iGREEN မွ Investment Guarantee ျဖင့္ေရာင္းမည့္ အထူးအိမ္ရာအေရာင္းျပပြဲ
×

အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ပင္ပန္းႏြမ္းနယ္မႈေတြကို ခံစားရတတ္ပါတယ္။ တစ္ခါတစ္ေလ ပုံမွန္အတိုင္း ျပဳမူေနထိုင္ေပမယ့္ အရမ္းႀကီးပင္ပန္းေနသလို ႏုံးခ်ိေနသလို ခံစားရတာမ်ိဳးလည္း ရွိႏိုင္ပါတယ္။ ပင္ပန္းႏြမ္းနယ္မႈေတြက အလုပ္ပင္ပန္းလို႔ စိတ္ပင္ပန္းလို႔ အိပ္ေရးပ်က္လို႔ စသျဖင့္ ျဖစ္ႏိုင္သလို မ်ားေသာအားျဖင့္ အိပ္ေရး ဝဝအိပ္လိုက္တာပဲျဖစ္ျဖစ္ အနားယူလိုက္ရင္ပဲ ျဖစ္ျဖစ္ သက္သာေပ်ာက္ကင္းၿပီး အားျပန္ျပည့္သြားတတ္ပါတယ္။ ဒါေပမယ့္ ဘယ္လိုပဲနားနား ပင္ပန္းသလို ခံစားေနရတယ္ဆိုရင္ေတာ့ မိမိမွာ ဒီေရာဂါေတြ ခံစားေနရတာ ျဖစ္ႏိုင္ပါတယ္။

၁။ ေသြးအားနည္းျခင္း
ေသြးအားနည္းေရာဂါဟာ အရမ္းအျဖစ္မ်ားတဲ့ေရာဂါတစ္ခုပါ။ အမ်ိဳးသမီးငယ္ေတြမွာ ပိုအျဖစ္မ်ားပါတယ္။ ရာသီေသြးဆင္းမ်ားတာေတြ က အဓိကျဖစ္ေစတဲ့အရာတစ္ခုျဖစ္ေပမယ့္ အမ်ိဳးသားေတြေရာ ကေလးေတြ လူတိုင္းနီးပါး ျဖစ္ႏိုင္ေခ် ရွိပါတယ္။ သန္ေကာင္တုတ္ေကာင္ေတြရွိျခင္း ၊ အာဟာရ ခ်ိဳ႕တဲ့ျခင္း (အထူးသျဖင့္ သံဓာတ္ခ်ိဳ႕တဲ့ျခင္း)ကလည္း ေသြးအားနည္းေစႏိုင္ပါတယ္။ ေသြးအားနည္းတဲ့အခါမွာ ႏုံးခ်ိတာ၊ ပင္ပန္းႏြမ္းနယ္ေနတာ၊ နားအူတာ၊ ေမာပန္းလြယ္တာ၊ ရင္တုန္တာေတြကို ခံစားရႏိုင္ပါတယ္။

၂။ အိပ္ေနတုန္းျဖစ္တဲ့ အသက္ရွဴလမ္းေၾကာင္းပိတ္ျခင္း
အိပ္စက္ေနတုန္း ေဟာက္တတ္တာဟာ ေကာင္းတဲ့ လကၡဏာေတာ့ မဟုတ္ပါဘူး။ တခ်ိဳ႕မွာ အိပ္စက္ေနတုန္း အသက္ရွဴလမ္းေၾကာင္းပိတ္တဲ့ Sleep apnoea ဆိုတဲ့ ေရာဂါကို ခံစားေနတာလည္း ျဖစ္ႏိုင္ပါတယ္။ အသက္ရွဴလမ္းေၾကာင္းမွာ ပိတ္ဆို႔မႈ ျဖစ္တဲ့အတြက္ ေအာက္ဆီဂ်င္ ျပတ္လတ္ၿပီး မၾကာခဏ လန႔္လန႔္ႏိုးလာတတ္ပါတယ္။ တစ္ခါတစ္ေလ လူနာကိုယ္တိုင္ေတာင္ အိပ္လိုက္ႏိုးလိုက္ ျဖစ္ေနတာကို မသိတာေတြ ရွိပါတယ္။ ဒီေရာဂါ ခံစားေနရသူေတြဟာ အိပ္ေရးမဝတဲ့အတြက္ ေန႔ခင္းဘက္ေတြမွာ အိပ္ငိုက္ျခင္း ၊ ပင္ပန္းႏြမ္းနယ္ျခင္း ၊ ေျခလက္မ်ား ထုံက်ဥ္ေနသလို အားမရွိသလို ခံစားရျခင္းေတြကို ခံစားရႏိုင္ပါတယ္။ ေရရွည္အေနနဲ႔ဆိုလည္း အဝလြန္ေရာဂါ၊ ဆီးခ်ိဳေရာဂါ၊ ေသြးတိုးေရာဂါေတြ ျဖစ္လာႏိုင္ပါတယ္။

