ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

Relationship တစ္ခုမွာ တစ္ေယာက္ကိုတစ္ေယာက္ သစၥာ ရွိမႈဟာ အေရးအႀကီးဆံုး အခ်က္တစ္ခုပါ။ ေဖာက္ျပန္ျခင္းဆိုတာဟာ relationship တစ္ခုလံုးဖ်က္ဆီးပစ္ႏိုင္တဲ့ အရာျဖစ္ၿပီး အေျခအေနအမ်ိဳးမ်ိဳးနဲ႔ ေပၚေပါက္လာတတ္ပါတယ္။ အထူးသျဖင့္ ႐ုပ္ရွင္ေတြ၊ ၀တၱဳေတြနဲ႔ ကၽြန္ေတာ္တို႔ရဲ႕ပတ္၀န္းက်င္မွာပါ အိမ္ေထာင္ေရး ေဖာက္ျပန္မႈေတြ၊ သမီးရည္းစားအခ်င္းခ်င္ ေဖာက္ျပန္ေနၾကတဲ့ ဇာတ္လမ္းေတြကို မၾကာခဏျမင္ဖူးၾကပါလိမ့္မယ္။ ဒီလို ေဖာက္ျပန္မႈ ေတြကို အေျခခံၿပီး သိပၸံပညာရွင္ေတြက ဘာေၾကာင့္ေဖာက္ျပန္ရတာလဲဆိုတာနဲ႔ ေဖာက္ျပန္မႈေတြဆီ တြန္းပို႔တတ္တဲ့ အရာေတြကို ေဖာ္ျပခဲ့ၾကပါတယ္။
” Once could be an accident two is a decision” ဆိုသလိုပဲ တစ္ခ်ိန္တစ္ခါ ေဖာက္ျပန္မႈ ဟာ မေတာ္တဆအျဖစ္လည္ေကာင္း အေျခအေနတစ္ခုခုေၾကာင့္လည္ေကာင္း ျဖည့္ေတြးေပးၿပီး နားလည္ခြင့္လႊတ္လို႔ရေပမယ့္ ေနာက္တႀကိမ္ေဖာက္ျပန္ရင္ေတာ့ လံုး၀ခြင့္မလႊတ္သင့္ေတာ့ပါဘူး။ ဘယ္လိုအေျခအေနေတြက ေဖာက္ျပန္မႈေတြဆီ တြန္းပို႔တတ္လဲဆိုတာကုိ ေလ့လာၾကည့္ရေအာင္ပါ။

၁။ စိတ္ခံစားခ်က္ ရင္ႏွီးမႈမရွိျခင္း
အမ်ိဳးသားေရာ၊ အမ်ိဳးသမီးျဖစ္သူမွာပါ တစ္ေယာက္ကိုတစ္ေယာက္ ႏွလံုးသားခ်င္း ရင္းႏွီးမႈမရွိျခင္းက ေဖာက္ျပန္မႈေတြဆီ တြန္းပို႔တတ္ပါတယ္။ အမ်ိဳးသားေတြအတြက္ကေတာ့ လိင္ကိစၥအတြက္သာ ေဖာက္ျပန္တတ္ၾကတယ္လို႔ဆိုပါတယ္။ ဒါေပမယ့္ အိမ္ေထာင္ေရးအၾကံေပးျဖစ္သူ Gary Neuman ရဲ႕စာအုပ္ထဲမွာေတာ့ သူအၾကံေပးေနတဲ့ ေဖာက္ျပန္သူအမိ်ဳးသား ၄၇ % ေလာက္က စိတ္ခံစားခ်က္ရင္ႏွီးျခင္း မရွိတာေၾကာင့္လို႔ ၀န္ခံခဲ့ၾကပါတယ္။ ဒီလိုအေျခအေနမ်ိဳးေတြဟာ ပိုၿပီးခက္ခဲတတ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အမ်ိဳးသားေတြဟာ သူတို႔ရဲ႕ခံစားခ်က္ေတြကို မေဖာ္ျပခ်င္ၾကသလို အမ်ိဳးသမီးေတြကလည္း လက္တြဲေဖာ္ကို ျဖည့္ဆည္းေပးရမယ့္ အရာေတြ
ေမ့ေနတတ္ပါတယ္။ ဒီလိုကိစၥေတြကို အမ်ိဳးသမီးေတြက ေနာက္က်မွသတိထားမိျခင္း သို႔မဟုတ္ လ်စ္လ်ဴ႐ႈတတ္ၾကပါတယ္။

