န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

အမ်ိဳးသမီးေတြ အေနနဲ႔ တခ်ိဳ႕အက်င့္ေတြ ၊ လုပ္ေဆာင္ခ်က္ေတြဟာ အမႈမဲ့ ၊ အမွတ္မဲ့ ဆိုေပမယ့္ က်န္းမာေရးအတြက္ အႏၱရာယ္ ရွိေနနိုင္ပါတယ္ ။ ဒါ့ေၾကာင့္ ဆင္ျခင္ ျပဳျပင္နိုင္ေအာင္ ေဖာ္ျပေပးလိုက္ပါတယ္။

၁။ မိန္းမကိုယ္ကို ဆပ္ျပာျဖင့္ေဆးေၾကာျခင္း

လံုးဝ ဆပ္ျပာမသံုးသင့္ပါဘူး ။ ေရသီးသန္႔ျဖင့္ေဆးရင္ လံုေလာက္ပါျပီ ။ ဆပ္ျပာမွာပါဝင္တဲ့ ဓါတ္ေတြက ျပင္းတာေၾကာင့္ မိန္းမကိုယ္က်န္းမာေရးအတြက္ မလိုလားအပ္တာေတြ ျဖစ္လာနိုင္ပါတယ္။ အထူးသျဖင့္ အေမႊးနံ႔ပါတဲ့ ဆပ္ျပာမ်ိဳးေတြကို မသံုးသင့္ပါဘူး ။

အမ်ိဳးသမီးအဂၤါကို ေဆးေၾကာဖို႔အတြက္ ေရတစ္ခုတည္းနဲ႕တင္ လံုေလာက္မႈ ရွိပါတယ္ ။ မိန္းမကိုယ္သန္႔စင္ရည္ေတြကို အသံုးျပဳမယ္ဆိုရင္လည္း မနက္တစ္ၾကိမ္ ၊ ညတစ္ၾကိမ္သာ သံုးေပးပါ။

၂။ လစဥ္သံုး ပစၥည္းကို မလဲဘဲ တစ္ေန႔လံုး သံုးျခင္း

အမ်ိဳးသမီးမ်ား ဓမၼတာလခ်ိန္တြင္ သံုးတဲ့ လစဥ္သံုးပစၥည္းေတြဟာ အၾကာႀကီး မထားသင့္ပါဘူး ။ အနည္းဆံုး ၅နာရီျခား တစ္ခါ လဲဖယ္ေပးသင့္ပါတယ္ ။ ဓမၼတာလာခ်ိန္မွာ မ်ားစြာေသာ ဘက္တီးရီးယား ပိုးမႊားေတြနဲ႕ ပိုးမႊားကူးစက္မႈေတြ ျဖစ္ေနနိုင္ပါတယ္ ။

ဒီလို လစဥ္သံုးပစၥည္းတစ္ခုကို မလဲဖယ္ဘဲ တစ္ေန႔လံုး ခံထားမယ္ဆိုရင္ မိန္းမကိုယ္အတြက္ ထိခိုက္နိုင္ပါတယ္ ။ သင္ဟာ ရာသီေသြးဆင္းမႈ နည္းတတ္ရင္ေတာင္ လဲဖယ္ေပးသင့္ပါတယ္ ။ မနွေမ်ာပါႏွင့္ ။

၃။ ဘရာကို တစ္ခါဝတ္ၿပီး တစ္ခါေလွ်ာ္ျခင္း

သင္ဟာ ဘရာဇီယာကို တစ္ခါဝတ္ျပီးတိုင္း ေလွ်ာ္တတ္သူလား ။ ဒါဆိုရင္ေတာ့ သင့္ရဲ႕ဘရာဟာ ေစာေစာစီးစီး ပ်က္စီးပါလိမ့္မယ္ ။ အခုေျပာမယ့္ အေၾကာင္းအရာကို လံုးဝ ယံုၾကည္လိုက္ပါ ။

