×

ညီဘြားညီႏွင့္ interview ေျဖၾကားခ်က္မ်ားတြင္ လိုအပ္ေနသည့္အခ်က္မ်ားကို ျပန္လည္၍ ျဖည့္စြက္ေထာက္ျပေပးျခင္း။

ကၽြန္ေတာ္ညီဘြားညီရဲ႕ အင္တာဗ်ဴးမ်ားကို ယေန႔ပဲၾကည့္လိုက္ရပါတယ္။ ပထမတုန္းကေတာ့ သူ႔အျပစ္ကိုနားလည္ၿပီထင္ၿပီး ဒီအတိုင္းပဲ ၿငိမ္ေနမလို႔ပါပဲ။ online ေပၚမွာ သူတစ္ျပန္ကိုယ္တစ္ျပန္ ေျဖရွင္းရတာမ်ိဳး မလုပ္ခ်င္ဘူး။ သူ႔ဘက္က ေျဖရွင္းျပလိုက္ေတာ့ ကၽြန္ေတာ္ဘက္မွာေျပာစရာ ေထာက္ျပစရာေတြ အမ်ားႀကီးျဖစ္လာလို႔ ဒီpost ကိုတင္ေပးလိုက္တာပါ။ အဓိကရည္ရြယ္ခ်က္က သူ႔ရဲ႕တစ္ဘက္သက္ ေျဖရွင္းခ်က္ကိုပဲ နားမေထာင္ဘဲ ကၽြန္ေတာ့္ရဲ႕ေျဖရွင္းခ်က္ႏွင့္ နိႈင္းယွဥ္နားလည္သေဘာေပါက္ေစရန္ ရည္ရြယ္ပါတယ္။ သူူ႔ကိုရန္သူ၊ ၿပိဳင္ဖက္လို႔လဲ သေဘာမထားသလို၊ တူးတူးတင္ကိုလည္း ဥပကၡာတရားနဲ႔ပဲ လက္ကိုင္ထားၿပီး ေျဖရွင္းေနပါတယ္။

ျမန္မာျပည္တြင္ေတြ႕ဆံုၿပီး အေမတစ္ေယာက္လိုသေဘာထားၿပီးမွ ေက်းဇူးတရားေတြကို နားလည္လြန္းလို႔ေလး ေခၚေဝၚသံုးစြဲပံုပါ။
သူတို႔ႏွစ္ေယာက္လံုးက ကၽြန္ေတာ့္ဘဝကို ဒုကၡေရာက္ေအာင္ လုပ္ေဆာင္ခဲ့ၾကတာပါ။ သူ႔ေျဖရွင္းခ်က္အၿပီးမွာ တခ်ိဳ႕လူေတြဆိုရင္ ကၽြန္ေတာ့္ကိုေတာင္ အျပစ္တင္ၿပီးေျပာဆိုေနတာေတြ ေတြ႕ရပါတယ္။ ညီဘြားညီေျဖရွင္းသြားတာဟာ သာမာန္သူတစ္ေယာက္ နားေထာင္ၾကည့္မယ္ဆိုရင္ ဟာကြက္မရွိဘဲ အျပစ္ကင္းတယ္လို႔ ထင္ရေအာင္ ေကာင္းေကာင္းျပင္ဆင္ခဲ့ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ့္အတြက္ ( သူတို႔ကိစၥေတြကို အေသးစိတ္သိထားသူ) အတြက္ေတာ့၊ သူေျပာသမွ် စကားေတြဟာ မွန္တာတစ္ဝက္မွားတာတဝက္ႏွင့္ မဟုတ္မမွန္တာေတြပါေနလို႔ ေျဖရွင္းေပးခ်င္တာပါ။

ေရွးဦးစြာေမတၱာရပ္ခံခ်င္တာကေတာ့ သားသမီးခ်င္းကိုယ္ခ်င္းစာစိတ္ထားေပးၾကဖို႔ႏွင့္ ညီဘြားညီရဲ႕သား အသက္(၁၀)ႏွစ္အရြယ္ကေလးဟာ အမွန္တကယ္ကို အျပစ္ကင္းစင္ပါတယ္။ သူ႔ရဲ႕ကေလးကို သူ႔အေဖရဲ႕အရိပ္မဲကို မထိေရာက္ေစခ်င္ပါဘူး။ မိဘေၾကာင့္သားသမီး ထြန္းေတာက္တာမ်ိဳးကို ျဖစ္ေစခ်င္ေပမယ့္ ၊ မိဘေၾကာင့္ သားသမီးကို ဒုကၡေရာက္ၿပီး လူေတာမတိုးဝံ့တဲ့အျဖစ္မ်ိဳး မျဖစ္ေစခ်င္ပါ။ ကေလးကို ဖခင္ႏွင့္နိႈင္းယွဥ္ၿပီး ဆဲဆိုခ်င္းမျပဳပါနဲ႔လို႔ ေတာင္းဆိုခ်င္ပါတယ္ခင္ဗ်ား။ ျဖစ္ႏိုင္ရင္ ပတ္ဝန္းက်င္မွ ကူညီၿပီးစိတ္ဓာတ္မပ်က္ျပားသြားေစရန္ ကူညီေပးေစခ်င္ပါတယ္။ စိတ္ရင္းအမွန္ပါ။သားေလးကို သနားၿပီးေျဖရွင္းတာပါလို႔ေျပာထားတယ္။ သားေလးကို အမွန္တကယ္ခ်စ္ရင္၊ သနားရင္ အမွန္တရား ( အစစ္အမွန္ )ကို ေဖၚထုတ္ေျဖရွင္းျပၿပီး ဝန္ခံေျဖရွင္းေစခ်င္ပါတယ္။ မဟုတ္ရင္ အမွန္တရားအတြက္ ေျဖရွင္းတဲ့သူနဲ႔ထိပ္တိုက္ေတြ႕ၿပီး ကေလးပိုၿပီးအရွက္ရမွာ စိုးရိမ္လို႔ပါ။ ကေလးကို cover ယူ၊ ေပးပို႔သည့္ေငြမွ ရာခိုင္နႈန္းအနည္းငယ္မွ်ျဖင့္ လွဴဒါန္းေသာအလွဴကို အေၾကာင္းျပ၊ အသက္ႀကီးမွန္းမသိလို႔ပါဆိုတဲ့ အျပစ္မဲ့တဲ့ပံုစံႏွင့္ ေျပာဆိုေနမႈေတြ ဆရာေတာ္ဘုရားႀကီးေတြအထိပါ သက္ေသတည္တာေတြကို ျဖစ္ႏိုင္ရင္မလုပ္တာ အေကာင္းဆံုးပါ။ အတတ္ႏိုင္ဆံုး အျပစ္ေတြကို ဝန္ခံၿပီး လုပ္ၿပီးခဲ့တဲ့ အျပစ္ေတြကို ေဆးေၾကာႏိုင္ေအာင္ ႀကိဳးစားရင္ လူေတြက အေကာင္းျမင္ေကာင္းျမင္ႏိုင္လာမယ္။ အခုေတာ့ မျငင္းပယ္ႏိုင္တဲ့ သက္ေသႏွင့္တကြ တင္ေပးထားတဲ့အရာေတြေလာက္ပဲ ဝန္ခံၿပီးေတာ့ က်န္ေနေသးတဲ့ အေၾကာင္းအရာေတြကို လိမ္ၿပီးေျပာေနမယ္ဆိုရင္ ပတ္ဝန္းက်င္က ပိုၿပီးမုန္းတီးလာပါလိမ့္မယ္။

ျမန္မာျပည္တြင္ ေတြ႕ၿပီး မွ အေမလိုခ်စ္ခင္ေလးစားလြန္း၍ ေငြမေပးႏိုင္သည့္အတြက္ မိန္းမယုတ္ ဟု ေခၚဆိုပံု။
အခုပို႔စ္မွာလည္း ညီဘြားညီ တစ္ဦးတည္းကို ထိပ္တိုက္ေျဖရွင္းၿပီး ေျပာတာမဟုတ္သလို၊ ေဒၚတူးတူးတင္၏ လွည့္စားဉာဏ္မ်ားေသာလုပ္ရပ္မ်ားကိုလည္း တင္ျပေပးသြားပါမယ္။ အျပစ္ရွိသူ၂ဦးလံုးအတြက္ ဘက္မလိုက္ဘဲ အရွိကိုအရွိအတိုင္း တင္ျပေပးပါမည္။ တင္ျပေပးသည့္ အခ်က္အလက္မ်ားသည္ ေနာက္မီးလင္းသည့္ မိန္းမတစ္ဦး၏ လင္ႀကီးတစ္ဦး ခံစားခ်က္သက္သက္မဟုတ္ဘဲ အက်ိဳးအေၾကာင္းဆီေလွ်ာ္မွန္ကန္ခ်က္ရွိစြာျဖင့္ သံုးသပ္တင္ျပထားၿပီး၊ သက္ေသမ်ားပါ ပူးတြဲတင္ျပထားပါသည္။

(၁) ညီဘြားညီ ေျပာၾကားခ်က္မ်ားအရ အစပိုင္းတြင္ ျဖဴျဖဴတင္(ခ)တူးတူးတင္သည္ သူ၏ေက်းဇူးရွင္၊ မိခင္တစ္ေယာက္ကဲ့သို႔ ရည္ၫႊန္းေျပာဆိုခဲ့ၿပီး အဆံုးတြင္ သူ႔ကိုအားလံုးပံုခ်၍ ကိုယ္လြတ္႐ုန္းေျပးၿပီး ပရိသတ္ရဲ႕ခ်စ္ခင္မႈကို ေတာင္းခံခဲ့တယ္။ ေဒၚတူးတူးတင္ လိမ္လည္ေျပာဆိုေနခဲ့သည္ကို လံုးဝယံုၾကည္ပါသည္။ သို႔ရာတြင္ လက္ခုပ္ဆိုေသာအရာသည္ လက္ႏွစ္ဖက္ႏွင့္တီးမွ အသံျမည္ႏိုင္သလို လိမ္တာကိုသိလ်က္ႏွင့္ ေငြရေပါက္ရပ္သြားမည္ကို စိုးရိမ္၍ သိလ်က္ႏွင့္ ေရွ႕ဆက္တိုးေနတဲ့ ညီဘြားညီကိုလည္း အျပစ္မဲ့သည္ဟု မဆိုႏိုင္ပါ။

