



Credit: popolay
# Unicode Version ဖြင့် ဖတ်ပါ #
 မေလ ၂၂ ရက်နေ့တွင် ထိုင်နိုင်ငံ ခွန်ဂမ်ဆေးရုံတွင် အမျိုးသမီးတစ်ဦးက ဆေးရုံတွင် မကျန်းမာဖြစ်နေသော အဖိုးတစ်ယောက်ရဲ့ ပိုက်ဆံနှင့်ပစ္စည်းများကို အလစ်သုတ်သွားတဲ့ ဗီဒီယိုဖိုင် အွန်လိုင်းပေါ်တွင် ပြန့်နှံ့ခဲ့ပါသည် ။ ( အောက်ဆုံးတွင် ဗီဒီယိုဖိုင်တွဲတင်ပေးထားပါသည် )

ဖြစ်စဉ်မှာ ချိုင်းချာလားဆိုသူ အဖိုးက မကျန်းမာဖြစ်သောကြောင့် ဆေးရုံသို့ သွားရောက်ဆေးကုသနေစဉ် အမျိုးသမီးတစ်ဦးက ရောက်လာပြီး အဖိုးနဲ့ရင်းနှီးသလို လာပြီးစကားပြောပါသည် ။ ထိုရာတွင် အဖိုးအိုက ထလို့မရသဖြင့် ဆေးဖိုးကို ဆရာဝန်များထံ သူမသွားပြီးရှင်းမယ်ဆိုပြီ အဖိုးရဲပိုက်ဆံကို ယူပြီးသွားရှင်းခဲ့ပါတယ် ။

ချိုင်းချာလား အဖိုးရဲ့ဘေးမှာရှိတဲ့ထိုင်ခုံတွင် ထိုင်းပြီး အဖိုးနှင့်အတူ ခဏာတာအချိန် ရင်းရင်းနှီးနှီး စကားပြောခဲ့ပါတယ် ။ ရင်းရင်းနှီးနှီးနေပြီး ချိုင်းချာလား သတိလစ်သောအချိန်တွင် ပိုက်ဆံနှင့်ပစ္စည်းများကိုယူကာ အလစ်သုတ်သွားခဲ့ပါတယ် ။

ရဲများ၏ပြောပြချက်အရ ယင်းအမျိုးသမီးက လုပ်စားတဲ့သူဖြစ်ပြီး အဖွဲ့လိုက်ရှိသည်ဟု သိရသည် ။ တရားခံ၏လုပ်ဆောင်ချက်မှာ ဆရာဝန် ဝန်ထမ်းတွေ သံသယမဖြစ်အောင် တရားလိုကို ရင်းနှီးအောင်ဆက်ဆံပြီး ဆွေမျိုးတွေဖြစ်သလိုလိုဟန်ဆောင်ကာ အလစ်သုတ်သွားခဲ့ပါသည်ဟု သိရသည် ။ ယင်းအမျိုးသမီးကို ရဲများက စစ်ဆေးပြီး လိုက်လံဖမ်းဆီးနေကြောင်းသိရသည် ။

ဖိုးသူတော် (www.phothutaw.com)
Credit: popolay
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top