕သို႔ သိမ္သမုတ္သြားရင္း ျဖစ္ရေလသည္။

ဆရာေတာ္သည္ ၁၂၆၉ ခုႏွစ္ကဆုန္လဆုတ္ ၄ ရက္ တနင္းလာေန႔၊ (၂၉) ရက္၊ဧၿပီလ၊ (၁၉၀၇) ခုႏွစ္၊ နံနက္(၇)နာရီတြင္ သက္ေတာ္ ၇၅ ႏွစ္၊ ဝါေတာ္ ၅၅ ဝါတြင္ ဘဝနတ္ထံပ်ံလြန္ေတာ္မူသည္။ ဆရာေတာ္ပ်ံလြန္သည့္ ကိစၥမွာလည္း ဇလြန္ၿမဳိ႕အတြက္ ယေန႔တုိင္ေအာင္ ေျပာစမွတ္တြင္စရာ ကိစၥျဖစ္ခဲ့သည္။ ဘုန္းေတာ္ႀကီးသည္ အလြန္ထင္ရွား၍ ႀကီးျမတ္ေသာပုဂၢဳိလ္ႀကီးျဖစ္သျဖင့္ ဇလြန္ၿမဳိ႕ႏွင့္ မတန္ ရန္ကုန္သုိ႔ျပန္ပင့္ရမည္ဟု ဘုန္းေတာ္ႀကီးညီမ ႏွင့္အတူ ရန္ကုန္မွ ဒကာ ဒကာမမ်ားက သေဘၤာစင္းလုံးငွား၍ ဇလြန္သုိ႔ လုိက္လာၾကသည္။ အေလာင္းေတာ္ကိုျပန္ထည့္ရန္ ဆရာေတာ္ႀကီးမ်ားႏွင့္ အမိန္႔ႏွင့္သာမက စစ္တပ္မ်ား ပုလိပ္မ်ားျဖင့္ပင္ အက်ပ္ကုိင္ေတာင္းသည္။ သို႔ေသာ္ဇလြန္သားတုိ႔ကလည္း လုံး၀မေပးႏုိင္ အသက္ႏွင့္လဲမည္ ဟူ၍ တၿမဳိ႕လုံးအုံၾကြျငင္းဆန္ခဲ့သည္။ ဘုန္းေတာ္ႀကီး သီတင္းသုံးခဲ့ရာ အျခားေဒသမ်ားမွလည္း အေလာင္းေတာ္ကိုေပးရန္ အသီးသီးေတာင္းဆုိလာၾကသည္ ။ ဇလြန္ၿမဳိ႕သားမ်ားကျပတ္သည္ မည္သည္ကုိမွ်မေပးႏုိင္ဟု တြင္တြင္ျငင္းကာ ဇလြန္္မွာပင္ သၿဂၤဳိဟ္ရန္စီစဥ္ၾကသည္။

အေလာင္းေတာ္ကုိ ခုိးယူမည္စုိး၍ ေၾကးေသတၱာအေခါင္းလုပ္ၿပီး လူမမီသည့္အျမင့္တြင္ ဆြဲထားသည္။ အနီးတြင္လည္း လူေလးေယာက္အား ေန႔ညမျပတ္ေစာင့္ေစခဲ့သည္။ အနယ္နယ္အရပ္ရပ္မွ လူမ်ားသည္ ဘုန္းေတာ္ႀကီးအေလာင္းအနီးတြင္ ဇလြန္သားတုိ႔အား အမ်ဳိးမ်ဳိးေစာင္းခ်ိတ္ေျပာဆုိ၍ ငိုယုိၾကရာ ဇလြန္သားတုိ႔က ေျပာခ်င္ရာေျပာ၊ အေလာင္းမေပးရင္ၿပီးတာပဲ ဟု ေက်နပ္ၾကေလသည္။ စ်ာပနပြဲကုိ ထုိႏွစ္တပုိ႔တြဲလတြင္က်င္းပရာ ပ်ားပန္းခတ္ စည္ကားလွၿပီး ဇလြန္သားတုိ႔၏ သဒၵါတရားကုိ ေဖာ္ျပခြင့္ရသည္။ ေလာင္တုိက္အနီးတြင္ ဘုန္းေတာ္ႀကီး၏ ဘ၀ျဖစ္စဥ္မ်ားကို ပန္းခ်ီကားခ်ပ္မ်ားျဖင့္ ေရးဆြဲထားရာ ၾကည့္ရႈသူတုိင္း မ်က္ရည္မဆည္ႏုိင္ရွာၾက။

တပုိတြဲလျပည့္ေက်ာ္ ႏွစ္ရက္ေန႔တြင္ သၿဂၤဳိဟ္ရန္ စီစဥ္ထားေသာ္လည္း ဖူးေမွ်ာ္သူမ်ားေၾကာင့္ ေနာက္တစ္ေန႔မနက္ ရွစ္နာရီမွပင္ သၿဂၤဳိဟ္ခဲ့ရသည္။ သၿဂဳိဟ္ၿပီးေနာက္ တာ၀န္ရွိသူမ်ားက အရုိးျပာမ်ားကို သံေသတၱာမ်ားျဖင့္ထည့္ၿပီးလွ်င္ ပရိတ္သတ္အား ယူလုိရာယူရန္ခြင့္ျပဳရာ သၿဂၤဳိဟ္တဲ့ေနရာမွ မီးေသြးမ်ားသာ မက ၀ါးရာဇမတ္မ်ားအျပင္ ေျမႀကီးပါတြင္းႀကီးျဖစ္ကုန္သည္။ အရုိးျပာရသူမ်ားက ေရေမြးပုလင္းမ်ားတြင္ထည့္ထားရာ ျပာမွအလုံးေလးမ်ားျဖစ္လာၿပီး တက္ခ်ည္ဆင္းခ်ည္ ကြန္႔ျမဴးေနသည္ကုိ ဖူးေတြ႔ၾကရသည္။ မီးခံေသတၱာမ်ား အထပ္ထပ္ျဖင့္ သိမ္းဆည္းထားေသာ အရုိးျပာမ်ားကို ထုတ္ၾကည့္သည့္အခါတြင္လည္း ျပာမ်ားမဟုတ္ေတာ့ အားလုံး ဓာတ္ေတာ္အလုံးမ်ားျဖစ္ေနသည္ကိုေတြ႔လုိက္ၾကသည္။ ထုိအခါလက္ပြန္းတတီးေနခဲ့ၾကသူမ်ားသည္ ဤမွ်ျမင့္ျမတ္ေသာ ပုဂၢဳိလ္ ဟု မထင္မွတ္ခဲ့မိၾကသည့္အေပၚ ေနာင္တႀကီးစြာ ရကုန္ၾက၏။