အလွဴလုပ္ခ်င္စိတ္ရွိသူဟု အမႊန္းတင္ထားေသာ ေဒၚတူးတူးတင္အားရည္ရြယ္၍ သာသနာကိုေစာ္ကားေသာ မိန္းမဟု ေခၚဆိုလိုက္ေသာအခါ။။
(၂) သာမာန္လူေယာက္်ားတစ္ဦးအေနျဖင့္ မ်က္ႏွာေသခ်ာမျမင္ရဘဲ အသံသာၾကားရေသာ၊ အသက္အအရြယ္တိက်ေသခ်ာမသိေသာ အမ်ိဳးသမီးတစ္ဦးႏွင့္ long distance relationship ပံုစံျဖင့္ “မႏွင့္ေမာင္” အေျခအေနအထိ ခ်စ္ကၽြမ္းဝင္ေနႏိုင္ျခင္းမွာ စြမ္းအင္ႀကီးမားေသာ ခ်စ္ျခင္းေမတၱာေၾကာင့္လို႔ယူဆပါသလား။ သို႔တည္းမဟုတ္ ဒုတိယဘုရားသခင္ဟု တင္စားေခၚေဝၚေသာ ‘ေငြ’ ဆိုသည့္ သည္းေျခႀကိဳက္ ပစၥည္းေၾကာင့္လားဆိုတာကို ေဝဖန္ပိုင္းျခားႏိုင္ပါေစ။ အသက္ႀကီးေနတာကို သိေနၿပီး(သို႔မဟုတ္) သံသယရွိေနေသာ္လည္း ႀကိတ္မိတ္ၿပီး မေမးဘဲႏွင့္ ေနႏိုင္သည္မွာ ေငြရေပါက္လမ္းေၾကာင့္ပင္ မဟုတ္ပါသလား။ ဘယ္သူမဆို ကိုယ္တိုင္သံေယာဇဥ္ျဖစ္ ခ်စ္မိၿပီဆိုလွ်င္ မ်က္ႏွာေတာ့ျမင္ဖူးခ်င္မွာေပါ့။ အသံက သက္သက္မဲ့လုပ္ၿပီး ေျပာရင္ေတာင္(၇၀)ေက်ာ္အသံက (၃၀)ေက်ာ္အသံ ျဖစ္စရာအေၾကာင္းမရွိပါ။ ေငြရေနလို႔သာ အလိမ္ခံခ်င္ေနတာပါ။

…(၃) ကၽြန္ေတာ္ရိပ္မိေသာေၾကာင့္ ေဒၚတူးတူးတင္အေနျဖင့္ ကၽြန္ေတာ္ယံုၾကည္ႏိုင္ေစရန္ ဘုရားစင္ေရွ႕တြင္ သစၥာေရေသာက္ၿပီး က်ိန္တြယ္ေျပာဆိုသည္အထိ မိုက္မဲခဲ့ပါသည္။ ေနာက္တြင္လည္း ဆက္လက္ေဖာက္ျပန္ခဲ့သည္။ လိမ္လည္ေျပာဆိုသည့္ မိုက္မဲသူအခ်ိဳ႕တို႔သည္ အမ်ားယံုၾကည္ေစရန္ ဘုရား၊ တရားကို ဒိုင္းတစ္ခုကဲ့သို႔အသံုးျပဳၿပီး မိမိကိုယ္ကို ကာကြယ္ေျပာဆိုမႈမ်ားသည္ မိမိကိုယ္ကိုဒုကၡထပ္မံ၍ ေပးမိေနေၾကာင္း နားလည္ႏိုင္စြမ္းမရွိေတာ့ေပ။ အျပစ္ကိုေဆးေၾကာႏိုင္ရန္သာ ႀကိဳးစားၿပီး ဘုရား၊တရားကို စိတ္ရင္းမွန္ျဖင့္သာ ႏွလံုးသြင္းသင့္ေပသည္။ ယခုေဒၚတူးတူးတင္ ျမန္မာျပည္မွျပန္လာၿပီးမွ ပတ္ဝန္းက်င္မွ ဒိန္းမတ္ႏိုင္ငံေန မိတ္ေဆြတစ္ဦး၏ ေျပာျပခ်က္အရ ေဒၚတူးတူးတင္သည္ တဏွာစိတ္မႊန္ၿပီး စိတ္ပိုင္းဆိုင္ရာ ျပင္ဆင္၍ ျမန္မာျပည္သို႔သြားေရာက္ခဲ့သည္။ သူ၏႐ုပ္ပိုင္းဆိုင္ရာအရလည္း ဆံပင္ေတြေဆးဆိုး ဆံပင္ေတြေကာက္၊ မ်က္ခံုးေမြးျပဳျပင္၊ သြားျပဳျပင္ အစရွိသည္ကို ထိန္းသိမ္းျပင္ဆင္ခဲ့သည္။ သူတို႔ႏွစ္ဦးအတူတူအိပ္တာ မအိပ္တာကို ကၽြန္ေတာ္အေနႏွင့္ ေဝဖန္ေဆြးေႏြး၊ ျငင္းခံုျခင္း မျပဳလုပ္ခ်င္သလို၊ သိခ်င္စိတ္စိတ္လည္းမရွိပါ။ လင္ႀကီးတစ္ေယာက္ရဲ႕ ခံစားခ်က္ကို နားလည္ႏိုင္မည္ဟု ေမွ်ာ္လင့္မိပါသည္။ ကိုယ္တိုင္ကိုယ္က် မျမင္ေတြ႕ရေပမယ့္ တဏွာစိတ္မႊန္ျပင္ဆင္ၿပီးသြားခဲ့တဲ့သူႏွင့္ ေငြရရင္ဘာမဆိုလုပ္မယ့္သူနဲ႔ ေတြ႕ဆံုမႈ အေျခအေနအားလံုးကို နာလည္ သိရွိႏိုင္ပါတယ္။ ဒုသနေသာ ကံအျပစ္ကို ၂ဦးလံုးကသိ၍ျဖစ္ေစ၊ မသိ၍ျဖစ္ေစ၊ မသိတသိျဖင့္ျဖစ္ေစ၊ ကာယကံအရျဖစ္ေစ၊ ဝစီကံအရျဖစ္ေစ၊ မေနာကံအရျဖစ္ေစ၊ တစ္ခုခုႏွင့္ေတာ့က်ဴးလြန္ၿပီးခဲ့ပါၿပီ။ အျပစ္ကိုေဆးေၾကာႏိုင္ရန္သာ ႀကိဳးစားၿပီး အမွန္အတိုင္းဝန္ခံေျပာၾကားပါ။ (၇၀)ေက်ာ္အမ်ိဳးသမီးတစ္ေယာက္ျဖစ္ၿပီး ငရဲမေၾကာက္တာ အံ့ၾသမိပါတယ္။ ေငြေၾကးအရႈပ္အေထြးပါႏြယ္လာေတာ့ပိုဆိုးပါတယ္။

ေဒၚတူးတူးတင္ တစ္ေယာက္ထဲအတြက္ဖြင့္ထားတဲ့ viber account profile picture ကေတာ့ အေမ တစ္ေယာက္လိုအစားထိုးၿပီး ခ်စ္လို႔ျဖစ္မွာပါ။
(၄) ညီဘြားညီက ေဒၚတူးတူးတင္သူ႔ကို အေႂကြးေတြနဲ႔ထားခဲ့တယ္လို႔ ေျပာပါတယ္။ ကၽြန္ေတာ့္ကိုပင္မက သူ႔ကိုပါ ဒုကၡတြင္းထဲမွာ ထားခဲ့တယ္ဆိုတဲ့ သေဘာပါ။ သူေျပာပံုအရဆိုရင္ အလွဴကိုေတာင္အေႂကြးႏွင့္လွဴၿပီး ေဒၚတူးတူးတင္က ေပးမည္လို႔ကတိေပးခဲ့သလိုပါပဲ။ (သို႔မဟုတ္)တစ္ႏိုင္ငံလံုးဘုရားဖူးလည္ပတ္မႈ၊ တစ္မိသားစုလံုးအတြက္ ကုန္က်ေငြ(၁၂)ရက္စာကို ဘယ္သူက အကုန္က်ခံေပးမည္ ထင္ပါသလဲ။ ေဒၚတူးတူးတင္ျပန္လာၿပီး (၁)ရက္အၾကာမွာကၽြန္ေတာ္က သူမရဲ႕ဖုန္းကိုယူထားတဲ့အခ်ိန္မွာ ညီဘြားညီထံမွ ဖုန္းေခၚလာလို႔ ကၽြန္ေတာ္ဖုန္းကိုင္ၿပီးေျဖေတာ့ ညီဘြားညီ၏ အေဒၚျဖစ္သူႏွင့္ စကားေျပာျဖစ္ခဲ့ပါသည္။ သူမက ကၽြန္ေတာ္ကို ေဒၚတူးတူးတင္အေနျဖင့္ ေငြ သိန္း(၂၀၀)အေႂကြးေပးရန္ရွိေနသည့္အတြက္ တာဝန္ယူၿပီး ျပန္ရွာေပးရန္ ေျဖရွင္းေပးရန္ ေတာင္းဆိုခဲ့သည္။ ဒီေလာက္ထိေငြေၾကး အေျမာက္အမ်ား လက္ခံရွိၿပီးတာေတာင္မွ ေငြသိန္း (၂၀၀) ကိုထပ္မံေတာင္းခံေနသည့္ သူတို႔၏စိတ္ရင္းအမွန္ကို ဘယ္လိုမွသည္းခံႏိုင္စြမ္းမရွိေတာ့၍ မိမိကဲ့သို႔ အိမ္ေထာင္ရွင္ေယာက္်ားမ်ား၊ တျခားအမ်ိဳးသမီးမ်ား ထိုကဲ့သို႔ေသာ ဒုကၡမ်ား၊ လွည့္ျဖားမႈမ်ားမွ ကင္းေဝးေအာင္၊ ပထမပို႔စ္ကိုတင္ေပးခဲ့ျခင္းျဖစ္သည္။ ၎သိန္း (၂၀၀)သည္ ၎တို႔မိသာားစုအားလံုး (၁၂) ရက္ခန္႔ ဘုရားဖူးလည္ပတ္မႈကို ေဒၚတူးတူးတင္မွ တာဝန္ယူ အကုန္အက်ခံမည္ဟု နႈတ္ကတိေပးခဲ့သည္ဟု သိရွိရသည္။ က်ိဳက္ထီး႐ိုးဘုရားသို႔အတက္အဆင္းတြဲ၍ လိုက္ပို႔ေပးခဲ့သည့္ ညီဘြားညီ၏ ေစတနာေမတၱာေတြဟာ၊ ေငြသိန္း(၂၀၀)ကို လင္ႀကီးဟု သိရွိထားသည့္ ကၽြန္ေတာ့္ထံမွ ေတာင္းခံႏိုင္ရဲသည့္ စိတ္ဓါတ္ႏွင့္ နိႈင္းယွဥ္ၾကည့္ပါက သူ၏စိတ္ထားအမွန္ကို ေပၚလြင္ေစပါတယ္။ ကိုယ့္ရဲ႕ေက်းဇူးရွင္လို႔ သတ္မွတ္ထားတဲ့သူရဲ႕ ဓာတ္ပံုကိုေတာင္ လူၾကားထဲမွာ ထုတ္မျပရဲေလာက္ေအာင္ ပုဂံ၊ အင္းေလး၊ ေငြေဆာင္ ပုသိမ္ခရီးစဥ္ေတြမွာ ဘာလို ေက်းဇူးရွင္ဆိုသူကို ႔ေတာက္ေလွ်ာက္ဖြက္ထားရတာလဲ။