၂။ အေတြ႔အၾကံဳနဲ႔ ပတ္၀န္းက်င္ရဲ႕ ၾသဇာလႊမ္းမိုးမႈေၾကာင့္
ျခံခုန္စရွိတဲ့ ျမင္းဟာ ျခံခုန္သလိုပဲ အရင္ Relationship မွာ ေဖာက္ျပန္မႈအေတြ႕အၾကံဳရွိခဲ့တဲ့ လူတစ္ေယာက္ဟာ ေနာက္ထပ္တြဲတဲ့သူနဲ႔လည္း အရင္ကလိုအခ်ိဳးမ်ိဳး ျပဳလုပ္တတ္ေလ့ရွိပါတယ္။ ဒါ့အျပင္ စိတ္၀င္စားစရာေကာင္းတဲ့အခ်က္တစ္ခုက ႐ႈပ္ေပြတတ္တဲ့ ပတ္၀န္းက်င္မွာ က်င္လည္တတ္သူဟာလည္း ပိုမိုေဖာက္ျပန္တတ္ေလ့ရွိေၾကာင္း သိရပါတယ္။ အျခားအမည္မသိစစ္တမ္းတစ္ခုမွာေတာ့ က်ဴးလြန္သူအမ်ိဳးသား ၇၅% ဟာ သူတို႔ရဲ႕သူငယ္ခ်င္းေတြ၏ မိန္းမေတြကို ၾကာကူလီ႐ိုက္တတ္ၾကေၾကာင္း ပ်မ္းမွ်အေနနဲ႔ ေဖာ္ျပထားပါတယ္။

၃။ ပ်င္းစရာေကာင္းတဲ့ Relationship
အမ်ိဳးသား ၇၀% နဲ႔ အမ်ိဳးသမီး ၄၉% ဟာေဖာက္ျပန္ဖို႔ ဆံုးျဖတ္တတ္ၾကတဲ့ အေၾကာင္းျပခ်က္တစ္ခုကေတာ့ စိတ္ခံစားခ်က္အသစ္ေတြကို ေပ်ာက္ဆံုးေနတာေၾကာင့္လို႔ ဆိုပါတယ္။ အဆိုပါစကားကို ေကာက္ခ်က္ဆြဲရရင္ ႀကီးႀကီးမာမား အ႐ႈပ္ေတာ္ပံုျပႆနာေတြနဲ႔ စိတ္ပ်က္စရာကိစၥေတြ မပါရင္ေတာင္မွ ပ်င္းစရာေကာင္းတာေၾကာင့္ ေဖာက္ျပန္တတ္ေၾကာင္း ဆိုလိုရမလိုပါပဲ။

၄။ ဆယ္စုႏွစ္မတိုင္မွီ အေတြ႔အၾကံဳသစ္ရွာျခင္း
လူတိုင္းဟာ အတိတ္ကႏွစ္ေတြဆီကေန အမွတ္ရစရာအခိုက္အတန္႔ေတြကို ေအာက္ေမ့တတ္ၾကပါတယ္။ ပညာရွင္ေတြရဲ႕ေလ့လာမႈအရ ဆယ္စုမျပည့္ခင္ အသက္ ၂၉၊ ၃၉၊ ၄၉ စတဲ့အရြယ္ေတြဟာ ေဖာက္ျပန္မႈအမ်ားဆံုးျဖစ္ၾကၿပီး ဒါကို quarter-Life crisis လို႔လည္း ေခၚၾကပါတယ္။ ဒီလိုအခ်ိန္မွာ အေတြ႔အၾကံဳအသစ္ကို ရွာဖို႔စိတ္၀င္စားတတ္ေၾကာင္း ေျပာခဲ့ၾကၿပီး မိသားစုအေပၚေကာင္းတဲ့ အိမ္ေထာင္ဦးစီးတစ္ေယာက္၊ သင့္ရဲ႕ခ်စ္လွစြာေသာခင္ပြန္းက အသက္ ၃၉ ျပည့္မွ ႐ုတ္တရက္ေဖာက္ျပန္သြားႏိုင္တယ္လို႔လည္း မဆိုလိုပါဘူး။ ေဖာက္ျပန္ဖို႔ ရည္ရြယ္ခ်က္ရွိသူဆို ယခုလိုအခ်ိန္ဟာ အျဖစ္တတ္ဆံုးဆိုတာကို ဆိုလိုတာျဖစ္ပါတယ္။

