န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

 ကားသမားနဲ႔ စကားမ်ားရန္ျဖစ္သူ ႏွစ္ဦးထဲမွ တစ္ဦးကို ကားနဲ႔ႀကိတ္သတ္မွုတစ္ခု ေမလ ၂၄ ရက္ေန႔က တ႐ုပ္နိုင္ငံ ဂ်န္ဆူးျပည္နယ္ လမ္းမႀကီးတစ္ခုေပၚမွာ ျဖစ္ပြားခဲ့ပါတယ္။

စီစီတီဗီ ပုံရိပ္အရ SUV အမ်ိဳးအစား အျဖဴေရာင္ကားတစ္စီးကို ေမာင္းလာသူႏွင့္ ကားလမ္းမေဘးမွ လမ္းေလၽွာက္လာသူ အမ်ိဳးသမီးႏွစ္ဦးတို႔ တစ္ေနရာရာမွာ စကားမ်ားခဲ့ဟန္တူပါတယ္။ အမ်ိဳးသမီးႏွစ္ဦးက ဆက္လက္လမ္းေလၽွာက္လာစဥ္ SUV ကားေမာင္းသူက ကားေခါင္းကို ထိုးစိုက္ၿပီး အကၤ်ီအနက္ေရာင္ဝတ္ မိန္းကေလးကို ကားေခါင္းနဲ႔ တြန္းလိုက္တာေၾကာင့္ မိန္းကေလးမွာ လဲမလိုျဖစ္သြားခဲ့ပါတယ္။

မိန္းကေလးက ေဒါသျဖစ္ၿပီး လမ္းေပၚရွိ ခဲတစ္လုံးေကာက္ကာ ကားရဲ့ ေရွ႕ေလကာမွန္ကို ပစ္ေပါက္လိုက္တာေၾကာင့္ ကားမွန္ထိသြားတဲ့အတြက္ ကားေမာင္းသူက ေဒါသထြက္သြားၿပီး အဆိုပါ မိန္းကေလးကို ကားနဲ႔ တက္ႀကိတ္ခဲ့ပါတယ္။

ထိတ္လန႔္စရာျမင္ကြင္းမို႔ အနီးနားက လူေတြ အျမန္ေရာက္လာၾကၿပီး မိန္းကေလးကို ကယ္တင္ရန္ ကားကို ဝိုင္းေျမာက္ေပးခဲ့ၾကပါတယ္။ အဲံဒီေနာက္ ေဆး႐ုံကို အျမန္ပို႔ေပးခဲ့တဲ့အတြက္ အသက္ အႏၲရာယ္ မရွိေတာ့ေသာ္လည္း မည္သို႔ဒဏ္ရာေတြရခဲ့ေၾကာင္းကိုေတာ့ မသိရွိရပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: popolay
# Unicode Version ျဖင့္ ဖတ္ပါ #
 ကားသမားနဲ့ စကားများရန်ဖြစ်သူ နှစ်ဦးထဲမှ တစ်ဦးကို ကားနဲ့ကြိတ်သတ်မှုတစ်ခု မေလ ၂၄ ရက်နေ့က တရုပ်နိုင်ငံ ဂျန်ဆူးပြည်နယ် လမ်းမကြီးတစ်ခုပေါ်မှာ ဖြစ်ပွားခဲ့ပါတယ်။

စီစီတီဗီ ပုံရိပ်အရ SUV အမျိုးအစား အဖြူရောင်ကားတစ်စီးကို မောင်းလာသူနှင့် ကားလမ်းမဘေးမှ လမ်းလျှောက်လာသူ အမျိုးသမီးနှစ်ဦးတို့ တစ်နေရာရာမှာ စကားများခဲ့ဟန်တူပါတယ်။ အမျိုးသမီးနှစ်ဦးက ဆက်လက်လမ်းလျှောက်လာစဉ် SUV ကားမောင်းသူက ကားခေါင်းကို ထိုးစိုက်ပြီး အင်္ကျီအနက်ရောင်ဝတ် မိန်းကလေးကို ကားခေါင်းနဲ့ တွန်းလိုက်တာကြောင့် မိန်းကလေးမှာ လဲမလိုဖြစ်သွားခဲ့ပါတယ်။

မိန်းကလေးက ဒေါသဖြစ်ပြီး လမ်းပေါ်ရှိ ခဲတစ်လုံးကောက်ကာ ကားရဲ့ ရှေ့လေကာမှန်ကို ပစ်ပေါက်လိုက်တာကြောင့် ကားမှန်ထိသွားတဲ့အတွက် ကားမောင်းသူက ဒေါသထွက်သွားပြီး အဆိုပါ မိန်းကလေးကို ကားနဲ့ တက်ကြိတ်ခဲ့ပါတယ်။

ထိတ်လန့်စရာမြင်ကွင်းမို့ အနီးနားက လူတွေ အမြန်ရောက်လာကြပြီး မိန်းကလေးကို ကယ်တင်ရန် ကားကို ဝိုင်းမြောက်ပေးခဲ့ကြပါတယ်။ အဲံဒီနောက် ဆေးရုံကို အမြန်ပို့ပေးခဲ့တဲ့အတွက် အသက် အန္တရာယ် မရှိတော့သော်လည်း မည်သို့ဒဏ်ရာတွေရခဲ့ကြောင်းကိုတော့ မသိရှိရပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top