ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ခ်စ္သူသက္တမ္း ေျခာက္ႏွစ္ေက်ာ္ရွိေနခဲ့ၿပီး Long Distance Relationship  ကို ပိုင္ဆိုင္ထားခဲ့တဲ့ အဆိုေတာ္ ေရႊထူးရဲ႕ အခ်စ္ေရးက ပရိသတ္ေတြကို အံ့အားသင့္ေစခဲ့ပါတယ္။ Long Distance Relationship ကိုပိုင္ဆိုင္ၿပီး သာယာတဲ့ အခ်စ္ေရးေၾကာင့္ ပရိသတ္ေတြ အားက်ခဲ့ရတဲ့ သူတို႕စံုတြဲေလးက လမ္းခြဲလိုက္တာၾကာၿပီလို႕ ေရႊထူးကိုယ္တိုင္ အတည္ျပဳလုပ္ပါၿပီ။

လြန္ခဲ့တဲ့ မိနစ္ပိုင္းေလာက္က သူ႕ရဲ႕ ေဖ့စ္ဘြတ္မွာ သူတို႕ႏွစ္ေယာက္ Relationship နဲ႕ ပတ္သက္လို႕ Live လႊင့္ၿပီး ေျပာျပခဲ့တာ ျဖစ္ပါတယ္။

"ကၽြန္ေတာ္တို႕ Relationship က ၿပီးသြားတာ ၾကာပါၿပီ။ တစ္ေယာက္နဲ႕တစ္ေယာက္ အဆင္မေျပလို႕ လမ္းခြဲလိုက္ၾကတာပါ။ အဲ့ဒါကို အကုန္လံုးကို ေျပာျပခ်င္လို႕ Live လိုက္တာပါ။ ကၽြန္ေတာ့္ကို ခ်စ္တဲ့သူေတြ ကၽြန္ေတာ့္သီခ်ငး္ေတြ ခ်စ္တဲ့သူေတြအားလံုး ကၽြန္ေတာ့္ကို ဆက္ခ်စ္ေပးပါ။ကၽြန္ေတာ့္တို႕ Relationship ကို ခ်စ္တဲ့သူေတြအားလံုးကိုေတာ့ ကၽြန္ေတာ့္ကို ခ်စ္ပါလို႕ မေတာင္းဆုိပါဘူး။ကၽြန္ေတာ္တစ္ခါမွ ဒီလိုမေျပာဖူးဘူးဆိုတာ အားလံုးသိမွာပါ။ ကၽြန္ေတာ္တို႕ လမ္းခြဲလိုက္ပါၿပီ။ ကၽြန္ေတာ့္ဘက္က အတိအလင္းေျပာျပတာပါ။ မီဒီယာေတြ အကုန္လံုးကိုလည္း ဒီကိစၥနဲ႕ ပတ္သက္ၿပီးေတာ့ လည္း ခဏေလာက္ဘယ္သူမွ မေမးပါနဲ႕လို႕ ေတာင္းဆိုခ်င္ပါတယ္။ ကၽြန္ေတာ္ဝမ္းမနည္း ပါဘူး။ ဒီတိုင္းပဲ အလုပ္ဆက္လုပ္သြားမယ္။ သီခ်င္းဆက္ဆိုမယ္။ ကၽြန္ေတာ့္ကို အားေပးသည္ျဖစ္ေစမေပးသည္ျဖစ္ေစ သီခ်င္းေတြ ဆက္ဆိုမယ္။ ကၽြန္ေတာ့္ရဲ႕ အႏုပညာကို အားေပးၾကလို႕ ေျပာခ်င္ပါတယ္။ " လို႕ ေျပာခဲ့ပါတယ္။

https://www.facebook.com/shwehtoopancakekalaylay/videos/10209971165236336/?t=0

မၾကာခင္မွာလည္း ေရႊထူးရဲ႕ သီခ်င္းအသစ္ျဖစ္တဲ့ ခလုတ္သီခ်င္းကို အြန္လိုင္းကေန တင္ေပးဖို႕ ျပင္ဆင္ေနတယ္လို႕ အဲ့ဒီLive ထဲမွာ ေျပာျပထားပါတယ္။ သူ႕ဘက္က မွားခဲ့တယ္ဆိုရင္ေတာင္းပန္တယ္လို႕ ဆက္လက္ေျပာထားပါတယ္။ လက္ရွိအခ်ိန္မွာ ရိႈးပြဲေတြ ဆက္တိုက္သီဆိုေနရတဲ့ အဆိုေတာ္ ေရႊထူးက မၾကာခင္မွာ ဝတ္မံႈေရႊရည္နဲ႕အတူ ဇာတ္ကားရိုက္ကူးဖို႕ ရွိတယ္လို႕သိရပါတယ္။