၅။ လူမႈကြန္ယက္ေတြအေပၚ အလြန္အကၽြံစိတ္၀င္စားမႈ
ေဖာက္ျပန္မႈ အႏၱရာယ္ျမင့္တက္လာမႈနဲ႔ ကြာရွင္းမႈေတြ ျမင့္တက္လာျခင္းရဲ႕ အေၾကာင္းရင္းတစ္ခုဟာ ေဖ့ဘြတ္၊ တြစ္တာ စတဲ့အျခားဆိုရွယ္နက္၀ပ္ေတြေၾကာင့္လို႔လည္း ဆိုၾကပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ လူမႈကြန္ယက္ စြဲလမ္းျခင္းဟာ အိပ္ရာမွအေစာႀကီးႏိုးထျခင္း၊ သို႔မဟုတ္အိပ္ရာ၀င္ေနာက္က်ျခင္း တို႔ေၾကာင့္ သူတို႔ေတြရဲ႕ခ်စ္သူေတြဟာ အထီးက်န္ၾကရတယ္လို႔ ဆိုပါတယ္။

၆။ အလုပ္နဲ႔ စီးပြားေရးဆိုင္ရာ ခရီးေတြ
ေလ့လာမႈေတြအရ ေဖာက္ျပန္တဲ့အမ်ိဳးသား၃ ပံု၁ ပံုဟာ တကယ္ကိုစီးပြားေရးသမားေတြျဖစ္ၾကၿပီး အလုပ္နဲ႔ခရီးေတြထြက္တဲ့အခါ ေဖာက္ျပန္မႈ အမ်ားဆံုးျဖစ္ၾကေၾကာင္း ဆိုပါတယ္။ ၿပီးေတာ့ အမ်ိဳးသမီး ၁၃% က အလုပ္မွာတင္ ေဖာက္ျပန္တတ္ၾကေၾကာင္း ေဖာ္ျပခဲ့ပါေသးတယ္။

၇။ Oxytocin မရွိျခင္း
Oxytocin လိုေခၚတဲ့ ေပြ႕ဖက္တဲ့အခ်ိန္္တဲ့ နမ္းတဲ့အခ်ိန္မွာ ျဖစ္လာတတ္တဲ့ ေဟာ္မုန္းဟာလည္း စံုတြဲေတြတစ္ဦးကိုတစ္ဦး ယံုၾကည္မႈဖန္တီးျခင္း၊ ေစာင့္ေရွာင္ျခင္းအျဖစ္ အေရးပါတ့ ဲ အခန္းက႑အျဖစ္ပါ၀င္ေၾကာင္း သိရပါတယ္။ သိပၸံပညာရွင္ေတြကေတာ့ အဆိုပါေဟာ္မုန္း ေပ်ာက္ဆံုးျခင္းဟာ ေဖာက္ျပန္ဖို႔အတြက္ လမ္းစတစ္ခုျဖစ္လာေစတယ္လို႔ ဆိုပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ ယခုေဖာ္ျပတဲ့ ၇ ခ်က္လံုးဟာ ေဖာက္ျပန္သူေတြအတြက္ အေၾကာင္းျပခ်က္ မျဖစ္သင့္သလို victim blaming လည္း မျဖစ္သင့္ပါဘူး။ စံုတြဲတိုင္းဟာ ကိုယ့္ရဲ႕ relationship ကိုကယ္တင္ႏိုင္ဖို႔ အရင္ဆံုး စဥ္းစားၿပီးမွသာ မျဖစ္ႏိုင္ေတာ့တဲ့အဆံုး လမ္းခြဲဖို႔စဥ္းစားသင့္ပါတယ္။ တႀကိမ္တခါမွားတာေၾကာင့္ ခြင့္လႊတ္သင့္ မလႊတ္သင့္ဆိုတာက အေျခအေနေတြအေပၚမူတည္သလို တစ္ဦးခ်င္းစီရဲ႕ ကိုယ္ပိုင္ဆံုးျဖတ္ခ်က္သာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Lifestyle_Myanmar