ဘရာတစ္ထည္ကို ၃ခါ ဝတ္ျပီးမွ ေလွ်ာ္တာ အေကာင္းဆံုးပါပဲ ။ မၾကာခဏ ေလွ်ာ္ေနရင္ သင့္ရဲ႕ ဘရာ ပံုပန္းသ႑န္ဟာ ပ်က္ယြင္းျပီး သင့္ရဲ႕ ရင္သားအလွကို ထိခိုက္ လာနိုင္ပါတယ္။

၄။ ေႏြရာသီမွာ ဘရာအမဲေရာင္ ဝတ္ဆင္ျခင္း

အေၾကာင္းျပခ်က္ကေတာ့ ရိုးရွင္းပါတယ္ ။ အမဲေရာင္ ဘရာဇီယာကို ပူတဲ့ရာသီမွာ ဝတ္ဆင္ျခင္းက သင့္ကို ပိုျပီး ပူေလာင္ေစနို္င္ပါတယ္။ ဒါ့ေၾကာင့္ အျဖဴေရာင္ (သို႔) အျခားေသာ အေရာင္ေဖ်ာ့ ၊ ပန္းပြင့္ ဘရာေတြကို ဝတ္ဆင္ေပးတာက ပိုျပီးေကာင္းပါတယ္။

၅။ ဘရာဝတ္ၿပီး အိပ္စက္ျခင္း

ဘရာဇီယာ ဝတ္ဆင္ျပီး အိပ္ထားျခင္းက အႏၱရာယ္မ်ားပါတယ္ ။ သင့္ရဲ႕ရင္သား တစ္သွ်ဴးေတြကို ထိခိုက္နိုင္ျပီး ေသြးလည္ပတ္မႈ အေနွာင့္အယွက္ ျဖစ္ေစနိုင္ပါတယ္ ။ ဒါ့အျပင္ ရင္သား နာၾကင္မႈေတြ နွင့္ တင္းက်ပ္လြန္းေသာ ဘရာေတြက ရင္သား ကင္ဆာအထိ ျဖစ္နိုင္ပါတယ္ ။ ဒါ့ေၾကာင္ ့အိပ္ေနစဥ္မွာ ဘရာခြ်တ္ျပီး အိပ္စက္ၾကဖို႔ အႀကံျပဳ တိုက္တြန္းလိုက္ပါတယ္။

၆။ ေအာက္ခံ သံကြင္း (သို႔) ဝါယာပါတဲ့ ဘရာမ်ား ဝတ္ဆင္ျခင္း

အမ်ိဳးသမီး အမ်ားစုဟာ ေအာက္ခံသံကြင္းပါတဲ့ ဘရာေတြကို ဝတ္ရတာ ပိုျပီး နွစ္သက္သေဘာက် ၾကပါတယ္ ။ ဒီလို ဘရာေတြဟာ ဝတ္ဆင္လွ်င္ ပိုျပီးပံုက် လွပေပမယ့္ က်န္းမာေရး ရႈေထာင့္အရေတာ့ မေကာင္းမြန္ပါဘူး ။

မၾကာခဏ ဝတ္ဆင္မယ္ ဆိုရင္ေတာ့ အေရျပား ယားယံျခင္း ၊ နာၾကင္ျခင္း ၊ ေသြးလွည့္ပတ္မႈ မေကာင္းျခင္း ၊ ရင္သားမွာ မိႈျဖစ္ျခင္း စသည္တုိ႔ ျဖစ္တတ္ပါတယ္ ။ ေန႔စဥ္ဝတ္တတ္တဲ့ အက်င့္ကို ေရွာင္ၾကဥ္ၿပီး သင့္ရင္သားကို ေကာင္းမြန္စြာ အသက္ရွဴခြင့္ ေပးလိုက္ပါ။