အေမတစ္ေယာက္လို သေဘာထားတဲ့ ေက်းဇူးရွင္ကို ႐ိုေသစြာျဖင့္ မင္းနဲ႔ငါလို႔ပဲ သံုးတာလား? လင္မယားလို သေဘာထားလို႔ မင္းနဲ႔ငါ သံုးတာလား ဆိုတာ ကာယကံရွင္ ပဲသိႏိုင္ပါမယ္။
(၅) ေဒၚတူးတူးတင္ကို ႐ိုေသေလးစားၿပီး အေမ အစားထိုးၿပီး ခ်စ္ခင္တာပါဆိုသည့္ ညီဘြားညီ တင္ထားတဲ့ပို႔စ္ေတြက သက္ေသေတြကိုပါ တင္ထားပါတယ္။ ဓာတ္ပံုကိုၾကည့္ပါ မိန္းမယုတ္မကို ပံုႏွင့္တကြမနက္ျဖန္ညီတင္ေတာ့မည္လို႔ ဆိုၿပီးခ်ိန္းေျခာက္၍ ေငြေတာင္းတာ ေၾကာင့္ ေငြေတြကို ေဒၚတူးတူးတင္က ရန္ကုန္မွအမ်ိဳးေတြဆီကေနလွည့္ပတ္ေခ်းငွားၿပီးေပးလိုက္မွ ျပန္ၿပီးေျပလည္သြားကာ သူတင္ထားေသာပို႔စ္ကို ျပန္လည္၍ဖ်က္ျဖစ္လိုက္ပါသည္။ ေငြသာအခ်ိန္မွီမရရင္ေတာ့ သူ႔ရဲ႕post ေတြမွာ ယခင္က ဓာတ္ပံုလံုးဝမတင္ျပခဲ့တဲ့ ေဒၚျဖဴျဖဴတင္(ေခၚ)တူးတူးတင္ကို အရွက္ခြဲဖို႔ပဲဆိုတာကို မျငင္းႏိုင္ပါဘူး။ ဘာလို႔ (သက္ေသဓာတ္ပံု) ဒီpost ေတြကို ဖ်က္ျပစ္တာလဲ? … အင္တာဗ်ဴးလုပ္ရင္ ပို႔စ္မဖ်က္ဘဲ လုပ္ရဲရတယ္။ ဒီပို႔စ္နဲ႔ပတ္သက္ၿပီးေတာ့လဲ မရွင္းသြားဘူးေနာ္။

ေဒၚတူးတူးတင္ တစ္ေယာက္ထဲအတြက္ဖြင့္ထားတဲ့ viber account profile picture ကေတာ့ အေမ တစ္ေယာက္လိုအစားထိုးၿပီး ခ်စ္လို႔ျဖစ္မွာပါ။
(၆) ေဒၚတူးတူးတင္(ေခၚ) ျဖဴျဖဴတင္ ႏွင့္ ညီဘြားညီ ရဲ႕ အလွဴဆိုၿပီးတင္ခဲ့တယ္။ ဒါေပမယ့္ ဘယ္တုန္းကမွ ေဒၚတူးတူးတင္ဓါတ္ပံုကို တင္ရဲေလာက္ေအာင္ သတိၱမရွိပါ။ တကယ္လို႔သာ ဓါတ္ပံုတင္ခဲ့႐ိုးမွန္ရင္ ကၽြန္ေတာ္လဲ မသိစရာအေၾကာင္းမရွိပါ။ သူကိုယ္တိုင္သူ႔ရဲ႕ carrer မင္းသားအလုပ္ကိုထိခိုက္မွာစိုးရိမ္လို႔ အသက္ႀကီးမိန္းမတစ္ေယာက္ရဲ႕ဓာတ္ပံုကိုသူ႔ရဲ႕မိန္းမဆိုၿပီး မတင္ပါဘူး။ အမ်ားကိုေျပာေတာ့ single ပါဆိုၿပီးပဲေျပာတာပါ။ ျဖဴျဖဴတင္ေက်နပ္ေအာင္သာ ညီဘြားညီ ဇနီးျဖဴျဖဴတင္ ေကာင္းမႈဆိုၿပီး စာတမ္းထိုး ႏွစ္သိမ့္ခဲ့တာပါ။

(၇) ကၽြန္ေတာ္ ေဒၚတူးတူးတင္ရဲ႕ဖုန္းအတြင္းမွ ညီဘြားညီဆီမွ ပို႔ထားတဲ့message ေတြကို တင္ျပထားပါတယ္။ ၊ ျမန္မာျပည္မွျပန္လာၿပီးမွ လက္တုန္ေနေသာ အဘြားႀကီးမွန္းသိၿပီးမွ (၁၇.၅.၂၀၁၈) ပို႔ထားတာေလးေတြပါ။ သူရဲ႕အေမတစ္ေယာက္လိုပဲ ဆက္ဆံတာပါဆိုတဲ့ စိတ္ဓာတ္ေတြကို ေသခ်ာစြာ ေတြ႕ျမင္ႏိုင္ပါတယ္။ မိန္းမတစ္ေယာက္ကို ေရးတာလား၊ အေမတစ္ေယာက္ကိုေရးတာလား ဆိုတာကို ေဝဖန္ေပးပါခင္ဗ်ား။ screen shot ဓာတ္ပံုကိုၾကည့္၍ မွန္ကန္စြာေဝဖန္ေပးေစခ်င္ပါတယ္။

(၈) တူးတူးတင္လွည့္စားတာကို ခံရတာပါ။အျပစ္ကင္းပါတယ္လို႔ ဘယ္လိုပင္ေျပာေနပါေစ အျပင္မွာေတြ႕ၿပီး “မႏွင့္ေမာင္” ဇာတ္လမ္းဆက္လုပ္ေနတဲ့ သတိၱကိုေတာ့ အားလံုးကေလးစားၾကမွာပါ။ အဝတ္တစ္ထည္၊ ကိုယ္တစ္ခုႏွင့္လို႔ ေျပာရေအာင္ ေဒၚတူးတူးတင္ဝတ္ထားတဲ့အဝတ္အစားေတြက ဒိန္းမတ္ကေနသူယူသြားတဲ့ အဝတ္ေတြပါပဲ။ ေငြေဆာင္မွာ႐ိုက္ထားတဲ့ဓာတ္ပံုထဲကအက်ႌကသက္ေသပါ။

(၉) ေဒၚတူးတူးတင္က ဒုကၡေပါင္းစံု ခံစားေနရတဲ့ ကၽြန္ေတာ့္ကိုအနည္းငယ္မွ်ပင္ စိုးရိမ္ပူပန္မႈမရွိဘဲ ယခုအခ်ိန္ထိပင္ ညီဘြားညီတစ္ေယာက္ အရွက္ကြဲပါၿပီ၊ သနားပါတယ္။ ကိုယ့္ကိုကိုယ္ သတ္ေသရင္ဒုကၡပါပဲဟုသာ စိုးရိမ္လြန္ကဲေနေသာ ေဒၚတူးတူးတင္၏ ျဖစ္အင္ကို အလြန္တရာမွပင္ အံ့ၾသ၍သံေဝဂရမိပါသည္။ ယခုအခ်ိန္ထိ ေနာင္တမရဘဲ ေရွ႕ဆက္တိုးရန္သာ အၾကံထုတ္၍ ေလာေလာဆယ္တြင္ ဂဠဳန္ဆားခ်က္ေနေသာ ေဒၚတူးတူးတင္ကိုျမင္ရၿပီး မိမိဝဠ္ေႂကြးႀကီးမားေၾကာင္း သိရပါသည္။ မည္သို႔ေသာအရာက ၎အား ထိုကဲ့သို႔တမ္းတစြဲလန္းေအာင္ ျဖစ္ေစခဲ့သနည္းဆိုတာကိုေတာ့ မသိလိုေတာ့ပါ။ ပတ္ဝန္းက်င္မွ ေျပာျပခ်က္အရ ” ငါ့ဘာသာ ငါလင္ငယ္ကိုခ်စ္လို႔ေပးတာ။ ဘယ္သူ႔ကိုဂ႐ုစိုက္ရမွာလဲ” ဟူေသာ စကားကိုလည္းပဲ ေနာင္အခါတြင္မွ ျပန္ၾကားမိ၍ရင္နင့္ေအာင္ စိတ္မေကာင္းျဖစ္ရပါတယ္။ ဘယ္သူမျပဳမိမိမႈပါ။