စ်ာပနပြဲၿပီးသြားေသာ္လည္း မီးသၿဂၤဳိဟ္ရာေနရာတြင္ မီးလုံးပ်ံႀကီးမ်ား ပ်ံတက္သည္ကုိ အမ်ားစုက ျမင္ၾကသျဖင့္ တေႏြလုံးပြဲႀကီးျဖစ္ေနသည္။ ဆြမ္းဆန္စိမ္းေလာင္းပြဲႀကီးကို လွည္းေပါင္းတစ္ေထာင္ေက်ာ္ျဖင့္ က်င္းပၾကသည္။ ထုိေနရာတြင္ပင္ ဓာတ္ေတာ္မ်ားကို ဌာပနာ၍ သဲပုံေစတီကို တည္လုိက္ၾကသည္။ သဲပုံေစတီအနီးမွ သဲမ်ားကိုေရထဲထည့္လွ်င္ သေဘၤာေစ့ခန္႔ ပုလဲေရာင္အလုံးေလးမ်ား ပုလင္းထဲတြင္ ငုပ္ခ်ည္ေပၚခ်ည္ျဖစ္ေနသည္ကုိ ေတြ႔ၾကရသည္။ အလွဴအတန္း အေကြ်းအေမြးပြဲမ်ားျဖင့္ မျပတ္စည္ကားခဲ့ၿပီး ကဆုန္ နယုန္ လွည္းလမ္းပိတ္၍ လယ္လုပ္ငန္းစမွသာ လူစဲေပေတာ့သည္။ သဲပုံေစတီေနရာတြင္ သံေတာင္ ၃၀ အျမင့္ရွိ အရုိးအုိးေစတီကုိတည္ထားလွ်က္ရွိပါသည္။

ဘုန္းေတာ္ႀကီး ဦးသီလ အေၾကာင္းကုိ နာမည္သာၾကားဖူးၿပီး မသိေသးတဲ့မိတ္ေဆြမ်ားအတြက္ သုတဇုန္က ျပန္လည္ေရးသားေ၀မွ်လုိက္ျခင္းျဖစ္ပါတယ္။ ဒီလုိမ်ဳိး စိတ္၀င္စားဖြယ္ အေၾကာင္းအရာေလးမ်ားကို အၿမဲဖတ္ခ်င္ရင္ သုတဇုန္ေပ့ကုိ ဆီးဖက္စ္ လုပ္ထားလုိက္ပါ

ကုိးကား
ရဟႏာၱႏွင့္ ပုဂၢဳိလ္ထူးမ်ား
ျမန္မာ့စြယ္စုံက်မ္း အတြဲ ၁၃

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သုတဇုန္
# Unicode Version ျဖင့္ ဖတ္ပါ #
ဓာတ်ပုံများအတွက် မူရင်းတင်ထားတဲ့ မိတ်ဆွေများကို အထူးကျေးဇူးတင်ပါတယ်။

မြန်မာသမိုင်းတစ်လျှောက် ထင်ရှားထူးချွန်သော ဆရာတော်ကြီးအများအပြား ရှိခဲ့သည့်အနက် ဘုန်းတော်ကြီး ဦးသီလ လည်းအပါဝအင်ဖြစ်သည်။ ဘုန်းတော်ကြီး ဦးသီလဟု အများခေါ်ဝေါ်ကြသော တောရဆရာတော်ဘုရားကြီးသည် ပဲခူးမြို့ မြောက်ဘက် နှစ်မိုင်ခန့်ဝေးသော အထက် ဇိုင်းဂနိုင်းကြီးရွာ၌ သက္ကရာဇ် ၁၁၉၄ ခုနှစ်၊ နတ်တော်လဆန်း ၈ ရက်၊ သောကြာ နေ့နံနက် ၈ နာရီအချိန်တွင် ဖွားမြင်သည်။ အဘမှာကုန်သည် ဦးထွန်းအောင်ဖြစ်၍ အမိဒေါ်ချိုဖြစ်သည်။ ငယ်မည်မှာ မောင်ရွှေသာ ဖြစ်၏။ ဦးရွှေသာ၊ ဒေါ်သူဇာ၊ ဒေါ်အို၊ ဒေါ်လှအောင်၊ ဦးဘိုးကျော်ဟူသော မွေးချင်းငါးယောက်ရှိသည့်အနက် ဦးသီလဆရာတော်လောင်း ဦးရွှေသာသည် အကြီးဆုံး ဖြစ်သည်။

