ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

ရခိုင္ျပည္နယ္ ရေသ့ေတာင္ျမိဳ႕နယ္ ေရစိုးေခ်ာင္းရြာတြင္ ဒုတပ္ၾကပ္ အဆင့္ရွိ တပ္မေတာ္သား တစ္ဦးမွ အသက္ (၁၀) ႏွစ္အရြယ္ ကေလးငယ္ တစ္ဦးအား မဖြယ္မရာ ျပဳလုပ္မႈ ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

မဖြယ္မရာ ျပဳလုပ္ခံရသည့္ ကေလးငယ္မွာ ရေသ့ေတာင္ၿမိဳ႕နယ္ ေရစိုးေခ်ာင္းေက်းရြာေန (ဘ)ဦးေမာင္ေအာင္ေဇာ္ (မိ)ေဒၚဦးဆန္းႏြယ္တို႕၏ သား ေမာင္ေက်ာ္ဆန္းဝင္း (၁၀) ႏွစ္ ျဖစ္ေၾကာင္း ေက်းရြာ လူၾကီး တစ္ဦးက ေျပာၾကားသည္။

“ ျဖစ္စဥ္ ျဖစ္ပြားတာ မွန္ပါတယ္။ ျပစ္မႈက်ဴးလြန္သူက ဒုတပ္ၾကပ္အဆင့္ရွိသူ စစ္သား တစ္ဦးလို႕ သိရပါတယ္။ မေန႕က သူ႕ကို တပ္တာ၀န္ရွိသူေတြက ဖမ္းဆီး အေရးယူထားတယ္လို႕ သိရပါတယ္။ သူ႕ကို အထက္က ဗိုလ္ၾကီးေတြက ျပင္းျပင္းထန္ထန္ ရိုက္ႏွက္တာေတြ ရွိတယ္လို႕ ၾကားရပါတယ္” ဟု သူက နိရဥၥရာ သတင္းဌာနသို႕ ေျပာၾကားသည္။

အဆိုပါ ကေလးငယ္သည္ ေမလ ၁၆ ရက္ ေန႕လယ္ တစ္နာရီေက်ာ္ အခ်ိန္ခန္႔တြင္ ေက်ာက္က်င္ ေတာင္ရင္းေျမာင္သို႔ ေရခ်ိဳးရန္သြားေရာက္စဥ္ ေရစိုးေခ်ာင္းရြာ ေတာင္ေပၚတြင္ တပ္စြဲထားသည့္ စစ္တပ္မွ ၎ဒုတပ္ၾကပ္က သိုင္းဖက္ေခၚယူၿပီး မဖြယ္မရာ ျပဳလုပ္ခဲ့ေၾကာင္း သိရွိရသည္။

ေရစိုးေခ်ာင္း ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးေအးသန္းေမာင္အား ဆက္သြယ္ရာ ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးက “ ျဖစ္စဥ္ ျဖစ္ပြားတာေတာ့ မွန္ကန္ပါတယ္။ ဒီကိစၥ ဗ်ဴဟာမွဴးဆီ တင္ျပျပီး စစ္ေဆးေနပါတယ္။ အခု စစ္ေဆးေနတုန္းပါ။ က်ဴးလြန္သူကိုေတာ့ ဖမ္းဆီးထားပါျပီ။ အရက္မူးျပီး ခုလို မဖြယ္မရာ လုပ္တယ္လို႕ သိရပါတယ္။ စစ္ေဆးေနပါတယ္” ဟု ေျပာၾကားသည္။

ဖခင္ျဖစ္သူ ဦးေမာင္ေအာင္ေဇာ္အားဆက္သြယ္ျပီး နိရဥၥရာသတင္းဌာနက ေမးျမန္းရာ သူက “ ကေလးကို အရက္မူးေနတဲ့ စစ္သားတစ္ဦးက မေန႕က ေန႕လယ္ ၁ နာရီေက်ာ္မွာ ေရေျမာင္မွာ ေရခ်ိဳးေနရာက ဖမ္းေခၚသြားျပီး သူ႕တန္ဆာကို အတင္းဓမၼ စုတ္ခိုင္းတယ္လို႕ ေျပာပါတယ္။ ကေလးက ျငင္းဆန္တဲ့ အတြက္ သူေခါင္းကို ရုိက္ပုတ္တဲ့ အတြက္ နားထင္မွာ နည္းနည္း ဒဏ္ရာရပါတယ္။ စုတ္ခိုင္းျပီးတဲ့ ေနာက္ ကေလးကို ေဘာင္ဘီ ခၽြတ္ခိုင္းတယ္လို႕ ေျပာပါတယ္။ ျပဳက်င့္မႈ ျဖစ္ မျဖစ္ဆိုတာကိုေတာ့ စစ္ေဆးေနပါတယ္။ ကေလးက ထြက္ေျပးလာခဲ့ပါတယ္” ဟု ေျပာၾကားသည္။

ယခုအခါ ၎ျဖစ္စဥ္ႏွင့္ ပတ္သက္ျပီး ၎ကေလးငယ္အား ရေသ့ေတာင္ျမိဳ႕နယ္ ေဆးရံုတြင္ ေဆးစစ္ရန္ လိုအပ္ေနေၾကာင္း၊ မိဘမ်ားအား အမႈဖြင့္ မေဆာင္ရြက္ရန္ တားျမစ္မႈမ်ားလည္း ရွိေနေၾကာင္း ေက်းရြာသား တစ္ဦးက ေျပာၾကားသည္။