၁၀) ညီဘြားညီက ေဒၚတူးတူးတင္ထံတြင္ ျပန္စရာစရိတ္ပင္မရွိေတာ့ဟု ေျပာေသာစကားမွာ အမွန္တရားပင္ျဖစ္ပါသည္။ အဘယ္ေၾကာင့္ဆိုေသာ္ လင္ႀကီးျဖစ္သူကၽြန္ေတာ္မွ အစစအရာရာၿပီးျပည့္စံုေအာင္ စီစဥ္ေပးခဲ့ၿပီး ေငြေၾကးအလံုအေလာက္ႏွင့္ ေလယာဥ္လက္မွတ္အသြားအျပန္ႏွစ္ေၾကာင္းစာဝယ္ေပးလိုက္ေသာ္လည္း ၎မွညီဘြားညီအား ပါလာေသာေငြေၾကးမ်ားအား အကုန္ေပးကမ္းၿပီး ေနာက္လက္ထဲတြင္ေငြလံုးဝမက်န္ေတာ့ပဲ၊ ညီဘြားညီ၏ ထပ္မံ၍ အရွက္ခြဲမည္ဟု ခ်ိန္းေျခာက္ေငြ ေတာင္းခံမႈကို ထိတ္လန္႔ၿပီး ေဆြမ်ိဳးမ်ားဆီမွ ေငြေၾကးမ်ားကိုေခ်းငွားၿပီး ညီဘြားညီအားႏွစ္သိမ့္ေစခဲ့သည္။ ယခုအခ်ိန္တြင္ ေဒၚတူးတူးတင္၏ အမ်ိဳးမ်ားမွ သူမ၏လုပ္ဇာတ္မ်ားကို နားလည္သေဘာေပါက္ၿပီး ကၽြန္ေတာ့္ဘက္မွ ရပ္တည္ကာ ေအာက္ပါအေၾကာင္းအရာအားေျပာျပခဲ့သည္။

သူတို႔ ႏွစ္ေယာက္ ဘယ္သူနိင္ၿပီး ဘယ္သူရံႈးလဲေတာ့ မသိေပမယ့္ ေသခ်ာတာ ကေတာ့ ေငြေၾကးအရွိန္အဝါရဲ႕ လႊမ္းမိုးမႈေတြကို မ႐ုန္းထြက္ခ်င္ခဲ့တာ အတိအက်ပါ။ အေႂကြးေတြ ဝိုင္းေနတဲ့ ကၽြန္ေတာ္က အသိဆံုပါ။
ေဒၚတူးတူးတင္ႏွင့္၎၏ေဆြမ်ိဳး(တူမ) မ်ားသည္ ျပည္ၿမိဳ႕နတ္ကနားပြဲသို႔ အတူတကြသြားေရာက္ခဲ့သည့္ ခရီးစဥ္တြင္ ညီဘြားညီႏွင့္၎တို႔ေတြ႕ဆံုခဲ့သည္။ ညီဘြားညီေျပာသည့္ မည္သည့္ေဆြမ်ိဳးကိုမွ မသိပါဟူေသာစကားသည္ မမွန္ကန္ေပ။ ထိုနတ္ကနားပြဲသြားစဥ္တြင္ ညီဘြားညီသည္ လက္ထပ္စာခ်ဳပ္ကိုတပါတည္း ယူေဆာင္လာခဲ့ၿပီး ေဒၚတူးတူးတင္၏ ႂကြားလံုးထုတ္ထားေသာ ပိုင္ဆိုင္မႈမ်ားကို ေမွ်ာ္ကိုးၿပီး ပိုင္ဆိုင္မႈခိုင္မာေစရန္အလို႔ငွာ လက္ထပ္ရန္ စီစဥ္ခဲ့သည္။
ေဒၚတူးတူးတင္၏ အမ်ိဳးမ်ားမွဝိုင္းဝန္းၿပီး ကန္႔ကြက္ႏိုင္ခဲ့သျဖင့္ လက္ထပ္မႈအထမေျမာက္ခဲ့ေၾကာင္း သိရွိခဲ့ရပါသည္။ ၎ျဖစ္ရပ္ကို ၾကည့္ျခင္းအားျဖင့္ ညီဘြားညီ၏ ေဒၚတူးတူးတင္အေပၚတြင္ အဘြားႀကီးတစ္ေယာက္မွန္း သိေသာ္လည္း ထားရွိသည့္ စိတ္ထားအမွန္ကို ေပၚလြင္ေစပါသည္။ အင္တာဗ်ဴးအေျဖမ်ားတြင္မိခင္တစ္ေယာက္ကဲ့သို႔ သေဘာထားေၾကာင္း မွားယြင္းစြာ ေျပာဆိုခဲ့ပါသည္။

(၁၁) ညီဘြားညီရဲ႕ေျပာၾကားခ်က္အရ (၅)ရက္အၾကာမွပဲေယာက္်ားရွိတယ္ဆိုတာ ေပၚလာတယ္လို႔ ေျဖၾကားခဲ့ပါတယ္။ ကၽြန္ေတာ္မွန္ေသာ စကားဆိုပါမည္။ လြန္ခဲ့ေသာ တစ္ႏွစ္ခန္႔က ကၽြန္ေတာ့္ကိုမိတ္ေဆြအခိ်ဳ႕က ေဒၚတူးတူးတင္အေပၚတြင္ သံသယဝင္ေၾကာင္း တိုင္တန္းေျပာဆိုခဲ့သျဖင့္ ညီဘြားညီ၏ facebook account messenger သို႔ စာေရးၿပီး ေဒၚတူးတူးတင္(ခ)ျဖဴျဖဴတင္သည္ ကၽြန္ေတာ္၏မိန္းမျဖစ္ေၾကာင္းႏွင့္ လုပ္ရပ္မ်ားကို ရပ္ပါဟု စာေရးေပးပို႔ခဲ့ေသာ္လည္း ကၽြန္ေတာ့္ account minlwintin အား block လုပ္ခဲ့ပါတယ္။ ကၽြန္ေတာ္လဲ အတိအက်မသိဘဲ သံသယအဆင့္သာျဖစ္သျဖင့္ ထပ္မံ၍ ဆက္သြယ္ရန္ မႀကိဳးစား မစံုစမ္းခဲ့ပါ။

(၁၂) ညီဘြားညီရဲ႕အင္တာဗ်ဴးအၿပီးမွာေတာ့ တစ္ခ်ိဳ႕ေသာ သူမ်ားက သူ႔ရဲ႕professional skill ျဖစ္တဲ့ ၂ရက္ေလာက္ႀကိဳတင္ျပင္ဆင္ထားတဲ့ အျပစ္မဲ့တဲ့သားကို ဒိုင္းတစ္ခုလို အကာအကြယ္လုပ္ၿပီး၊ ပရဟိတဆိုတဲ့ ျမင့္ျမတ္တဲ့ စကားလံုးကို အသံုးျပဳထားတဲ့ ကၽြမ္းက်င္တဲ့သ႐ုပ္ေဆာင္ပညာကို ၾကည့္ရႈၿပီးတဲ့ေနာက္မွာေတာ့၊ သူကဝဋ္ေႂကြးရွိလို႔ပါ သနားပါတယ္ဆိုတဲ့သူေတြကို အမ်ားႀကီးေတြ႕လိုက္ရပါတယ္။ သူ႔ကိုသနား စာနာၾကတာဟာ ကၽြန္ေတာ္ႏွင့္တိုက္႐ိုက္ မပတ္သက္ေတာ့ မေဝဖန္ခ်င္ပါဘူး။ ကၽြန္ေတာ္ကေတာ့ ကၽြန္ေတာ္သိတဲ့အမွန္တရားကို စာေရးၿပီးတင္ျပေပးျခင္းသာ ျဖစ္ပါတယ္။ ေငြလည္း ကၽြန္ေတာ္မခ်ဴပါဘူး။ မ်က္ရည္လည္းမခ်ဴပါဘူးခင္ဗ်ား။ သို႔ေပမယ့္ မိန္းမျဖစ္ျဖစ္၊ ေယာက္်ားျဖစ္ျဖစ္၊ ကိုယ့္ခင္ပြန္း၊ ဇနီးကေနာက္အငယ္အေႏွာင္းႏွင့္ေဖာက္ျပန္ၿပီး မိမိတို႔ရွာသမွ် ေငြေၾကးေတြကို အငယ္အေႏွာင္းကို အားလံုးေပးၿပီးတဲ့အျပင္ ေနာက္ထပ္ မိမိနာမည္ကိုအသံုးခ်ေငြေခ်းငွားၿပီး မိမိကို အေႂကြးပတ္လည္ဝိုင္းေအာင္ ဒုကၡေရာက္ေအာင္ လုပ္ခဲ့မယ္ဆိုရင္ အမ်ားေျပာေနၾကတဲ့ “လင္ႀကီး” ဆိုတဲ့ေနရာက သူရဲ႕ခံစားမႈကိုေရာ နားလည္ေပးႏိုင္ၾကပါေစခင္ဗ်ား။ ေနာင္ဘဝဆက္တိုင္းမွာလည္း လင္ငယ္အတြက္ ေငြရွာေပးရတဲ့ လင္ႀကီး ဘဝဘယ္ေတာ့မွ မျဖစ္ရပါေစနဲ႔ လို႔ဆုေတာင္းပါတယ္။ ခုဘဝမွာလည္း ဝဋ္ေႂကြးေတြ ျမန္ျမန္ေက်ပါေစ။