မောင်ရွှေသာသည် ၁ဝ နှစ်သားအရွယ်တွင် ကော့ပြင်ရွာဘုန်းတော်ကြီးဦးမှူးထံ၌ စာပေသင်ကြားရန် ကျောင်းသားအဖြစ် အပ်နှံခံရသည်။ ၁၂ဝ၆ ခုနှစ်တွင်အသက် ၁၂နှစ် အရွယ် ရောက်သောအခါ ရှင်သာမဏေအဖြစ်သို့ရောက်သည်။ ဘွဲ့တော်မှာ ရှင်သီလသာရဖြစ်သည်။ ရှင်သာမဏေဝတ်ဖြင့် ခုနစ်ဝါနေပြီးနောက် ၁၂၁၃ ခုနှစ်တပို့တွဲလတွင် ကျိုက်ဒေးယျုံဘုရား ကုန်းတော်အရံအတွင်းရှိ ဘုန်းကြီးကျောင်း၌ ပီလခတ်ရွာဘုန်းတော်ကြီးကို ဥပဇ္ဈာယ်ပြု၍ ကာရက သံဃာများစွာဖြင့် ရဟန်းဘောင်သို့တက်တော်မူသည်။

ကော့ပြင်ရွာဘုန်းတော်ကြီးဦးမှူးထံ၌ ရဟန်းနှစ်ဝါရသည့်တိုင်အောင် နေပြီးနောက်၊ ပဲခူးမြို့ထောင့်ကျောင်း ဆရာတော်ကြီး ဦးဟစန္ဒာလင်္ကာရဘွဲ့တော်ရှိသော ဘုန်းတော်ကြီး ဦးပုံထံ၌ ငါးဝါရသည့် တိုင်အောင်ပရိယတ္တိဓမ္မ အခြေခံစာပေတို့ကို နေ့ညဉ့်မပြတ်သင်ကြား အားထုတ်နေလေသည်။ ဦးသီလသည်ထိုစဉ်က ပြတ်ပြတ်သားသား မှတ်သားဖွယ် တရားများကို ဟောကြားနိုင်သဖြင့် အများကြည်ညိုကြသည်။ ၁၂၁၈ ခုနှစ်ရဟန်းဝါ ငါးဝါရပြီးသောအခါ ရန်ကုန်မြို့သို့ကြွလာ၍ ယခုပုဇွန်တောင် ကျိုက်ထီးရိုးကျောင်းတိုက်တည်ရာ၌ ရွှေကြက်ယက် ဘုန်းတော်ကြီးဦးမေဓာထံတွင် စာပေကျမ်းဂန်သင်ယူကာ တစ်ဝါနေလေသည်။

ဦးသီလသည် ခြောက်ဝါရပြီးသောအခါ ပဲခူးမြို့သို့ပြန်ကြွသွားကာ ကလျာဏီတောရ ဘုန်းတော်ကြီး ဦးဝဏ္ဏထံ၌ တစ်ဝါ၊ မန္တလေးမြို့သို့တက်၍ စစ်ကိုင်းဘက်ကူးပြီးလျှင် စစ်ကိုင်း ပိတောက်ချောင်တောင်ရိုး အရိယဝံသရေငုံတိုက်၌ တစ်ဝါ၊ မန္တလေးမြို့အရှေ့စလင်းတိုက်၌ တစ်ဝါအသီးသီးတွင် သီတင်းသုံး၍ စာပေသင်ယူသည်။ ၁၂၂၂ ခုနှစ်တွင်ရဟန်းဝါကိုးဝါအရ၌ ဦးသီလသည် ကောင်းစွာ မကျမ်းမာသဖြင့် ပဲခူးဘက်သို့စုန်ဆင်းလာပြီးလျှင် လာကမွတရွာ၊ ဈေးညောင်ပင်ရွာစသည်တို့၌ ခေတ္တ စီသီတင်းသုံး၍ ပတ္တမြားစေတီ၊ ကျိုက်ပတိုင်ကုန်း တန်းဂူကုန်းတို့၌ အရညဝါသီတောမှီပုဂ္ဂိုလ်အဖြစ်ဖြင့် တောရဆောက်တည်နေတော်မူသည်။ ၁၂၂၆ ခုနှစ်တွင်ပဲခူးမြို့မှ ဂိုဏ်းအုပ်ဆရာတော်ကြီးဦးပုံ တောထွက်တော်မူသောအခါ ဦးသီလလည်းနောက်မှတပါတည်း လိုက်သွားလေသည်။ ဂိုဏ်းအုပ်ဆရာတော်ကြီး တောထွက်ရသည်မှာလည်း ဘုန်းတော်ကြီး ဦးသီလကြောင့်ဟု ဆိုနိုင်သည်။
ရွှေကျင်မြို့ရှိ ဘုန်းတော်ကြီးဦးသိလ တရားကျင့်ခဲ့ရာဂူ

ဘုန်းကြီးဦးပုံသည် ကလျာဏီကျောင်းတိုက် တောင်ဘက်တွင် ကပ်လျက်ရှိသော သစ်စေးပင်လေးတိုင်စင်ကျောင်းငယ်၌ သီတင်းသုံးတော်မူသောအခါ ဦးသီလလည်း ထိုကျောင်းနှင့် မနီးမဝေး အနောက်ဘက်ကျောင်းငယ်တစ်ခု၌ သီတင်းသုံးနေထိုင်သည်။ ဝါကျွတ်လတ်သော် ပဲခူးမြို့အရှေ့ဟင်္သာကုန်းသို့ ရွှေ့ပြောင်း၍ တောကျောင်း၌ဘုန်းကြီး ဦးပုံနှင့်အတူ ဝါကပ်သည်။ ယင်းသို့ဖြင့်ဘုန်းကြီးဦးပုံမဟာနာယကပြု၍ တည်ထောင်သောတောရ ဂိုဏ်းတွင် ဘုန်းတော်ကြီး ဦးသီလသည် ဒုတိယနာယကဖြစ်လာလေသည်။ ပဲခူးတောရ ဂိုဏ်းကြီးသည် ရွှေကျင်ဆရာတော်ကြီးတည်ထောင်သော ရွှေကျင်ဂိုဏ်းနှင့်ဝိနည်းကိုပဓာနထား၍ သီးသန့်ခြင်း၊ ဂိုဏ်းတစ်ပါးနှင့်အဆက်အဆံမရှိခြင်းတို့၌ အယူသီလတူမျှ လေသည်။