၇။ ခ်ိဳင္းလိမ္းဆီသံုးျခင္း

ခ်ိဳင္းလိမ္းဆီ သံုးစြဲမႈမ်ားျခင္းက ရင္သား ကင္ဆာအထိ ျဖစ္နိုင္ပါတယ္။ ခ်ိဳင္းလိမ္းဆီေတြဟာ အႏၱရာယ္မ်ားတဲ့ ဓာတု အဆိပ္အေတာက္ေတြနဲ႕ ျပဳလုပ္ထားတာေၾကာင့္ အေရျပားေပၚ တိုက္ရိုက္ ထိေတြ႕လိုက္လွ်င္ သင့္ရဲ႕ေသြးတြင္းမွာ အဆိပ္အေတာက္ေတြ ျဖစ္လာနုိင္ပါတယ္ ။

ဒါေ့ၾကာင့္ လိမ္းမယ္ ဆိုလွ်င္ အဝတ္အစားဝတ္ၿပီးမွ အျပင္ဘက္ လိမ္းပါ ။ ဘယ္ေလာက္ပဲ အႏၱရာယ္မရိွပါဘူး ဆိုဆို အဝတ္အစား ဝတ္ၿပီးမွသာ အျပင္ဘက္ အသံုးျပဳေပးပါ။

၈။ ေနပူထဲသို႔ အကာအကြယ္မဲ့ ထြက္ျခင္း အမ်ားအားျဖင့္ ေနပူထဲ ထြက္တဲ့အခါ ေခါင္းနွင့္လက္ေတြကို ေနမထိေအာင္ ဖံုးအုပ္ထားတတ္ၾကပါတယ္ ။ သို႔ေသာ္လည္း ခရမ္းလြန္ ေရာင္ျခည္ဟာ အေရျပားကို ေလာင္ကြ်မ္းၿပီး အေရျပားကင္ဆာအထိ ျဖစ္လာနိုင္ပါတယ္ ။ ဒါ့ေၾကာင့္ ေနပူထဲ ထြက္တဲ့အခါမွာ sunscreen လိမ္းပါ ။ ခႏၶာကိုယ္အနွံ႕ ေနေရာင္မထိေအာင္ အတတ္နုိင္ဆံုး ဖံုးအုပ္ထားပါ။

အထက္ပါ အက်င့္ဆိုးေတြ ၊အျပဳအမူေတြကို မလုပ္မိၾကေစဖို႔ အမွန္တကယ္ ေမွ်ာ္လင့္ပါတယ္ ။ လုပ္မိေနသူမ်ား အေနျဖင့္လည္း မေကာင္းမွန္း သိသြားတဲ့အတြက္ ဆင္ျခင္နုိင္ၾကမယ္ ထင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေဒါက္တာသုတ

#Unicode Version#
အမျိုးသမီးတွေ အနေနဲ့ တချို့အကျင့်တွေ ၊ လုပ်ဆောင်ချက်တွေဟာ အမှုမဲ့ ၊ အမှတ်မဲ့ ဆိုပေမယ့် ကျန်းမာရေးအတွက် အန္တရာယ် ရှိနေနိုင်ပါတယ် ။ ဒါ့ကြောင့် ဆင်ခြင် ပြုပြင်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

၁။ မိန်းမကိုယ်ကို ဆပ်ပြာဖြင့်ဆေးကြောခြင်း

လုံးဝ ဆပ်ပြာမသုံးသင့်ပါဘူး ။ ရေသီးသန့်ဖြင့်ဆေးရင် လုံလောက်ပါပြီ ။ ဆပ်ပြာမှာပါဝင်တဲ့ ဓါတ်တွေက ပြင်းတာကြောင့် မိန်းမကိုယ်ကျန်းမာရေးအတွက် မလိုလားအပ်တာတွေ ဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် အမွှေးနံ့ပါတဲ့ ဆပ်ပြာမျိုးတွေကို မသုံးသင့်ပါဘူး ။

အမျိုးသမီးအင်္ဂါကို ဆေးကြောဖို့အတွက် ရေတစ်ခုတည်းနဲ့တင် လုံလောက်မှု ရှိပါတယ် ။ မိန်းမကိုယ်သန့်စင်ရည်တွေကို အသုံးပြုမယ်ဆိုရင်လည်း မနက်တစ်ကြိမ် ၊ ညတစ်ကြိမ်သာ သုံးပေးပါ။