(၁၃) ေနာက္ဆံုးအေနျဖင့္ ညီဘြားညီ၏ ေတာင္းပန္သည့္စကားကို ေက်နပ္စြာ လက္ခံပါသည္။ သို႔ရာတြင္ ခြင့္လႊတ္ႏိုင္ရန္မွာ ကၽြန္ေတာ္သည္ ပုထုဇဥ္ လူသားတစ္ဦးျဖစ္သည့္အတြက္ လံုးဝမျဖစ္ႏိုင္ပါ။ ယခုအခ်ိန္တြင္ လိုအပ္သည့္ အေထာက္အထား အခ်က္အလက္မ်ားကို ျပင္ဆင္ေနၿပီး အရာရာအတြက္ စိတ္ပိုင္းျဖတ္ထားပါသည္။ ညီဘြားညီအေနျဖင့္ ပရိတ္သတ္ကိုတန္ဖိုးထားၿပီး ပရိတ္သတ္ရဲ႕စစ္မွန္တဲ့ ခ်စ္ျခင္းကိုလိုခ်င္တယ္ဆိုရင္ ပရိတ္သတ္ကို စစ္မွန္ေသာ အမွန္တရားေျပာျပပါ။ ပရိတ္သတ္က အမွန္တရားကို ျမတ္ႏိုးပါတယ္။ ပရိတ္သတ္ရဲ႕ ေမတၱာကိုလိုခ်င္တဲ့စကားေတြလဲ ၾကားရပါတယ္။ အခုလိုအျဖစ္အပ်က္ႏွင့္ လူသိမ်ားေနတဲ့ အခြင့္အေရးကို အသံုးခ်ၿပီး ပရိတ္သတ္ လက္ခံေစခ်င္ရင္ေတာ့ အလိမ္အညာမပါဝင္တဲ့ အမွန္တရားကို ေျပာျပ၍ မိမိအျပစ္ကိုေဆးေၾကာပါ။ အမွန္တရားကို မေျပာျပဘဲ ငိုျပေနၿပီး၊ မိမိ႐ိုက္ခဲ့ေသာ ဇာတ္လမ္းအေၾကာင္းေတြေျပာျပ ေၾကာ္ျငာဝင္ၿပီး၊ လတ္တေလာအႏုပညာလႈပ္ရွားမႈေတြကိုပဲ တင္ျပေျပာေနမယ္ ဆိုရင္ေတာ့၊ ပရိတ္သတ္ကလည္း လက္မခံပါဘူး။ ကၽြန္ေတာ္ကေတာ့ အမွန္တရားအတြက္ ဆက္လက္ေျဖရွင္းမွာ ျဖစ္ပါတယ္။ ေနာက္တခါ အင္တာဗ်ဴးေျဖရင္ေတာ့ အမွန္တရားမ်ား ထြက္ေပၚလာၿပီး ဝန္ခံႏိုင္ပါေစ။ အျပစ္ေတြကိုဝန္ခံ ေဆးေၾကာၿပီး ကေလးဘဝကို မထိခိုက္ေအာင္ အဖတ္ဆယ္ႏိုင္ပါေစ။
အမွန္တရားအတြက္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Min Lwin Tin (Denmark) (24-05-2018)

#Unicode Version#
ညီဘွားညီနှင့် interview ဖြေကြားချက်များတွင် လိုအပ်နေသည့်အချက်များကို ပြန်လည်၍ ဖြည့်စွက်ထောက်ပြပေးခြင်း။

ကျွန်တော်ညီဘွားညီရဲ့ အင်တာဗျူးများကို ယနေ့ပဲကြည့်လိုက်ရပါတယ်။ ပထမတုန်းကတော့ သူ့အပြစ်ကိုနားလည်ပြီထင်ပြီး ဒီအတိုင်းပဲ ငြိမ်နေမလို့ပါပဲ။ online ပေါ်မှာ သူတစ်ပြန်ကိုယ်တစ်ပြန် ဖြေရှင်းရတာမျိုး မလုပ်ချင်ဘူး။ သူ့ဘက်က ဖြေရှင်းပြလိုက်တော့ ကျွန်တော်ဘက်မှာပြောစရာ ထောက်ပြစရာတွေ အများကြီးဖြစ်လာလို့ ဒီpost ကိုတင်ပေးလိုက်တာပါ။ အဓိကရည်ရွယ်ချက်က သူ့ရဲ့တစ်ဘက်သက် ဖြေရှင်းချက်ကိုပဲ နားမထောင်ဘဲ ကျွန်တော့်ရဲ့ဖြေရှင်းချက်နှင့် နှိုင်းယှဉ်နားလည်သဘောပေါက်စေရန် ရည်ရွယ်ပါတယ်။ သူူ့ကိုရန်သူ၊ ပြိုင်ဖက်လို့လဲ သဘောမထားသလို၊ တူးတူးတင်ကိုလည်း ဥပက္ခာတရားနဲ့ပဲ လက်ကိုင်ထားပြီး ဖြေရှင်းနေပါတယ်။

မြန်မာပြည်တွင်တွေ့ဆုံပြီး အမေတစ်ယောက်လိုသဘောထားပြီးမှ ကျေးဇူးတရားတွေကို နားလည်လွန်းလို့လေး ခေါ်ဝေါ်သုံးစွဲပုံပါ။
သူတို့နှစ်ယောက်လုံးက ကျွန်တော့်ဘဝကို ဒုက္ခရောက်အောင် လုပ်ဆောင်ခဲ့ကြတာပါ။ သူ့ဖြေရှင်းချက်အပြီးမှာ တချို့လူတွေဆိုရင် ကျွန်တော့်ကိုတောင် အပြစ်တင်ပြီးပြောဆိုနေတာတွေ တွေ့ရပါတယ်။ ညီဘွားညီဖြေရှင်းသွားတာဟာ သာမာန်သူတစ်ယောက် နားထောင်ကြည့်မယ်ဆိုရင် ဟာကွက်မရှိဘဲ အပြစ်ကင်းတယ်လို့ ထင်ရအောင် ကောင်းကောင်းပြင်ဆင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက် ( သူတို့ကိစ္စတွေကို အသေးစိတ်သိထားသူ) အတွက်တော့၊ သူပြောသမျှ စကားတွေဟာ မှန်တာတစ်ဝက်မှားတာတဝက်နှင့် မဟုတ်မမှန်တာတွေပါနေလို့ ဖြေရှင်းပေးချင်တာပါ။

ရှေးဦးစွာမေတ္တာရပ်ခံချင်တာကတော့ သားသမီးချင်းကိုယ်ချင်းစာစိတ်ထားပေးကြဖို့နှင့် ညီဘွားညီရဲ့သား အသက်(၁၀)နှစ်အရွယ်ကလေးဟာ အမှန်တကယ်ကို အပြစ်ကင်းစင်ပါတယ်။ သူ့ရဲ့ကလေးကို သူ့အဖေရဲ့အရိပ်မဲကို မထိရောက်စေချင်ပါဘူး။ မိဘကြောင့်သားသမီး ထွန်းတောက်တာမျိုးကို ဖြစ်စေချင်ပေမယ့် ၊ မိဘကြောင့် သားသမီးကို ဒုက္ခရောက်ပြီး လူတောမတိုးဝံ့တဲ့အဖြစ်မျိုး မဖြစ်စေချင်ပါ။ ကလေးကို ဖခင်နှင့်နှိုင်းယှဉ်ပြီး ဆဲဆိုချင်းမပြုပါနဲ့လို့ တောင်းဆိုချင်ပါတယ်ခင်ဗျား။ ဖြစ်နိုင်ရင် ပတ်ဝန်းကျင်မှ ကူညီပြီးစိတ်ဓာတ်မပျက်ပြားသွားစေရန် ကူညီပေးစေချင်ပါတယ်။ စိတ်ရင်းအမှန်ပါ။သားလေးကို သနားပြီးဖြေရှင်းတာပါလို့ပြောထားတယ်။ သားလေးကို အမှန်တကယ်ချစ်ရင်၊ သနားရင် အမှန်တရား ( အစစ်အမှန် )ကို ဖေါ်ထုတ်ဖြေရှင်းပြပြီး ဝန်ခံဖြေရှင်းစေချင်ပါတယ်။ မဟုတ်ရင် အမှန်တရားအတွက် ဖြေရှင်းတဲ့သူနဲ့ထိပ်တိုက်တွေ့ပြီး ကလေးပိုပြီးအရှက်ရမှာ စိုးရိမ်လို့ပါ။ ကလေးကို cover ယူ၊ ပေးပို့သည့်ငွေမှ ရာခိုင်နှုန်းအနည်းငယ်မျှဖြင့် လှူဒါန်းသောအလှူကို အကြောင်းပြ၊ အသက်ကြီးမှန်းမသိလို့ပါဆိုတဲ့ အပြစ်မဲ့တဲ့ပုံစံနှင့် ပြောဆိုနေမှုတွေ ဆရာတော်ဘုရားကြီးတွေအထိပါ သက်သေတည်တာတွေကို ဖြစ်နိုင်ရင်မလုပ်တာ အကောင်းဆုံးပါ။ အတတ်နိုင်ဆုံး အပြစ်တွေကို ဝန်ခံပြီး လုပ်ပြီးခဲ့တဲ့ အပြစ်တွေကို ဆေးကြောနိုင်အောင် ကြိုးစားရင် လူတွေက အကောင်းမြင်ကောင်းမြင်နိုင်လာမယ်။ အခုတော့ မငြင်းပယ်နိုင်တဲ့ သက်သေနှင့်တကွ တင်ပေးထားတဲ့အရာတွေလောက်ပဲ ဝန်ခံပြီးတော့ ကျန်နေသေးတဲ့ အကြောင်းအရာတွေကို လိမ်ပြီးပြောနေမယ်ဆိုရင် ပတ်ဝန်းကျင်က ပိုပြီးမုန်းတီးလာပါလိမ့်မယ်။

မြန်မာပြည်တွင် တွေ့ပြီး မှ အမေလိုချစ်ခင်လေးစားလွန်း၍ ငွေမပေးနိုင်သည့်အတွက် မိန်းမယုတ် ဟု ခေါ်ဆိုပုံ။
အခုပို့စ်မှာလည်း ညီဘွားညီ တစ်ဦးတည်းကို ထိပ်တိုက်ဖြေရှင်းပြီး ပြောတာမဟုတ်သလို၊ ဒေါ်တူးတူးတင်၏ လှည့်စားဉာဏ်များသောလုပ်ရပ်များကိုလည်း တင်ပြပေးသွားပါမယ်။ အပြစ်ရှိသူ၂ဦးလုံးအတွက် ဘက်မလိုက်ဘဲ အရှိကိုအရှိအတိုင်း တင်ပြပေးပါမည်။ တင်ပြပေးသည့် အချက်အလက်များသည် နောက်မီးလင်းသည့် မိန်းမတစ်ဦး၏ လင်ကြီးတစ်ဦး ခံစားချက်သက်သက်မဟုတ်ဘဲ အကျိုးအကြောင်းဆီလျှော်မှန်ကန်ချက်ရှိစွာဖြင့် သုံးသပ်တင်ပြထားပြီး၊ သက်သေများပါ ပူးတွဲတင်ပြထားပါသည်။