ယင်းသို့ရွှေကျင်ဂိုဏ်းနှင့် ပဲခူးတောရဂိုဏ်းတို့ နှစ်ဂိုဏ်းတစ်ဂိုဏ်းဖြစ်ပြီးသောအခါ ဆရာတော်ဦးသီလပင် လျှင်ယင်းဂိုဏ်းကြီး၏ ဒုတိယနာယကဖြစ်တော်မူလေသည်။ ၁၂၂၈ ခုနှစ်ဝါလသီတင်းကျွတ်သောအခါဦးသီလသည် ဟင်္သာကုန်းမှ ဖဲခွာလေသည်။ ထို၁၅ ဝါရပြီးမှစ၍ ကျိုက်ဒေးယျုံ၊ လာကမွတ်၊ ဈေးညောင်ပင်၊ ကျိုက်ပတိုင်ကုန်းတန်း၊ ဂူကုန်း၊ ကလိ၊တပ်ကလေး၊ အဝိုင်း၊ ဘုရားကလေး၊ ဥက္ကံရွာကုန်းတောရ၊ ဒေးစွန်ပါပျဉ်ပုံတော၊ လှည်းဘီးကွဲ၊ အနောက်တောတန်း၊ ဒိုက်ဦး၊ ဖအောင်ဝဲ၊ ရွှေကျင်ခရွဲ၊ ဝမ်းပကော၊ ကျိုက်ထို၊ ကော့ကဒွတ်၊ ဘီးလင်း၊ ကျိုက်ကော်၊ သထုံ၊ဂေါ့၊ မုတ္တမတောင်ရိုး၊ မော်လမြိုင်၊ ဖားအံ၊ ဘီလူးကျွန်း၊ မုဒုံ၊ကျုုံဒိုးကော့ကရိတ်စသည်တို့သို့အနှံ့ကြွ၍ သီတင်းသုံးကာ တောရဂိုဏ်းအနှံ့ ကြီးပွားလေသည်။

ဆရာတော်သည်ရဟန်း ၁၂ဝါမှစ၍ ဓုတင်၁ဝပါး၊ ၁၁ပါး၊ ၁၂ပါး၊ ၁၃ပါး၊ ရံခါရသည်။ ပိဏ္ဍပါတ်ဓုတင် သပဒါနစာရိဓုတင်တို့ဖြင့်နေ့စဉ် ဆွမ်းခံ၏။ ဆွမ်းဘုဉ်းပေးသောအခါ ဧကာသနိတ်ပတ္တပိုဏ်ဓုတင် တစ်နေရာတည်း တစ်ခွက်တည်းဘုဉ်းပေးသည်။ သက်သတ်လွတ်သာအမြဲသုံးဆောင်သည်။ ဆရာတော်သည် အတည်တကျ တစ်နေရာတည်း တစ်ဆက်တည်း မနေလို၊ တစ်နေရာတွင်အများဆုံးနှစ်ဝါဆိုလေ့ရှိသည်။ ဆရာတော်၏ ကျောင်းသည်လည်း များသောအားဖြင့် ပိတ်မိုးကျောင်းတို့ ဖြစ်ကြသည်။ ထိုသို့ဆရာတော်သည် တစ်နေရာတည်းခန့်ခန့် ထည်ထည်ကျောင်းကြီးနှင့် အမြဲနေလေ့မရှိဘဲ အနှံ့သွားလာနေထိုင်သောကြောင့်လည်း တောရဂိုဏ်း ကြီးအရပ်ရပ်၌ ပျံ့နှံ့ခြင်းဖြစ်သည်။

ဆရာတော်သည် မိမိနှင့် တွေ့သမျှသော ရဟန်းတို့အား တောကျောင်းနေချင်အောင် ဟောလေ့ရှိသည်။ ဆရာတော်သည် လာဘ် သပ်ပကာ အလွန်ပေါသော်လည်း ရောက်ရာအရပ်ရှိ သံဃာတော်တို့အား အကုန်စွန့်လှူလေ့ရှိ၏။ ကိုယ်တော်တိုင်မူကား သပိတ်တစ်လုံး၊ သင်္ကန်းသုံးထည် သားရေနွယ်တချပ်ဖြင့်ရောင့်ရဲတော်မူ၏။ ထိုသို့ တောအလီလီရွှေ့ပြောင်းကျင့်သုံးရာ ဆင် ၊ ကျား စသောသားရဲတိရစ္ဆာန်များဖြင့် မကြာခဏထိပ်တိုက်ကြုံခဲ့သည်။ ကျားများအလွန်သောင်းကျန်ပါသည်ဆိုသော အရပ်များတွင် တောရဆောက်တည်သော်လည်း တခါဖူးမျှ အန္တရာယ်မကြုံခဲ့။ ကောင်းမြတ်သော အကျင့်သီလတန်ခိုးကြောင့် ဆင်မနင်းကျားမကိုက်သော ဂုဏ်ရှိတော်မူသည်ဟုဆိုကြသည်။