၃။ လည္ပင္းဓာတ္ နည္းတဲ့ ေရာဂါ
လည္ပင္းကေန ေဟာ္မုန္းေတြ ထုတ္လုပ္ေလ့ရွိပါတယ္။ ပုံမွန္ကေန နည္းတဲ့အခါမွာျဖစ္ေစ မ်ားတဲ့အခါမွာျဖစ္ေစ လူကို ဒုကၡေပးေလ့ရွိပါတယ္။ လည္ပင္းကေန ထုတ္တဲ့ေဟာ္မုန္း နည္းတဲ့အခါမွာ ပင္ပန္းႏြမ္းနယ္တာ ႂကြက္သားေတြနာက်င္ကိုက္ခဲတာ ႏုံးခ်ိေနတာေတြကို ခံစားရႏိုင္တဲ့အတြက္ အေၾကာင္းရင္း မရွိဘဲ အရမ္းပင္ပန္းသလို ခံစားေနရရင္ ဒါဟာလည္း ထည့္စဥ္းစားစရာ ေရာဂါတစ္ခုပါ။

၄။ ဆီးခ်ိဳေရာဂါ
ဆီးခ်ိဳေရာဂါဟာလည္း ပင္ပန္းႏြမ္းနယ္ျခင္း ႏုံးခ်ိျခင္းေတြကို ခံစားရႏိုင္ပါတယ္။ ေသြးထဲမွာ ပုံမွန္ထက္ သၾကားဓာတ္မ်ားတဲ့အခါမွာ ေရဆာျခင္း အာေျခာက္ျခင္းေတြ ျဖစ္ေစတတ္သလို ဆီးလည္း ခဏခဏသြားပါတယ္။ ဒါ့အျပင္ မလႈပ္ခ်င္ မကိုင္ခ်င္ျဖစ္တာ ကိုယ္အေလးခ်ိန္က်ဆင္းတာေတြလည္း ခံစားရႏိုင္ပါတယ္။

၅။ စိတ္ဓာတ္က်ျခင္း
စိတ္ဓာတ္က်ျခင္းေၾကာင့္လည္း ပင္ပန္းတာ၊ ႂကြက္သားေတြ နာက်င္ကိုက္ခဲတာ ၊ ေခါင္းကိုက္တာေတြ ခံစားရႏိုင္ပါတယ္။

၆။ စိတ္ဖိစီးမႈ မ်ားျခင္း
စိတ္ဖိစီးတဲ့အခါ အိပ္စက္နားေနခ်ိန္မွာေတာင္ ႂကြက္သားေတြက ေကာင္းေကာင္းမနားႏိုင္ပါဘူး။ ဒါေၾကာင့္ စိတ္ဖိစီးတဲ့အခါမွာလည္း ပင္ပန္းတာ ေညာင္းကိုက္တာေတြကို ခံစားရႏိုင္ပါတယ္။

၇။ ကိုယ္ခႏၶာထဲကို ပိုးဝင္ျခင္း
ခႏၶာကိုယ္ထဲကို တုပ္ေကြးပိုးဝင္တာ၊ ဒါမွမဟုတ္ တျခားကူးစက္ေရာဂါတစ္ခုခု ဝင္တာကလည္း ပင္ပန္းႏြမ္းနယ္တာ ႏုံးခ်ိတာေတြကို ျဖစ္ေစပါတယ္။

၈။ ေရဓာတ္နည္းျခင္း
ခႏၶာကိုယ္ထဲမွာ လုံေလာက္တဲ့ေရဓာတ္မရွိတာကလည္း ပင္ပန္းႏြမ္းနယ္မႈေတြ ေခါင္းကိုက္ျခင္းေတြ ေညာင္းညာကိုက္ခဲျခင္းေတြကို ခံစားရေစပါတယ္။

ကဲ ဒီေလာက္ဆို ပင္ပန္းႏြမ္းနယ္မႈရဲ႕ ေနာက္ကြယ္မွာ ရွိေနႏိုင္တဲ့ အေၾကာင္းေတြကို အနည္းအက်ဥ္း သိေလာက္ၿပီလို႔ ထင္ပါတယ္။ ပင္ပန္းႏြမ္းနယ္မႈရဲ႕ ေနာက္မွာ အသက္အႏၲရာယ္ကို ထိခိုက္ေစႏိုင္တဲ့ ေရာဂါေတြ ရွိတဲ့အထိ ရွိေနႏိုင္ပါတယ္။ ဒါေၾကာင့္ ဘယ္လိုပဲ အနားယူပါေစ ပင္ပန္းေနသလို ျဖစ္ေနတုန္းဆိုရင္ေတာ့ ဆရာဝန္ သို႔မဟုတ္ နားလည္တတ္ကြၽမ္းတဲ့သူေတြနဲ႔ တိုင္ပင္ေဆြးေႏြးျပသသင့္တယ္လို႔ တိုက္တြန္းရင္း ….