(၁) ညီဘွားညီ ပြောကြားချက်များအရ အစပိုင်းတွင် ဖြူဖြူတင်(ခ)တူးတူးတင်သည် သူ၏ကျေးဇူးရှင်၊ မိခင်တစ်ယောက်ကဲ့သို့ ရည်ညွှန်းပြောဆိုခဲ့ပြီး အဆုံးတွင် သူ့ကိုအားလုံးပုံချ၍ ကိုယ်လွတ်ရုန်းပြေးပြီး ပရိသတ်ရဲ့ချစ်ခင်မှုကို တောင်းခံခဲ့တယ်။ ဒေါ်တူးတူးတင် လိမ်လည်ပြောဆိုနေခဲ့သည်ကို လုံးဝယုံကြည်ပါသည်။ သို့ရာတွင် လက်ခုပ်ဆိုသောအရာသည် လက်နှစ်ဖက်နှင့်တီးမှ အသံမြည်နိုင်သလို လိမ်တာကိုသိလျက်နှင့် ငွေရပေါက်ရပ်သွားမည်ကို စိုးရိမ်၍ သိလျက်နှင့် ရှေ့ဆက်တိုးနေတဲ့ ညီဘွားညီကိုလည်း အပြစ်မဲ့သည်ဟု မဆိုနိုင်ပါ။

အလှူလုပ်ချင်စိတ်ရှိသူဟု အမွှန်းတင်ထားသော ဒေါ်တူးတူးတင်အားရည်ရွယ်၍ သာသနာကိုစော်ကားသော မိန်းမဟု ခေါ်ဆိုလိုက်သောအခါ။။
(၂) သာမာန်လူယောက်ျားတစ်ဦးအနေဖြင့် မျက်နှာသေချာမမြင်ရဘဲ အသံသာကြားရသော၊ အသက်အအရွယ်တိကျသေချာမသိသော အမျိုးသမီးတစ်ဦးနှင့် long distance relationship ပုံစံဖြင့် “မနှင့်မောင်” အခြေအနေအထိ ချစ်ကျွမ်းဝင်နေနိုင်ခြင်းမှာ စွမ်းအင်ကြီးမားသော ချစ်ခြင်းမေတ္တာကြောင့်လို့ယူဆပါသလား။ သို့တည်းမဟုတ် ဒုတိယဘုရားသခင်ဟု တင်စားခေါ်ဝေါ်သော ‘ငွေ’ ဆိုသည့် သည်းခြေကြိုက် ပစ္စည်းကြောင့်လားဆိုတာကို ဝေဖန်ပိုင်းခြားနိုင်ပါစေ။ အသက်ကြီးနေတာကို သိနေပြီး(သို့မဟုတ်) သံသယရှိနေသော်လည်း ကြိတ်မိတ်ပြီး မမေးဘဲနှင့် နေနိုင်သည်မှာ ငွေရပေါက်လမ်းကြောင့်ပင် မဟုတ်ပါသလား။ ဘယ်သူမဆို ကိုယ်တိုင်သံယောဇဉ်ဖြစ် ချစ်မိပြီဆိုလျှင် မျက်နှာတော့မြင်ဖူးချင်မှာပေါ့။ အသံက သက်သက်မဲ့လုပ်ပြီး ပြောရင်တောင်(၇၀)ကျော်အသံက (၃၀)ကျော်အသံ ဖြစ်စရာအကြောင်းမရှိပါ။ ငွေရနေလို့သာ အလိမ်ခံချင်နေတာပါ။



..

(၃) ကျွန်တော်ရိပ်မိသောကြောင့် ဒေါ်တူးတူးတင်အနေဖြင့် ကျွန်တော်ယုံကြည်နိုင်စေရန် ဘုရားစင်ရှေ့တွင် သစ္စာရေသောက်ပြီး ကျိန်တွယ်ပြောဆိုသည်အထိ မိုက်မဲခဲ့ပါသည်။ နောက်တွင်လည်း ဆက်လက်ဖောက်ပြန်ခဲ့သည်။ လိမ်လည်ပြောဆိုသည့် မိုက်မဲသူအချို့တို့သည် အများယုံကြည်စေရန် ဘုရား၊ တရားကို ဒိုင်းတစ်ခုကဲ့သို့အသုံးပြုပြီး မိမိကိုယ်ကို ကာကွယ်ပြောဆိုမှုများသည် မိမိကိုယ်ကိုဒုက္ခထပ်မံ၍ ပေးမိနေကြောင်း နားလည်နိုင်စွမ်းမရှိတော့ပေ။ အပြစ်ကိုဆေးကြောနိုင်ရန်သာ ကြိုးစားပြီး ဘုရား၊တရားကို စိတ်ရင်းမှန်ဖြင့်သာ နှလုံးသွင်းသင့်ပေသည်။ ယခုဒေါ်တူးတူးတင် မြန်မာပြည်မှပြန်လာပြီးမှ ပတ်ဝန်းကျင်မှ ဒိန်းမတ်နိုင်ငံနေ မိတ်ဆွေတစ်ဦး၏ ပြောပြချက်အရ ဒေါ်တူးတူးတင်သည် တဏှာစိတ်မွှန်ပြီး စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်၍ မြန်မာပြည်သို့သွားရောက်ခဲ့သည်။ သူ၏ရုပ်ပိုင်းဆိုင်ရာအရလည်း ဆံပင်တွေဆေးဆိုး ဆံပင်တွေကောက်၊ မျက်ခုံးမွေးပြုပြင်၊ သွားပြုပြင် အစရှိသည်ကို ထိန်းသိမ်းပြင်ဆင်ခဲ့သည်။ သူတို့နှစ်ဦးအတူတူအိပ်တာ မအိပ်တာကို ကျွန်တော်အနေနှင့် ဝေဖန်ဆွေးနွေး၊ ငြင်းခုံခြင်း မပြုလုပ်ချင်သလို၊ သိချင်စိတ်စိတ်လည်းမရှိပါ။ လင်ကြီးတစ်ယောက်ရဲ့ ခံစားချက်ကို နားလည်နိုင်မည်ဟု မျှော်လင့်မိပါသည်။ ကိုယ်တိုင်ကိုယ်ကျ မမြင်တွေ့ရပေမယ့် တဏှာစိတ်မွှန်ပြင်ဆင်ပြီးသွားခဲ့တဲ့သူနှင့် ငွေရရင်ဘာမဆိုလုပ်မယ့်သူနဲ့ တွေ့ဆုံမှု အခြေအနေအားလုံးကို နာလည် သိရှိနိုင်ပါတယ်။ ဒုသနသော ကံအပြစ်ကို ၂ဦးလုံးကသိ၍ဖြစ်စေ၊ မသိ၍ဖြစ်စေ၊ မသိတသိဖြင့်ဖြစ်စေ၊ ကာယကံအရဖြစ်စေ၊ ဝစီကံအရဖြစ်စေ၊ မနောကံအရဖြစ်စေ၊ တစ်ခုခုနှင့်တော့ကျူးလွန်ပြီးခဲ့ပါပြီ။ အပြစ်ကိုဆေးကြောနိုင်ရန်သာ ကြိုးစားပြီး အမှန်အတိုင်းဝန်ခံပြောကြားပါ။ (၇၀)ကျော်အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ငရဲမကြောက်တာ အံ့သြမိပါတယ်။ ငွေကြေးအရှုပ်အထွေးပါနွယ်လာတော့ပိုဆိုးပါတယ်။

ဒေါ်တူးတူးတင် တစ်ယောက်ထဲအတွက်ဖွင့်ထားတဲ့ viber account profile picture ကတော့ အမေ တစ်ယောက်လိုအစားထိုးပြီး ချစ်လို့ဖြစ်မှာပါ။
(၄) ညီဘွားညီက ဒေါ်တူးတူးတင်သူ့ကို အကြွေးတွေနဲ့ထားခဲ့တယ်လို့ ပြောပါတယ်။ ကျွန်တော့်ကိုပင်မက သူ့ကိုပါ ဒုက္ခတွင်းထဲမှာ ထားခဲ့တယ်ဆိုတဲ့ သဘောပါ။ သူပြောပုံအရဆိုရင် အလှူကိုတောင်အကြွေးနှင့်လှူပြီး ဒေါ်တူးတူးတင်က ပေးမည်လို့ကတိပေးခဲ့သလိုပါပဲ။ (သို့မဟုတ်)တစ်နိုင်ငံလုံးဘုရားဖူးလည်ပတ်မှု၊ တစ်မိသားစုလုံးအတွက် ကုန်ကျငွေ(၁၂)ရက်စာကို ဘယ်သူက အကုန်ကျခံပေးမည် ထင်ပါသလဲ။ ဒေါ်တူးတူးတင်ပြန်လာပြီး (၁)ရက်အကြာမှာကျွန်တော်က သူမရဲ့ဖုန်းကိုယူထားတဲ့အချိန်မှာ ညီဘွားညီထံမှ ဖုန်းခေါ်လာလို့ ကျွန်တော်ဖုန်းကိုင်ပြီးဖြေတော့ ညီဘွားညီ၏ အဒေါ်ဖြစ်သူနှင့် စကားပြောဖြစ်ခဲ့ပါသည်။ သူမက ကျွန်တော်ကို ဒေါ်တူးတူးတင်အနေဖြင့် ငွေ သိန်း(၂၀၀)အကြွေးပေးရန်ရှိနေသည့်အတွက် တာဝန်ယူပြီး ပြန်ရှာပေးရန် ဖြေရှင်းပေးရန် တောင်းဆိုခဲ့သည်။ ဒီလောက်ထိငွေကြေး အမြောက်အများ လက်ခံရှိပြီးတာတောင်မှ ငွေသိန်း (၂၀၀) ကိုထပ်မံတောင်းခံနေသည့် သူတို့၏စိတ်ရင်းအမှန်ကို ဘယ်လိုမှသည်းခံနိုင်စွမ်းမရှိတော့၍ မိမိကဲ့သို့ အိမ်ထောင်ရှင်ယောက်ျားများ၊ တခြားအမျိုးသမီးများ ထိုကဲ့သို့သော ဒုက္ခများ၊ လှည့်ဖြားမှုများမှ ကင်းဝေးအောင်၊ ပထမပို့စ်ကိုတင်ပေးခဲ့ခြင်းဖြစ်သည်။ ၎င်းသိန်း (၂၀၀)သည် ၎င်းတို့မိသာားစုအားလုံး (၁၂) ရက်ခန့် ဘုရားဖူးလည်ပတ်မှုကို ဒေါ်တူးတူးတင်မှ တာဝန်ယူ အကုန်အကျခံမည်ဟု နှုတ်ကတိပေးခဲ့သည်ဟု သိရှိရသည်။ ကျိုက်ထီးရိုးဘုရားသို့အတက်အဆင်းတွဲ၍ လိုက်ပို့ပေးခဲ့သည့် ညီဘွားညီ၏ စေတနာမေတ္တာတွေဟာ၊ ငွေသိန်း(၂၀၀)ကို လင်ကြီးဟု သိရှိထားသည့် ကျွန်တော့်ထံမှ တောင်းခံနိုင်ရဲသည့် စိတ်ဓါတ်နှင့် နှိုင်းယှဉ်ကြည့်ပါက သူ၏စိတ်ထားအမှန်ကို ပေါ်လွင်စေပါတယ်။ ကိုယ့်ရဲ့ကျေးဇူးရှင်လို့ သတ်မှတ်ထားတဲ့သူရဲ့ ဓာတ်ပုံကိုတောင် လူကြားထဲမှာ ထုတ်မပြရဲလောက်အောင် ပုဂံ၊ အင်းလေး၊ ငွေဆောင် ပုသိမ်ခရီးစဉ်တွေမှာ ဘာလို ကျေးဇူးရှင်ဆိုသူကို့တောက်လျှောက်ဖွက်ထားရတာလဲ။