တခါကကျားကြီးတစ်ကောင်သည် ဆရာတော်၏ တဲကျောင်းအနီးတွင်ဖိုထားသော မီးပုံတွင် လာဝပ်ပြီး ပါးစပ်အဟောင်းသားနှင့် အိပ်ပျော်သွားခိုက် ကပ္ပိယကြီးက ကျားကြီး၏ပါးစပ်ထဲသို့ မီးခဲများထည့်ဖို့ စိတ်ကူးမိရာ ကျောင်းကြီးပေါ်မှ ဆရာတော်၏ အသံထွက်လာသဖြင့် လန့်သွားခဲ့ဖူးသည်။
“ကပ္ပိယကြီး ဘာလို့မကောင်းကြံပြီး ပြစ်မှားရသလဲ ။ ကိုယ့်အလုပ် ကိုယ်လုပ်တာမဟုတ်ဘူး တောင်းပန်လိုက်”ဟူသော စကားကြောင့် ဆရာတော်သည် စိတ်ထဲမှအကြံံကိုပင် သိနေသူဟု ယုံကြည်ခဲ့သည်။ အခြားဆရာတော်တစ်ပါးသည် ဆရာတော်သည် အတွင်းစိတ်အကြံကို သိမသိ ၂ကြိမ်တိုင်စမ်းဖူးရာ ဆရာတော်က သိချည်းနေသည်။ ပထမတစ်ခါ ဆရာတော်အားသွားဖူးစဉ် ဆရာတော်က သူ့ဆီလာသူ မှန်သမျှ ပြန်သွားတိုင်း ပစ္စည်းများကိုလှူဒါန်းသည့် အကြောင်းသိသဖြင့် ငါ့စိတ်အကြံကို သိရင် ငါ့ကိုဘာမှမလှူပါစေနဲ့ဟု တွေးခဲ့သည်။ ဆရာတော်ဦးသီလကလည်း ထိုဆရာတော်ပြန်သည့် အခါဘာမှမလှူပဲ ပြန်လွှတ်လိုက်သည်။

တစ်ကြိမ်တိုက်ဆိုင်တာဖြစ်မှာပါ ဟု နောက်တစ်ကြိမ်ထပ်စမ်းဖူးသည်။ ဒီတစ်ကြိမ်တွင် ဆရာတော်ဦးသီလ ဆီသို့အသွား ငါ့စိတ်ကိုသိလျှင် ငါ့အားဘယ်သူလဲ ဘယ်ကလဲမမေးပဲ ခြေဆုပ်လက်နယ် ဝတ်ပြုခွင့်ပေးပါစေ ဟုအကြံဖြစ်သည်။ ဆရာတော်ဦးသီလ ထံအရောက်တွင် မည်သည့်စကားမှ မမေးပဲ ခြေဆုပ်လက်နယ်ပြုခွင့်ပေးခဲ့သည်။ ထိုအခါမှ ထိုဆရာတော်ယုံသွားသည်။ ပျဉ်းမနားမှ ဒကာတစ်ဦးကလည်း ဆရာတော်သည် တောရချည်းသာဆောက်တည်နေသဖြင့် အကျင့်သာမြတ်သည် စာပေဘက်မှာတော့ထူးချွန်စွာ တတ်မြောက်ပုံမရဟု ဆရာတော်ဆီအသွားတွင် တွေးခဲ့ဖူးသည်။ ဆရာတော်ဆီရောက်သည့်အခါ ဆရာတော်က “ဒကာတို့ ဆန်းကြယ်တဲ့ တန်ဆောင်းပြသာဒ်တွေကိုဆောက်ရာမှာ လက်မူပညာသာတတ်ပြီး စူးဆောက် တန်ဆာပလာ တို့မရှိရင်ဖြစ်ပါ့မလား ၊ လက်နက်သာရှိပြီး ပညာမတတ်ရင်ရောဖြစ်ပါ့မလား ၊ နှစ်ခုစလုံးပြည့်စုံမှ ဖြစ်မည်မဟုတ်ပါလား” ဟူသော စကားကိုဆိုရာ ထိုဒကာမှာ ဝမ်းနည်းဝမ်းသာဖြစ်ခဲ့ဖူးသည်။

ဆရာတော်နှင့် ပတ်သတ်၍ ထူးခြားသောဖြစ်ရပ်များစွာ ရှိခဲ့ဖူးသည်။ ထိုအထဲမှ တချို့ကိုပြောရလျှင်-

ပဲခူးချောင်းဖျားရှိ ကံမြင့်ရွာတွင် ညအခါတွင် ကျားဆိုးတစ်ကောင်သောင်းကျန်းလျှက်ရှိသည်။ ထိုအတွင်း ဘုန်းတော်ကြီးသည် ထိုရွာသို့ရောက်ပြီး ရွာသုသာန်ဇရပ်တွင် တစ်ညတည်းသည်။ ရွာသူ ရွာသားများက လျှောက်ထားသော်လည်း လက်မခံသဖြင့် အားလုံးစိုးရိမ်ခဲ့ကြသည်။ ဘုန်းတော်ကြီးအား အသက်မရှင်နိုင်တော့ဟု ယူဆခဲ့သော်လည်း နောက်တစ်နေ့တွင် ဆွမ်းခံထွက်သည်ကို မြင်ရသဖြင့် ဝမ်းသာအားရဖြင့် ဆွမ်းလောင်းကြသည်။ မယုံကြည်သူများက လိုက်လံချောင်းကြည့်ရာ ကျားဆိုးကြီးသည် ဘုန်းတော်ကြီးအနီး သုံးတောင်ခန့်အကွာတွင် ငြိမ်သက်စွာနေသည်ကို တွေ့လိုက်ကြသည်။

တခါကလည်း ဘုန်းတော်ကြီးအား လာပင့်သော ဒကာ ၃ယောက်နှင့်အတူ ကင်ပွန်းစခန်းအနီးရွာတစ်ရွာသို့ အသွား လမ်းတွင် ဆင်ဆိုးကြီးတစ်ကောင်နှင့် ကြုံပြန်သည်။ ထိုဆင်ဆိုးသည် လူများကို နင်းသတ်ဖူးခဲ့သော ဆင်ဆိုးကြီးဖြစ်သည်။ တည့်တည့်တွေ့သည်ဖြစ်၍ ဆရာတော်အား နောက်ဆုတ်ရန်လျှောက်ထားသော်လည်း လက်မခံသဖြင့် ဒကာများမှာ ထွက်ပြေးသူပြေး ၊ သစ်ပင်ပေါ်တက်သူတက်ဖြစ်ကုန်သည်။ ဆရာတော်သည် ရှေ့မတိုးနောက်မဆုတ် ငြိမ်သက်စွာရပ်နေသည်။ ဘုန်းတော်ကြီးရှိရာသို့ အရှိန်ဖြင့်ပြေးလာသော ဆင်ဆိုးကြီးမှာ ဘုန်းတော်ကြီးအနားရောက်သည်နှင့် ပုဆစ်တုပ်ပြီး ထိုင်လျှက်ကျသွားသည်။