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Dr. ေမ

#Unicode Version#
အကြောင်းအမျိုးမျိုးကြောင့် ပင်ပန်းနွမ်းနယ်မှုတွေကို ခံစားရတတ်ပါတယ်။ တစ်ခါတစ်လေ ပုံမှန်အတိုင်း ပြုမူနေထိုင်ပေမယ့် အရမ်းကြီးပင်ပန်းနေသလို နုံးချိနေသလို ခံစားရတာမျိုးလည်း ရှိနိုင်ပါတယ်။ ပင်ပန်းနွမ်းနယ်မှုတွေက အလုပ်ပင်ပန်းလို့ စိတ်ပင်ပန်းလို့ အိပ်ရေးပျက်လို့ စသဖြင့် ဖြစ်နိုင်သလို များသောအားဖြင့် အိပ်ရေး ဝဝအိပ်လိုက်တာပဲဖြစ်ဖြစ် အနားယူလိုက်ရင်ပဲ ဖြစ်ဖြစ် သက်သာပျောက်ကင်းပြီး အားပြန်ပြည့်သွားတတ်ပါတယ်။ ဒါပေမယ့် ဘယ်လိုပဲနားနား ပင်ပန်းသလို ခံစားနေရတယ်ဆိုရင်တော့ မိမိမှာ ဒီရောဂါတွေ ခံစားနေရတာ ဖြစ်နိုင်ပါတယ်။

၁။ သွေးအားနည်းခြင်း
သွေးအားနည်းရောဂါဟာ အရမ်းအဖြစ်များတဲ့ရောဂါတစ်ခုပါ။ အမျိုးသမီးငယ်တွေမှာ ပိုအဖြစ်များပါတယ်။ ရာသီသွေးဆင်းများတာတွေ က အဓိကဖြစ်စေတဲ့အရာတစ်ခုဖြစ်ပေမယ့် အမျိုးသားတွေရော ကလေးတွေ လူတိုင်းနီးပါး ဖြစ်နိုင်ချေ ရှိပါတယ်။ သန်ကောင်တုတ်ကောင်တွေရှိခြင်း ၊ အာဟာရ ချို့တဲ့ခြင်း (အထူးသဖြင့် သံဓာတ်ချို့တဲ့ခြင်း)ကလည်း သွေးအားနည်းစေနိုင်ပါတယ်။ သွေးအားနည်းတဲ့အခါမှာ နုံးချိတာ၊ ပင်ပန်းနွမ်းနယ်နေတာ၊ နားအူတာ၊ မောပန်းလွယ်တာ၊ ရင်တုန်တာတွေကို ခံစားရနိုင်ပါတယ်။

၂။ အိပ်နေတုန်းဖြစ်တဲ့ အသက်ရှူလမ်းကြောင်းပိတ်ခြင်း
အိပ်စက်နေတုန်း ဟောက်တတ်တာဟာ ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ပါဘူး။ တချို့မှာ အိပ်စက်နေတုန်း အသက်ရှူလမ်းကြောင်းပိတ်တဲ့ Sleep apnoea ဆိုတဲ့ ရောဂါကို ခံစားနေတာလည်း ဖြစ်နိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းမှာ ပိတ်ဆို့မှု ဖြစ်တဲ့အတွက် အောက်ဆီဂျင် ပြတ်လတ်ပြီး မကြာခဏ လန့်လန့်နိုးလာတတ်ပါတယ်။ တစ်ခါတစ်လေ လူနာကိုယ်တိုင်တောင် အိပ်လိုက်နိုးလိုက် ဖြစ်နေတာကို မသိတာတွေ ရှိပါတယ်။ ဒီရောဂါ ခံစားနေရသူတွေဟာ အိပ်ရေးမဝတဲ့အတွက် နေ့ခင်းဘက်တွေမှာ အိပ်ငိုက်ခြင်း ၊ ပင်ပန်းနွမ်းနယ်ခြင်း ၊ ခြေလက်များ ထုံကျဉ်နေသလို အားမရှိသလို ခံစားရခြင်းတွေကို ခံစားရနိုင်ပါတယ်။ ရေရှည်အနေနဲ့ဆိုလည်း အဝလွန်ရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

