ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

 ေမလ ၂၀ ရက္ေန႔ တ႐ုပ္နိုင္ငံက ခ်စ္သူမ်ားေန႔မွာ အမ်ိဳးသမီးတစ္ဦးက ရည္းစားျဖစ္သူ အမ်ိဳးသားကို အနမ္းေပးရင္းနဲ႔ လၽွာကို ကိုက္ဆြဲထားၿပီး မလႊတ္တာေၾကာင့္ အမ်ိဳးသားမွာ ဘာလုပ္ရမွန္းမသိ ေသလုေမ်ာပါး နာက်င္စြာ ေအာ္ဟစ္ေနရတဲ့ ဗီဒီယို အြန္လိုင္းမွာ ပ်ံ႕ႏွံ့ခဲ့ပါတယ္။

ရဲမ်ားေရာက္လာၿပီး ေကာင္မေလးကို လႊတ္လိုက္ဖို႔ ေျပာေပမယ့္ နားမေထာင္ပဲ ဆက္ၿပီးကိုက္ဆြဲထားတာေၾကာင့္ ရဲေတြ အခက္ေတြ႕ခဲ့ရပါတယ္။ ရဲမ်ားက ဆြဲေလေလ အမ်ိဳးသမီးက ကိုက္ထားေလ ျဖစ္တာေၾကာင့္ အမ်ိဳးသားမွာ လၽွာျပတ္လုနီးပါး နာက်င္ခဲ့ပါတယ္။

ေနာက္ဆုံးမွာ မ်က္ရည္ယိုဗုံး အသုံးျပဳလိုက္မွ အမ်ိဳးသားကို လႊတ္ေပးခဲ့ပါတယ္။ အမ်ိဳးသားရဲ့လၽွာမွာ ျပတ္ထြက္သြားျခင္း မရွိေသးေသာ္လည္း ေသြးမ်ားထြက္ကာ အေျခေနအေတာ္ဆိုးတယ္လို႔ ရဲေတြက ဆိုပါတယ္။

တ႐ုပ္နိုင္ငံမွာ ေမလ ၂၀ ရက္ေန႔ကို ခ်စ္သူမ်ားေန႔ “I Love You Day” လို႔ အင္တာနက္ေပၚကေန သတ္မွတ္ခဲ့ၾကတာျဖစ္ပါတယ္။ အေၾကာင္းရင္းကေတာ့ “5 – 2 -0” ကို တ႐ုပ္လို ဖတ္တဲ့အခါ “နင့္ကိုငါခ်စ္တယ္” ဆိုတဲ့ အသံထြက္နဲ႔ တူေနလို႔ ျဖစ္ပါတယ္။

စုံတြဲႏွစ္ဦးမွာ အမ်ိဳးသမီးက အမ်ိဳးသားရဲ့ လၽွာကို မလႊတ္တမ္းကိုက္ထားရတဲ့ အေၾကာင္းရင္းမွန္ကိုေတာ့ မသိရွိရပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: PoPoLay
# Unicode Version ျဖင့္ ဖတ္ပါ #
 မေလ ၂၀ ရက်နေ့ တရုပ်နိုင်ငံက ချစ်သူများနေ့မှာ အမျိုးသမီးတစ်ဦးက ရည်းစားဖြစ်သူ အမျိုးသားကို အနမ်းပေးရင်းနဲ့ လျှာကို ကိုက်ဆွဲထားပြီး မလွှတ်တာကြောင့် အမျိုးသားမှာ ဘာလုပ်ရမှန်းမသိ သေလုမျောပါး နာကျင်စွာ အော်ဟစ်နေရတဲ့ ဗီဒီယို အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပါတယ်။

ရဲများရောက်လာပြီး ကောင်မလေးကို လွှတ်လိုက်ဖို့ ပြောပေမယ့် နားမထောင်ပဲ ဆက်ပြီးကိုက်ဆွဲထားတာကြောင့် ရဲတွေ အခက်တွေ့ခဲ့ရပါတယ်။ ရဲများက ဆွဲလေလေ အမျိုးသမီးက ကိုက်ထားလေ ဖြစ်တာကြောင့် အမျိုးသားမှာ လျှာပြတ်လုနီးပါး နာကျင်ခဲ့ပါတယ်။

နောက်ဆုံးမှာ မျက်ရည်ယိုဗုံး အသုံးပြုလိုက်မှ အမျိုးသားကို လွှတ်ပေးခဲ့ပါတယ်။ အမျိုးသားရဲ့လျှာမှာ ပြတ်ထွက်သွားခြင်း မရှိသေးသော်လည်း သွေးများထွက်ကာ အခြေနေအတော်ဆိုးတယ်လို့ ရဲတွေက ဆိုပါတယ်။

တရုပ်နိုင်ငံမှာ မေလ ၂၀ ရက်နေ့ကို ချစ်သူများနေ့ “I Love You Day” လို့ အင်တာနက်ပေါ်ကနေ သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။ အကြောင်းရင်းကတော့ “5 – 2 -0” ကို တရုပ်လို ဖတ်တဲ့အခါ “နင့်ကိုငါချစ်တယ်” ဆိုတဲ့ အသံထွက်နဲ့ တူနေလို့ ဖြစ်ပါတယ်။

စုံတွဲနှစ်ဦးမှာ အမျိုးသမီးက အမျိုးသားရဲ့ လျှာကို မလွှတ်တမ်းကိုက်ထားရတဲ့ အကြောင်းရင်းမှန်ကိုတော့ မသိရှိရပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: PoPoLay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top