ရာသက်ပန်မြေပိုင်ဆိုင်ခြင်းရရှိမည့် ဂရန်းမြကန်သာကွန်ဒို အထူးပရိုမိုးရှင်း အရောင်းပြပွဲ
×

မိန်းမ တယောက်ရဲ့ ရင်ခွင်ဟာ သစ္စာမဲ့ ခြံကျော်တတ်တဲ့ ယောကျာင်္း တယောက်အတွက် နေရာပေးစရာ မရှိဖူး ဆိုတာ သိထားပါ။

အဲ့သလို ယောကျာင်္းတယောက် ကိုယ့်အနား မရှိယုံနဲ့လည်း အဲ့မိန်းမ တယောက်ရဲ့ ဘဝ သိမ့်ပြီးတော့ အထီးကျန်ဆန်ပါတယ် ဆိုတဲ့ ခေါင်းစဉ်အောက် ဝပ်ဆင်းနေစရာ မလိုပါဖူး။



သစ္စာမရှိတဲ့ ယောကျာင်္းအတွက် သူနဲ့တန်တဲ့ မျက်ရည် အချိန်အကန့်အသတ်လောက်သာ ဘောင်ဝင်မှာပါ။

တရှုံ့ရှုံ့ ငိုကြွေးနေရုံနဲ့လည်း အရာရာပြီးမသွား ဖူးဆိုတာ နားလည်တတ်တဲ့ မိန်းမတယောက် ဆိုတာ သိထားစေချင်သလို…… အရာရာ ပလိသမျှ "ဟုတ် …ဟုတ်" ဆိုကာ ငြိမ်တုတ် လို့ လမ်းခွဲရမှာ စိုးရွံမှုနဲ့ နေရာတကာ မသိကျိုးကျွံပြု နေတတ်တဲ့ ခပ် "အအ" ချာတိတ်မတယောက် မဟုတ် တော့တာလောက်တော့ သိထားပါ။

အခြေမမြစ်မပါ ခပ်တိမ်တိမ် အတွေးနဲ့ ပြောတတ်တဲ့ ယောကျာင်္းတချို့ ရဲ့ ခြံခုန်တာ ခြံလုံအောင် မကာလိုဆို သလို… အစာဝအောင်မှ မကျွေးတာ ဆိုတဲ့ လူစဉ်မမှီတဲ့ လူသားမပီသ သူတို့ရဲ့ ဆိုစကားတချို့ အတွက်လည်း အဓိပ္ပါယ်မဲ့ တွေငေး မနေတတ်တော့ဘဲ.. ချစ်အောင်လည်း သင်ပြခဲ့သလို… နာကျည်းအောင်လည်း လမ်းပြခဲ့တယ်။



Credit: loveshorts
#Unicode Version#
မိန်းမ တယောက်ရဲ့ ရင်ခွင်ဟာ သစ္စာမဲ့ ခြံကျော်တတ်တဲ့ ယောကျာၤး တယောက်အတွက် နေရာပေးစရာ မရှိဖူး ဆိုတာ သိထားပါ။

အဲ့သလို ယောကျာၤးတယောက် ကိုယ့်အနား မရှိယုံနဲ့လည်း အဲ့မိန်းမ တယောက်ရဲ့ ဘဝ သိမ့်ပြီးတော့ အထီးကျန်ဆန်ပါတယ် ဆိုတဲ့ ခေါင်းစဉ်အောက် ဝပ်ဆင်းနေစရာ မလိုပါဖူး။

ကိုယ့်အပေါ် သစ္စာမဲ့သွားသူ တယောက်ကြောင့် အချစ်တွေ တိမ်ဖုံးချင် ဖုံးသွားစမ်းပါစေ ။ ဘဝတွေ အမှောင်ကျ မသွားအောင် နေတတ်တဲ့ မိန်းမတယောက် ဆိုတာ မှတ်ထားပါ။

ကိုယ့်ဘဝ ကိုယ်ခြေထောက်ပေါ် ရပ်လို့ ရပ်တည်နိုင်အောင်လည်း အမြဲကြိုးစား ရုန်းကန်နေကြ ရသူ အမျိုးသမီး တယောက်အတွက် အစွမ်းအစ သိမ့်ဖျင်းတဲ့ တချို့တချို့ ဘေးပတ်ဝန်းကျင်က အဓိပ္ပါယ်မဲ့ စကားတွေကြောင့်လည်း ကိုယ့်အစွမ်းအစ တွေ "တုံးအ" မသွားစေဖို့ သတိ အမြဲထားတယ်။

သစ္စာမရှိတဲ့ ယောကျာၤးအတွက် သူနဲ့တန်တဲ့ မျက်ရည် အချိန်အကန့်အသတ်လောက်သာ ဘောင်ဝင်မှာပါ။

တရှုံံ့ရှုံ့ ငိုကြွေးနေရုံနဲ့လည်း အရာရာပြီးမသွား ဖူးဆိုတာ နားလည်တတ်တဲ့ မိန်းမတယောက် ဆိုတာ သိထားစေချင်သလို…… အရာရာ ပလိသမျှ "ဟုတ် …ဟုတ်" ဆိုကာ ငြိမ်တုတ် လို့ လမ်းခွဲရမှာ စိုးရွံမှုနဲ့ နေရာတကာ မသိကျိုးကျွံပြု နေတတ်တဲ့ ခပ် "အအ" ချာတိတ်မတယောက် မဟုတ် တော့တာလောက်တော့ သိထားပါ။

အခြေမမြစ်မပါ ခပ်တိမ်တိမ် အတွေးနဲ့ ပြောတတ်တဲ့ ယောကျာၤးတချို့ ရဲ့ ခြံခုန်တာ ခြံလုံအောင် မကာလိုဆို သလို… အစာဝအောင်မှ မကျွေးတာ ဆိုတဲ့ လူစဉ်မမှီတဲ့ လူသားမပီသ သူတို့ရဲ့ ဆိုစကားတချို့ အတွက်လည်း အဓိပ္ပါယ်မဲ့ တွေငေး မနေတတ်တော့ဘဲ.. ချစ်အောင်လည်း သင်ပြခဲ့သလို… နာကျည်းအောင်လည်း လမ်းပြခဲ့တယ်။

မုန်းတတ်အောင်လည်း လမ်းညွှန်ပေးပြီး ရက်စက်တတ်အောင်လည်း လက်တွေ့ သင်ကြား ပေးခဲ့တဲ့ အတွက် ကျေးဇူးတင်လျှက် ခပ်ယဲ့ယဲ့လေး ပြန်ပြုံးပြ တတ်နေပြီ ဆိုတာလည်း… သတိထားလိုက်ပါ။

စာကြွင်း… မည်သည့် တစုံတရာကိုမှ ရည်ရွယ်ခြင်း အလျင်းမရှိ မိမိရဲ့ မန့်တချက်ကြောင့် မိမိဘယ်လို လူသား ဆိုတာကို ပြသရာ မရောက်မိပါစေနှင့်……

ဖိုးသူတော် (www.phothutaw.com)
Credit: loveshorts
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top