ဘုန်းတော်ကြီးက ရပ်မြဲရပ်နေရာ ခဏအကြာ ဆင်ကြီးမှာ နောက်ပြန်လည့်ပြီး တောအတွင်းသို့ ပြန်ဝင်သွားသည်ကို ဒကာများ မြင်လိုက်ကြသည်။ ကျိုက်ထီးရိုးလမ်းတွင် သောင်းကျန်းနေသော ဆင်ဆိုးကြီးကျော့မှူးနှင့် တည့်တည့်ကြုံခဲ့စဉ်ကလည်း ထိုအတိုင်းပင် ဆင်ကြီးသည် ဆရာတော်အနီးအရောက်တွင် ဦးခေါင်းငိုက်စိုက် အော်ဟစ်ပြီး ပြန်လည်ဆုတ်သွားသည်ကို ကပ္ပိယကြီးသာမက ပန်ချာပီသုံးယောက် နှင့် အင်္ဂလိပ်စစ်ဗိုလ်တို့ပါ မြင်တွေ့လိုက်ကြသည်။ ဘုန်းတော်ကြီး၏ သီလ နှင့် မေတ္တာ အစွမ်းထက်ပုံကို အားလုံးပြောမဆုံးကြတော့။

ဆရာတော်သည် နွားရိုင်း ၊ မြွေ စသည်တို့နှင့်လည်း ကြုံခဲ့ဖူးသော်လည်း တခါတရံမျှ ဘာမှမဖြစ်ခဲ့။ နောက်တခါ ထူးခြားသည့်ဖြစ်ရပ်တစ်ခုမှာ ဆရာတော်သည် သိမ်ကုန်း ဂူကြီးတစ်ခု အတွင်းတွင် တရားကျင့်နေစဉ် ဂူအပြင်ဘက် မနီးမဝေးတွင် နွားကျောင်းသားတစ်ယောက် နွားကျောင်းနေသည်။ ထိုအချိန်တွင် ဂူကြီးမှာ ရုပ်တရက်ပြိုကျသွားရာ နွားကျောင်းသားသည် လန့်ဖြန့်ပြီး “ဂူပြိုသဖြင့် ဆရာတော်ပျံလွန်တော်မူပြီ” ဟုအော်ဟစ်ကာ ရွာကိုအမြန်ပြေးသည်။ ရွာသူရွာသားများ စုရုံး၍ ပြိုကျခဲ့ရာ ဂူအနီးသို့ အပြေးအလွှားရောက်သည့်အခါ မတ်တပ်ရပ်နေသော ဆရာတော်အား မြင်လိုက်ရသည်။ ဂူပြိုသည့်အကြောင်း ဆရာတော်အားမေးကြည့်ရာ ဆရာတော်က
“အေး ငါတရားထိုင်နေတုန်း ဂူအပြင်ဘက်က ဆရာတော်ကယ်ပါဘုရား ဆရာတော်ကယ်ပါဘုရား လို့ အော်ဟစ်တဲ့အသံကြားလို့ ထွက်ကြည့်မိတယ်။ဘယ်သူမှလည်း မတွေ့ပါဘူး။ အဲဒီအချိန်မှာပဲ ဂူကြီးပြိုသွားတာပဲ” ဟုဖြေသည်။

တခါကလည်း ဆရာတော်သည် ကျိုက်ဒေးယျုံတောချုံထူထပ်သည့်နေရာတွင် တစ်ကိုယ်တည်းတရားရှု့မှတ်နေရာ ခြုံများကွယ်နေသဖြင့် မုဆိုးကြီး ဦးကော်က သေနတ်ဖြင့်ပစ်သည်။ သုံးကြိမ်ပစ်ရာ မီးမကူး သေနတ်ကိုအပေါ်သို့ ထောင်ပစ်မှ ကျည်ဆန်ထွက်သည်။ ဘာကြောင့်ပါလဲဟု အနီးသို့သွားကြည့်ရာ ဘုန်းတော်ကြီးဖြစ်နေသည်ကို တွေ့သောအခါမှ ထိတ်လန့်တုန်လှုပ်ပြီး အပြစ်အား ခွင့်လွှတ်ရန်တောင်းပန်သည်။ ဘုန်းတော်ကြီးက
“မိမိ အပြစ်ကို မြင်သည်၍ တောင်းပန်ကုစားခြင်းကား ကောင်း၏။ နောင်ကြီးပွားခြင်းဖြစ်သည်။ ငါသည်းခံသည်” ဟုဆိုသည်။ ထိုအချိန်မှ စ၍ ဦးကော်သည် မုဆိုးအလုပ်ကို စွန့်လွှတ်၍ ရာသက်ပန် ရဟန်းဝတ်သွားတော့သည်။

၁၂၄၇ခုနှစ် ပါတော်မူခေတ်တွင် ကျောက်ကလပ်ဘုန်းတော်ကြီးများဗိုလ်လုပ်ကာ အင်္ဂလိပ်တို့အားတော်လှန်နေသည်။ အင်္ဂလိပ်တပ်များက လိုက်လံနှိမ်နှင်းရာ ခေါင်းဆောင် ကိုဘားကြီးကျဆုံး၍ တပ်ပျက်ပြေးကြသည်။ အင်္ဂလိပ် ပန်ချာပီတပ်ကလည်း လိုက်လံနှိမ်နှင်းရာ ဘုန်းတော်ကြီးတောရဆောက်တည်နေသော နေရာသို့ရောက်လာသည်။ ငြိမ်သက်စွာထိုင်နေသော ဘုန်းတော်ကြီးအား ရန်သူ့ဘက်သားဟု ယူဆကာ သေနတ်များဖြင့် ဝိုင်းပစ်ကြသည်။ တစ်ယောက်သေနတ်မှ မီးမထွက်သဖြင့် ဘုန်းတော်ကြီးအနီးသို့ရောက်လာကြပြီး ခြေထောက်ကိုဦးခေါင်းနှင့် ပွတ်ကာ ဆလံပေးကာ ဝန်ချတောင်းပန်ကြသည်။