ေရႊထူးဟာ သႀကၤန္တစ္တြင္းလံုးမွာ ေဖ်ာ္ေျဖေရးေတြနဲ႕အတူ ရွိေနခဲ့ၿပီး သႀကၤန္အၿပီးမွာ သာသနာ့ေဘာင္ထဲ ဝင္ခဲ့ပါေသးတယ္။ သာသနာ့ေဘာင္ကေန ျပန္ထြက္လာၿပီးမွာလည္း ဂီတပိုင္းနဲ႕ အလုပ္ေတြ ရႈပ္ေနခဲ့တာပါ။ မၾကာခင္မွာလည္း သူ႕ရဲ႕ ဇာတ္ကားရိုက္ကူးမႈေတြ ျပန္လည္စတင္ေတာ့မယ္လို႕ သိရပါတယ္။

ျမန္မာႏုိင္ငံမွာရွိတဲ့ လူငယ္ေတြရဲ႕ အသဲစြဲအဆိုေတာ္ေတြထဲမွာ ေရႊထူးလည္းတစ္ေယာက္အပါအဝင္ပါ။ သူ႔အေနနဲ႔ စိတ္ကူးယဥ္စာ အုပ္ဆိုတဲ့ ပထမဆုံးတစ္ကုိယ္ေတာ္ အေခြထြက္ခဲ့တုန္းကလည္း ပရိသတ္ေတြအမ်ားႀကီးအားေပးခဲ့ၾကသလုိ ဒုတိယေျမာက္ တစ္ကုိယ္ေတာ္အေခြျဖစ္တဲ့ I Album အေခြ ကလည္း လူငယ္ပရိသတ္ေတြရဲ႕ ဝက္ဝက္ကြဲအားေပးျခင္းကုိ ရရွိခဲ့တာျဖစ္ပါတယ္။

သီခ်င္းေခြေတြမွာလည္း ပရိသတ္အားေပးမႈ ရရွိထားတဲ့ ေရႊထူးဟာ သရုပ္ေဆာင္ဘက္မွာလည္း သူပါဝင္ရုိက္ကူးထားတဲ့ ဇာတ္ကားေတြ လည္း ရွိလို႕ေနပါၿပီ။လူငယ္မိန္းကေလး အမ်ားစုရဲ႕ အားေပးမႈကို ရရွိထားတဲ့ အဆုိေတာ္ ေရႊထူးရဲ႕ အခ်စ္ေရးနဲ႕ ပတ္သက္ၿပီး ပရိသတ္ေတြက စိတ္မေကာင္းျဖစ္ လို႕ေနၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
ချစ်သူသက်တမ်း ခြောက်နှစ်ကျော်ရှိနေခဲ့ပြီး Long Distance Relationship  ကို ပိုင်ဆိုင်ထားခဲ့တဲ့ အဆိုတော် ရွှေထူးရဲ့ အချစ်ရေးက ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။ Long Distance Relationship ကိုပိုင်ဆိုင်ပြီး သာယာတဲ့ အချစ်ရေးကြောင့် ပရိသတ်တွေ အားကျခဲ့ရတဲ့ သူတို့စုံတွဲလေးက လမ်းခွဲလိုက်တာကြာပြီလို့ ရွှေထူးကိုယ်တိုင် အတည်ပြုလုပ်ပါပြီ။

လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ သူတို့နှစ်ယောက် Relationship နဲ့ ပတ်သက်လို့ Live လွှင့်ပြီး ပြောပြခဲ့တာ ဖြစ်ပါတယ်။