၂။ လစဉ်သုံး ပစ္စည်းကို မလဲဘဲ တစ်နေ့လုံး သုံးခြင်း

အမျိုးသမီးများ ဓမ္မတာလချိန်တွင် သုံးတဲ့ လစဉ်သုံးပစ္စည်းတွေဟာ အကြာကြီး မထားသင့်ပါဘူး ။ အနည်းဆုံး ၅နာရီခြား တစ်ခါ လဲဖယ်ပေးသင့်ပါတယ် ။ ဓမ္မတာလာချိန်မှာ များစွာသော ဘက်တီးရီးယား ပိုးမွှားတွေနဲ့ ပိုးမွှားကူးစက်မှုတွေ ဖြစ်နေနိုင်ပါတယ် ။

ဒီလို လစဉ်သုံးပစ္စည်းတစ်ခုကို မလဲဖယ်ဘဲ တစ်နေ့လုံး ခံထားမယ်ဆိုရင် မိန်းမကိုယ်အတွက် ထိခိုက်နိုင်ပါတယ် ။ သင်ဟာ ရာသီသွေးဆင်းမှု နည်းတတ်ရင်တောင် လဲဖယ်ပေးသင့်ပါတယ် ။ မနှမျောပါနှင့် ။

၃။ ဘရာကို တစ်ခါဝတ်ပြီး တစ်ခါလျှော်ခြင်း

သင်ဟာ ဘရာဇီယာကို တစ်ခါဝတ်ပြီးတိုင်း လျှော်တတ်သူလား ။ ဒါဆိုရင်တော့ သင့်ရဲ့ဘရာဟာ စောစောစီးစီး ပျက်စီးပါလိမ့်မယ် ။ အခုပြောမယ့် အကြောင်းအရာကို လုံးဝ ယုံကြည်လိုက်ပါ ။

ဘရာတစ်ထည်ကို ၃ခါ ဝတ်ပြီးမှ လျှော်တာ အကောင်းဆုံးပါပဲ ။ မကြာခဏ လျှော်နေရင် သင့်ရဲ့ ဘရာ ပုံပန်းသဏ္ဍန်ဟာ ပျက်ယွင်းပြီး သင့်ရဲ့ ရင်သားအလှကို ထိခိုက် လာနိုင်ပါတယ်။

၄။ နွေရာသီမှာ ဘရာအမဲရောင် ဝတ်ဆင်ခြင်း

အကြောင်းပြချက်ကတော့ ရိုးရှင်းပါတယ် ။ အမဲရောင် ဘရာဇီယာကို ပူတဲ့ရာသီမှာ ဝတ်ဆင်ခြင်းက သင့်ကို ပိုပြီး ပူလောင်စေနိုင်ပါတယ်။ ဒါ့ကြောင့် အဖြူရောင် (သို့) အခြားသော အရောင်ဖျော့ ၊ ပန်းပွင့် ဘရာတွေကို ဝတ်ဆင်ပေးတာက ပိုပြီးကောင်းပါတယ်။

၅။ ဘရာဝတ်ပြီး အိပ်စက်ခြင်း

ဘရာဇီယာ ဝတ်ဆင်ပြီး အိပ်ထားခြင်းက အန္တရာယ်များပါတယ် ။ သင့်ရဲ့ရင်သား တစ်သျှူးတွေကို ထိခိုက်နိုင်ပြီး သွေးလည်ပတ်မှု အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ် ။ ဒါ့အပြင် ရင်သား နာကြင်မှုတွေ နှင့် တင်းကျပ်လွန်းသော ဘရာတွေက ရင်သား ကင်ဆာအထိ ဖြစ်နိုင်ပါတယ် ။ ဒါ့ကြောင့်အိပ်နေစဉ်မှာ ဘရာချွတ်ပြီး အိပ်စက်ကြဖို့ အကြံပြု တိုက်တွန်းလိုက်ပါတယ်။