ဆရာတော်သည် ပြွန်တန်ဆာ ၊ ဒိုက်ဦး ၊ ဥက္ကံရွာများသို့ ခရီးလည့်လည်နေစဉ် လမ်းအကြားတွင် မီးရထားနှင့် ထိပ်တိုက်တိုးဖူးသည်။ ဆရာတော်အနီးရောက်သည်နှင့် မီးရထားသည် ချက်ချင်းရပ်သွား၍ စက်ဗိုလ်များသာမက ခရီးသည်များပါ ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။ စက်ဗိုလ်နှင့် ခရီးသည်များ သူ့ထက်ငါ ဦးအောင် ဘုန်းတော်ကြီးအားပူဇော်ကြသည်။ မီးရထားထွက်သည့်တိုင်အောင် ရထားအပြင်ဘက်သို့ ကိုယ်တစ်ပိုင်းထုတ်၍ ခေါင်းပြူကြ အော်ဟစ်ရှိခိုးခဲ့ကြသည်။ မီးရထားနှင့် ဒီတစ်ကြိမ်တည်းသာမဟုတ် ဒလ ၊ ကွမ်းခြံကုန်း သို့ကြွစဉ်ကလည်း ထိုအတိုင်းကြုံခဲ့ဖူးသည်။
ဇလွန်မြို့က ဦးသီလ စေတီတော်

ဆရာတော်ဦးသီလသည် ဝိနည်းသိက္ခာအထူးတင်းကြပ်စွာစောင့်စည်းတော်မူ၍ ဘုန်းကြီးလှသည်။ ဆရာတော်သည် အကျင့်သီလကိုသာဂရုဓမ္မစိုက်ထုတ်သည်မဟုတ်၊ ပရိယတ္တိ သာသနာဖွံ့ဖြိုးမှုကိုလည်း အလွန်လိုလားတော်မူသည်။ ပဲခူးတောရဂိုဏ်းဝိနည်းစာပြန်ပွဲများကို ၁၂၃၃ ခုနှစ်မှစ၍ ကျင်းပခဲ့သည်။ သထုံမြို့ရှိဓမ္မိကာရာမစာသင်တိုက်၊ ညောင်လေးပင် တောရကျောင်း၊ ရန်ကုန်ကျိုက္ကဆံကျောင်းတိုက်၊ ညောင်တုန်း ရွှေဟင်္သာတောရတိုက်၊ ဖြူးမြို့ ရွှေကျင်တောင်ကျောင်း၊ မြောက်ကျောင်း စသည်တို့ကို ဦးစီးတည်ထောင်ပေးသည်။ မြန်မာနိုင်ငံအရပ်ရပ်ရှိ မြို့ရွာများမှ ဘုန်းတော်ကြီးအားကြွရောက် ချီးမြှင့်ရန်ပင့်ဖိတ်တိုင်း ငြင်းဆိုသည်မရှိ။ တတ်နိုင်သမျှ ကြွရောက်ချီးမြှင့်သည်ချည်း ဖြစ်သည်။ ထို့ကြောင့်ပင် ဆရာတော်ပျံလွန်တော်မူသောအခါ နေရင်း ပဲခူးမြို့၌မဟုတ်ဘဲ ဇလွန်မြို့သို့ သိမ်သမုတ်သွားရင်း ဖြစ်ရလေသည်။

ဆရာတော်သည် ၁၂၆၉ ခုနှစ်ကဆုန်လဆုတ် ၄ ရက် တနင်းလာနေ့၊ (၂၉) ရက်၊ဧပြီလ၊ (၁၉၀၇) ခုနှစ်၊ နံနက်(၇)နာရီတွင် သက်တော် ၇၅ နှစ်၊ ဝါတော် ၅၅ ဝါတွင် ဘဝနတ်ထံပျံလွန်တော်မူသည်။ ဆရာတော်ပျံလွန်သည့် ကိစ္စမှာလည်း ဇလွန်မြို့အတွက် ယနေ့တိုင်အောင် ပြောစမှတ်တွင်စရာ ကိစ္စဖြစ်ခဲ့သည်။ ဘုန်းတော်ကြီးသည် အလွန်ထင်ရှား၍ ကြီးမြတ်သောပုဂ္ဂိုလ်ကြီးဖြစ်သဖြင့် ဇလွန်မြို့နှင့် မတန် ရန်ကုန်သို့ပြန်ပင့်ရမည်ဟု ဘုန်းတော်ကြီးညီမ နှင့်အတူ ရန်ကုန်မှ ဒကာ ဒကာမများက သင်္ဘောစင်းလုံးငှား၍ ဇလွန်သို့ လိုက်လာကြသည်။ အလောင်းတော်ကိုပြန်ထည့်ရန် ဆရာတော်ကြီးများနှင့် အမိန့်နှင့်သာမက စစ်တပ်များ ပုလိပ်များဖြင့်ပင် အကျပ်ကိုင်တောင်းသည်။ သို့သော်ဇလွန်သားတို့ကလည်း လုံးဝမပေးနိုင် အသက်နှင့်လဲမည် ဟူ၍ တမြို့လုံးအုံကြွငြင်းဆန်ခဲ့သည်။ ဘုန်းတော်ကြီး သီတင်းသုံးခဲ့ရာ အခြားဒေသများမှလည်း အလောင်းတော်ကိုပေးရန် အသီးသီးတောင်းဆိုလာကြသည် ။ ဇလွန်မြို့သားများကပြတ်သည် မည်သည်ကိုမျှမပေးနိုင်ဟု တွင်တွင်ငြင်းကာ ဇလွန်မှာပင် သင်္ဂြိုဟ်ရန်စီစဉ်ကြသည်။