"ကျွန်တော်တို့ Relationship က ပြီးသွားတာ ကြာပါပြီ။ တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေလို့ လမ်းခွဲလိုက်ကြတာပါ။ အဲ့ဒါကို အကုန်လုံးကို ပြောပြချင်လို့ Live လိုက်တာပါ။ ကျွန်တော့်ကို ချစ်တဲ့သူတွေ ကျွန်တော့်သီချင်းတွေ ချစ်တဲ့သူတွေအားလုံး ကျွန်တော့်ကို ဆက်ချစ်ပေးပါ။ကျွန်တော့်တို့ Relationship ကို ချစ်တဲ့သူတွေအားလုံးကိုတော့ ကျွန်တော့်ကို ချစ်ပါလို့ မတောင်းဆိုပါဘူး။ကျွန်တော်တစ်ခါမှ ဒီလိုမပြောဖူးဘူးဆိုတာ အားလုံးသိမှာပါ။ ကျွန်တော်တို့ လမ်းခွဲလိုက်ပါပြီ။ ကျွန်တော့်ဘက်က အတိအလင်းပြောပြတာပါ။ မီဒီယာတွေ အကုန်လုံးကိုလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ လည်း ခဏလောက်ဘယ်သူမှ မမေးပါနဲ့လို့ တောင်းဆိုချင်ပါတယ်။ ကျွန်တော်ဝမ်းမနည်း ပါဘူး။ ဒီတိုင်းပဲ အလုပ်ဆက်လုပ်သွားမယ်။ သီချင်းဆက်ဆိုမယ်။ ကျွန်တော့်ကို အားပေးသည်ဖြစ်စေမပေးသည်ဖြစ်စေ သီချင်းတွေ ဆက်ဆိုမယ်။ ကျွန်တော့်ရဲ့ အနုပညာကို အားပေးကြလို့ ပြောချင်ပါတယ်။ " လို့ ပြောခဲ့ပါတယ်။

မကြာခင်မှာလည်း ရွှေထူးရဲ့ သီချင်းအသစ်ဖြစ်တဲ့ ခလုတ်သီချင်းကို အွန်လိုင်းကနေ တင်ပေးဖို့ ပြင်ဆင်နေတယ်လို့ အဲ့ဒီLive ထဲမှာ ပြောပြထားပါတယ်။ သူ့ဘက်က မှားခဲ့တယ်ဆိုရင်တောင်းပန်တယ်လို့ ဆက်လက်ပြောထားပါတယ်။ လက်ရှိအချိန်မှာ ရှိုးပွဲတွေ ဆက်တိုက်သီဆိုနေရတဲ့ အဆိုတော် ရွှေထူးက မကြာခင်မှာ ဝတ်မှုံရွှေရည်နဲ့အတူ ဇာတ်ကားရိုက်ကူးဖို့ ရှိတယ်လို့သိရပါတယ်။

ရွှေထူးဟာ သင်္ကြန်တစ်တွင်းလုံးမှာ ဖျော်ဖြေရေးတွေနဲ့အတူ ရှိနေခဲ့ပြီး သင်္ကြန်အပြီးမှာ သာသနာ့ဘောင်ထဲ ဝင်ခဲ့ပါသေးတယ်။ သာသနာ့ဘောင်ကနေ ပြန်ထွက်လာပြီးမှာလည်း ဂီတပိုင်းနဲ့ အလုပ်တွေ ရှုပ်နေခဲ့တာပါ။ မကြာခင်မှာလည်း သူ့ရဲ့ ဇာတ်ကားရိုက်ကူးမှုတွေ ပြန်လည်စတင်တော့မယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေရဲ့ အသဲစွဲအဆိုတော်တွေထဲမှာ ရွှေထူးလည်းတစ်ယောက်အပါအဝင်ပါ။ သူ့အနေနဲ့ စိတ်ကူးယဉ်စာ အုပ်ဆိုတဲ့ ပထမဆုံးတစ်ကိုယ်တော် အခွေထွက်ခဲ့တုန်းကလည်း ပရိသတ်တွေအများကြီးအားပေးခဲ့ကြသလို ဒုတိယမြောက် တစ်ကိုယ်တော်အခွေဖြစ်တဲ့ I Album အခွေ ကလည်း လူငယ်ပရိသတ်တွေရဲ့ ဝက်ဝက်ကွဲအားပေးခြင်းကို ရရှိခဲ့တာဖြစ်ပါတယ်။

သီချင်းခွေတွေမှာလည်း ပရိသတ်အားပေးမှု ရရှိထားတဲ့ ရွှေထူးဟာ သရုပ်ဆောင်ဘက်မှာလည်း သူပါဝင်ရိုက်ကူးထားတဲ့ ဇာတ်ကားတွေ လည်း ရှိလို့နေပါပြီ။လူငယ်မိန်းကလေး အများစုရဲ့ အားပေးမှုကို ရရှိထားတဲ့ အဆိုတော် ရွှေထူးရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေက စိတ်မကောင်းဖြစ် လို့နေကြပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Duwun


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top