အမေတစ်ယောက်လို သဘောထားတဲ့ ကျေးဇူးရှင်ကို ရိုသေစွာဖြင့် မင်းနဲ့ငါလို့ပဲ သုံးတာလား? လင်မယားလို သဘောထားလို့ မင်းနဲ့ငါ သုံးတာလား ဆိုတာ ကာယကံရှင် ပဲသိနိုင်ပါမယ်။
(၅) ဒေါ်တူးတူးတင်ကို ရိုသေလေးစားပြီး အမေ အစားထိုးပြီး ချစ်ခင်တာပါဆိုသည့် ညီဘွားညီ တင်ထားတဲ့ပို့စ်တွေက သက်သေတွေကိုပါ တင်ထားပါတယ်။ ဓာတ်ပုံကိုကြည့်ပါ မိန်းမယုတ်မကို ပုံနှင့်တကွမနက်ဖြန်ညီတင်တော့မည်လို့ ဆိုပြီးချိန်းခြောက်၍ ငွေတောင်းတာ ကြောင့် ငွေတွေကို ဒေါ်တူးတူးတင်က ရန်ကုန်မှအမျိုးတွေဆီကနေလှည့်ပတ်ချေးငှားပြီးပေးလိုက်မှ ပြန်ပြီးပြေလည်သွားကာ သူတင်ထားသောပို့စ်ကို ပြန်လည်၍ဖျက်ဖြစ်လိုက်ပါသည်။ ငွေသာအချိန်မှီမရရင်တော့ သူ့ရဲ့post တွေမှာ ယခင်က ဓာတ်ပုံလုံးဝမတင်ပြခဲ့တဲ့ ဒေါ်ဖြူဖြူတင်(ခေါ်)တူးတူးတင်ကို အရှက်ခွဲဖို့ပဲဆိုတာကို မငြင်းနိုင်ပါဘူး။ ဘာလို့ (သက်သေဓာတ်ပုံ) ဒီpost တွေကို ဖျက်ပြစ်တာလဲ? … အင်တာဗျူးလုပ်ရင် ပို့စ်မဖျက်ဘဲ လုပ်ရဲရတယ်။ ဒီပို့စ်နဲ့ပတ်သက်ပြီးတော့လဲ မရှင်းသွားဘူးနော်။

ဒေါ်တူးတူးတင် တစ်ယောက်ထဲအတွက်ဖွင့်ထားတဲ့ viber account profile picture ကတော့ အမေ တစ်ယောက်လိုအစားထိုးပြီး ချစ်လို့ဖြစ်မှာပါ။
(၆) ဒေါ်တူးတူးတင်(ခေါ်) ဖြူဖြူတင် နှင့် ညီဘွားညီ ရဲ့ အလှူဆိုပြီးတင်ခဲ့တယ်။ ဒါပေမယ့် ဘယ်တုန်းကမှ ဒေါ်တူးတူးတင်ဓါတ်ပုံကို တင်ရဲလောက်အောင် သတ္တိမရှိပါ။ တကယ်လို့သာ ဓါတ်ပုံတင်ခဲ့ရိုးမှန်ရင် ကျွန်တော်လဲ မသိစရာအကြောင်းမရှိပါ။ သူကိုယ်တိုင်သူ့ရဲ့ carrer မင်းသားအလုပ်ကိုထိခိုက်မှာစိုးရိမ်လို့ အသက်ကြီးမိန်းမတစ်ယောက်ရဲ့ဓာတ်ပုံကိုသူ့ရဲ့မိန်းမဆိုပြီး မတင်ပါဘူး။ အများကိုပြောတော့ single ပါဆိုပြီးပဲပြောတာပါ။ ဖြူဖြူတင်ကျေနပ်အောင်သာ ညီဘွားညီ ဇနီးဖြူဖြူတင် ကောင်းမှုဆိုပြီး စာတမ်းထိုး နှစ်သိမ့်ခဲ့တာပါ။

(၇) ကျွန်တော် ဒေါ်တူးတူးတင်ရဲ့ဖုန်းအတွင်းမှ ညီဘွားညီဆီမှ ပို့ထားတဲ့message တွေကို တင်ပြထားပါတယ်။ ၊ မြန်မာပြည်မှပြန်လာပြီးမှ လက်တုန်နေသော အဘွားကြီးမှန်းသိပြီးမှ (၁၇.၅.၂၀၁၈) ပို့ထားတာလေးတွေပါ။ သူရဲ့အမေတစ်ယောက်လိုပဲ ဆက်ဆံတာပါဆိုတဲ့ စိတ်ဓာတ်တွေကို သေချာစွာ တွေ့မြင်နိုင်ပါတယ်။ မိန်းမတစ်ယောက်ကို ရေးတာလား၊ အမေတစ်ယောက်ကိုရေးတာလား ဆိုတာကို ဝေဖန်ပေးပါခင်ဗျား။ screen shot ဓာတ်ပုံကိုကြည့်၍ မှန်ကန်စွာဝေဖန်ပေးစေချင်ပါတယ်။

(၈) တူးတူးတင်လှည့်စားတာကို ခံရတာပါ။အပြစ်ကင်းပါတယ်လို့ ဘယ်လိုပင်ပြောနေပါစေ အပြင်မှာတွေ့ပြီး “မနှင့်မောင်” ဇာတ်လမ်းဆက်လုပ်နေတဲ့ သတ္တိကိုတော့ အားလုံးကလေးစားကြမှာပါ။ အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနှင့်လို့ ပြောရအောင် ဒေါ်တူးတူးတင်ဝတ်ထားတဲ့အဝတ်အစားတွေက ဒိန်းမတ်ကနေသူယူသွားတဲ့ အဝတ်တွေပါပဲ။ ငွေဆောင်မှာရိုက်ထားတဲ့ဓာတ်ပုံထဲကအကျႌကသက်သေပါ။

(၉) ဒေါ်တူးတူးတင်က ဒုက္ခပေါင်းစုံ ခံစားနေရတဲ့ ကျွန်တော့်ကိုအနည်းငယ်မျှပင် စိုးရိမ်ပူပန်မှုမရှိဘဲ ယခုအချိန်ထိပင် ညီဘွားညီတစ်ယောက် အရှက်ကွဲပါပြီ၊ သနားပါတယ်။ ကိုယ့်ကိုကိုယ် သတ်သေရင်ဒုက္ခပါပဲဟုသာ စိုးရိမ်လွန်ကဲနေသော ဒေါ်တူးတူးတင်၏ ဖြစ်အင်ကို အလွန်တရာမှပင် အံ့သြ၍သံဝေဂရမိပါသည်။ ယခုအချိန်ထိ နောင်တမရဘဲ ရှေ့ဆက်တိုးရန်သာ အကြံထုတ်၍ လောလောဆယ်တွင် ဂဠုန်ဆားချက်နေသော ဒေါ်တူးတူးတင်ကိုမြင်ရပြီး မိမိဝဠ်ကြွေးကြီးမားကြောင်း သိရပါသည်။ မည်သို့သောအရာက ၎င်းအား ထိုကဲ့သို့တမ်းတစွဲလန်းအောင် ဖြစ်စေခဲ့သနည်းဆိုတာကိုတော့ မသိလိုတော့ပါ။ ပတ်ဝန်းကျင်မှ ပြောပြချက်အရ ” ငါ့ဘာသာ ငါလင်ငယ်ကိုချစ်လို့ပေးတာ။ ဘယ်သူ့ကိုဂရုစိုက်ရမှာလဲ” ဟူသော စကားကိုလည်းပဲ နောင်အခါတွင်မှ ပြန်ကြားမိ၍ရင်နင့်အောင် စိတ်မကောင်းဖြစ်ရပါတယ်။ ဘယ်သူမပြုမိမိမှုပါ။

၁၀) ညီဘွားညီက ဒေါ်တူးတူးတင်ထံတွင် ပြန်စရာစရိတ်ပင်မရှိတော့ဟု ပြောသောစကားမှာ အမှန်တရားပင်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် လင်ကြီးဖြစ်သူကျွန်တော်မှ အစစအရာရာပြီးပြည့်စုံအောင် စီစဉ်ပေးခဲ့ပြီး ငွေကြေးအလုံအလောက်နှင့် လေယာဉ်လက်မှတ်အသွားအပြန်နှစ်ကြောင်းစာဝယ်ပေးလိုက်သော်လည်း ၎င်းမှညီဘွားညီအား ပါလာသောငွေကြေးများအား အကုန်ပေးကမ်းပြီး နောက်လက်ထဲတွင်ငွေလုံးဝမကျန်တော့ပဲ၊ ညီဘွားညီ၏ ထပ်မံ၍ အရှက်ခွဲမည်ဟု ချိန်းခြောက်ငွေ တောင်းခံမှုကို ထိတ်လန့်ပြီး ဆွေမျိုးများဆီမှ ငွေကြေးများကိုချေးငှားပြီး ညီဘွားညီအားနှစ်သိမ့်စေခဲ့သည်။ ယခုအချိန်တွင် ဒေါ်တူးတူးတင်၏ အမျိုးများမှ သူမ၏လုပ်ဇာတ်များကို နားလည်သဘောပေါက်ပြီး ကျွန်တော့်ဘက်မှ ရပ်တည်ကာ အောက်ပါအကြောင်းအရာအားပြောပြခဲ့သည်။