အလောင်းတော်ကို ခိုးယူမည်စိုး၍ ကြေးသေတ္တာအခေါင်းလုပ်ပြီး လူမမီသည့်အမြင့်တွင် ဆွဲထားသည်။ အနီးတွင်လည်း လူလေးယောက်အား နေ့ညမပြတ်စောင့်စေခဲ့သည်။ အနယ်နယ်အရပ်ရပ်မှ လူများသည် ဘုန်းတော်ကြီးအလောင်းအနီးတွင် ဇလွန်သားတို့အား အမျိုးမျိုးစောင်းချိတ်ပြောဆို၍ ငိုယိုကြရာ ဇလွန်သားတို့က ပြောချင်ရာပြော၊ အလောင်းမပေးရင်ပြီးတာပဲ ဟု ကျေနပ်ကြလေသည်။ ဈာပနပွဲကို ထိုနှစ်တပို့တွဲလတွင်ကျင်းပရာ ပျားပန်းခတ် စည်ကားလှပြီး ဇလွန်သားတို့၏ သဒ္ဒါတရားကို ဖော်ပြခွင့်ရသည်။ လောင်တိုက်အနီးတွင် ဘုန်းတော်ကြီး၏ ဘဝဖြစ်စဉ်များကို ပန်းချီကားချပ်များဖြင့် ရေးဆွဲထားရာ ကြည့်ရှုသူတိုင်း မျက်ရည်မဆည်နိုင်ရှာကြ။

တပိုတွဲလပြည့်ကျော် နှစ်ရက်နေ့တွင် သင်္ဂြိုဟ်ရန် စီစဉ်ထားသော်လည်း ဖူးမျှော်သူများကြောင့် နောက်တစ်နေ့မနက် ရှစ်နာရီမှပင် သင်္ဂြိုဟ်ခဲ့ရသည်။ သဂြိုဟ်ပြီးနောက် တာဝန်ရှိသူများက အရိုးပြာများကို သံသေတ္တာများဖြင့်ထည့်ပြီးလျှင် ပရိတ်သတ်အား ယူလိုရာယူရန်ခွင့်ပြုရာ သင်္ဂြိုဟ်တဲ့နေရာမှ မီးသွေးများသာ မက ဝါးရာဇမတ်များအပြင် မြေကြီးပါတွင်းကြီးဖြစ်ကုန်သည်။ အရိုးပြာရသူများက ရေမွေးပုလင်းများတွင်ထည့်ထားရာ ပြာမှအလုံးလေးများဖြစ်လာပြီး တက်ချည်ဆင်းချည် ကွန့်မြူးနေသည်ကို ဖူးတွေ့ကြရသည်။ မီးခံသေတ္တာများ အထပ်ထပ်ဖြင့် သိမ်းဆည်းထားသော အရိုးပြာများကို ထုတ်ကြည့်သည့်အခါတွင်လည်း ပြာများမဟုတ်တော့ အားလုံး ဓာတ်တော်အလုံးများဖြစ်နေသည်ကိုတွေ့လိုက်ကြသည်။ ထိုအခါလက်ပွန်းတတီးနေခဲ့ကြသူများသည် ဤမျှမြင့်မြတ်သော ပုဂ္ဂိုလ် ဟု မထင်မှတ်ခဲ့မိကြသည့်အပေါ် နောင်တကြီးစွာ ရကုန်ကြ၏။

ဈာပနပွဲပြီးသွားသော်လည်း မီးသင်္ဂြိုဟ်ရာနေရာတွင် မီးလုံးပျံကြီးများ ပျံတက်သည်ကို အများစုက မြင်ကြသဖြင့် တနွေလုံးပွဲကြီးဖြစ်နေသည်။ ဆွမ်းဆန်စိမ်းလောင်းပွဲကြီးကို လှည်းပေါင်းတစ်ထောင်ကျော်ဖြင့် ကျင်းပကြသည်။ ထိုနေရာတွင်ပင် ဓာတ်တော်များကို ဌာပနာ၍ သဲပုံစေတီကို တည်လိုက်ကြသည်။ သဲပုံစေတီအနီးမှ သဲများကိုရေထဲထည့်လျှင် သင်္ဘောစေ့ခန့် ပုလဲရောင်အလုံးလေးများ ပုလင်းထဲတွင် ငုပ်ချည်ပေါ်ချည်ဖြစ်နေသည်ကို တွေ့ကြရသည်။ အလှူအတန်း အကျွေးအမွေးပွဲများဖြင့် မပြတ်စည်ကားခဲ့ပြီး ကဆုန် နယုန် လှည်းလမ်းပိတ်၍ လယ်လုပ်ငန်းစမှသာ လူစဲပေတော့သည်။ သဲပုံစေတီနေရာတွင် သံတောင် ၃၀ အမြင့်ရှိ အရိုးအိုးစေတီကိုတည်ထားလျှက်ရှိပါသည်။

ဘုန်းတော်ကြီး ဦးသီလ အကြောင်းကို နာမည်သာကြားဖူးပြီး မသိသေးတဲ့မိတ်ဆွေများအတွက် သုတဇုန်က ပြန်လည်ရေးသားဝေမျှလိုက်ခြင်းဖြစ်ပါတယ်။ ဒီလိုမျိုး စိတ်ဝင်စားဖွယ် အကြောင်းအရာလေးများကို အမြဲဖတ်ချင်ရင် သုတဇုန်ပေ့ကို ဆီးဖက်စ် လုပ်ထားလိုက်ပါ

ကိုးကား
ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ
မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၃

ဖိုးသူတော် (www.phothutaw.com)
Credit: သုတဇုန်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top