#Unicode Version#
Relationship တစ်ခုမှာ တစ်ယောက်ကိုတစ်ယောက် သစ္စာ ရှိမှုဟာ အရေးအကြီးဆုံး အချက်တစ်ခုပါ။ ဖောက်ပြန်ခြင်းဆိုတာဟာ relationship တစ်ခုလုံးဖျက်ဆီးပစ်နိုင်တဲ့ အရာဖြစ်ပြီး အခြေအနေအမျိုးမျိုးနဲ့ ပေါ်ပေါက်လာတတ်ပါတယ်။ အထူးသဖြင့် ရုပ်ရှင်တွေ၊ ဝတ္တုတွေနဲ့ ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာပါ အိမ်ထောင်ရေး ဖောက်ပြန်မှုတွေ၊ သမီးရည်းစားအချင်းချင် ဖောက်ပြန်နေကြတဲ့ ဇာတ်လမ်းတွေကို မကြာခဏမြင်ဖူးကြပါလိမ့်မယ်။ ဒီလို ဖောက်ပြန်မှု တွေကို အခြေခံပြီး သိပ္ပံပညာရှင်တွေက ဘာကြောင့်ဖောက်ပြန်ရတာလဲဆိုတာနဲ့ ဖောက်ပြန်မှုတွေဆီ တွန်းပို့တတ်တဲ့ အရာတွေကို ဖော်ပြခဲ့ကြပါတယ်။
” Once could be an accident two is a decision” ဆိုသလိုပဲ တစ်ချိန်တစ်ခါ ဖောက်ပြန်မှု ဟာ မတော်တဆအဖြစ်လည်ကောင်း အခြေအနေတစ်ခုခုကြောင့်လည်ကောင်း ဖြည့်တွေးပေးပြီး နားလည်ခွင့်လွှတ်လို့ရပေမယ့် နောက်တကြိမ်ဖောက်ပြန်ရင်တော့ လုံးဝခွင့်မလွှတ်သင့်တော့ပါဘူး။ ဘယ်လိုအခြေအနေတွေက ဖောက်ပြန်မှုတွေဆီ တွန်းပို့တတ်လဲဆိုတာကို လေ့လာကြည့်ရအောင်ပါ။

၁။ စိတ်ခံစားချက် ရင်နှီးမှုမရှိခြင်း
အမျိုးသားရော၊ အမျိုးသမီးဖြစ်သူမှာပါ တစ်ယောက်ကိုတစ်ယောက် နှလုံးသားချင်း ရင်းနှီးမှုမရှိခြင်းက ဖောက်ပြန်မှုတွေဆီ တွန်းပို့တတ်ပါတယ်။ အမျိုးသားတွေအတွက်ကတော့ လိင်ကိစ္စအတွက်သာ ဖောက်ပြန်တတ်ကြတယ်လို့ဆိုပါတယ်။ ဒါပေမယ့် အိမ်ထောင်ရေးအကြံပေးဖြစ်သူ Gary Neuman ရဲ့စာအုပ်ထဲမှာတော့ သူအကြံပေးနေတဲ့ ဖောက်ပြန်သူအမျိုးသား ၄၇ % လောက်က စိတ်ခံစားချက်ရင်နှီးခြင်း မရှိတာကြောင့်လို့ ဝန်ခံခဲ့ကြပါတယ်။ ဒီလိုအခြေအနေမျိုးတွေဟာ ပိုပြီးခက်ခဲတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသားတွေဟာ သူတို့ရဲ့ခံစားချက်တွေကို မဖော်ပြချင်ကြသလို အမျိုးသမီးတွေကလည်း လက်တွဲဖော်ကို ဖြည့်ဆည်းပေးရမယ့် အရာတွေ
မေ့နေတတ်ပါတယ်။ ဒီလိုကိစ္စတွေကို အမျိုးသမီးတွေက နောက်ကျမှသတိထားမိခြင်း သို့မဟုတ် လျစ်လျူရှုတတ်ကြပါတယ်။