၆။ အောက်ခံ သံကွင်း (သို့) ဝါယာပါတဲ့ ဘရာများ ဝတ်ဆင်ခြင်း

အမျိုးသမီး အများစုဟာ အောက်ခံသံကွင်းပါတဲ့ ဘရာတွေကို ဝတ်ရတာ ပိုပြီး နှစ်သက်သဘောကျ ကြပါတယ် ။ ဒီလို ဘရာတွေဟာ ဝတ်ဆင်လျှင် ပိုပြီးပုံကျ လှပပေမယ့် ကျန်းမာရေး ရှုထောင့်အရတော့ မကောင်းမွန်ပါဘူး ။

မကြာခဏ ဝတ်ဆင်မယ် ဆိုရင်တော့ အရေပြား ယားယံခြင်း ၊ နာကြင်ခြင်း ၊ သွေးလှည့်ပတ်မှု မကောင်းခြင်း ၊ ရင်သားမှာ မှိုဖြစ်ခြင်း စသည်တို့ ဖြစ်တတ်ပါတယ် ။ နေ့စဉ်ဝတ်တတ်တဲ့ အကျင့်ကို ရှောင်ကြဉ်ပြီး သင့်ရင်သားကို ကောင်းမွန်စွာ အသက်ရှူခွင့် ပေးလိုက်ပါ။

၇။ ချိုင်းလိမ်းဆီသုံးခြင်း

ချိုင်းလိမ်းဆီ သုံးစွဲမှုများခြင်းက ရင်သား ကင်ဆာအထိ ဖြစ်နိုင်ပါတယ်။ ချိုင်းလိမ်းဆီတွေဟာ အန္တရာယ်များတဲ့ ဓာတု အဆိပ်အတောက်တွေနဲ့ ပြုလုပ်ထားတာကြောင့် အရေပြားပေါ် တိုက်ရိုက် ထိတွေ့လိုက်လျှင် သင့်ရဲ့သွေးတွင်းမှာ အဆိပ်အတောက်တွေ ဖြစ်လာနိုင်ပါတယ် ။

ဒါေ့ကြာင့် လိမ်းမယ် ဆိုလျှင် အဝတ်အစားဝတ်ပြီးမှ အပြင်ဘက် လိမ်းပါ ။ ဘယ်လောက်ပဲ အန္တရာယ်မရှိပါဘူး ဆိုဆို အဝတ်အစား ဝတ်ပြီးမှသာ အပြင်ဘက် အသုံးပြုပေးပါ။

၈။ နေပူထဲသို့ အကာအကွယ်မဲ့ ထွက်ခြင်း အများအားဖြင့် နေပူထဲ ထွက်တဲ့အခါ ခေါင်းနှင့်လက်တွေကို နေမထိအောင် ဖုံးအုပ်ထားတတ်ကြပါတယ် ။ သို့သော်လည်း ခရမ်းလွန် ရောင်ခြည်ဟာ အရေပြားကို လောင်ကျွမ်းပြီး အရေပြားကင်ဆာအထိ ဖြစ်လာနိုင်ပါတယ် ။ ဒါ့ကြောင့် နေပူထဲ ထွက်တဲ့အခါမှာ sunscreen လိမ်းပါ ။ ခန္ဓာကိုယ်အနှံ့ နေရောင်မထိအောင် အတတ်နိုင်ဆုံး ဖုံးအုပ်ထားပါ။

အထက်ပါ အကျင့်ဆိုးတွေ ၊အပြုအမူတွေကို မလုပ်မိကြစေဖို့ အမှန်တကယ် မျှော်လင့်ပါတယ် ။ လုပ်မိနေသူများ အနေဖြင့်လည်း မကောင်းမှန်း သိသွားတဲ့အတွက် ဆင်ခြင်နိုင်ကြမယ် ထင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဒေါက်တာသုတ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top