သူတို့ နှစ်ယောက် ဘယ်သူနိင်ပြီး ဘယ်သူရှုံးလဲတော့ မသိပေမယ့် သေချာတာ ကတော့ ငွေကြေးအရှိန်အဝါရဲ့ လွှမ်းမိုးမှုတွေကို မရုန်းထွက်ချင်ခဲ့တာ အတိအကျပါ။ အကြွေးတွေ ဝိုင်းနေတဲ့ ကျွန်တော်က အသိဆုံပါ။
ဒေါ်တူးတူးတင်နှင့်၎င်း၏ဆွေမျိုး(တူမ) များသည် ပြည်မြို့နတ်ကနားပွဲသို့ အတူတကွသွားရောက်ခဲ့သည့် ခရီးစဉ်တွင် ညီဘွားညီနှင့်၎င်းတို့တွေ့ဆုံခဲ့သည်။ ညီဘွားညီပြောသည့် မည်သည့်ဆွေမျိုးကိုမှ မသိပါဟူသောစကားသည် မမှန်ကန်ပေ။ ထိုနတ်ကနားပွဲသွားစဉ်တွင် ညီဘွားညီသည် လက်ထပ်စာချုပ်ကိုတပါတည်း ယူဆောင်လာခဲ့ပြီး ဒေါ်တူးတူးတင်၏ ကြွားလုံးထုတ်ထားသော ပိုင်ဆိုင်မှုများကို မျှော်ကိုးပြီး ပိုင်ဆိုင်မှုခိုင်မာစေရန်အလို့ငှာ လက်ထပ်ရန် စီစဉ်ခဲ့သည်။
ဒေါ်တူးတူးတင်၏ အမျိုးများမှဝိုင်းဝန်းပြီး ကန့်ကွက်နိုင်ခဲ့သဖြင့် လက်ထပ်မှုအထမမြောက်ခဲ့ကြောင်း သိရှိခဲ့ရပါသည်။ ၎င်းဖြစ်ရပ်ကို ကြည့်ခြင်းအားဖြင့် ညီဘွားညီ၏ ဒေါ်တူးတူးတင်အပေါ်တွင် အဘွားကြီးတစ်ယောက်မှန်း သိသော်လည်း ထားရှိသည့် စိတ်ထားအမှန်ကို ပေါ်လွင်စေပါသည်။ အင်တာဗျူးအဖြေများတွင်မိခင်တစ်ယောက်ကဲ့သို့ သဘောထားကြောင်း မှားယွင်းစွာ ပြောဆိုခဲ့ပါသည်။

(၁၁) ညီဘွားညီရဲ့ပြောကြားချက်အရ (၅)ရက်အကြာမှပဲယောက်ျားရှိတယ်ဆိုတာ ပေါ်လာတယ်လို့ ဖြေကြားခဲ့ပါတယ်။ ကျွန်တော်မှန်သော စကားဆိုပါမည်။ လွန်ခဲ့သော တစ်နှစ်ခန့်က ကျွန်တော့်ကိုမိတ်ဆွေအချို့က ဒေါ်တူးတူးတင်အပေါ်တွင် သံသယဝင်ကြောင်း တိုင်တန်းပြောဆိုခဲ့သဖြင့် ညီဘွားညီ၏ facebook account messenger သို့ စာရေးပြီး ဒေါ်တူးတူးတင်(ခ)ဖြူဖြူတင်သည် ကျွန်တော်၏မိန်းမဖြစ်ကြောင်းနှင့် လုပ်ရပ်များကို ရပ်ပါဟု စာရေးပေးပို့ခဲ့သော်လည်း ကျွန်တော့် account minlwintin အား block လုပ်ခဲ့ပါတယ်။ ကျွန်တော်လဲ အတိအကျမသိဘဲ သံသယအဆင့်သာဖြစ်သဖြင့် ထပ်မံ၍ ဆက်သွယ်ရန် မကြိုးစား မစုံစမ်းခဲ့ပါ။

(၁၂) ညီဘွားညီရဲ့အင်တာဗျူးအပြီးမှာတော့ တစ်ချို့သော သူများက သူ့ရဲ့professional skill ဖြစ်တဲ့ ၂ရက်လောက်ကြိုတင်ပြင်ဆင်ထားတဲ့ အပြစ်မဲ့တဲ့သားကို ဒိုင်းတစ်ခုလို အကာအကွယ်လုပ်ပြီး၊ ပရဟိတဆိုတဲ့ မြင့်မြတ်တဲ့ စကားလုံးကို အသုံးပြုထားတဲ့ ကျွမ်းကျင်တဲ့သရုပ်ဆောင်ပညာကို ကြည့်ရှုပြီးတဲ့နောက်မှာတော့၊ သူကဝဋ်ကြွေးရှိလို့ပါ သနားပါတယ်ဆိုတဲ့သူတွေကို အများကြီးတွေ့လိုက်ရပါတယ်။ သူ့ကိုသနား စာနာကြတာဟာ ကျွန်တော်နှင့်တိုက်ရိုက် မပတ်သက်တော့ မဝေဖန်ချင်ပါဘူး။ ကျွန်တော်ကတော့ ကျွန်တော်သိတဲ့အမှန်တရားကို စာရေးပြီးတင်ပြပေးခြင်းသာ ဖြစ်ပါတယ်။ ငွေလည်း ကျွန်တော်မချူပါဘူး။ မျက်ရည်လည်းမချူပါဘူးခင်ဗျား။ သို့ပေမယ့် မိန်းမဖြစ်ဖြစ်၊ ယောက်ျားဖြစ်ဖြစ်၊ ကိုယ့်ခင်ပွန်း၊ ဇနီးကနောက်အငယ်အနှောင်းနှင့်ဖောက်ပြန်ပြီး မိမိတို့ရှာသမျှ ငွေကြေးတွေကို အငယ်အနှောင်းကို အားလုံးပေးပြီးတဲ့အပြင် နောက်ထပ် မိမိနာမည်ကိုအသုံးချငွေချေးငှားပြီး မိမိကို အကြွေးပတ်လည်ဝိုင်းအောင် ဒုက္ခရောက်အောင် လုပ်ခဲ့မယ်ဆိုရင် အများပြောနေကြတဲ့ “လင်ကြီး” ဆိုတဲ့နေရာက သူရဲ့ခံစားမှုကိုရော နားလည်ပေးနိုင်ကြပါစေခင်ဗျား။ နောင်ဘဝဆက်တိုင်းမှာလည်း လင်ငယ်အတွက် ငွေရှာပေးရတဲ့ လင်ကြီး ဘဝဘယ်တော့မှ မဖြစ်ရပါစေနဲ့ လို့ဆုတောင်းပါတယ်။ ခုဘဝမှာလည်း ဝဋ်ကြွေးတွေ မြန်မြန်ကျေပါစေ။

(၁၃) နောက်ဆုံးအနေဖြင့် ညီဘွားညီ၏ တောင်းပန်သည့်စကားကို ကျေနပ်စွာ လက်ခံပါသည်။ သို့ရာတွင် ခွင့်လွှတ်နိုင်ရန်မှာ ကျွန်တော်သည် ပုထုဇဉ် လူသားတစ်ဦးဖြစ်သည့်အတွက် လုံးဝမဖြစ်နိုင်ပါ။ ယခုအချိန်တွင် လိုအပ်သည့် အထောက်အထား အချက်အလက်များကို ပြင်ဆင်နေပြီး အရာရာအတွက် စိတ်ပိုင်းဖြတ်ထားပါသည်။ ညီဘွားညီအနေဖြင့် ပရိတ်သတ်ကိုတန်ဖိုးထားပြီး ပရိတ်သတ်ရဲ့စစ်မှန်တဲ့ ချစ်ခြင်းကိုလိုချင်တယ်ဆိုရင် ပရိတ်သတ်ကို စစ်မှန်သော အမှန်တရားပြောပြပါ။ ပရိတ်သတ်က အမှန်တရားကို မြတ်နိုးပါတယ်။ ပရိတ်သတ်ရဲ့ မေတ္တာကိုလိုချင်တဲ့စကားတွေလဲ ကြားရပါတယ်။ အခုလိုအဖြစ်အပျက်နှင့် လူသိများနေတဲ့ အခွင့်အရေးကို အသုံးချပြီး ပရိတ်သတ် လက်ခံစေချင်ရင်တော့ အလိမ်အညာမပါဝင်တဲ့ အမှန်တရားကို ပြောပြ၍ မိမိအပြစ်ကိုဆေးကြောပါ။ အမှန်တရားကို မပြောပြဘဲ ငိုပြနေပြီး၊ မိမိရိုက်ခဲ့သော ဇာတ်လမ်းအကြောင်းတွေပြောပြ ကြော်ငြာဝင်ပြီး၊ လတ်တလောအနုပညာလှုပ်ရှားမှုတွေကိုပဲ တင်ပြပြောနေမယ် ဆိုရင်တော့၊ ပရိတ်သတ်ကလည်း လက်မခံပါဘူး။ ကျွန်တော်ကတော့ အမှန်တရားအတွက် ဆက်လက်ဖြေရှင်းမှာ ဖြစ်ပါတယ်။ နောက်တခါ အင်တာဗျူးဖြေရင်တော့ အမှန်တရားများ ထွက်ပေါ်လာပြီး ဝန်ခံနိုင်ပါစေ။ အပြစ်တွေကိုဝန်ခံ ဆေးကြောပြီး ကလေးဘဝကို မထိခိုက်အောင် အဖတ်ဆယ်နိုင်ပါစေ။
အမှန်တရားအတွက်

ဖိုးသူတော် (www.phothutaw.com)
Credit: Min Lwin Tin (Denmark) (24-05-2018)

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top