၂။ အတွေ့အကြုံနဲ့ ပတ်ဝန်းကျင်ရဲ့ သြဇာလွှမ်းမိုးမှုကြောင့်
ခြံခုန်စရှိတဲ့ မြင်းဟာ ခြံခုန်သလိုပဲ အရင် Relationship မှာ ဖောက်ပြန်မှုအတွေ့အကြုံရှိခဲ့တဲ့ လူတစ်ယောက်ဟာ နောက်ထပ်တွဲတဲ့သူနဲ့လည်း အရင်ကလိုအချိုးမျိုး ပြုလုပ်တတ်လေ့ရှိပါတယ်။ ဒါ့အပြင် စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုက ရှုပ်ပွေတတ်တဲ့ ပတ်ဝန်းကျင်မှာ ကျင်လည်တတ်သူဟာလည်း ပိုမိုဖောက်ပြန်တတ်လေ့ရှိကြောင်း သိရပါတယ်။ အခြားအမည်မသိစစ်တမ်းတစ်ခုမှာတော့ ကျူးလွန်သူအမျိုးသား ၇၅% ဟာ သူတို့ရဲ့သူငယ်ချင်းတွေ၏ မိန်းမတွေကို ကြာကူလီရိုက်တတ်ကြကြောင်း ပျမ်းမျှအနေနဲ့ ဖော်ပြထားပါတယ်။

၃။ ပျင်းစရာကောင်းတဲ့ Relationship
အမျိုးသား ၇၀% နဲ့ အမျိုးသမီး ၄၉% ဟာဖောက်ပြန်ဖို့ ဆုံးဖြတ်တတ်ကြတဲ့ အကြောင်းပြချက်တစ်ခုကတော့ စိတ်ခံစားချက်အသစ်တွေကို ပျောက်ဆုံးနေတာကြောင့်လို့ ဆိုပါတယ်။ အဆိုပါစကားကို ကောက်ချက်ဆွဲရရင် ကြီးကြီးမာမား အရှုပ်တော်ပုံပြဿနာတွေနဲ့ စိတ်ပျက်စရာကိစ္စတွေ မပါရင်တောင်မှ ပျင်းစရာကောင်းတာကြောင့် ဖောက်ပြန်တတ်ကြောင်း ဆိုလိုရမလိုပါပဲ။

၄။ ဆယ်စုနှစ်မတိုင်မှီ အတွေ့အကြုံသစ်ရှာခြင်း
လူတိုင်းဟာ အတိတ်ကနှစ်တွေဆီကနေ အမှတ်ရစရာအခိုက်အတန့်တွေကို အောက်မေ့တတ်ကြပါတယ်။ ပညာရှင်တွေရဲ့လေ့လာမှုအရ ဆယ်စုမပြည့်ခင် အသက် ၂၉၊ ၃၉၊ ၄၉ စတဲ့အရွယ်တွေဟာ ဖောက်ပြန်မှုအများဆုံးဖြစ်ကြပြီး ဒါကို quarter-Life crisis လို့လည်း ခေါ်ကြပါတယ်။ ဒီလိုအချိန်မှာ အတွေ့အကြုံအသစ်ကို ရှာဖို့စိတ်ဝင်စားတတ်ကြောင်း ပြောခဲ့ကြပြီး မိသားစုအပေါ်ကောင်းတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်၊ သင့်ရဲ့ချစ်လှစွာသောခင်ပွန်းက အသက် ၃၉ ပြည့်မှ ရုတ်တရက်ဖောက်ပြန်သွားနိုင်တယ်လို့လည်း မဆိုလိုပါဘူး။ ဖောက်ပြန်ဖို့ ရည်ရွယ်ချက်ရှိသူဆို ယခုလိုအချိန်ဟာ အဖြစ်တတ်ဆုံးဆိုတာကို ဆိုလိုတာဖြစ်ပါတယ်။