အဆိုပါ က်ဴးလြန္မႈႏွင့္ ပတ္သက္ျပီး တပ္မေတာ္ဘက္သို႕ ဆက္သြယ္ႏိုင္ျခင္း မရွိသျဖင့္ တာ၀န္ရွိသူမ်ား၏ အတည္ျပဳခ်က္ ရယူႏိုင္ျခင္း မရွိေသးပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: thithtoolwin

#Unicode Version#

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ရေစိုးချောင်းရွာတွင် ဒုတပ်ကြပ် အဆင့်ရှိ တပ်မတော်သား တစ်ဦးမှ အသက် (၁၀) နှစ်အရွယ် ကလေးငယ် တစ်ဦးအား မဖွယ်မရာ ပြုလုပ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မဖွယ်မရာ ပြုလုပ်ခံရသည့် ကလေးငယ်မှာ ရသေ့တောင်မြို့နယ် ရေစိုးချောင်းကျေးရွာနေ (ဘ)ဦးမောင်အောင်ဇော် (မိ)ဒေါ်ဦးဆန်းနွယ်တို့၏ သား မောင်ကျော်ဆန်းဝင်း (၁၀) နှစ် ဖြစ်ကြောင်း ကျေးရွာ လူကြီး တစ်ဦးက ပြောကြားသည်။

“ ဖြစ်စဉ် ဖြစ်ပွားတာ မှန်ပါတယ်။ ပြစ်မှုကျူးလွန်သူက ဒုတပ်ကြပ်အဆင့်ရှိသူ စစ်သား တစ်ဦးလို့ သိရပါတယ်။ မနေ့က သူ့ကို တပ်တာဝန်ရှိသူတွေက ဖမ်းဆီး အရေးယူထားတယ်လို့ သိရပါတယ်။ သူ့ကို အထက်က ဗိုလ်ကြီးတွေက ပြင်းပြင်းထန်ထန် ရိုက်နှက်တာတွေ ရှိတယ်လို့ ကြားရပါတယ်” ဟု သူက နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ ကလေးငယ်သည် မေလ ၁၆ ရက် နေ့လယ် တစ်နာရီကျော် အချိန်ခန့်တွင် ကျောက်ကျင် တောင်ရင်းမြောင်သို့ ရေချိုးရန်သွားရောက်စဉ် ရေစိုးချောင်းရွာ တောင်ပေါ်တွင် တပ်စွဲထားသည့် စစ်တပ်မှ ၎င်းဒုတပ်ကြပ်က သိုင်းဖက်ခေါ်ယူပြီး မဖွယ်မရာ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရေစိုးချောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးသန်းမောင်အား ဆက်သွယ်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးက “ ဖြစ်စဉ် ဖြစ်ပွားတာတော့ မှန်ကန်ပါတယ်။ ဒီကိစ္စ ဗျူဟာမှူးဆီ တင်ပြပြီး စစ်ဆေးနေပါတယ်။ အခု စစ်ဆေးနေတုန်းပါ။ ကျူးလွန်သူကိုတော့ ဖမ်းဆီးထားပါပြီ။ အရက်မူးပြီး ခုလို မဖွယ်မရာ လုပ်တယ်လို့ သိရပါတယ်။ စစ်ဆေးနေပါတယ်” ဟု ပြောကြားသည်။

ဖခင်ဖြစ်သူ ဦးမောင်အောင်ဇော်အားဆက်သွယ်ပြီး နိရဉ္စရာသတင်းဌာနက မေးမြန်းရာ သူက “ ကလေးကို အရက်မူးနေတဲ့ စစ်သားတစ်ဦးက မနေ့က နေ့လယ် ၁ နာရီကျော်မှာ ရေမြောင်မှာ ရေချိုးနေရာက ဖမ်းခေါ်သွားပြီး သူ့တန်ဆာကို အတင်းဓမ္မ စုတ်ခိုင်းတယ်လို့ ပြောပါတယ်။ ကလေးက ငြင်းဆန်တဲ့ အတွက် သူခေါင်းကို ရိုက်ပုတ်တဲ့ အတွက် နားထင်မှာ နည်းနည်း ဒဏ်ရာရပါတယ်။ စုတ်ခိုင်းပြီးတဲ့ နောက် ကလေးကို ဘောင်ဘီ ချွတ်ခိုင်းတယ်လို့ ပြောပါတယ်။ ပြုကျင့်မှု ဖြစ် မဖြစ်ဆိုတာကိုတော့ စစ်ဆေးနေပါတယ်။ ကလေးက ထွက်ပြေးလာခဲ့ပါတယ်” ဟု ပြောကြားသည်။

ယခုအခါ ၎င်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ၎င်းကလေးငယ်အား ရသေ့တောင်မြို့နယ် ဆေးရုံတွင် ဆေးစစ်ရန် လိုအပ်နေကြောင်း၊ မိဘများအား အမှုဖွင့် မဆောင်ရွက်ရန် တားမြစ်မှုများလည်း ရှိနေကြောင်း ကျေးရွာသား တစ်ဦးက ပြောကြားသည်။

အဆိုပါ ကျူးလွန်မှုနှင့် ပတ်သက်ပြီး တပ်မတော်ဘက်သို့ ဆက်သွယ်နိုင်ခြင်း မရှိသဖြင့် တာဝန်ရှိသူများ၏ အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။


ဖိုးသူတော် (www.phothutaw.com)
Credit: thithtoolwin


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top