၃။ လည်ပင်းဓာတ် နည်းတဲ့ ရောဂါ
လည်ပင်းကနေ ဟော်မုန်းတွေ ထုတ်လုပ်လေ့ရှိပါတယ်။ ပုံမှန်ကနေ နည်းတဲ့အခါမှာဖြစ်စေ များတဲ့အခါမှာဖြစ်စေ လူကို ဒုက္ခပေးလေ့ရှိပါတယ်။ လည်ပင်းကနေ ထုတ်တဲ့ဟော်မုန်း နည်းတဲ့အခါမှာ ပင်ပန်းနွမ်းနယ်တာ ကြွက်သားတွေနာကျင်ကိုက်ခဲတာ နုံးချိနေတာတွေကို ခံစားရနိုင်တဲ့အတွက် အကြောင်းရင်း မရှိဘဲ အရမ်းပင်ပန်းသလို ခံစားနေရရင် ဒါဟာလည်း ထည့်စဉ်းစားစရာ ရောဂါတစ်ခုပါ။

၄။ ဆီးချိုရောဂါ
ဆီးချိုရောဂါဟာလည်း ပင်ပန်းနွမ်းနယ်ခြင်း နုံးချိခြင်းတွေကို ခံစားရနိုင်ပါတယ်။ သွေးထဲမှာ ပုံမှန်ထက် သကြားဓာတ်များတဲ့အခါမှာ ရေဆာခြင်း အာခြောက်ခြင်းတွေ ဖြစ်စေတတ်သလို ဆီးလည်း ခဏခဏသွားပါတယ်။ ဒါ့အပြင် မလှုပ်ချင် မကိုင်ချင်ဖြစ်တာ ကိုယ်အလေးချိန်ကျဆင်းတာတွေလည်း ခံစားရနိုင်ပါတယ်။

၅။ စိတ်ဓာတ်ကျခြင်း
စိတ်ဓာတ်ကျခြင်းကြောင့်လည်း ပင်ပန်းတာ၊ ကြွက်သားတွေ နာကျင်ကိုက်ခဲတာ ၊ ခေါင်းကိုက်တာတွေ ခံစားရနိုင်ပါတယ်။

၆။ စိတ်ဖိစီးမှု များခြင်း
စိတ်ဖိစီးတဲ့အခါ အိပ်စက်နားနေချိန်မှာတောင် ကြွက်သားတွေက ကောင်းကောင်းမနားနိုင်ပါဘူး။ ဒါကြောင့် စိတ်ဖိစီးတဲ့အခါမှာလည်း ပင်ပန်းတာ ညောင်းကိုက်တာတွေကို ခံစားရနိုင်ပါတယ်။

၇။ ကိုယ်ခန္ဓာထဲကို ပိုးဝင်ခြင်း
ခန္ဓာကိုယ်ထဲကို တုပ်ကွေးပိုးဝင်တာ၊ ဒါမှမဟုတ် တခြားကူးစက်ရောဂါတစ်ခုခု ဝင်တာကလည်း ပင်ပန်းနွမ်းနယ်တာ နုံးချိတာတွေကို ဖြစ်စေပါတယ်။

၈။ ရေဓာတ်နည်းခြင်း
ခန္ဓာကိုယ်ထဲမှာ လုံလောက်တဲ့ရေဓာတ်မရှိတာကလည်း ပင်ပန်းနွမ်းနယ်မှုတွေ ခေါင်းကိုက်ခြင်းတွေ ညောင်းညာကိုက်ခဲခြင်းတွေကို ခံစားရစေပါတယ်။

ကဲ ဒီလောက်ဆို ပင်ပန်းနွမ်းနယ်မှုရဲ့ နောက်ကွယ်မှာ ရှိနေနိုင်တဲ့ အကြောင်းတွေကို အနည်းအကျဉ်း သိလောက်ပြီလို့ ထင်ပါတယ်။ ပင်ပန်းနွမ်းနယ်မှုရဲ့ နောက်မှာ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေ ရှိတဲ့အထိ ရှိနေနိုင်ပါတယ်။ ဒါကြောင့် ဘယ်လိုပဲ အနားယူပါစေ ပင်ပန်းနေသလို ဖြစ်နေတုန်းဆိုရင်တော့ ဆရာဝန် သို့မဟုတ် နားလည်တတ်ကျွမ်းတဲ့သူတွေနဲ့ တိုင်ပင်ဆွေးနွေးပြသသင့်တယ်လို့ တိုက်တွန်းရင်း ….


ဖိုးသူတော် (www.phothutaw.com)
Credit: Dr. မေ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top