၅။ လူမှုကွန်ယက်တွေအပေါ် အလွန်အကျွံစိတ်ဝင်စားမှု
ဖောက်ပြန်မှု အန္တရာယ်မြင့်တက်လာမှုနဲ့ ကွာရှင်းမှုတွေ မြင့်တက်လာခြင်းရဲ့ အကြောင်းရင်းတစ်ခုဟာ ဖေ့ဘွတ်၊ တွစ်တာ စတဲ့အခြားဆိုရှယ်နက်ဝပ်တွေကြောင့်လို့လည်း ဆိုကြပါတယ်။ ဘာကြောင့်လဲဆိုတော့ လူမှုကွန်ယက် စွဲလမ်းခြင်းဟာ အိပ်ရာမှအစောကြီးနိုးထခြင်း၊ သို့မဟုတ်အိပ်ရာဝင်နောက်ကျခြင်း တို့ကြောင့် သူတို့တွေရဲ့ချစ်သူတွေဟာ အထီးကျန်ကြရတယ်လို့ ဆိုပါတယ်။

၆။ အလုပ်နဲ့ စီးပွားရေးဆိုင်ရာ ခရီးတွေ
လေ့လာမှုတွေအရ ဖောက်ပြန်တဲ့အမျိုးသား၃ ပုံ၁ ပုံဟာ တကယ်ကိုစီးပွားရေးသမားတွေဖြစ်ကြပြီး အလုပ်နဲ့ခရီးတွေထွက်တဲ့အခါ ဖောက်ပြန်မှု အများဆုံးဖြစ်ကြကြောင်း ဆိုပါတယ်။ ပြီးတော့ အမျိုးသမီး ၁၃% က အလုပ်မှာတင် ဖောက်ပြန်တတ်ကြကြောင်း ဖော်ပြခဲ့ပါသေးတယ်။

၇။ Oxytocin မရှိခြင်း
Oxytocin လိုခေါ်တဲ့ ပွေ့ဖက်တဲ့အချိန်တဲ့ နမ်းတဲ့အချိန်မှာ ဖြစ်လာတတ်တဲ့ ဟော်မုန်းဟာလည်း စုံတွဲတွေတစ်ဦးကိုတစ်ဦး ယုံကြည်မှုဖန်တီးခြင်း၊ စောင့်ရှောင်ခြင်းအဖြစ် အရေးပါတ့ ဲ အခန်းကဏ္ဍအဖြစ်ပါဝင်ကြောင်း သိရပါတယ်။ သိပ္ပံပညာရှင်တွေကတော့ အဆိုပါဟော်မုန်း ပျောက်ဆုံးခြင်းဟာ ဖောက်ပြန်ဖို့အတွက် လမ်းစတစ်ခုဖြစ်လာစေတယ်လို့ ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ယခုဖော်ပြတဲ့ ၇ ချက်လုံးဟာ ဖောက်ပြန်သူတွေအတွက် အကြောင်းပြချက် မဖြစ်သင့်သလို victim blaming လည်း မဖြစ်သင့်ပါဘူး။ စုံတွဲတိုင်းဟာ ကိုယ့်ရဲ့ relationship ကိုကယ်တင်နိုင်ဖို့ အရင်ဆုံး စဉ်းစားပြီးမှသာ မဖြစ်နိုင်တော့တဲ့အဆုံး လမ်းခွဲဖို့စဉ်းစားသင့်ပါတယ်။ တကြိမ်တခါမှားတာကြောင့် ခွင့်လွှတ်သင့် မလွှတ်သင့်ဆိုတာက အခြေအနေတွေအပေါ်မူတည်သလို တစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်သာဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:  Lifestyle_Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top